Showing posts with label Thought. Show all posts
Showing posts with label Thought. Show all posts

17 September 2022

အတွေး - ၂

ဆရာ မအားလို့ သင်တန်းဖျက်လိုက်တော့ မကြီးက ပျော်လိုက်တာ။ တူတော်မောင်နဲ့ တူနေပြီ။ တူတော်မောင်လည်း သူ့ဆရာမ သင်တန်းဖျက်ရင် သိပ်ပျော်တာ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ဘူး ဆရာ မလာရင် ကျောင်းသားတိုင်း ပျော်ကြပါလား။ သူငယ်ချင်းဂိုက်ဆရာမက ပြောဖူးတယ် သူက တခါတလေ သင်တန်းဖျက်တယ် သူ့တပည့်တွေ ပျော်အောင်လို့တဲ့။ ဆရာ မလာရင် မပျော်တဲ့ကျောင်းသား ရှိမယ်မထင်ဘူးနော်။

စန်းထွန်း

စက်တင်ဘာ ၁၇၊ ၂၀၂၂။


August 31, 2022. Exchange Place Water Front, Jersey City, New Jersey.

14 September 2022

အတွေး - ၁

၂၀၂၂ စက်တင်ဘာ ၃ စနေနေ့ အသိအမ သမီးအကြီး မင်္ဂလာဆောင်သွားတယ်။ ယူအက်စ်မှာ နေတာ ၁၁ နှစ် အတွင်း ပထမဆုံးသွားဖူးတဲ့ မင်္ဂလာဆောင်။ ဘုန်းကြီးကျောင်းဆိုတော့  မြန်မာဝတ်စုံ ဝတ်မလို့ဟာ။ ကြိုက်တဲ့အကင်္ီျက ဝလာလို့ ကျပ်နေတယ်။ ချောင်တဲ့ပွတဲ့ အကင်္ီျကျတော့လည်း မကြိုက်။ ဝတ်ဖို့ရွေးထားတဲ့ ဂါဝန်ကလည်းကျပ် နောက်ဆုံးတော့ သက်တောင့်သက်သာရှိတဲ့ ဂါဝန်ပဲဝတ်ဖြစ်တော့တယ်။ မတွေ့တာ သုံးနှစ်လောက် ရှိပြီ ဘုန်းဘုန်းက ကိုယ့်ကိုမှတ်မိနေတယ်။ ၂၀၁၉ ဇွန် မောင်မောင်ဆုံးတော့ ဘုန်းကြီးကျောင်းမှာ လစဥ◌်ဆွမ်းသွားလှုဖြစ်တယ်။ ကိုယ်က ဟင်းမချက် မြန်မာဆိုင်က အပတ်တိုင်း ဝယ်စားတဲ့သူ။ ကိုယ့်လက်ရာကြောင့် ဘုန်းဘုန်းတွေကို အားနာမိသား။ နောက်တော့ ကိုဗစ်တွေဆိုးတာနဲ့ အိမ်ပြင်တောင်မထွက်။ ဆရာတော်က ကိုယ့်နာမည်ကို မှတ်မိသားဆိုပြီး ဝမ်းသာမိတယ်။ နာမည်လဲမမှတ်မိ ပီယဝါစာလည်း မပြောတတ် သီလရှင်ဝတ်လို့ကတော့ ကိုယ့်ကိုလှုမဲ့သူ တယောက်မှရှိမှာ မဟုတ်ဘူး။

စန်းထွန်း

စက်တင်ဘာ ၁၄၊ ၂၀၂၂။

September 3, 2022 Saturday မင်္ဂလာဆောင်ကအပြန် ကိုယ့်ဘာသာ stand ထောင်ပြီးရိုက်ထားတာ

26 January 2019

လက်ခံခြင်း အနုပညာ...

ဝိုင်းက  ဗီယက်နမ်တနိုင်ငံလုံးမှာ ဒုတိယရပြီး ဝင်ခွင့်အင်မတန်ခက်တဲ့ နိုင်ငံတကာဆက်ဆံရေး တက္ကသိုလ်တက်တယ်။ ကျောင်းတက်နေတုန်းမှာ ပြင်သစ်စာသင်ယူခဲ့တယ်။ ကျောင်းပြီးတော့ National Assembly မှာ အလုပ်ရတယ်။ သူ့သူငယ်ချင်းတော်တော်များများ နိုင်ငံခြားမှာ ကျောင်းသွားတက်ကြတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုပြီး ကျောင်းတွေလျှောက်တာ ထိုင်းနိုင်ငံ AIT တက္ကသိုလ်မှာ အမ်ဘီအေကို စကော်လားရှစ်အပြည့်ရတယ်။ ဘာသာစုံအေရပြီး ဗီယက်နမ်သတင်းစာမှာတောင်ပါလို့ သူ့အဖေက အဲ့ဒီသတင်းစာကိုညှပ်ပြီး အိမ်မှာကပ်ထားတယ်တဲ့။ နောက်ဆုံးနှစ်ကို ပဲရစ်က နာမည်ကြီးတက္ကသိုလ်မှာ သွားတက်တယ်။ အင်တန်းရှစ်ကို ဘန်ကောက်က Siemens မှာ ဆင်းတယ်။ ယူအန်အီတလီရုံးခွဲ မန်နေဂျာက အလုပ်ရှိတယ် ထောက်ခံပေးချင်တဲ့သူရှိလားဆိုပြီး ဝိုင်းရဲ ပရော်ဖက်ဆာကို ဆက်သွယ်တယ်။ ဝိုင်းရဲ့ပရော်ဖက်ဆာက ထောက်ခံပေးလို့ အင်တာဗျုးဖြေ အီတလီမှာ ၆ နှစ် အလုပ်လုပ်ခဲ့တယ်။ နယူးယောက်ရုံးကို ပြောင်းလာတာ ၄ နှစ်လောက်ရှိပြီ။ မနှစ်က နယ်သာလန် နာမည်ကြီးတက္ကသိုလ်တခုမှာ ပီချိတ်ဒီတက်ပြီး တစ်နှစ်နဲ့ထွက်လိုက်တယ်။ ခုလည်း အင်္ဂလန်မှာ သင်တန်းတွေသွားတက်၊ စပိန်စကား သင်နေတယ်။ ဝိုင်းအစ်မလတ်က စီးပွားရေးပညာနဲ့ ကျောင်းပြီးတယ် မဟာဘွဲ့ဆက်တက်တယ်။ ခုနိုင်ငံခြားဘဏ်တစ်ခုမှာ ရာထူးခပ်ကြီးကြီး။ ဝိုင်းကျောင်းတက်နေချိန်မှာ သူ့အစ်မလတ်က ပိုက်ဆံထောက်ပံ့တယ်။ ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းမြို့မှာ ဈေးကြီးတဲ့ကွန်ဒိုတိုက်ခန်းပိုင်ပြီး ဟနွိုင်းလာရင် သူ့ဆီလာတည်းဖို့ ဖိတ်တယ်။ ဝိုင်းဟာ သူ့အစ်မလတ်ကို သိပ်ဂုဏ်ယူတယ် ခဏခဏပြောလေ့ရှိတယ်။ ဗီယက်နမ်တောင်ပိုင်း ဟိုချီမင်းစီးတီးမှာနေတဲ့ ကလေး၃ယောက်အမေ သူ့အစ်မအကြီးဆုံးအကြောင်းကိုတော့ သိပ်မပြောဘူး။ ဝိုင်းအစ်မအကြီးဆုံးဟာ ဘွဲ့ရပြီးတာနဲ့ အိမ်ထောင်ကျတာဆိုတော့ မဟာဘွဲ့ဆက်တက်ပုံမရဘူး အိမ်ရှင်မဖြစ်ပုံရတယ်။ သူ့တို့ညီအစ်မနှစ်ယောက်လို  ထက်မြက်ပုံမရဘူး။ အစ်မအကြီးဆုံးရဲ့ သမီးက ၁၅ နှစ် အထက်တန်းစာမေးပွဲမှာ မြို့နယ်အဆင့်လောက်ပဲဝင်တယ်။

ဝိုင်းလို တနိုင်ငံလုံးမှာ ဆုမရတော့ ဝိုင်းက ကိုယ့်တူမကို ကိုယ်ချစ်ပါတယ်။ ဒါပေမယ့် ကိုယ့်တူမဖြစ်ရဲ့သားနဲ့ ဘာလို့မတော်မထက်မြက်ရတာလဲဆိုတာ နားမလည်နိုင်တော့ဘူး။ လက်ခံဖို့အတော်ကြိုးစားလိုက်ရတယ်။ သူ့အမေကလည်း စည်းကမ်းမတည်းကျပ်ဘူး။ မေးလိုက်ရင် သူ့သမီး တော်တယ်ဆိုတာကြီးပဲ။ အယ်မလေး ... မင်းက ခုမှ ကိုယ်ကလွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လက်ခံဖို့အတော်ကြိုးစားခဲ့ရတာ။ ကိုယ့်အဖေဆိုရင် လှေလေးတစီးကနေ သင်္ဘောတွေ အများကြီးပိုင်အောင် ကြိုးစားခဲ့တဲ့သူ။ ကိုယ့်အမေဆိုရင် မကုန်သင့်တာ မကုန်ရအောင် သိမ်းဆည်းတာ အရမ်းတော်တဲ့သူ၊ အလုပ်အရမ်းလုပ်တဲ့သူ။ အမေက ရေဒီယိုမှာ ဖူးဘရိုက်စကော်လားရှစ်တွေ ခေါ်နေတယ်လို့ကြားရင် ကိုယ့်ကိုဝင်ဖြေခိုင်းတယ်။ ဒီလိုထက်မြက်တဲ့မိဘနှစ်ပါးကနေ ဒီလိုချာတူးလန်တဲ့ မောင်မောင် ထွက်လာတာ ကိုယ်ဖြင့်မယုံနိုင်ဘူး။ ကိုယ်တို့ညီအစ်မနှစ်ယောက်ဆို နှစ်တိုင်းဆုတက်ယူရတယ်။ မောင်မောင်ကျတော့ စာမေးပွဲတွေကျလို့ ဆရာမကခေါ်တွေ့။ ဆယ်တန်းစတက်တော့ ဂုဏ်ထူးနှစ်လုံးထွက်မယ်လို့ ပြောနေလို့ နင့်လိုကြိုးစားမှုနဲ့ ဂုဏ်ထူးထွက်မယ်ဆို လူတိုင်းဂုဏ်ထူးထွက်နေမှာပေါ့လို့ ပြောယူရတယ်။ ဆယ်တန်းစာမေးပွဲလည်း ဖြေရော မအောင်တော့ပါဘူး ခြစ်ချတော့မယ် လုပ်နေလို့ ခြစ်တော့မချပါနဲ့ ရသလောက်ဖြေပါလို့ ပြောယူရတယ်။ ကိုယ်တို့ညီအစ်မတွေ ဆယ်တန်းအောင်တာ မိဘတွေ ဘာမှမသိလိုက်ရဘူး။ မောင်မောင့်အလှည့်ကျတော့ ကျူရှင်ကို အဝေးကြီးမှာ မထားရဲဘူး လမ်းထိပ်မှာ နှစ်ယောက်ဝိုင်းထားတယ်။ ဒါတောင် ကျူရှင်ကိုမရောက်သေးလို့ ဆရာမကဖုန်းလှမ်းဆက်တယ်။ စာကြည့်ဖို့ကို တအိမ်လုံးက ဝိုင်းဆူရတယ်။ ကံကောင်းလို့ ဆယ်တန်းကို တစ်နှစ်တည်းနဲ့အောင်တယ်။ တက္ကသိုလ်တက်ဖို့စောင့်နေချိန် အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့ လိုက်အပ်ပေးတာ တစ်ရက်ပဲသွားတက်တယ်။ နောက်ရက်ဆို သွားမတက်တော့ဘူး။

ဒေးမှာ မေဂျာတွေပြောင်း ဒေးကနေ အဝေးသင်ပြောင်း စာမေးပွဲတွေဖြေသွားတာ မသိလိုက်။ ပထမနှစ်ကို လေးနှစ်တက်တယ် ခုထိဘွဲ့မရသေးဘူး။ ဂိမ်းဆိုင်မှာ လိုက်ခေါ်ရင်ရှက်တယ် ဘောလုံးပွဲအကြောင်းကိုတော့ အကုန်သိတယ်။ ကိုယ့်မောင်ပဲ အဲ့ဒီလိုဖြစ်တယ်ထင်နေတာ မကြီးသူငယ်ချင်းမောင်လည်း အဲ့ဒီလိုပဲ။ ခေတ်ကိုက အဲ့ဒီလိုဖြစ်ကုန်တာလား မသိတော့ဘူး။ မောင်မောင့်ကို စင်္ကာပူမှာကျောင်းတက်မလား ကိုယ်တို့ညီအစ်မ ထောက်ပံ့မယ်ပြောတော့ ဟင့်အင့်းတဲ့။ နိုင်ငံခြားမှာ ပညာသင်ဖို့ အရည်အချင်းမရှိသလို နိုင်ငံခြားမှာ ဘော်ကြော့နေလို့မရဘူး ပင်ပန်းတယ်ဆိုတာ သူသိတယ်။ မောင်မောင့်မိန်းမက ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း။ ဝင်ငွေသိပ်မကောင်းတဲ့ ကျူရှင်ဆရာမဆိုတော့ မကြီးက သူ့ဘွဲ့ကို နှမြောနေတယ်။ သင်တန်းတွေတက်ပြီး အိုင်တီအလုပ်လုပ်ရင် ဝင်ငွေနည်းနည်းကောင်းမှာကိုး။ ကလေးတဖက်၊ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပေမဲ့ ဘတ်စ်ကားမစီးတတ်တဲ့ ရန်ကုန်သူဆိုတော့ ဘယ်လိုလုပ်သင်တန်းတက်နိုင်မှာလဲ။ ဟဲ့ ... သွားပြောမနေနဲ့ ကိုယ့်မောင်ကိုတောင် ဘွဲ့ရအောင်လုပ်လို့ ပြောလို့ရတာမဟုတ်ဘူး။ သူ့အစ်မတွေလောက် မတော်မထက်မြက် မကြိုးစားတဲ့မောင်မောင်ကို နားလည်လက်ခံပေးနိုင်ဖို့ ကြိုးစားခဲ့ရတယ်။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ အခွင့်အရေးရှိပေမယ့် မတက်၊ မကြိုးစားတဲ့သူကို တွေ့ရတဲ့အခါ မချင့်မရဲဖြစ်မိပေမယ့် ကိုယ်ကအစားဝင်ပြီး ကျောင်းတက်ပေးလို့ရတာမဟုတ်။ ကိုယ့်မောင်နှမတွေကို နိုင်ငံခြားမှာ ကျောင်းတက်စေချင်ပေမဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မျိုသိပ်လို့ သူတို့ကမှ မတက်ချင်တာ မကြိုးစားချင်တာပါလားလို့ လက်ခံရတယ်။ ကိုယ့်မောင်နှမပေမယ့် မတော် မထက်မြက်ရကောင်းလားဆိုတဲ့ ဒေါသစိတ်ကလေးကို မျိုသိပ်လို့ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့လည်း လိုသေးတယ်။

စန်းထွန်း
ဇန်နဝါရီ ၂၆၊ ၂၀၁၈။

၂၀၁၈ စက်တင်ဘာ Central Park ထဲက English Garden ကို သွားတုန်းက ရိုက်ထားတဲ့ပုံပါ
ရေစက်ကလေးတွေ လွင့်နေတာလေးကို သိပ်သဘောကျတာပဲ 

24 October 2015

စာရေးခြင်း အနုပညာ ...

စန်းထွန်းရေ တောလားပို့စ်တွေ တော်တော်များနေပြီနော် တစုတစည်းတည်းဖြစ်အောင် စာအုပ်ထုတ်ပါလား ဒေါ်လာ ၁ ထောင်လောက်ကုန်မယ် အမှတ်တရပေါ့လို့ ပန်ဆယ်ဗေးနီးယားကမခိုင်က အကြံပေးလာပေမယ့် ဒေါ်လာ၁ ထောင်အကုန်ခံပြီး စာအုပ်ထုတ်မယ့်သတ္တိ ကျွန်မဆီမှာ မရှိခဲ့။ စီနီယာဘလော့ဂါ အစ်ကိုအစ်မတွေ စာအုပ်စုပေါင်းထုတ်ကြတာ အောင်မြင်ကြသည်။ သို့သော် ကျွန်မကိုယ်တိုင်က စာအုပ်ထုတ်ချင်လိုက်တာလို့ စိတ်ကူးမပေါ်ခဲ့။ အစ်မမြသွေးနီကြောင့် ၂၀၁၂ ဇူလှိုင် teen မဂ္ဂဇင်းရဲ့ blog digest မှာ စာကြည့်တိုက်ချစ်သူ ပို့စ်လေး ပါဖူးလို့ ပုံနှိပ်စာအုပ်ထက်မှာ ကျွန်မရေးထားတဲ့စာကို မြင်ဖူးတာကလွဲလို့ မဂ္ဂဇင်းတွေမှာ မပါခဲ့။ မဂ္ဂဇင်းတိုက်တွေကို စာမူလိုက်ပို့ဖို့ စိတ်ကူးမရှိသလို ကျွန်မစာတွေကလည်း မဂ္ဂဇင်းမှာ ရွေးချယ်ခံရလောက်အောင် မကောင်းတာလည်း ပါပါလိမ့်မည်။ မှတ်မှတ်ရရ ကျွန်မ ပထမဆုံးရေးဖြစ်သော အက်ဆေးသည် ရန်ကျော်အမည်ရှိ ကျွန်မတို့အိမ်က ခွေးလေးတစ်ကောင်အကြောင်း ဖြစ်သည်။ မဂ္ဂဇင်းမှာပါသည့် နှစ်သက်သည့် ကဗျာ၊ စာသားဆိုလျှင် စာအုပ်ထဲတွင် ကူးယူထားသည်။ ကျွန်မတို့မောင်နှမတွေ စာဖတ်ဝါသနာ ပါကြသည်။

ဘလော့ဆိုတာကို စတင်မိတ်ဆက်ပေးသူက ကျွန်မနှင့်အင်တန်းအတူဆင်းသည့် သူငယ်ချင်းတစ်ယောက်။ မနိုင်းနိုင်းစနေ၊ မမဘလော့တွေဖတ်ရင်း ဘလော့နှင့် အကျွှမ်းတဝင် ဖြစ်လာပေမယ့် ဘလော့ဂါဖြစ်လာလိမ့်မည်ဟု တခါမှမတွေးခဲ့။ ၂၀၀၉  ဟောင်ကောင်၊ မကာအိုခရီးမှအပြန် ဘလော့ဖန်တီးပြီး မကာအိုသွားတောလား ပို့စ်ရေးခဲ့ပေမယ့် မြန်မာစာဖောင့်မရိုက်တတ်လို့ ဘားဂလိချ်ကနေ ရိုက်ရသည်မှာ ပင်ပန်းလှသည်။ ၂၀၁၁ စတိတ်ကို ရောက်သောအခါမှ ဘလော့မှာ စာတွေပိုရေးဖြစ်သည်။ မြန်မာစာဖောင့် ရိုက်တတ်သွားတော့ ပို့စ်တွေ တဂျောင်းဂျောင်း ရိုက်တင်လေတော့သည်။ ၂၀၁၂၊ ၂၀၁၃ ဘလော့လောကသည် ပျော်စရာကောင်းသည် ကိုယ်ကလည်း သူများဘလော့သွားလည်၊ သူများကလည်း ကိုယ့်ဘလော့လာလည်၊ ကွန့်မန့်တွေပေးနှင့် ပျော်စရာကောင်းလှသည်။ နောက်ပိုင်း ဖေ့ဘွတ်ခေတ်စားလာသောအခါ ဘလော့သည် ပျင်းခြောက်ခြောက်ကြီး ဖြစ်ကျန်ခဲ့သည်။ အွန်လိုင်းမှာ ရေးချင်တာတွေကို တဂျောင်းဂျောင်း ရေးနေရလျှင် ကျေနပ်ပါပြီ။ ရေးချင်တဲ့အကြောင်းအရာ၊ အချိန်၊ ကျန်းမာရေးကောင်းလျှင်တော့ စာတွေရေးနေပါဦးမည် ထင်ပါသည်။

စန်းထွန်း
အောက်တိုဘာ ၂၄၊ ၂၀၁၅။

14 October 2015

ညမီးကျီး...

ကျွန်မနှစ်သက်တယ့် ဆရာမဂျူးရဲ့ ဝထ္ထုတိုလေး တစ်ပုဒ်ပါ။ တောင်ကြီးတန်ဆောင်တိုင် ညမီးကျီးလွှတ်တင်တယ့်အချိန်မှာ ပေါက်ကွဲတော့ ထွက်ပြေးရင်း အစောဆိုတယ့် မိန်းကလေးရဲ့ အတွေးတွေကို ရေးဖွဲ့ထားတယ့် ဝထ္ထုတိုကောင်းလေးတစ်ပုဒ်။ ကျွန်မ မှတ်မိသလောက်တော့ ကျွန်မတို့ ငယ်ငယ်တုန်းက မီးရှူးမီးပန်း ဖောက်တယ်ဆိုတာ မရှိသလောက်ဘဲ။ သီတင်းကျွှတ်ဆိုရင် မီးပန်းကလေးတွေ မီးရှို့တာတော့ ရှိတယ်။ ဗျောက်အိုးဖောက်ရင် ထောင်သုံးနှစ်ဆိုတော့ မဖောက်ကြတာများတယ်။ ဗျောက်အိုးကွဲတယ့် အသံကလည်း ကြောက်စရာကြီး။ နိုင်ငံရပ်ခြားမှာ နှစ်သစ်ကူးချိန်ဆို မီးရှူးမီးပန်းတွေဖောက်တာ အရမ်းလှတာပဲ တီဗွီမှာမြင်ဖူးတယ်။ မီးရှူးမီးပန်းဖောက်တာကို တကယ့်မျက်စိနဲ့ မြင်ရတာက ၂၀၀၈ စင်္ကာပူကို ရောက်တယ့်အချိန်မှာပေါ့။ စင်္ကာပူအမျိုးသားနေ့၊ နှစ်သစ်ကူးဆို မီးရှူးမီးပန်းတွေ ဖောက်တယ်။ မီးရှူးမီးပန်းဖောက်တာကို အကောင်းဆုံးမြင်ကွင်းကနေ မြင်ချင်တယ်ဆိုရင် စောစောစီးစီးသွားပြီး နေရာယူဖို့လိုတယ်။ မီးရှူးမီးပန်းတွေ ကောင်းကင်မှာ လှလှပပ ပေါက်ကွဲတာ ကြယ်လေးတွေ မြင်ရသလိုပဲ။ အိုင်အိုဝါမှာ ကျောင်းတက်တုန်းကတော့ ကျောင်းနားက ရေကန်နားမှာ ဂျူလှိုင် ၄  မီးရှူးမီးပန်း လွှတ်ပေမယ့် သွားမကြည့်ဖြစ်ဘူး။ ကန်တက်ကီကိုရောက်တော့ ကန်တက်ကီဒါဘီပွဲပြီးရင် မြောက်အမေရိကမှာ အကြီးကျယ်ဆုံး မီးရှူးမီးပန်းပွဲတော်ဖြစ်တယ့် Thunder over Louisville ရှိတယ်။ ရုံးကစီစဉ်ပေးလို့ အိုဟိုင်းရိုးမြစ်ဘေးနားမှာ တဲထိုး၊ မုန့်တွေ‌ကျွှေးမွေး၊ ကလေးတွေကဆော့ကစား။

လေယာဉ်ပျံတွေက တဝီဝီ ည ၉  နာရီခွဲမှာ မီးရှူးမီးပန်းလွှတ်တယ် တော်တော်လှတာပဲ။ မကြီးကိုပြောတော့ အဲဒါနင်တို့ဆောင်တဲ့ အခွန်တွေကို မီးရှို့ပစ်နေတာတဲ့။ ၂၀၁၂  ဘော်စတွန် ရာမားတို့အိမ်နားမှာ ဂျူလှိုင် ၄ မီးရှူးမီးပန်းလွှတ်တော့ သွားကြည့်ကြသေးတယ်။ ကမ်းခြေတလျှောက် လူတွေမှ အများကြီး အေးကအေးနဲ့ ဒုက္ခခံပြီး စောင့်နေလိုက်ကြတာ။ ကလေးတွေကတော့ ပျော်တာပေါ့။ ၂၀၁၃ ဂျူလှိုင် ၄ နယူးယောက်မေစီ မီးရှူးမီးပန်းလွှတ်တာကို သွားကြသေးတယ်။ ကျွန်မတို့ရောက်သွားတယ့်အချိန်က ညနေစောင်း ၅ နာရီလောက် ဟတ်ဆန်မြစ်တလျှောက်မှာ လူတွေပြည့်နေပြီ။ တော်တော်အဝေး တနေရာမှာရတယ်။ ၉  နာရီခွဲ မီးရှူးမီးပန်းဖောက်တော့ ပျပျလေးပဲ မြင်ရတယ်။ Thunder over Louisville လိုပွဲမျိုးကို နွှဲဖူးထားတော့ တခြားပွဲတွေက စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ဒါပေမယ့်လေ မီးရှူးမီးပန်းဖောက်ရင် ကောင်းကင်ကို မကြည့်ဘဲ မနေနိုင်ဘူး။ မီးရှူးမီးပန်းတွေဖောက်တာ ကြယ်ကလေးတွေ ကြွေသလို အဲဒီတဒင်္ဂမှာ စိတ်ပျော်ရွှင်မိသလိုပဲ။ မြန်မာပြည်ရဲ့ တန်ဆောင်တိုင်ပွဲတော်တွေထဲမှာ အထင်ရှားဆုံးကတော့ တောင်ကြီးတန်ဆောင်တိုင်လို့ ဆိုရမယ်။ ၂၀၀၃ ကျောင်းကနေ ရှမ်းပြည်လေ့လာရေး ခရီးထွက်တော့ တောင်ကြီးကို ရောက်ခဲ့ပေမယ့် သီတင်းကျွှတ်ဆိုတော့  မီးပုံးပျံပွဲနဲ့ မကြုံလိုက်ဘူး။ မနေ့က မဇ္ဈိမရဲ့ Tasty Trip ခရီးသွားတယ့် အစီအစဉ်မှာ တောင်ကြီးမီးပုံပျံအကြောင်း ကြည့်လိုက်ရတယ်။ တောင်ကြီးမီးပုံပျံပွဲမှာ နေ့လည်ဖက် အလှလွှတ်တင်တယ့်ပွဲ၊ ညဖက်မှာတော့ စိန်နားပန်နဲ့ ညမီးကျီး။ စိန်နားပန်က မီးအလှဆင်ထားတာတွေ လှလှပပ အောင်အောင်မြင်မြင်နဲ့ တက်နိုင်ဖို့လိုတယ်။

ညမီးကျီးကတော့ အလှအပထက် မီးရှူးမီးပန်းတွေ သတ်မှတ်ထားတယ့်အချိန်မှာ လှလှပပ အောင်အောင်မြင်မြင် ပေါက်ကွဲနိုင်ဖို့လိုတယ်။ ငါးကလေးတွေ လူးလွန့်သလို ပေါက်ကွဲတာမျိုး၊ ကြယ်ကလေးတွေ ဖြာဆင်းသလို ပေါက်ကွဲတာမျိုး၊ အရောင်တွေ ဖြာဆင်းနေတာမျိုး။ ကိုယ့်မီးပုံးပျံ လှလှပပအောင်အောင်မြင်မြင် တက်သွားပြီးရင် ကျေနပ်ပီတီဖြစ်ရတာတော့ အတူတူပဲ နေပါလိမ့်မယ်။ မီးပုံးပျံခြင်းအတူတူမှာတောင် ညမီးကျီးက လှလှပပ ပေါက်ကွဲပြတော့ စိန်နားပန်ထက် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတာထင်တယ်။ ညမီးကျီးတလုံးအတွက် အနည်းဆုံးအောက်ထစ် ၂၅ သိန်း ကုန်တယ်။ ယမ်းပိသာချိန် ၄၀ လောက်လိုသလို အန္တရာယ်လည်းများတယ်။ ယမ်းတွေက မတော်တဆ ထပေါက်ကွဲနိုင်တာကိုး။ တခြားပြည်နယ်ကသူတွေက ဒီတောင်ကြီးသားတွေ မိုက်လိုက်ပါဘိ ပိုက်ဆံတွေ မီးရှို့နေတယ်လို့ တွေးကြမယ်။ တောင်ကြီးသားတွေကတော့ တန်ဆောင်တိုင်ရောက်ရင် မီးပုံးပျံမလွှတ်ဘဲ မနေနိုင်ပါဘူးတဲ့။ သင်္ကြန်ကလွဲလို့ တခြားပွဲတော်တွေကို မီးပုံးပျံလွှတ်တာပဲတဲ့။ ဒီလိုတောင်ကြီးသားတွေ မီးပုံပျံခရေဇီဖြစ်ကြလို့သာ တောင်ကြီးတန်ဆောင်တိုင်က စည်ကားနေတာလို့ ထင်မိတယ်။ ကိုယ်တို့ဆောင်နေတဲ့ အခွန်တွေကို မီးရှို့နေတာ ဆိုပေမယ့် နှစ်သစ်ကူး၊ ဂျုလှိုင် ၄ နေ့တွေမှာဖောက်မယ့် မီးရှူးမီးပန်းတွေကို ကျွန်မတို့တွေ တကူးတက သွားတန်းစီစောင့်ဆိုင်း ကြည့်ရှူနေကြမှာ အသေအချာပဲပေါ့။

စန်းထွန်း
စက်တင်ဘာ ၁၄၊ ၂၀၁၅။

31 March 2015

လေ့လာခြင်း အနုပညာ...

အစ်မရေ နယူးယောက်ရောက်တော့ အင်္ဂလိပ်စာ ဘယ်လိုလေ့လာဖြစ်လဲ ဆိုတဲ့အကြောင်းလေးတွေ ရေးပေးပါဦးနော်လို့ အီးမေးလ်ပို့လာတဲ့ ညီမခင်စန္ဒာထွန်းကြောင့် ဒီပို့စ်လေး ရေးဖြစ်ပါတယ်။ ဒီပို့စ်ကတော့ ကိုယ် အင်္ဂလိပ်စာကို ဘယ်လိုလေ့လာခဲ့တယ်ဆိုတဲ့ အကြောင်းပါ။ သင်ကြားပေးသူအနေနဲ့ မဟုတ်ဘဲ သင်ယူသူတစ်ယောက်ရဲ့ အတွေ့အကြုံလေးတွေပါ။ အင်္ဂလိပ်စာကို ကိုယ်တို့ ငယ်ငယ်ကတည်းက သင်ကြားခဲ့ရပေမဲ့ မပြောတတ်၊ မရေးတတ်တာ အင်္ဂလိပ်စာ ဘဝထဲကို မရောက်သေးလို့ပါတဲ့။ မူလတန်းကနေ အထက်တန်းကျောင်းအထိက အင်္ဂလိပ်စာတွေ သင်ကြားခဲ့ပေမဲ့ အများစုက ဂရန်မာ၊ ဝါကျ၊ အက်ဆေး ရေးတတ်အောင် သင်ရပါတယ်။ အပြောကတော့ အင်မတန် အားနည်းတယ် မပြောသလောက်ဘဲ။ ဂရန်မာကလည်း အရေးပါပါတယ် စင်္ကာပူမှာ ကျောင်းတက်နေတဲ့ ကလေးက I has လို့ရေးတာတွေ့ဖူးတယ်။ အင်္ဂလိပ်စကားပြောပေမဲ့လည်း ဂရမ်မာ မကျေတဲ့အတွက်ကြောင့်ပါ။ ကိုယ် ပုသိမ် ထ၂ မှာ ၈ တန်းတက်တော့ အေတန်းက ကျောင်းသားတွေက အင်္ဂလိပ်စာ ကောင်းကြတယ်။ မြန်မာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အီကို၊ ဓာတု၊ ရူပ၊ ဇီဝမှာ အမှတ်သိပ်မကွာပေမဲ့ အင်္ဂလိပ်စာမှာ အမှတ်ကွာတယ်။ သူတို့ထက် အင်္ဂလိပ်စာညံ့မှန်းသိတော့ အင်္ဂလိပ်စာတိုးတက်လာအောင် ဝါးရုံစာအုပ်ဆိုင်က ထွက်သမျှ အင်္ဂလိပ်စာ လေ့ကျင့်ရေးစာအုပ်တွေ ဝယ်ပြီး ဂရန်မာတိုးတက်လာအောင် လေ့ကျင့်ရတယ်။ စပီကင်းစပြောဖြစ်တာတော့ ဆယ်တန်းအောင်ပြီးခါစ လှည်းတန်းက ဆရာကြီးဦးမြကြိုင်ဆီမှာ အင်္ဂလိပ်စကားပြောသင်တန်း တက်တော့မှပါ။ ဒါတောင် တပတ်၊ နှစ်ပတ်လောက်က Spare me လုပ်နေသေးတယ်။ ကိုယ့်အကြောင်း၊ မိသားစုအကြောင်း နည်းနည်းပါးပါးကို စာလိုက်မေးတဲ့ စီနီယာတွေနဲ့ ပြောဖြစ်တယ်။ မသိတဲ့စကားလုံးကို စီနီယာတွေကိုမေး၊ မှားနေရင် သူတို့က ပြင်ပေး၊ ကိုယ်မပြောတတ်တဲ့အခါ ကိုယ်ပြောချင်တဲ့ စာကြောင်းကို သူတို့က အင်္ဂလိပ်လိုပြန်ပေး။

 ဒီလိုနဲ့ အပြောသွက်လာတော့ ပန်းခြံတွေ ဆောက်သင့်သလား၊ စာကြည့်တိုက် ဆောက်သင့်သလား ကိုယ့်အိုင်ဒီယာတွေကို ပြောဖြစ်တယ်။ ဒါပေမဲ့ အားလုံးက မြန်မာတွေဆိုတော့ ဘိုသံတော့ ဘယ်ပေါက်ပါ့မလဲ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ဂရန်မာမှန်မှန်နဲ့ သူတပါး နားလည်အောင် ပြောနိုင်ရင်ပဲ အတော်ဟုတ်နေပါပြီ။ ဆရာကြီးဦးမြကြိုင်ကျောင်းမှာ စကားပြောတန်း၊ ဘာသာပြန်တန်း၊ စာဖတ်တန်း၊ ဂရန်မာတန်းတွေ တက်ခဲ့ပါတယ်။ အင်္ဂလိပ်သီချင်းတွေ နားထောင်တယ် အဲဒီတုန်းက ခေတ်စားတာ West Life ၊ Shania Twain ။ ရေဒီယိုကနေ ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်တွေ နားထောင်တယ်။ စလောင်းကနေ စီအန်အေ Channel News Asia သတင်းတွေ နားထောင်တယ်။ စီအန်အေ သတင်းကြေငြာတဲ့သူတွေဟာ အမေရိကား၊ အင်္ဂလန်တို့မှာ ထရိန်းခဲ့တော့ လေသံက အမေရိကန်လေသံပေမဲ့ အာရှဆိုတော့ အာရှလေသံက မပျောက်ဘူး ဒီတော့ ကိုယ် နားလည်တယ်။ စီအန်အန်သတင်းတွေဆို နားသိပ်မလည်ဘူး။ဘဝသစ်ဦးအောင်ကျော် တက်ဖူးတယ်။ ဆရာကြီးက အသက်ကြီး၊ လူတွေကလည်း တအားများတော့ ခဏပဲ တက်ဖြစ်တယ်။ တိုဖယ်ဦးသိန်းဝင်းကိုတော့ တက္ကသိုလ်ကျောင်းပိတ်တိုင်း တက်ဖြစ်တယ်။ တိုဖယ်ဖြေပြီး နိုင်ငံခြားကျောင်းတွေကိုလျှောက်ဖို့၊ တိုဖယ်အမှတ်ကောင်းရင် FullBright စကော်လာရှစ် လျှောက်ဖို့စိတ်ကူးထားတယ်။ အင်္ဂလိပ်စာကို ၃လအပြတ်ဆိုပြီး မရပါဘူး။ တသက်လုံး လေ့လာနေရမှာ။ ဆယ်တန်းအောင်ပြီးကတည်းက အင်္ဂလိပ်စာလေ့လာခဲ့တာ အမေရိကန်ရောက်တော့လည်း စကားလုံးအသစ်တွေ၊ အသုံးအနှုန်း၊ ပြောဆိုတာတွေကို လေ့လာနေရတုန်းပါပဲ။ မြန်မာပြည်မှာတော့ အပြော အားနည်းပါလိမ့်မယ်။ ဒါပေမဲ့ အရေး၊ အဖတ်ကတော့ တိုးတက်အောင် လုပ်လို့ရပါတယ်။

ကိုယ်အနှစ်သက်ဆုံးအင်္ဂလိပ်စာအုပ်တွေကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Colourful Myanmar နဲ့ King Among Men စာအုပ်တွေပါ။ Colourful Myanmar စာအုပ်ကတော့ မြန်မာလူမျိုးတို့ သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ၊ နေထိုင်မှုဓလေ့စရိုက်၊ ဘာသာစကား၊ အနုပညာအကြောင်း အတော့်ကို စုံစုံလင်လင်နဲ့ အင်မတန်ဖတ်လို့ကောင်းတဲ့စာအုပ်ပါ။ ဆရာကြီးဦးမြကြိုင်က စာအုပ်အများကြီး ဖတ်စရာမလိုဘူး Colorful Myanmar စာအုပ်ကို ထောင်းလမောင်းကြေနိုင်ရင် အတော်ဟုတ်နေပြီတဲ့။ စာအုပ်ကို ထောင်းလမောင်းကြေဖို့ ပြောတာမဟုတ်ဘူးနော် အထဲကစာတွေကို ထောင်းလမောင်းကျေဖို့။ King Among Men ကေတော့ ဆရာမကြီးရဲ့ အကောင်းဆုံးလက်ရာ masterpiece လို့ပြောကြတယ်။ ၁၁ရာစုမှာ ပထမမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းက ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နဲ့ တွေ့ဆုံခန်း။ ရာဇဝင်ထဲက သူရဲကောင်းလေးယောက်ဟာ စာအုပ်ထဲမှာ တကယ်လူသားတွေအဖြစ် ပီပီပြင်ပြင် အသက်ဝင်လို့၊ ဗျက်ဝိ ဗျတ္တ မယ်ဝဏ္ဏက ရွှေရောင်ရောင် အသားအရည်ရှိတဲ့ လူရိုင်းမလေး၊ ရှင်အရဟံနဲ့ တွေ့ဆုံခန်း၊ ဥသာပဲခူးနဲ့ ခင်ဦး၊ ခင်ဦးနဲ့ ကျန်စစ်သား၊ သုဝဏ္ဏဘူမိ သထုံပြည်ကနေ ဗုဒ္ဓသာသနာ တောင်းခံခန်း၊ ရေငန်သောက် မြက်ခြောက်စား ပုဂံသား အရိုင်းအစိုင်းတွေနဲ့ တန်သလားဆိုပြီး သထုံက စစ်ကြေငြာခန်း၊ သထုံကို သိမ်းပိုက်ခန်းကို သမိုင်းပညာရှင်တွေနဲ့ အသေအချာ တိုင်ပင်ပြီး ရေးထားတာတဲ့။ ကြက်မတဝပ်စာနေရာကိုသိမှ သထုံကို နိုင်မယ်ဆိုတဲ့ တဘောင်၊ ရှမ်းမင်းသမီး စောမွန်လှနဲ့ အနော်ရထာမင်းတို့ရဲ့ လွမ်းဆွတ်ဖွယ် ချစ်ဇာတ်လမ်း။ အင်မတန်ကောင်းတဲ့ စာအုပ်တွေပါ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ စာကောင်းပေကောင်း ဖတ်ရတဲ့အခါ Your article/ novel is so good လို့ ပြောတာထက် I am so moved by reading your book လို့ ပြောရတယ်လို့ မှတ်သားဖူးပါတယ်။ အဲဒီလို so moved ဖြစ်သွားတဲ့ ဝထ္ထုတိုနှစ်ပုဒ် ရှိပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ မူယာစုံလင် သူ့ရုပ်သွင် Her Infinite Variety နဲ့ Come, live with me ဝထ္ထုတွေပါ။

မူယာစုံလင် သူ့ရုပ်သွင်ဟာ Horizon မဂ္ဂဇင်းက ကြီးမှုးကျင်းပတဲ့ အရှေ့တောင်အာရှစာရေးဆရာများရဲ့ ဝထ္ထုတိုပြိုင်ပွဲမှာ ဆုရထားတဲ့ ဝထ္ထုပါ။ Intermediate အဆင့်အတွက် ပြန်ရေးထားတဲ့ ရှိတ်စပီးယားဝထ္ထုတိုတွေ ဖတ်ခဲ့ဖူးပါတယ်။ English to Burmese Dictionary အစား English to English Dictionary ကောင်းကောင်းတစ်အုပ် အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ Move ဆိုတဲ့ စကားလုံး ဆိုပါတော့ အင်္ဂလိပ်လိုရှင်းပြတာကို နားလည်လာမဲ့အပြင် move ကို တခြားဘယ်စကားလုံးတွေနဲ့ တွဲဖက်ပြီး သုံးလို့ရတာတွေကို ဝါကျတွေနဲ့ ရှင်းပြထားတော့ အသိတိုးပါတယ်။ အပြောကတော့ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာ၊ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်တော့ အင်္ဂလိပ်စကားကို မဖြစ်မနေပြောရတော့မှပဲ ပြောဖြစ်မှာကိုး။ အမေရိကန်မှာနေတာ ငါးနှစ်လောက်ရှိပြီ၊ မြန်မာပြည်ကဘွဲ့ရဆိုသူတွေတောင် အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ် မပြောတတ်တဲ့သူတွေ တွေ့ဖူးတယ်။ ကိုယ်သိချင်တာကို မေးမြန်းနိုင်၊ သူတပါး နားလည်သဘောပေါက်အောင် ပြောပြနိုင်ရင်ကို အတော်ဟုတ်နေပါပြီ။ လူမျိုးတိုင်းမှာ မိခင်ဘာသာစကားလေသံရှိတော့ စကားပြောတဲ့အခါ အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေး ပြောဖို့လိုပါတယ်။ အမေရိကန်ကိုရောက်လို့ နေရာတိုင်းမှာ အင်္ဂလိပ်စကားကြားရ၊ အင်္ဂလိပ်လို ပြောနေရတာတောင် မိခင်ဘာသာစကားမဟုတ်တော့ အခက်အခဲလေးတွေ ရှိနေမှာပါပဲ။ လေ့လာနေမယ်၊ ဖတ်နေတယ်၊ နားထောင်နေတယ်၊ အင်္ဂလိပ်စကားပြောချင်တဲ့ သူငယ်ချင်းတွေနဲ့ ပြောဖြစ်နေမယ်ဆိုရင် အင်္ဂလိပ်စာ တိုးတက်လာပါလိမ့်မယ်။ အင်္ဂလိပ်စာ လေ့လာတဲ့အခါမှလည်း ဘယ်တော့များမှ အင်္ဂလိပ်လို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်နိုင်ပါလိမ့်လို့ မတွေးဘဲ တနေ့ကို နည်းနည်း ဖတ်မယ်၊ မှတ်မယ်၊ လေ့လာမယ်၊ နားထောင်မယ်၊ တကြောင်း၊ နှစ်ကြောင်းလောက် ပြောကြည့်မယ်။ အင်္ဂလိပ်စာ လေ့လာတယ်ဆိုတာ ခုချက်ချင်း ရေတွင်းတူး ခုချက်ချင်း ရေကြည်သောက်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တောင်တက်သလို နှေးနှေးနဲ့မှန်မှန် တောင်ထိပ်ကိုကြည့်ပြီး အဝေးကြီးလို့ မတွေးဘဲ၊ တောင်အောက်ကိုကြည့်ပြီး ကြောက်စရာကြီး ငါ တက်မိတာ မှားလေခြင်းလို့ မတွေးဘဲ၊ ကိုယ်ရောက်နေတဲ့ နေရာကနေ နောက်ထပ်တလှမ်း အဲ့ဒီကနေ နောက်ထပ်တစ်လှမ်း လှမ်းနိုင်ရင် တောင်ထိပ်ကို မလွဲမသေ ရောက်ပါလိမ့်မယ်။ စိတ်မပျက်ဘဲ စိတ်ရှည်ဇွဲရှိဖို့တော့ လိုပါလိမ့်မယ်။

PS. I would like to suggest to use the good English to English dictionary. My favorite books are "Colorful Myanmar" and "King Among Men" written by Khin Myo Chit. "Colorful Myanmar" is "a practical and poetic guide for the visitor who wants something better than a tourist view of Burma". "King Among Men" is regarded as her masterpiece, a historical novel based on King Anawarath, the 11th century founder of first burmese kingdom with its capital, Bagan. I was so moved by reading her "Her Infinite Variety" and "Come, live with me!" short stories.

စန်းထွန်း
မတ် ၃၁၊ ၂၀၁၅။

01 August 2011

ညောင်းတယ် ညာတယ်...

ခါးနာနေတဲ့ ဆူနမ်ကို မိုင်းနဲ့ ရာမားက နှိပ်ပေးနေတာ မြင်တော့ အားကျမခံ စန်းထွန်းလည်း နှိပ်ပေးလိုက်တာ နာလို့တဲ့ အော်ပါလေရော။ သူများက စေတနာနဲ့ အကောင်းနှိပ်ပေးမှာကို။

အိမ်မှာ ဖေ၊ မကြီးက အညောင်းသမားတွေ။ ကုသိုလ်ကံကောင်းတဲ့ မေကတော့ လုံးဝမညောင်းတတ်တာပါ။ စန်းထွန်းကတော့ တခါတလေ ညောင်းရင် ဇက်ချိုး၊ ပရုတ်ဆီလိမ်းလိုက်ရင် သက်သာသွားတာပဲ။ အိမ်မှာ ညတိုင်း ဖေ့ကို မောင်နှမတွေ တယောက် တလှည့် တက်နင်းပေးရတယ်။ မညောင်းတတ်တဲ့ စန်းထွန်းက ဘယ်နားနင်းရင် ဘယ်လို သက်သာမှန်းမသိ။ ဖေ ညွှန်တဲ့အတိုင်း နင်းပေးလိုက်တာပဲ။ တခါတုန်းက ဒူးခေါင်းဂျွှတ်ကို တက်နင်းလိုက်လို့ ဖေ့မှာ နာလို့ အော်လိုက်တာ။ ကြိတ်နင်းတယ်ဆိုတာ ရှိသေးတယ်။ ဖေက ညောင်းပဲ ညောင်းနိုင်လွန်းတယ်လို့ ပြောတော့ သမီးကြီးလာမှ သိမယ်တဲ့။

ဖေ့သမီး ပီသစွာ မကြီးလည်း ညောင်းတတ်ပါတယ်။ စာမေးပွဲနီးရင် ဇက်ကြောတက်နေတဲ့ မကြီးကို မေက နှိပ်ပေးရတယ်။ တခါတလေ၊ စိတ်လိုလက်ရမှ နှိပ်ပေးတတ်တဲ့ မောင့်မောင့်မတ်ဆာ့ကတော့ ထိတယ်လို့ ဆိုကြတယ်။ မလေးရှားကို သွားလည်တုန်းက ညောင်းတတ်တဲ့ သူတို့ သားအဖနှစ်ယောက် ညနေတိုင်း မတ်ဆာ့ဆီ ပြေးကြလေရဲ့။

Batam အင်ဒိုနီးရှားကို သွားလည်ကြတုန်းက ရုံးကလူတွေနဲ့ မတ်ဆာ့ဆီ သွားပါတယ်။ အဲဒီတုန်းကတော့ သက်သာသလို ခံစားရပေမဲ့ နောက်နေ့ကျတော့ တကိုယ်လုံး နာလိုက်တာ ကိုင်ရိုက်ထားသလိုပဲ။ မတ်ဆာ့ဆိုတာ ပိုက်ဆံပေးပြီး ကိုယ်ကို ကိုင်ရိုက်ခိုင်းတာလို့ ပြောတဲ့ စန်းထွန်းကို အားလုံးက အထူးအဆန်းသတ္တဝါလို ဝိုင်းကြည့်ကြလေရဲ့။ ကောင်းတဲ့ မတ်ဆာ့ကို မရဖူးလို့နဲ့ တူပါရဲ့။

ခုတော့ တချိန်လုံးထိုင်၊ ကျောင်းဆင်းရင် အဆောင်ကူး(အဆောင်ကလည်း ကျောင်းကနေ လမ်းကူးလိုက်ရင် ရောက်ပြီ)၊ အခန်းထဲမှာလည်း ဆက်ထိုင်၊ ထိုင်ပြီးရင်း ထိုင်နေတော့တာ(မထိုင်လို့ ကင်းမြီးကောက်ထောင်သလို ထောင်နေလို့မှ မရတာ)။ တချိန်လုံး အခန်းထဲမှာ ဂူအောင်းရတော့ ညောင်းညာပါတယ်။ ကိုယ်လက် လှုပ်ရှားမှုမှ မရှိတာ ညောင်းမှာပေါ့။

ခုတော့ သမီးသိပြီ ဖေ ညောင်းညာတယ် ဆိုတာကို။ ကိုယ်ချင်းလည်း စာတတ်ပါပြီ။

စန်းထွန်း
သြဂုတ် ၁၊ ၂၀၁၁။

13 July 2011

မျက်မှန်...

ဒုက္ခသည်တွေကို တွေ့ရတော့မှ သူတို့ရဲ့ အခက်အခဲတွေ သိလာရော။ ဘာသာစကားအခက်အခဲ၊ အလုပ်အကိုင်ရှားပါးနေချိန်မှာ အလုပ်တခုရဖို့ ရုန်းကန်နေရတာတွေ၊ ကိုယ်တောင် တိုးတက်ပါတယ်ဆိုတဲ့ စင်္ကာပူမှာ နေခဲ့တာတောင် ဒီရောက်တော့ ဒီရဲ့ ဓလေ့စရိုက်တွေ၊ ထုံးတမ်းစဉ်လာတွေ၊ ဥပဒေနဲ့ အညီ နေတတ်အောင် နေဖို့ ကြိုးစားနေရဆဲ။ သူတို့အတွက်တော့ အခက်အခဲတွေ အများကြီး။ သူတို့နဲ့ ယှဉ်ရင် ကိုယ့်အခက်အခဲက စာမဖွဲ့လောက်စရာ။

အနားယူပြီးတော့ ရတဲ့ သတင်းအချက်အလက်တွေ မူတည်ပြီး ဘာလုပ်သင့်လဲ ဆုံးဖြတ်ချက် ချက်ရတာ့တယ်။ သွေးပူနေချိန်မှာ ဆုံးဖြတ်ရင် မှားသွားမှာလေ။ ဘာလုပ်သင့်တယ်ဆိုတာ သိပြီး လုပ်သင့်လုပ်ထိုက်တာကို မဆိုင်းမတွ လုပ်။ နောက်တလှမ်း နောက်ဆုတ်တာဟာ ရှေ့ကို နှစ်လှမ်း လှမ်းဖို့ အားယူတာပါ။ တကြိမ် မအောင်မြင်ရင် နောက်တကြိမ် ကြိုးစားပါ။ မအောင်မြင်သေးရင် အကြိမ်ကြိမ် ကြိုးစားပါ။ မကြိုးစားဘူးဆိုမှသာ တကယ် ဆုံးရှုံးသွားတာပါ။ လဲကျရင် ပြန်ထဖို့ ကြိုးစားပါ။ ပြန်မထဘူးဆိုရင် ဆိုရင်တော့ သူများနင်းတာ ခံရမှာပဲ။ ပြန်ထဖို့ ကြိုးစားရင်တော့ လက်ကမ်းကြိုဆိုကြမှာပါ။

ကြက်နာကျပြီဆို ကြက်တွေ တော်တော် သေပါတယ်။ မသေဘဲ ကျန်နေတဲ့ ကြက်တွေကတော့ အတော်ခံနိုင်ရည်ကောင်းပြီး နောင်ကြက်နာကျပြီဆို မသေတော့ဘူး။ အခက်အခဲတွေက ကိုယ့်ရဲ့ အရည်အချင်းကို တိုးတက်စေတာပါ။ အခက်အခဲတွေကြောင့်သာ စိတ်ဓာတ်တွေ ကြံ့ခိုင်လာပြီး ရင့်ကျက်လာတာပါ။

အရင်က ရုပ်ဆိုးအကျီးတန်နေတာတွေက ခုတော့လည်း သာယာလှပနေလို့။ နွေရာသီရဲ့ နေရောင်ခြည်အောက်မှာ သစ်ပင်တွေကလည်း စိမ်းလန်းနေလို့၊ ပန်းတွေကလည်း ဖူးပွင့်နေလို့၊ ငှက်ကလေးတွေရဲ့ အသံကလည်း ငြိမ့်ညောင်းသာယာနေလို့၊ သူငယ်ချင်းတွေရဲ့ အပြုံးကလည်း ခင်မင်စရာကောင်းနေလို့၊ မိတ်ဆွေသစ်တွေ တိုးနေလို့။ ဘဝဆိုတဲ့ကျောင်းမှာ တနေ့တနေ့ မရိုးနိုင်တဲ့ အသိပညာတွေ ရနေပါတယ်။ အမှန်က အရာအားလုံးက အရင်ကလည်း ဒီအတိုင်း အခုလည်း ဒီအတိုင်း။ ကြည့်တဲ့ အမြင်ကသာ ကွာတာပါ။ အစိမ်းရောင် မျက်မှန်တပ်ပြီး ကြည့်ရင် အစိမ်းပဲ မြင်ရသလို အပြာရောင် မျက်မှန်တပ်ကြည့်ရင် အပြာရောင်ပဲ မြင်ရတာပါ။ အစက မချစ်တဲ့ မျက်စိနဲ့ ကြည့်တော့ အရာအားလုံးက မချစ်မနှစ်သက်စရာ ကောင်းတာပါ။ ခုတော့ ချစ်တဲ့မျက်စိနဲ့ ကြည့်လို့ အရာအားလုံးက ချစ်စရာကောင်းလို့။

စန်းထွန်း
ဇှုလှိုင် ၁၃၊၂၀၁၁။

11 July 2011

ခလုတ်ထိမှ...

ခလုတ်ထိမှ အမိ တရုံသာမက ဘုရား၊ တရား၊ သံဃာ အားလုံးကိုပါ တတာပါ။ internship ဆင်းတုန်းက allowance ကို intern ဆင်းတဲ့ ကုမ္ပဏီက မပေးတော့ဘူးဆိုတဲ့နေ့ အေးပို၊ အီးတီ၊ စန်းထွန်း သုံးကောင်သား toa payoah ဘုန်းကြီးကျောင်းကို ပြေးကြတော့တာပဲ။ နောက်တော့လည်း allowance ကို ကျောင်းက ပေးလို့ အဆင်ပြေသွားတော့ ဘုန်းကြီးကျောင်းကို ယောင်လို့တောင် ခြေဦးမလှည့်ကြတော့ပါ။

ကျောင်းပြီးလို့ အလုပ်ရှာတော့လည်း ဝင်လိုက်တဲ့ ဓိဌာန်၊ စိတ်လိုက်တဲ့ ပုတီး၊ ရွတ်လိုက်တဲ့ ပဋ္ဌာန်း ။ ဘုရား၊ တရား မြဲနေတာ။ ဘုရား၊ တရား၊ သံဃာ၊ နတ်တွေပါ အကောင်းမနေရ။ ကုမ္ပဏီကြီးကြီး၊ လစာကောင်းကောင်း ရပါလို၏လို့ ဆုတောင်းနေတာ။ bugis က ကွမ်ရင်မယ်တော်၊ tanjong pagar နား Hock Teck See Temple က စင်္ကာပူ ကျွှန်းစောင့်နတ်ဆိုတာပါ အကောင်းမနေရ။ တို့တွေ နားပူနားဆာတိုက်နေတာ။ ဟော အလုပ်ရသွားပြန်တော့လည်း မေ့သွားကြပြန်ရော။

အဲ အလုပ်၊အိမ် တခုခု အဆင်မပြေရော ဘုရား၊ တရားကို သတိရပြန်ရော။ အဆင်ပြေပြန်တော့လည်း မေ့သွားပြန်ရော။ ဒီလိုနဲ့ ဂျာအေးသူ့မေရိုက်ရော။ ဆရာတော်ကို လာဖူးကြတဲ့ နွားလှည်းတွေက ကျကျန်တဲ့ နွားချီးတွေကို ကျုံးနေရတဲ့ ကပ္ပိယ ညည်းညူသံကို ကြားတော့ ဆရာတော်ကြီး "ပေးပေး ဒကာ မကျုံးချင်ရင် နေပါ။ ဦးပဉ္ဖင်း ကျုံးလိုက်ပါ့မယ်။ ဝေယျာဝဇ္ဇကုသိုလ် လုပ်ခွင့်ကြုံပြီ။" လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သတဲ့။ ဒါကြောင့် ရေချိုးခန်းမှာ ဆံပင်တွေ တွေ့တဲ့အခါ၊ မီးဖိုချောင်မှာ အမှိုက်တွေ တွေ့တဲ့အခါ (သူများဟာတွေဆိုတော့ ရွံမှာပေါ့) ဝမ်းသာလိုက်ပါ။ ငါတော့ ဝေယျာဝဇ္ဇ ကုသိုလ်လုပ်ခွင့် ကြုံပြီလို့။ သူငယ်ချင်းတယောက်က ပြောတယ်။ အခက်အခဲဆိုတာရှိမှ ဘုရားကို မမေ့မှာတဲ့။ အခက်အခဲကြုံရင်တော့ တွေးလိုက်ပါ။ ငါတော့ ဘုရား၊ တရား လုပ်ခွင့်ကြုံပြီလို့။

မြန်မာပြည်မှတော့ ကုသိုလ်ကံက မသိသာပါဘူး။ အရင်ကလည်း ဒီအတိုင်း နောင်နှစ်တွေ ကြာလည်း ဒီအတိုင်းပါပဲ။ စင်္ကာပူမှာတော့ ကံက အရမ်းသိသာပါတယ်။ ကိုယ့်ထက် တော်ပေမဲ့ ကိုယ့်လောက် အလုပ်ကံ မဆင်မပြေတာတို့။ ကိုယ့်လောက် မတော်ပေမဲ့ ကိုယ့်ထက် လစာကောင်း၊ ကုမ္ပဏီကောင်းမှာ ရတာတွေ ကြုံရတော့ ကံဆိုတာကို တကယ်ယုံလာပါတယ်။ လစာနည်းတဲ့သူက လစာများတဲ့သူကို အားကျ။ ပင်ပန်းလည်း ပိုက်ဆံအများကြီးရတော့ ပင်ပန်းရကျိုးနပ်တယ်ပေါ့။ လစာများတဲ့သူကလည်း ဒီလောက် ပင်ပန်းတာ ဘဝကြီးက ဘာအဓိပ္ပာယ် ရှိတော့မှာပဲ။ လစာနည်းနည်းရပြီး အေးအေးဆေးဆေးပဲ နေလိုက်ချင်တော့တယ်လို့ ငြီးကြတယ်။

ကိုယ့်အထက် မန်နေဂျာက ကိုယ့်ကို ထုထောင်းရင် တွေးလိုက်ပါ။ အရင်ဘဝက ငါ သူ့ကို ထုထောင်းထားလို့ နေမှာလို့။ လစာနည်းနေရင်လည်း ဟိုဘဝက လှုဒန်းထားသလောက် ကိုယ်ရတာလို့ တွေးလိုက်ပါ။ ဉာဏ်မကောင်းဘူးဆိုရင်လည်း အခု လေ့လာဆည်းပူးနေလို့ နောင်ဒီထက် ဉာဏ်ကောင်းတော့မှာလို့ တွေးလိုက်ပါ။ အိမ်ရှင်မတွေကလည်း တနေ့တနေ့ အိမ်အလုပ်တွေပဲ လုပ်နေရလို့ စိတ်ညစ်မနေရပါနဲ့။ အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ မိန်းမတွေက အိမ်ရှင်မဘဝကို အားကျနေတာ။ လုပ်ရိုးလုပ်စဉ် အလုပ်တွေကို လုပ်ရင်း ကုသိုလ်ရနေတာက မင်း၊ အိမ်ရှင်မ၊ ဘုန်းကြီးတဲ့။ အရင်ဘဝက ကံတွေကို ပြင်လို့ မရပေမဲ့ ပြင်လို့ရနိုင်တာက အခုလက်ရှိ ကိုယ့်ရဲ့ အချိန်ကို ဘယ်လိုနည်းနဲ့ တန်ဖိုးရှိအောင် အသုံးချရမှာလဲပါ။

ဟုတ်ကဲ့ စန်းထွန်းကတော့ ခလုတ်ထိရင် အားလုံးကို တတတ်ပါတယ်။

စန်းထွန်း
ဇူလှိုင် ၁၁၊ ၂၀၁၁။

10 July 2011

တရဲ..တရဲ

ငယ်ငယ်တုန်းကတော့ သရဲတဘက်တွေအကြောင်း၊ စုန်းတွေအကြောင်းကို ပုံပြင်အဖြစ် ကြားဖူးပါတယ်။ တချို့သူငယ်ချင်းဆိုရင် သရဲပုံပြင် အပြောကောင်းတာ ကိုယ့်မှာ ညမှောင်ရင် အိမ်သာကို တယောက်ထဲ မသွားရဲတော့တဲ့အဖြစ်။

စင်္ကာပူမှာတော့ သရဲလဆိုတာ ရှိတယ်။ အဲဒီလဆို သရဲတွေ ထွက်ကြတယ်လို့ ဆိုကြတယ်။ သရဲလိုက်ရှာတဲ့ အဖွဲ့လည်း ရှိတယ်။ ခရမ်းရောင်(North East Line) ရထားလိုင်းမှာဆို Potong Pasir (NE 10)နဲ့Serangoon (NE 12) ကြားမှာ ဘူတာ NE 11 က ပျောက်နေတယ်။ အရင်က ရှိတယ်။ သင်္ချိုင်းကုန်းကို ဖျက်ပြီး ဆောက်ထားတာ။ နောက်တော့ ရထားလာရင် ဖြတ်ပြေးတာတို့ ဘာတို့တွေ့လို့ ဖျက်လိုက်တာလို့ ကြားတယ်။ စင်္ကာပူကျောင်းက သူငယ်ချင်းတွေပြောတဲ့ သရဲအကြောင်း ကြားရပြန်တယ်။ ပြည့်ပြည့်ဆို နေ့ခင်းဖက် သူအိပ်နေတုန်း တရုတ်လိုလို လူတယောက်ကို မြင်လို့တဲ့။ မိန်းကလေးနေတဲ့အိမ်မှာ ဘယ်ကယောကျ်ားလေးက ရောက်လာပါလိမ့်ပေါ့။ အီးတီကတော့ သူ့အိမ်မှာ သရဲမြင်လို့ လန့်ပြီး ဖျားပါရောလား။ တရုတ်တယောက်ကတော့ မနက် ၁နာရီ၊ ၂ နာရီလောက် ကျောင်းကနေ သူ့အိမ်ကို ပြန်ရင် အင်္ကျီဖြူဝတ်ထားတဲ့ မိန်းမတယောက် သူ့နောက်ကို လိုက်လို့တဲ့။ သရဲမှန်း မသိဘူး။ ခုခေတ် တရုတ်တွေက ဘာသာမဲ့ ကွန်မြူနစ်တွေ။ ကျောင်းမှာလည်း ဒေးဗစ်ဆိုတဲ့ သရဲရှိတယ်လို့ ကြားတယ်။

ပ‌ရောဂျက်မပြီးလို့ ကျောင်းမှာ ညအိပ်ရတဲ့ ညတွေဆို ည၁၂နာရီကျော်ရင် အိမ်သာကို တယောက်တည်း မသွားရဲဘူး။ အဖော်တယောက်ပါမှ သွားရဲတယ်(ဗန္ဓုလသွေးပါတယ် :D)။ တခါက ဖျပ်ခနဲ မီးမှောင်သွားလို့ အိပ်ချင်နေတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိဘူး ပြေးလိုက်တာ တန်းနေတာပဲ။ မိန်းခလုတ်ကျတာလား၊ တယောက်ယောက် စတာလား မသိတော့ပါဘူး။

discussion room ထဲမှာ တယောက်တည်း ရှိနေတုန်း ဒေါက်ဒေါက်နဲ့ တံခါးခေါက်သံကြားတယ်။ တံခါးကို ကြည့်တော့လည်း ဘယ်သူမှ မရှိဘူး။ နောက် ခဏကြာတော့ ဒေါက်ဒေါက် ကြားရပြန်ရော။ တံခါးဖွင့်ပြီး အပြင်ထွက်ကြည့်တော့လည်း ဘယ်သူမှ မရှိဘူး။ နောက် ဒေါက်ဒေါက်ကြားရပြန်တော့ သည်းမခံနိုင်တော့ဘူး။ ကိုစိုင်းတို့၊ ကောင်းကောင်းတို့ စနေသလားပေါ့။ သူတို့အခန်းသွားရှာတော့လည်း သူတို့တွေ ညစာသွားစားတယ်တဲ့။ အခန်းတွေက ကပ်နေတော့ တခါတလေ ဘေးခန်းက အသံတွေကို ကိုယ့်အခန်းကလို့ ထင်မိတတ်တယ်။ ညစာစားတဲ့သူတွေ ပြန်လာတော့ အဲဒီအကြောင်း ပြောပြတော့ မေသူက ဟုတ်လို့လား အမ၊ ဒီနေရာက ကြားရတာမလားတဲ့။ ဟုတ်တယ် အဲဒီထောင့်နားလေးကပဲ။ နောက်တော့မှ သိရတာက သူတို့ တရုတ်တွေက QQ နဲ့ chat ကြတယ်။ gtalk မှာဆို တတုန်တုန်မြည်ပေမဲ့ QQမှာက ဒေါက်ဒေါက်လို့ မြည်တယ်။ အဲဒါကို မသိတော့ တံခါးလာလာခေါက်တယ်လို့ ထင်နေတာကိုး။

တခါက ညနေစောင်း team 11 အခန်းမှာ တယောက်တည်း ရှိနေတုန်း ကွန်ပြူတာနှိပ်သံ တဖျောက်ဖျောက်ကြားတယ်။ အခန်းပတ်ပတ်လည်ခုံတွေပေါ်မှာက desktop computer တွေ။ အလယ်အဝိုင်းခုံတွေမှာက laptop တွေ တင်ထားကြတာ။ ကိုယ်က desktop ကို သုံးနေတာ။ အသံက အဝိုင်းခုံထားတဲ့ laptop တွေဆီက အသံ။ လှည့်ကြည့်လိုက်ရင်လည်း ပျောက်သွားပြန်ရော။ ဒါပေမဲ့လည်း တခြားအခန်းက အသံကိုလည်း ထင်ယောင်ထင်မှား ဖြစ်တတ်သေးတာမလား။ error တက်နေလို့ လူက ကွန်ပျူတာထဲ ဝင်လုမတတ်။ error နဲ့ အသည်းအသန် နပန်းလုံးနေတာ။

မေသူရောက်လာတော့မှ အမတယောက်တည်းလားတဲ့။ အင်းဆိုတော့ အမ ဒီအခန်းက ဒေးဗစ်အခန်းလေဆိုတော့မှ ဘုရား ဘုရား ကြောက်လိုက်တာ။ အစကတော့ error နဲ့ နပန်းလုံးနေတော့ ကြောက်ရကောင်းမှန်းမသိ။ သိတော့မှ ကြောက်လိုက်တာ။ နောက်ဆို အဲဒီအခန်း ဘယ်တော့မှ တယောက်တည်း မသွားတော့ဘူး။

စင်္ကာပူမှာတော့ သရဲလိုက်ရှာတဲ့ အဖွဲ့ရှိတယ်။ (ကိုညီလင်းသစ်ရဲ့ စာမျက်နှာသစ်ဖွင့်မယ်ဆိုရင်ကို ဖတ်ပြီး လုပ်ထားတာ။ ကျေးဇူး ကိုညီလင်းသစ်။) သရဲရှာတဲ့ စက်ကလေးက သရဲ ရှိနေရင် စက်ကလေးက ပြတယ်တဲ့။ စင်္ကာပူက သရဲလိုက်ရှာတဲ့အကြောင်း တင်ဆက်ထားတဲ့ ဂျာမန်ရုပ်သံသတင်းကို yahoo မှာ ဖတ်လိုက်ရတယ်။ စိတ်ပါဝင်စားသူများအတွက် လက်တို့ပြီး သတင်းပေးလိုက်ပါတယ်။ စန်းထွန်းကိုတော့ အဖေါ်လိုက်ဖို့ မခေါ်လေနဲ့။ မလိုက်ရေးချ မလိုက်။ မီးမီး ကြောက်ကြောက် :P။

စန်းထွန်း
ဇူလှိုင် ၁၀၊ ၂၀၁၁။

08 July 2011

လိုချင်တာက...

မနေ့က သူငယ်ချင်းတယောက်နဲ့ ချက်တော့ အလုပ်အသစ်ပြောင်းပြီ လစာတော့ အကောင်းစားမဟုတ်ဘူးအမတဲ့။ လူတိုင်း လိုချင်တာက ကုမ္ပဏီကြီးကြီး၊ လစာကောင်းကောင်းမှာ လူတိုင်း လိုချင်ကြတာပေါ့နော်။ ဒါပေမယ့် ကိုယ်လုပ်နိုင်တာက အင်တာဗျူးမှာ အကောင်းဆုံးဖြေနိုင်တာပဲ ရှိတယ်။ ကိုယ်ရွေးချယ်လို့မှ မရတာနော်။ သူတို့ရွေးတာကို ခံရတာလေ။ တခါတလေ ရွေးချယ်နိုင်ခွင့်ရှိရင်တော့ offer ပေးတဲ့ အထဲကမှ ကောင်းမယ်လို့ ထင်ရတာကို ရွေးရတာမလား။ အလုပ်ထဲမှာ ကြိုးစားလုပ် ဒါပဲ တတ်နိုင်တယ်။ ကိုယ့်ကံပဲပေါ့။

ကုမ္ပဏီကောင်းကောင်း၊ လစာကောင်းကောင်းရတဲ့သူတွေကို ကြည့်ပြီး ငါ့ကျတော့ ဘာလို့မရပါလိမ့်လို့ တခါတလေ တွေးမိပါတယ်။ အဲဒီအခါ ကိုယ့်လောက် အဆင်မပြေသေးတဲ့သူတို့ကို မြင်ရတဲ့အခါ ကံကောင်းသေးတယ်လို့ တွေးမိတယ်။ အမြင့်ကို ကြည့်ရင် မောပြီး အောက်ကို ကြည့်ရင်တော့ စိတ်ချမ်းသာရတယ်။ အမြဲကြိုးစားနေတဲ့သူအတွက် အခွင့်အရေးတို့၊ တက်လမ်းတို့ ဆိုတာ တချိန်ချိန်တော့ ရှိလာမှာပါ။ မကြိုးစားဘူးဆိုမှသာ တကယ်ဆုံးရှုံးသွားတာ။

အလုပ်မရှိတာထက်စာရင် လစာနည်းနည်းပဲရရ အလုပ်ကလေးရှိတာ ဝမ်းသာစရာပါ။ အလုပ်တခုခုရှိနေမှ ဘဝလေးဟာ အဓိပ္ပာယ်ရှိနေတာပါ။ ကျန်းမားရေး ကောင်းတာကလည်း ဝမ်းသာစရာပါ။ စားချင်တာကို စားနိုင်တာလည်း ဝမ်းသာစရာပါ။ အဖေ အမေလို့ တစရာ မိခင်၊ ဖခင်တွေ ရှိတာလည်း ဝမ်းသာစရာပါ၊ ရန်ဖြစ်ရမဲ့ ညီအကို မောင်နှမ ဆွေမျိုးတွေ ရှိတာလည်း ဝမ်းသာစရာပါ။ ရင်ဖွင့်ရမဲ့ သူငယ်ချင်းတွေ ရှိတာလည်း ဝမ်းသာစရာပါ။ စိတ်အနှောင့်အယှက်တွေပေးတဲ့ လူတွေရှိတာလည်း ဝမ်းသာပါ။ သူတို့ကြောင့်သာ ဘဝမှာ အခက်အခဲကို ခံနိုင်ရည်စွမ်း၊ သည်းခံနိုင်တဲ့ အရည်အချင်းတွေ တိုးတက်လာတာမလား။ လူ့ဘဝဆိုတာကို သင်ပေးတဲ့ သူတွေရှိတာလည်း ဝမ်းသာလိုက်ပါ။ ဝါသနာပါတာတွေ လုပ်နေရတာလည်း ဝမ်းသာစရာပါ။ ထမင်းနပ်မှန် စားနေရတာလည်း ဝမ်းသာစရာပါ။ စာတွေ ဖတ်တတ်တာလည်း ဝမ်းသာစရာပါ။ အသည်းကွဲနေရင်လည်း မကြာခင် ဒီထက်ကောင်းတဲ့ တယောက်ရမှာမို့လို့ ဝမ်းသာလိုက်ပါ :)။ ရှာကြံရင် ဝမ်းသာစရာတွေ တော်တော်များပါတယ်။ ရှာကြံပြီး ဝမ်းသာနိုင်ကြပါစေ။

စန်းထွန်း
ဇူလှိုင် ၈၊ ၂၀၁၁။

27 June 2011

စင်္ကာပူသွား တောလား ...



စင်္ကာပူအမျိုးသားတက္ကသိုလ်(NUS)က ကမ္ဘာ့ပေါ်က အကောင်းဆုံး တက္ကသိုလ် ၁၀၀ထဲမှာ နံပါတ် ၂၇။ အာရှမှာတော့ နံပါတ် ၃။ Institute of System Science (ISS) ကတော့ NUS အောက်က ကျောင်းပေါ့။ မြန်မာပြည်က ကွန်ပျူတာတက္ကသိုလ်ကြီးနဲ့တော့ သွားမယှဉ်နဲ့ပေါ့။ ISS က GDipSA course တနှစ်မှာ ဖဖေါ်ဝါရီ၊ သြဂုတ် နှစ်တန်း ဖွင့်ပါတယ်။ Grading၊ Transcript နဲ့အတူ Essay နှစ်ပုဒ်ပါ တွဲတင်ရတယ်။ Non-refundable စင်္ကာပူဒေါ်လာ ၄၀ + စာရွက်စာတမ်းတွေပို့ခ ပေးရတယ်။ ပြီးရင် ဝင်ခွင့် ဖြေရပါတယ်။ ၂၀၀၇ထိ မြန်မာပြည်မှာ ဖြေလို့ရပြီး နောက်တော့ စင်္ကာပူမှာ လာဖြေရပါတယ်။ တို့ဖြေခဲ့ရတာက ၂၀၀၇ မြန်မာပြည်မှာ နောက်ဆုံးဖြေတဲ့အသုတ်။ MICT Park မှာ ACCA စာမေးပွဲတွေ ဖြေတဲ့ မကြီးက အခန်းက အေးလွန်းလို့ ရှုးတောင် ပေါက်ချင်ပါသတဲ့။ ကြိုတင်သတင်းရလို့ အနွေးထည်ယူသွားတဲ့ တို့တော့ အနွေးထည်တောင် မဝတ်လိုက်ရပါဘူး။ အဲကွန်းခန်းထဲမှာ ချွှေး‌တွေပြိုပြိုက်ကျလို့။ မေးခွန်းက ခက်တာကိုး။ ဖြေခဲ့သမျှစာမေးပွဲမှာ ISSဝင်ခွင့် စာမေးပွဲက အခက်ဆုံးပဲ။

ရေးဖြေအောင်တော့ ဖုန်းနဲ့ အင်တာဗျူးပြန်တယ်။ မြန်မာပြည်ကနေ ခေါ်ရတာ။ ကျောင်း offer ရတော့လည်း သူတို့ပေးတဲ့ website ကို ဝင်ပြီး ဖြည့်ရပြန်တယ်။ စီနီယာကိုယ့်သူငယ်ချင်း ချိုချိုတို့ဆို အကောင်းမနေရ။ တို့တွေ မေးတာ ဖြေကြားရ၊ မသိရင် တခြားသူငယ်ချင်းတွေ မေးပေးပေါ့။ ဗီဇာဝင်ဖို့ သံရုံးဘယ်နေရာမှာတောင် ရှိမှန်းမသိ။ လမ်းညွှန်တဲ့သူက ဘယ်လိုညွှန်လဲဆိုတော့ ရွှေဂုံတိုင်မီးပွိုင့်နားက ဓမ္မဇေတီလမ်းမှာ လူတရုံးရုံးနဲ့ စည်ကားနေရင်၊ Qတန်း အရှည်ကြီးပဲဆိုရင် စင်္ကာပူသံရုံးပဲတဲ့။ မနက်အစော ၆နာရီခွဲပဲ ရှိသေးတယ် ကိုယ့်ထက် ဝီရိယကောင်းသူတွေက ရောက်နှင့်နေပြီ။ Qစီနေတုန်း လေယာဉ်လတ်မှတ် မပါရင် ဗီဇာလျှောက်လို့မရပါဆိုလို့ လေယာဉ်လတ်မှတ် ပြေးယူ။ ပွဲစားနဲ့လုပ်ရင်တော့ ပိုက်ဆံကုန်ပေမဲ့ လူသက်သာတာပေါ့။ နောက် တို့ဘွဲ့ယူဖို့ ဖေ၊ မေ၊ မောင်မောင်လာတော့ ပွဲစားနဲ့ပဲ လုပ်ခိုင်းလိုက်တော့တယ်။ မနက်၆နာရီခွဲလောက်ကနေ ၉နာရီလောက်အထိ မတ်တပ်ရပ်နေရတာ လူကြီးတွေ ဘယ်ရပ်နိုင်ပါ့မလဲ။

မြန်မာပြည်မှာကလည်း နေရာတကာ ပွဲစား။ နိုင်ငံကူးလတ်မှတ် လုပ်ချင်သလား၊ နိုင်ငံကူးလတ်မှတ်လုပ်ဖို့ အခွန်ဆောင်မလား၊ D-Form လုပ်မလား၊ Notri လုပ်မလား၊ ကားဝယ်မလား၊ အိမ်ဝယ်မလား၊ အိမ်ငှားမလား၊ ကားငှားမလား၊ ဖုန်းဝယ်မလား၊ ဖုန်းငှားမလား အားလုံးပွဲစားနဲ့မှ အဆင်ပြေတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းသွားရင် ကြာမယ်၊ အဟောက်ခံရမယ်။

ဆေးစစ်တော့လည်း သူတို့ အသိအမှတ်ပြုထားတဲ့ ဆေးခန်းမှာမှ စစ်ရတယ်။ တို့ကတော့ အရင်က Kenbangamလို့ ခေါ်တဲ့ ဆေးခန်းမှာ စစ်လိုက်တယ်။ အလုပ်ကနေ မထွက်ဘဲ ဆေးသွားစစ်တဲ့ ပြည့်ပြည့်တယောက် ဆေးကျပါလေရော။ တီဗွီ suspect တဲ့။ အမှန်က ပင်ပန်းနေလို့လေ။ နောက်တော့ အနားယူပြီး တခြားဆေးခန်းမှာ သွားစစ်တော့မှ အောင်ပါလေရော။

တလလုံး မနားရပါဘူး။ မနက်မိုးလင်း ထမင်းစားပြီးကတည်းက ထွက်လိုက်တာ ညနေစောင်းမှ အိမ်ပြန်ရောက်တယ်။ မနက်ဖြန်ပဲ သွားရတာ့မယ် အိမ်ကို ညကိုးနာရီအထိ ပြန်မရောက်သေးဘူး။ ဖေက စိတ်ပူလို့ ထွက်မျှော်နေပြီ။ အောင်ကြီး ၊အိကေ၊ ဘကြီး၊ အေးသက်တို့ကို နှုတ်ဆက်ပွဲ ကျင်းပနေတာ ဘူတာရုံလမ်းက ဇော်ကြေးအိုးဆီချက်ဆိုင်မှာ။ ကြေးအိုးဆီချက်ကို ငါးပိထောင်းနဲ့ ဘိတ်စတိုင် စားတဲ့ ဆိုင်ကို မြတ်မွန်က မိတ်ဆက်ပေးခဲ့တယ်။ နောက်တော့ တို့တွေသာမက တို့တအိမ်သားလုံး ကြိုက်သွားလို့ ဖေ ရန်ကုန်ရောက်ရင် မစားမဖြစ်စားတဲ့ အစားအစာတခုပေါ့။ အဲ အစားအသောက်ဖက် ရောက်သွားပြန်ပြီ။

မြန်မာပြည်ကနေ နိုင်ငံခြားကျောင်းသွားတက်ဖို့ ပြင်ဆင်ရတာ အတော်အလှုပ်ရှုပ်ပါတယ်။ ကိုယ်ကိုတိုင်သာမက မိသားစုတွေပါ အကောင်းမနေရ။ ဗီဇာလျှောက်ဦးဟဲ့၊ ဆေးစစ်ဦးဟဲ့၊ လေယာဉ်လတ်မှတ် ဝယ်ဦးဟဲ့၊ အစားအသောက်စုဆောင်းဦးဟဲ့၊ သူငယ်ချင်းအရင်းကြီးတွေကို နှုတ်ဆက်ဦးဟဲ့(နို့မို့ နိုင်ငံခြားသွားတာတောင် တို့ကို နှုတ်ဆက်မသွားဘူးလို့ အတင်းတုတ်ခံနေရဦးမယ်)၊ D-Form လုပ်ဦးဟဲ့၊ လူကြုံပစ္စည်းလက်ခံဦးဟဲ့။ လူကြုံဆိုလို့ စန်းထွန်းသယ်လာတဲ့ luggage မှာ တဝက်က လူကြုံပစ္စည်း။ ကိုယ်တိုင်အတွက်ကတော့ အင်္ကျီနှစ်စုံပဲလား ပါတယ်။

အစားအသောက်ကလည်း သယ်လို့ရတာ အကုန်သယ်တာ။ ငါးပိကြော်၊ ငံပြာရည်ကျော်၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်ကြော်၊ ငါးဖယ်ကြော်၊ ဝက်သားကြော်၊ ငါးပိကြော်၊ မရမ်းသီးငါးပိကြော်၊ ငါးကျဉ်းခြောက်ကြော်၊ ဆတ်သားခြောက်၊လက်ဖက်၊ မုန့်ဟင်းခါးခြောက်၊ မြှစ်ကြော်၊ မြင်းခွာရွက်၊ မန်းကျဉ်းရွက်၊ မုန့်ဖက်ထုပ်၊ သရက်သီးကလည်တည်၊ သရက်သီး၊ ဆေးမျိုးစုံ။ ဆိုင်တောင် ဖွင့်လို့ရတယ်။ ပလတ်စတစ်နဲ့ အသေအချာ နှစ်ထပ်သုံးထပ် ထုပ်ပိုး။ တလလောက် အခြောက်အခြမ်းနဲ့ တီးလို့ရတယ်။ အိတ်ကတော့ အနံ့ပေါင်းစုံ ထွက်နေတော့တာပဲ။ တချို့များဆို ဘုရားပန်းတောင် ပါလိုက်သေး။ ဒါ့ကြောင့် Changi Airport မှာ ကြည့်လိုက် အထုပ်တွေ အများကြီးနဲ့ဆို သေချာတယ် အဲဒါ မြန်မာ။ မြန်မာတွေက သယ်သလားမှတ်တယ်။ နီပေါတွေကမှ ပိုဆိုးနေတယ်။ သူတို့ရိုးရာ အားလူးပြုတ်တဲ့အိုးတောင် သယ်တာနော်။

ရန်ကုန်လေဆိပ်မှာတော့ ရွှေငွေတွေ၊ ဒေါ်လာတွေ သယ်မသယ် စစ်တယ်။ တီတီ အသံမြည်လို့ ကြည့်လိုက်တာ အမြဲဝတ်နေတဲ့ ရွှေဆွဲကြိုးမျှင်။ နိုင်ငံခြားကို ရွှေတကျပ်သားထပ် ပိုမသယ်ရတဲ့။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ မြန်မာနိုင်ငံတွင်သာရှိတဲ့ လေဆိပ်ခွန်ဆိုတာလည်း ဆောင်ရတယ်။ Immigration ကို ဖြတ်ရင်လည်း အဖေနာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ သွားမဲ့နေရာရဲ့ လိပ်စာတွေ ဘာတွေ ဖြည့်ရတယ်။ ပြီးရင် ဓာတ်ပုံရိုက်တယ်။ ရန်ကုန်အပြန်ဆိုရင်တော့ အကောက်ခွန်က ကျောင်းသားတွေ၊သားသမီးတွေဆီ သွားလည်တဲ့ မိဘတွေဆို မတောင်းဘူး။ အဲ အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ လက်ဆောင်ဘာပါလဲလို့ မေးမယ်။ အဲဒါကိုမှ မသိတတ်ရင်တော့ အခွန်ဆောင်ထားလား မေးမယ်။ အခွန်ဆောင်ထားတဲ့ စာရွက်ပါရင်တောင် ရစ်မယ်။ ဘာမှ မမေးခင်ကတည်းက ပိုက်ဆံပေးလိုက်တာ အကောင်းဆုံးပဲ။ အဲလိုမှ မဟုတ်လို့တော့ ပိုက်ဆံပေးရရုံသာမက အဟောက်ပါ ခံရမယ်။ တခါတလေ ရစ်ပုံများက leave form ပြတဲ့။ မြန်မာပြည်ကိုအသွားဆိုရင် Arrival Form ကို ဖြည့်ရတယ်။ ကျန်းမားရေးဋ္ဌာနရဲ့ form ပါ ဖြည့်ရတယ်။ မောင်မောင်တို့ စင်ကာပူက ပြန်လာတုန်းကဆို swine flu ဖြစ်နေချိန်ပေါ့။ ကျန်းမားရေးဋ္ဌာနက ဝန်ထမ်းတွေ ဖုန်းခဏခဏဆက်ပြီး နေကောင်းလား ဂရုစိုက်လွန်းလို့ သူတို့တွေ အိမ်ပြောင်းသွားပြီလို့ ပြောလိုက်မှာပဲ ဖုန်းဆက်တာ ရပ်တော့တယ်။

မြန်မာပြည်ကို ပြန်ရင် Arrival Form ဖြည့်ဦး၊ အကောက်ခွန်ကို ပေးရ၊ အဟောက်ခံရ၊ ဓာတ်ပုံရိုက်၊ မြန်မာပြည်က ထွက်ရင်လည်း D-Form လုပ်ဦး၊ Airport Tax ပေးရ၊ Departure Form ဖြည့်ဦး၊ ဓာတ်ပုံရိုက်နဲ့ အရှုပ်တွေ လုပ်ရပါတယ်။ ကိုယ့်မှာ pass ရှိလို့ကတော့ စင်္ကာပူအဝင်ရော၊ အထွက်ရော ရှင်းမှရှင်း။ passport၊ pass ပြလိုက်ရုံပဲ။ ဘာဆိုဘာမှ ဖြည့်စရာ၊ ပေးစရာ မလိုတာပါ။ စင်္ကာပူနိုင်ငံက ကမ္ဘာပေါ်မှာ လာဘ်စားမှု ကင်းရှင်းတဲ့နိုင်ငံထဲမှာ နံပါတ်တစ်။ အစိုးရကလည်း တကယ်အလုပ်လုပ်တာပါ။ ကွာပါ့ ကွာပါ့။

အသွားဆိုလည်း အစားအသောက်ကို သယ်ရတာ။ အပြန်ဆိုလည်း လွှင့်မပစ်ရက်ပဲ သိမ်းထားတာမှန်သမျှ အကုန်သယ်လို့ အထုပ်တွေ များနေပြန်ရော။ နိုင်ငံခြားမှာက ရှော့ပင်းထွက်ရင်တောင် အိတ်တွေက အစ လှလှလေးတွေ။ ဆွေမျိုးတွေ၊ မကင်းရာ မကင်းကြောင်းတွေ၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ သိမ်းထားရတာ။ discount ချိန်ဆို တန်ရာတန်ရာတွေကို ဘယ်သူ့အတွက်ဟဲ့၊ ဘယ်ဝါ့အတွက်ဟဲ့လို့ ဝယ်ထားရတာ။ တယောက်အတွက်ကတော့ လက်ဆောင်ပါပြီး တခြားတယောက်အတွက် မပါရင် မျက်နှာမကောင်းဖြစ်မှာကိုး။ အဝေမတည့် ရန်မဖြစ်ရလေအောင် အစောကတည်းက ဘယ်သူ့ကို ဘာပေးမှာလို့ စီစဉ်ထားရတယ်။ အင်္ကျီဟောင်းတွေဆိုရင်လည်း လွှင့်မပစ်ဘဲ ရန်ကုန်ပြန်ရင် ပေးဖို့ သိမ်းထားရတာ။ စင်္ကာပူမှာ ဟောင်းနေပေမဲ့ ရန်ကုန်အတွက်တော့ အကောင်းကြီးပဲ ရှိသေးတာကိုး။ ဒီလိုနဲ့ပဲ ရွှေမြန်မာများမှာ အသွားရော အပြန်ပါ အထုပ်တွဲလဲ ဖြစ်ကြလေသတည်း။

ကျောင်းရလို့ စင်္ကာပူကို သွားမယ်လို့ ရက်သတ်မှတ်ပြီးကတည်းက နားကို မနားရတာပါ။ ဇွန် ၁၂ မှာ ကျောင်း offer ရပြီး တလပြည့်တဲ့ ဇူလှိုင် ၁၂မှာတော့ စင်္ကာပူကို SilkAir လေကြောင်းနဲ့ ရောက်လာပါတော့တယ်။ အိအိနဲ့ အတူတူပေါ့။ လေယာဉ်ပေါ် ရောက်မှပဲ နားရတော့တယ် ဟူး။ လေယာဉ်က မြေပြင်ပြေးလမ်းပေါ်ကနေ ကောင်းကင်ကို အရှိန်ယူပြီးတက်တဲ့အချိန်မှာ ဘုရားတွေ၊ တရားတွေတ။ မနက်ကတည်းက ဘာမှဟုတ်တိပတ်တိ မစားထားတော့ ဗိုက်ဆာလာပြီ။ လေယာဉ်မှာ ကွျှေးတဲ့ ထမင်းတို့၊ ခေါက်ဆွဲတို့ကလည်း နည်းနည်းလေး အလှစားစာပဲ။ အဝစားတဲ့ တို့တွေ ဘယ်ဝပါ့မလဲ။ လေယာဉ်မှာ သောက်ရတဲ့ ကော်ဖီက ခါးတူးနေတာပဲ။ ဘီယာတို့၊ ဝိုင်တို့လည်း ရနိုင်ပါတယ်။ အဲ Tiger ဘတ်ဂျက်လေကြောင်းလိုင်းဆိုရင်တော့ ဘာဆိုဘာမှ မကျွှေး ရေတောင် မတိုက်။ လေယာဉ်ပေါ်မှာတော့ တွန်းလှည်းလေးနဲ့ ရောင်းတယ်။ အစားအသောက်တွေရော၊ လက်ဆောင်ပစ္စည်းတွေရော။

လေယာဉ်ပေါ်မှာ Immigration ရဲ့ Arrival Form ကို ဝေပေမဲ့ တောင်းပြီး ဖြည့်ရကောင်းမှန်း မသိဘူးလေ။ သူများတွေ လေယာဉ်ပေါ်မှာ ဖြည့်နေတာတော့ တွေ့သား။ Immigration ကျမှ မဖြည့်ရသေးလို့ ထပ်ဖြည့်ရပြန်တယ်။ ပထမဆုံး နိုင်ငံခြားသွားတဲ့ အတွေ့အကြုံဆုံတော့လည်း ကြောင်တောင်တောင်ပေါ့။ Immigration အဝင်မှာ Immigration ကလူတွေက ICA letter ကို ကိုယ့်ကို ပြန်ဖတ်ခိုင်းရတယ် FIN(Foreign Indentification Number)ကို။ ဟုတ်ပါ့ copy တန်ခိုးကြောင့် ဝါးနေလို့ ကိုယ်တောင်မနည်း ဖတ်ယူရတယ်။ တော်ပါသေးရဲ့ FIN ကို အလွတ်ရနေလို့။

လေဆိပ်မှာ မကြီးက လာကြိုနေတယ် BreadTalk မုန့်နှစ်ခုနဲ့။ လေယာဉ်မှာ ကျွှေးတဲ့မုန့်က နည်းနည်းလေးမို့ မဝဘူးလေ။ ဒါကို သိတဲ့ မကြီးက မုန့်နဲ့ စောင့်နေတာ။ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ ပြောပြီး တီးလိုက်တာ ကုန်ရော။ တို့တင် ဗိုက်ဆာတာ မဟုတ်ဘူး။ အိအိကိုလည်း ညဏ်လင်းက ပေါင်မုန့်နဲ့ ကိုင်စောင့်နေတာတဲ့။ မြန်မာပြည်နဲ့ မတူညီဘဲ သန့်ရှင်းသပ်ရပ် ခေတ်မှီလှပ၊ စိမ်းစိုနေတဲ့ စင်္ကာပူမြို့တော်ကြီးကို ရောက်ပြန်ပြီပေါ့တခါ ။

စန်းထွန်း
ဇွန် ၂၇၊ ၂၀၁၁။

21 June 2011

တရားထူး...

ငယ်ငယ်ကဆို သကြင်္န်ချိန်မှာ သောင်းကျန်းလွန်းလို့။ အသက်နည်းနည်းကြီးလာတော့ ရေပတ်ရမှာ၊ ရေပတ်ခံထွက်ရမှာ စိတ်မဝင်စားတော့ပါဘူး။ သကြင်္န်တွင်းမှာ ဖတ်ဖို့ စာအုပ်၂၀လောက် ငှားပြီး အပေါ်ထပ်တက်ပြီး မောင်နှမနှစ်ယောက် နှပ်နေတော့တာပဲ။ ၂၀၀၇ ခုနှစ်  သကြင်္န်မှာတော့ ပထမဆုံးအကြိမ် တရားစခန်းဝင် ဖြစ်ပါတယ်။ မှော်ဘီ ဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာပါ။

ဧက ၃၀ကျော် ကျယ်ဝန်းတဲ့ ဘုန်းကြီးကျောင်းဝင်းက သစ်ပင်ရိပ်တွေနဲ့ အေးချမ်းပါတယ်။ ကျောင်းထိုင်ဆရာတော်ကို ဖူးလိုက်ရတာနဲ့ ကြည်ညိုလေးစားသွားတယ်။ ဆွမ်းကို သပိတ်ထဲ ထည့်ပြီး ဘုန်းပေးတယ်။ ဝထ္ထုငွေကို ကပ္ပိယကတဆင့်သာ ကပ်လို့ရပါတယ်။ ဝါးနက်ချောင်းမှာ ဘုန်းကြီးကျောင်းတွေ အများကြီးပဲ၊ ဘာဖြစ်လို့လဲ ဘုရားလို့ မေးတော့ ဂဝံမြေရှိတဲ့နေရာမှာ သာသနာထွန်းကားပါတယ် သထုံကိုပဲ ကြည့်တဲ့။ ကျောင်းမှာ ဝါအတော်ကြီးတဲ့ ကနေဒါသားနဲ့ အင်္ဂလန် သား ဘုန်းကြီးနှစ်ပါး ရှိပါတယ်။ မြန်မာအစားအစာ စားပြီး မြန်မာစကားပြောတတ်ပါတယ်။ မနက်လေးနာရီခွဲ အုန်းမောင်းခေါက်ရင် အိပ်ယာက ထ၊ မျက်နှာသစ်၊ သွားတိုက်ပြီး ဓမ္မာရုံဆီ သွားပြီး တရားထိုင်ရတယ်။ တနာရီ တရားထိုင်၊ တနာရီ စကြင်္န်‌လျှောက်။

နှာသီးဝကို အာရုံစိုက်ပြီး ဝင်လေ ထွက်လေကို မှတ်ရတာ။ အစက ဝင်လေထွက်လေကို မသိဘူး။ စိတ်က မငြိမ်တာကိုး ဟိုရောက်ဒီရောက်။ အသက်ခပ်ပြင်းပြင်းရှူမှ ဝင်လေထွက်လေ သိတယ်။ နောက် နည်းနည်းကြာလာတော့ သိလာပါတယ်။ စိတ်တည်ငြိမ်လာရင် ဝင်လေက အေးနေတာ ထွက်လေက ပူတာကို သိနိုင်ပါတယ်။ တချို့က ဗိုက် ပိန်တာဖောင်းတာ မှတ်ကြတယ်။ သဲအင်းဂူကတော့ အသက်ခပ်ပြင်းပြင်းရှူပြီး မှတ်ရတယ်။

ခန္ဓာကိုယ်က ငြိမ်နေပေမဲ့ စိတ်တွေက ငြိမ်မနေဘူး။ အတွေးတွေက ယောက်ကယ်ခတ်နေတာပဲ။ ထိုင်တာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်ဆို ခန္ဓာကိုယ်က နာကျင်တဲ့ ဝေဒနာတွေ ခံစားရတယ်။ ဘယ်လောက်တောင်လဲဆိုရင် ချွှေးသီးချွှေး‌ပေါက်‌တွေကျပြီး နေမကောင်းဖြစ်တာတောင် ဒီလောက် ဝေဒနာ မခံစားဘူး။ ခန္ဓာကိုယ် အနေအထား နည်းနည်းပြောင်းမှ သက်သာတယ်။

တခါတုန်းက ဟင်္သာတနယ်ဖက်မှာ သိပ်ချစ်ကြတဲ့ မောင်နှမရှိတယ်။ ညီမက မြို့သားနဲ့ အိမ်ထောင်ကျပြီး မြို့ကို ပါသွားတယ်။ အစားကောင်းစားရရင် ချစ်သောသူကို တမ်းတသလို တရားကောင်းစားရတော့ သူ့အကို ကိုလည်း တရားထိုင်စေချင်တာနဲ့ မြို့ကို လှမ်းခေါ်ပြီး တရားစခန်းဝင်အောင် စီစဉ်ပေးတယ်။ ခန္ဓာကိုယ် ပင်ပင်ပန်းပန်း လှုပ်ရှားသူတွေ တရားထိုင်ရင် တခြားလူတွေထက် ပိုပြီး ဝေဒနာ ခံစားရတယ်။ အမြဲလှုပ်ရှားနေတဲ့ ကြွက်သားက ငြိမ်နေရတော့ ပိုရုန်းတာပေါ့။ ဆရာတော်က ပျဉ်းမနားက လယ်သမားတွေ လက်လုပ်တောင်မှာ တရားထိုင်ရင် ဂျွှမ်းပစ်နေတာတဲ့။ ဝေဒနာခံစားရလွန်းလို့ အကိုဖြစ်သူက ငါ့ညီမ ငါ့ကို အနုနည်းနဲ့ အသေသတ်ပြီး လယ်တွေ အပိုင်စီးမလို့နဲ့ တူပါရဲ့လို့ ညည်းပါသတဲ့။ အဲဒီလောက် နာကျင်တာပါ။ မယုံရင် ထိုင်ကြည့်လိုက်။

နာကျင်ကိုက်ခဲ ဝေဒနာတွေ ခံစားရတယ်ဆိုလို့ သိပ်ကြောက်သွားသလား။ မကြောက်ပါနဲ့ :)။ သုံးရက်လောက်ဆို ပျောက်သွားမှာပါ။ သူများတွေက ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ ဖြစ်ပျက်တာတွေကို မြင်လောက်အောင် သမာဓိအားတွေ တက်လာပေမယ့် တို့ကတော့ နှာသီးဝကို ရောက်အောင် မနည်းအားထုတ်နေရတယ်။ တရားတနာရီထိုင်ရင် ငါးမိနစ်လောက်ပဲ နှာသီးဝရောက်တယ်။ သမာဓိအားကောင်းပုံများ ပြောပါတယ်။

ဆွမ်းစားပြီး တရားထိုင်ရင်တော့ ငိုက်တော့တာပဲ။ ဆရာတော်ပြောတဲ့ ပုတ်သင်ညို ကမ္ပဋ္ဌာန်းဆိုတာလေ။ ခေါင်းတညိမ့်ညိမ့်နဲ့ ထောက်ခံနေလို့။ ကျောင်းက TM ချိန်ဆို နေ့လည်ထမင်းမစားခင် ဆယ့်ငါးမိနစ်လောက် တရားထိုင်ရတယ်။ ခေါ ခလူး အသံတွေ ထွက်လာရင် ကျန်တဲ့ကျောင်းသားတွေက ပြုံးစိစိပေါ့။ တယောက်ယောက်ကများ စရီရင် ရယ်ကြတာပေါ့။ အားလုံးငြိမ်နေချိန်မှာ ဗိုက်ထဲကနေ ဂွီဂွမ်ဆိုတဲ့ အသံထွက်လာရင် ဘယ်သူ့ဆီက မြည်တာလို့မှန်းပြီး စနောက်ရတာလည်း တမျိုးပျော်စရာ။ when ur mind is completely rest, ur body is also completely rest. ဆိုပြီး အိပ်ငိုက်တာက one of correct meditation ဆိုလို့ ပျော်လိုက်တာ။ ကိုယ်က အမြဲအိပ်ငိုက်တာကိုး။ တရားစခန်းဝင်တာ တရားထူးတော့ မရလိုက်ပါ။ ထိုင်ရင်းနဲ့ ငိုက်တတ်သွားပါတယ် :) ။

တရားထိုင်ရင်လည်း မျိုးစုံကြုံရတယ်။ ဆရာကောင်း လိုအပ်ပါတယ်။ အင်းအိုင်လက်ဖွဲ့ထိုးထားတဲ့ ရွှေရင်မျှော်ဂိုဏ်းဝင်တွေ တရားထိုင်ရင် ဘီလူးလိုလို အစောင့်က တင်းပုတ်ကိုင်ပြီး ပတ်နေတော့ တရားမထိုင်ရဲဘူးတဲ့။ အသိအမတယောက်ဆိုရင် တရားထိုင်ရင် ယိမ်းနေတတ်လို့ တရားစခန်းလည်းပြီးရော ယိမ်းယိမ်းအမည် တွင်ပါလေရော။ တရားထိုင်နေရင်း အသက်ခပ်ပြင်းပြင်း ရှူသံအကျယ်ကြီးကြားရတာ တရားပြဆရာတွေက ရေတွေတိုက်ပြီး သတိပေးရတာလည်း ရှိတယ်။

မော်လမြိုင် ဖားအောက်မှာ ယောက်ျားဆုံးလို့ သောကဝေနေတဲ့ မိန်းကလေး သီလရှင်ဝတ်ပြီး တရားအားထုတ်တာ သူ့အရင်ဘဝတွေ ပြန်မြင်ပြီး တသက်လုံး သီလရှင်ဝတ်သွားပါသတဲ့။

ကမ္ဘာပေါ်မှာ အမြန်ဆုံးနဲ့ အင်အားအကြီးမားဆုံးက စိတ်ပါ။ စိတ်ကိုသာ သိပြီးထိန်းချုပ်နိုင်ရင် အရာရာ အောင်မြင်တာပါပဲ။ yogi flying ဆိုတာ ရှိသေးတယ်။ တို့တွေ အမြင်ကတော့ ဖားခုန်သလိုပါပဲ။ သူတို့တွေကတော့ သိပ္ပံနည်းကျ စမ်းသပ်ထားတယ်။ အားကစားသမားတွေက အဲလို မခုန်နိုင်ပါဘူးတဲ့။ စိတ်ကို လေ့ကျင့်ထားတဲ့သူမှသာ ခုန်နိုင်တာတဲ့။ လေယဉ်ပျံတွေ မပေါ်ခင် အရင်ခေတ်တွေတုန်းက ကောင်းကင်မှာ ပျံတဲ့သူတွေရဲ့ အထောက်အထားတွေ ရှိပါတယ်။ အရင်ဘဝ၊ နောင်ဘဝတွေ ရှိတာကို လက်ခံယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ လူဝင်စားတွေက မထူးဆန်းပေမဲ့ သေပြီးရင် ကောင်းကင်ဘုံ၊ ငရဲဘုံတွေမှာ ထာဝရနေသွားတယ်လို့ ယုံကြည်တဲ့ ဘာသာဝင်တွေအတွက်ကတော့ ထူးဆန်းလှပါတယ်။ ဈာန်ရတဲ့သူတွေ ကောင်းကင်မှာ ပျံနိုင်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ပါတယ်။

တရားထိုင်မယ်ဆိုရင် ဘာသာပြောင်းစရာ မလိုပါဘူး။ ငြိမ်ငြိမ်လေးထိုင်ပြီး နှာသီးဝက ဝင်လေထွက်လေကို စောင့်ကြည့်တာက အရမ်းရိုးစင်းပြီး လက်တွေ့ကျပါတယ်။

ခုထိတော့ စန်းထွန်းကတော့ နှာသီးဝရောက်အောင်ကို အာရုံမနည်းစိုက်နေရပါကြောင်း။

စန်းထွန်း
ဇွန် ၂၁၊ ၂၀၁၁။

08 June 2011

လမ်းလျှောက်ရင်း တွေးမိတာလေး‌တွေ ...



အိမ်မှာ တနေကုန် နေရတာ ခေါင်းတောင်ကိုက်လာလို့ ညနေဆိုရင် ရာသီဥတု သာယာရင်၊ လမ်းလျှောက်ဖို့ မပျင်းရင် စိတ်လိုလက်ရ လမ်းလျှောက်ဖြစ်ပါတယ်။ မြစ်ဘေးတလျှောက် လမ်းလျှောက်ဖို့ စက်ဘီးစီးဖို့ လုပ်ထားတဲ့ လမ်းလေးအတိုင်း လမ်းလျှောက်တယ်။ အိပ်တန်းဝင်ဖို့ ပြင်နေကြတဲ့ ငှက်သံလေးတွေ၊ နွေမှာ ဖူးပွင့်နေတဲ့ ပန်းရနံ့တွေ၊ တသွင်သွင်စီးနေတဲ့ မြစ်ရေကို မြင်ရတိုင်း ဟိုင်းကြီးအိမ်နဲ့ ဖေ၊မေတို့ကို သတိရတယ်။ ဟိုင်းကြီးအိမ်ရှေ့မှာလည်း မြစ်ရှိတော့ ဒီလမ်းလေးကိုလျှောက်ရတိုင်း မြစ်ရေကို မြင်ရတိုင်း ဟိုင်းကြီးအိမ်ကို သတိရတယ်နဲ့ တူပါရဲ့။ မိုင်သောင်းချီဝေးတဲ့ ဟိုင်းကြီးကို စိတ်ထဲကနေ သွားလည်မိတယ်။ ဆွေမျိုးတွေနဲ့ တွေ့ပြီး စားချင်တာတွေ တဝတပြဲ နင်းကန်စားခဲ့တယ်။

လေယာဉ်ပျံ အီးပေါက်တာလို့ ငယ်ငယ်က ထင်ခဲ့တယ့် မီးခိုးတန်းကို ကောင်းကင်မှာ မြင်ရတိုင်း အိမ်ပြန်ချင်မိပေမယ့် ပြန်ဖို့ကို စိတ် ကူးတောင် မယဉ်ရဲတဲ့ ဘဝ။ ဝင်ငွေမရှိ အိမ်ကပေးတယ့် ငွေကို ချွှေတာသုံး စားချင်တာကို ဝယ်မစားရဲ လက်ထဲ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကျောင်းပြီးလို့ အလုပ်ရှာချိန် ပိုက်ဆံလိုမှာမို့လား။ ဈေးဝယ်တိုင်း ဈေးအနည်းဆုံးကိုပဲ ရှာဖွေ ဝယ်ယူကြတဲ့ ကျောင်းသားဘဝ။ ကျောင်းတက်ချိန်မှာ စာမေးပွဲအောင်အောင် ကြိုးစားရ။ ကျောင်းပြီးသွားတော့လည်း အလုပ်မြန်မြန်ရအောင် ကြိုးစားရ။ ဘုရားကို ဖင်ဘူးတောင်း ထောင်အောင် ရှိခိုး။ အလုပ်မြန်မြန်ရအောင် ဘုရား၊ တရား၊ သံဃာ၊ နတ်တွေပါ အကောင်းမနေရ နားပူနားဆာ လုပ်ပြီး ဆုတောင်းရတာ။ ဓိဌာန်တွေဝင်။ အဲဒီအချိန်မှာ ဘုရားတရား အမြဲဆုံး။ အဆင်ပြေချိန်မှာ ဘုရားတရားမေ့ပြီး ဒုက္ခရောက်မှပဲ ဘုရားတတော့တယ်။ အလုပ်ရတော့လည်း အလုပ်ထဲ အံခွင်ဝင်ကျဖြစ်အောင် ကြိုးစားရ။ တစ်နှစ် နှစ်နှစ်လောက်ကြာရင် ခုထက် ပိုလစာကောင်းတဲ့ အလုပ်ရှာ။ ဘဝဆိုတာ ကြိုးစားနေရတာပဲ။ ကြိုးစားနေဖို့ပဲ လိုတာပါ။ မကြိုးစားတော့မှသာ တကယ်ဆုံးရှုံးသွားတာ။




စက်ဘီးစီးတဲ့သူတွေ မြင်ရရင် ငယ်ငယ်က စက်ဘီးစီးခဲ့တာကို သတိရတယ်။ တို့မောင်နှမသုံးယောက်လုံးကို ဖေပဲ စက်ဘီးစီး သင်ပေးခဲ့ရတာ။ ညနေတိုင်း ရွာသစ်က လမ်းမကြီးပေါ်မှာ ဖေက နောက်က ပြေးလိုက်ပြီး ထိန်းပေးခဲ့တာ ဖေ့ခမျာ တော်တော်ပင်ပန်းရှာမှာပဲ။ ဂိုက်ကို ထိန်းနိုင်နေပေမယ့် ဖေ့စက်ဘီးက ကြီးနေတော့ လူနဲ့ စက်ဘီးနဲ့ မလိုက်ဖြစ်နေတာ။ ဖေ ပုသိမ်သွားခါနီး သမီး ဘာလိုချင်လဲလို့မေးတော့ စက်ဘီးနဲ့ လက်စွပ်လို့။ နောက်တော့ သမီးအတွက် စက်ဘီးဝယ်လာတယ် အိမ်ရှေ့မှာ ဆိုလို့ ဝမ်းသာလို့ ထခုန်တာ ကြမ်းပြင်တောင် ကြိုးကျတယ်။ ဖေ မညာပါဘူး တကယ်လည်း စက်ဘီးနဲ့ လက်စွပ် ဝယ်လာပေးပါတယ်။ အနီရောင် ဆိတ်ငါးကောင် စက်ဘီးလေးကို တညနေ စီးလိုက်ရရင်ပဲ စက်ဘီးစီးတတ်သွားတော့တယ်။ အရင်က စီးတတ်ပေမယ့် ဖေ့စက်ဘီးက ကြီးတော့ ဘီးမနိုင် ဖြစ်နေတာ။ မကြီးအတွက်ကတော့ ဖီးဆင့်စက်ဘီး အစိမ်းရောင်။ ပုသိမ်မှာ ကျောင်းတတ်တော့ မကြီးစက်ဘီးကို ဆက်စီးရတယ်။ မောင်မောင့်အတွက်ကတော့ ပြိုင်ဘီးလေးကို ရန်ကုန်မှာ ဝယ်ပေးတယ်။ တီဗီဂိမ်းအဆော့ကောင်းတာ ဆိုင်ရှေ့မှာ ရပ်ထားတဲ့ စက်ဘီးကို ဘယ်အချိန်က မသွားမှန်း မသိလိုက်ဘူးလေ။ တော်သေးတယ် လူကိုတောင် မသွားရင် သိမှာ မဟုတ်ဘူး။ တီဗီဂိမ်းများ ကစားနေရလို့ကတော့ ထမင်းမေ့ ဟင်းမေ့။ တီဗီဂိမ်းပဲ စားနေတော့လို့။ စာကိုများ တီဗီဂိမ်းလို ကြိုးစားလို့ကတော့ ဘာပြောကောင်းမလဲ။ အဲလေ စက်ဘီးကနေ ဂိမ်းအကြောင်း ရောက်သွားပြီ။

ရန်ကုန်မှာတော့ စက်ဘီးစီးရတာ ခပ်ကြောက်ကြောက်။ ကားတွေကလည်း စက်ဘီးကို ဦးစားပေးတာ မဟုတ်ဘူးလေ။ ဈေးသွားရုံ ၊ ရက်ကွက်ထဲ လျှောက်သွားရုံပါပဲ။ ပုသိမ်ကတော့ စက်ဘီးမြို့တော်လို့ ခေါ်ရအောင် တမြို့လုံး စက်ဘီးတွေကြီးပဲ။ ကျူရှင်သွားတက်ရင် သူငယ်ချင်းတွေ စက်ဘီးကို ကပ်ပြီး ယှဉ်စီးခဲ့တာ။ အခုနေများ အဲလိုစီးဆို စီးဖို့နေနေသာသာ ကြောက်လွန်းလို့။ ခုတော့လည်း ဆိုင်ကယ် တဝီဝီ ဖြစ်နေပြီ။



ရန်ကုန်မှာ ကြောက်လို့ မစီးရဲပေမယ့် စင်ကာပူရောက်တော့ စက်ဘီးစီးချင် မိတယ်။ စက်ဘီးစီးဖို့ လမ်းလေးတွေနဲ့။ clementi အိမ်နားမှာ jogging ပြေးလမ်းလေး ရှိတယ်။ ဘေးမှာ မြောင်းလေးနဲ. သစ်ပင်တွေနဲ့ အတော့်ကို သာယာပါတယ်။ clementi နဲ့jurong east ကြား mrt ဖြတ်သွားရင် တရုတ်ဘုရား ဆင်းတုတော်ဘေးနားက ပြေးလမ်းလေး။ mrt ပေါ်ကကြည့်ရင် မြင်ရတယ်။ စက်ဘီးစီးဖို့ အတော်ကိုကောင်းတဲ့ နေရာလေး။ ခရေပန်းပင်တွေနဲ့ မွှေးနေတတ်တယ်။ စက်ဘီးတွေက ဈေးကြီးလို့ ဈေးချတာကို စောင့်နေရင်း စကိတ်စီး တရက်သင်လိုက်ရလို့ စကိတ်ပဲ ဝယ်ရင် ကောင်းမလား လားပေါင်း များစွာနဲ့ နောက်ဆုံးတော့လည်း ဘာမှ မဝယ်ဖြစ်ပါဘူး။ East Coast မှာ စက်ဘီးစီးရတာ တကယ်ကောင်းတယ်။ ပင်လယ်ကမ်းခြေတလျှောက် စက်ဘီးစီးရင်း ဟိုင်းကြီးကမ်းခြေမှာ ဖေနဲ့ဆိုင်ကယ်စီး သင်တာကို သတိရမိတယ်။ သဲသောင်မို့လို့ လဲရင် မနာဘူးလေ။ လဲချင်သလောက်လဲပဲ။ သောင်တလျှောက် ဆိုင်ကယ်စီးရတာ East Coast တလျှောက် စက်ဘီးစီးရတာထက် သာတယ်။ မယုံရင် စမ်းကြည့်လိုက်လေ အဟက် အဟက်။ ကိုရီးယားရုပ်ရှင်ကားထဲကလို စုံတွဲစက်ဘီး စီးဖူးတယ်။ ဘဲဘဲနဲ့လို့ အထင်ကြီးတော် မမူလိုက်ပါနဲ့။ မကြီးနဲ့။ ရှေ့ကနင်းတဲ့သူကတော့ သေရောပဲ။ အကွေ့တွေနဲ့ စက်ဘီးပေါ်တက်ရင် အတော် ဒုက္ခရောက်တယ်။ ကွေ့ရင် စက်ဘီးက အရှည်ကြီးဆိုတော့ ဒီအတိုင်း ကွေ့လို့မရဘူး။ လူက ဆင်းပြီးကွေ့ရတယ်။ တက်ရင်လည်း ရှေ့ကလူ အရင်တက်ပြီးမှ နောက်ကလူက တက်ရတယ်။ ဖတ်ဖတ်ကိုမော။ တယောက်ဘီးထက် ပင်ပန်းတယ်။ တို့အတွက် ပြောတာနော်။ သူများတွေတော့ ဘယ်လိုနေတယ် မသိ။



တယောက်တည်း လမ်းလျှောက်ထွက်ရတိုင်း ရန်ကုန်နဲ့ စင်ကာပူက သူငယ်ချင်းတွေကို သတိရတယ်။ သူငယ်ချင်းတွေနဲ့ အတူ မိသားစု အကြောင်း၊ အချစ် အကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ လူမူရေး ၊ နိုင်ငံရေး၊ စီးပွားရေး ၊ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ကူးတွေ၊ အတင်းတွေ၊ သတင်းတွေ ဖလှယ်ကြရင်း လျှောက်သွား လျှောက်စားခ ဲ့ ကြတာကို သတိရတယ်။ အင်းလျားဘေးမှာ၊ ဘုရားပေါ်မှာ၊ ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာ၊ လှည်းတန်းမှာ၊ ဆူးလေမှာ။ စင်ကာပူက သူငယ်ချင်းတွေနဲ့အတူ ဈေးဝယ်ထွက်၊ စားသောက်၊ ပေါက်ကရတွေ ပြော၊ တောင်တွေတက်။ တခါက စိမ့်နဲ့ လမ်းလျှောက်တာ boonlay ကနေ lakeside ရောက်ရော။ အိမ်ပြန်ရောက်တော့ ဒူးတွေညောင်းလို့။ Handerson Wave တံတားကနေ vivo city ထိ Mount Faber ကိုဖြတ်ပြီး သာယာလှတယ့် ရှုခင်းတွေကို စိမ့်က မိတ်ဆက်ပေးခဲ့တယ်။ အိအိနဲ့အတူ KentRidge Park ၊Hot Park ၊ Mount Faber အထိ ပန်းခြံ လေးခုဖြတ်ပြီး လျှောက်ဖူးတယ်။ လေးနာရီလောက်ကြာပြီး အိမ်ရောက်တော့ ခြေထောက်တွေ ညောင်းကိုက်နေပေမယ့် ပင်ပန်းရကျိုး နပ်တယ်။ Handerson Wave တံတားနားမရောက်မှီ တောင်နားကို ကပ်ပြီး သံပန်းတွေနဲ့ တောင်တက်လမ်းလုပ်ထားတာ တကယ်မိုက်တယ်။ စင်ကာပူကျွန်းက သေးပေမယ့် အပင်တွေ တောင်တောင်တွေ ထိန်းသိမ်းတာ မြန်မာပြည်ထက် သာတယ်။ စင်ကာပူကို စရောက်ရောက်ချင်း လေ ဆိပ်ကနေ အိမ်ကိုအသွား မကြီးက မြန်မာပြည်နဲ့ ဘာကွာလဲ မေးတော့ အပင်တွေ ရန်ကုန်ထက် များတယ်။ စန်းထွန်းတင် အဲလို ဖြေတာ မဟုတ်ဘူးနော်။ အိအိလည်း ရောက်စက ညဏ်လင်းက ရန်ကုန်နဲ့ ဘာကွာလဲမေးတော့ အပင်တွေ များတယ်လို့ ဖြေပါသတဲ့။ သန့်ရှင်းသပ်ရပ်တာထက် ထူးခြားတာက အပင်တွေ များတာ။ သူ့နေရာနဲ့သူ နေရာတကျ နိမ့်မြှင့်အလိုက် အောက်ခြေကို ခုတ်ထားပြီး မျက်စိပသာဒရဖြစ်ဖွယ် စိုက်ပျိုးထားတာ တကယ့် green city ပါပဲ။ မြန်မာပြည်မှတော့ နာဂစ်ဖြစ်လို့ ဂတုံးဖြစ်နေချိန်ပေါ့။ နာဂစ်မဖြစ်လည်း သစ်ပင်တွေ မရှိတာပါ။ ရန်ကုန်မြို့ကို စိမ်းလန်းစိုပြည် လှပသော ဥယျာဉ်မြို့တော် တည်ဆောက်နေတာ ကြာလှပေါ့။ တို့ငယ်ငယ်ကတည်းကပဲ။ အနှစ်နှစ်ဆယ်ကျော်သွားလည်း မပြီးသေးဘူး။ တည်ဆောက်ဆဲ။ အိအိနဲ့အတူ Bukit Batok, Bukit Timah တောင်တွေ တက်ဖူးတယ်။ နှောက်ခြောက်လလောက်သာ စင်ကာပူမှာ ဆက်နေရရင် စင်ကာပူတကျွန်းလုံး ငါမတက်ဘူးတဲ့ တောင်မရှိဘူးလို့ ကြုံးဝါးလို့ရတယ်။ ခုတော့ ကြုံးဝါးခွင့် မကြုံလိုက်ဘူး အဟက် အဟက်။



မြစ်ဘေးမှာ ငါးမျှားတဲ့သူတွေကို မြင်တော့ ငယ်ငယ်က ဟိုင်းကြီးမှာ ငါးမျှားခဲ့တာကို သတိရမိတယ်။ ငါးမျှားတိုင်း မောင်မောင်က ငါးတွေ အများကြီး မိပေမယ့် စန်းထွန်းကတော့ တကောင်မှ မမိ။ ဂဏ္ဏန်းထောက်ရင်လည်း အစာသာ ဂဏ္ဏန်းစားသွားတယ်။ ဂဏ္ဏန်းကတော့ တကောင်မှ မမိ။ ဝါးကွေးကွေးလေးကို အပေါ်မှာ ငါးအစာတွေကို ချိတ်ထားပြီး အောက်မှာက ပိုက်ကွန် ရှိတယ်။ ဂဏ္ဏန်းက အစာဟပ်နေချိန် ကြိုးလေးကို လှမ်းဆွဲလိုက်ရင် ဂဏ္ဏန်းက ပိုက်ကွန်ပေါ်မှာ ပါလာရော။ အရင်တုန်းက စံပြအိမ်ရှေ့ တံတားကနေ ဖေ ကွန်တချက် ပစ်လိုက်ရင် ခက်တဲ့(ပြည်ကြီးငါးကို ဒေသအခေါ်) ၊ ပုဇွန်တွေ အများကြီး ရတယ်။ ဖေ ကွန်ပစ်ရင် မောင်မောင်နဲ့ စန်းထွန်းက ဘေးကနေ ဟိုဖက်ကို ပစ်ပါလား ဖေ ဒီဖက်ကို ပစ်ပါလား ဖေနဲ့ နှမ်းဖြူးကြသေးတာ။ ပုဇွန်မီးဖုတ်က ကောင်းမှကောင်း။ ခုတော့ ငါးတွေ ရှာပါးလာပြီ။ မလေးရှားမလေး ထိန်ထိန်ကတော့ သူစကားများနေလို့ ငါးတွေက နားညီးပြီး အဝေးကိုထွက်သွားလို့ ငါးမျှားတဲ့ နေရာမှာ သူရှိနေရင် ငါးတကောင်မှ မရပါဘူးတဲ့။ ငါးတွေတောင် ထွက်ပြေးရအောင် စကားများတာနော်။ နွေဦးကျောင်းပိတ်ရက်မှာ နီပေါသူငယ်ချင်းတွေနဲ့အတူ နှစ်နာရီလောက် ငါးသွားမျှားတာ ငါးတကောင်ရတယ်။ အဖော်လိုက်တာက ဆယ့်ငါးယောက် ရတာက ငါးတကောင်။



ဒီဒေသမှာ ဘဲနဲ့လည်းတူ ရေထဲရောက်ရင် ရေကူး ငှက်လိုလည်းပျံတဲ့ ဘဲငှက်တွေ တွေ့ရတယ်။ ဝေသာလီဗျိုင်းလို့ပြောတာပဲ။ ငယ်ငယ်က ဘဲငန်းလို့ ခေါ်တဲ့ လည်ပင်းရှည်ရှည်တွေကို တယမ်းယမ်း လှုပ်နေတတ်တဲ့ ဖြူဖြူဘဲတွေကို မြင်ဖူးတယ်။ သူ့နှုတ်သီးနဲ့ လိုက်ဆိတ်တတ်လို့ အဲဒီအကောင်တွေ အနားလာရင် ပြေးရသေးတယ်။ မှုတ်လိုက်လို့ရှိရင် အပွင့်တွေ လေကို ပျံ့လွင့်တတ်တဲ့ အလေ့ကျပေါက်တဲ့ ပန်းပွင်.လေးတွေ ရှိတယ်။ လေထဲမှာ အဲဒီအပွင့်တွေ ပျံလွင့်နေတတ်တယ်။ နွေဦးရာသီမှာ အလာဂျီဖြစ်လေ့ ရှိတယ်။ စန်းထွန်းတောင် မဖြစ်ဖူးတယ် မရှိရအောင် ဖြစ်လိုက်သေးတယ်။ တကိုယ်လုံး ယားနေတာ ကုတ်ဖဲ့ရင်း တညလုံး အိပ်မပျော်ဘူး။ ယားပြီးရင်းယား ကုတ်ပြီးရင်း ကုတ်ချင်။ နှုတ်ခမ်းကြီးက ကြီးလာတယ်။ မျက်နှာမှာလည်း အနီအစက်အပြောက်တွေ။ ဆေးခန်းသွားပြတော့လည်း ဘာကြောင့်ဖြစ်ရမှန်း မသိနိုင်ဘူးတဲ့။ ဆပ်ပြာရည် အသစ်၊ ခေါင်းလျှော်ရည် အသစ်၊ လိုးရှင်း အသစ်၊ အစားအသောက် အသစ်၊ ဆေး အသစ် သောက်မိလားတဲ့။ ဘာမှကို အသစ်မသုံးတာပါ။ ဆေးကလည်း ဆရာဝန်က လတ်မှတ်ပါမှ ဝယ်လို့ ရတယ်။ စီနီယာ အမနဲ့ စကားစပ်ရင်း ပြောမိတော့မှ ပန်းဝတ်မှုန်တွေကြောင့် နွေဦးမှာ အလာဂျီဖြစ်လေ့ ရှိပါသတဲ့။ ဟုတ်သားပဲ အဲဒီတုန်းက နွေဦးလေ။ မေနဲ့ စကားပြောရင်း ယားလို့ ကုတ်ဖဲ့နေတဲ့ စန်းထွန်းကိုမြင်တော့ မေ့မှာ သနားလို့ မျက်ရည်တောင် ကျတယ်။ အရင်တုန်းက မကြီးနဲ့ အတူတူဆိုတော့ မေက စိတ်ချတယ်လေ။ ခုတော့ တယောက်တည်း အဝေးမှာ ဆိုတော့ စိတ်ပူရှာတာပေါ့။

အိမ်နားက ကလေးကစားကွင်းမှာ ကလေးတွေနဲ့ အပြိုင် ဒန်းစီးလိုက်သေးတယ်။ အမြှင့်ကို မြှောက်မြှောက်သွားပြီး ကောင်းကင်ကြီးနဲ့ နီးသွားတယ်လို့ ခံစားရသလို ကောင်းကင်မှာ ပျံနေသလို ခံစားရတယ်။ ငယ်ငယ်တုန်းက စောင်ပုခက်ကို စီးရတယ်။ မူးပြီး အိပ်ပျော်သွားရော။ နွေကျောင်းပိတ်ရက် ဆိုရင် အိမ်ရှေ့က အုန်းပင်ကြားထဲမှာ ဆင်ထားတဲ့ ပိုက်ပုခက်ကို လုစီးရတာ။ ပုခက်ပေါ်မှာ အိပ်ပြီး စာအုပ်လေးဖတ် သီချင်းလေး နားထောင် လေတဖြူးဖြူးနဲ့ အုန်းရေလေးသောက်လိုက်ရရင် ဇိမ်ပဲ။ Internship ဆင်းတုန်းက ရုံးကနေ Kambengam mrt ထိ အညောင်းအညာပြေအောင် ဘတ်စ်ကား မစီးဘဲ တခါတလေ လမ်းလျှောက်ကြတယ်။ အဲဒီနားက လုံးချင်းအိမ်တွေနဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းနဲ့ တူတယ်။ UFL တက်တုန်းက ကျောင်းဆင်းချိန်ဆို လမ်းလျှောက်နေကြပေါ့။ ရထားက တောင်ကုန်းအောက်ကို ဝင်သွားချိန်မှာ တို့တွေက ကုန်းပေါ်ကို လျှောက်ရတာပေါ့။ တောင်ကုန်းပေါ် ရောက်ရင် အောက်ဖက်က တိုက်တွေကို စီးကြည့်ရင်း ကောင်းကင်နဲ့ နီးသွားသလို ခံစားရတယ်။




ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက ပင်လယ်ဓားပြလှေကို နောက်ဆုံးတန်းကနေ စီးတုန်းကတော့ ကောင်းကင်နဲ့ နီးသွားသလို မခံစားရဘူး ။ ဒူးတွေတုန်ပြီး ရင်ထဲ တလှပ်လှပ် ဖြစ်နေတာ။ မျက်စိမမှိတ်ကြေး ပြိုင်ကြသေးတာ။ Singapore Universal Studio မှာ ရိုလာကိုစတာအပြာကို ရှေ့ဆုံးတန်းကနေ Jo Jo ၊Jerome ၊ Pierre ၊Winarto နဲ့ အပြိုင်စီးတုန်းက ပြောင်းပြန်ဂျွမ်းပစ်သွားတဲ့ အချိန်မှတော့ အော်တာ ရိုလာကိုစတာ ရပ်သွားပေမယ့် အော်တာ ရပ်လို့ မရသေးဘူး။ တန်အောင် ရိုလာကိုစတာအနီကို ထပ်စီးသေးတယ်။ အပြာလို ရင်မတုန်ဘဲ ခေါင်းမူးသွားလို့ ဒယိမ်းဒယိုင်နဲ့ အရက်မူးသိုင်းကပြီး ဆင်းလာရတယ်။ ဒါတောင် ပြောလိုက်သေးတယ်။ အနီက အော်တောင် မအော်လိုက်ရဘူး အပြာ ပိုကြိုက်တယ်လို့။ Mummy ကတော့ 3D effect တွေနဲ့ တကယ်ကောင်းတယ်။ Mummy ရုပ်ရှင်ထဲကအတိုင်း အကောင်တွေက ကိုယ့်ဆီ တကယ် လာသလို ထင်ရတယ်။ မီးလျှံတွေအကြားဖြတ်သွားတယ်။ နံရံကို ဝင်ဆောင့်တာ နံရံက ကွဲသွားတယ်။ နောက်နေ့ကျတော့ ရိုလာကိုစတာကို ပိတ်လိုက်တယ်ဆိုတော့မှ လား လား ကြောက်လိုက်တာ။ ရှေ့ဆုံးတန်းကနေ မကြောက်မရွံ့ စီးနေတာ။ ပြုတ်ကျလို့ကတော့ အရင်ပဲ။ စီးတုန်းက မကြောက်ပေမယ့် ပြီးမှ ကြောက်နေတာ။ ဒါပေမယ့် စင်ကာပူကတော့ စိတ်ချရပါတယ်။ Safety First ကိုး။

လမ်းလျှောက်ရင်း ပြောရတာ ညောင်းသွားလို့ (အတော်လည်း ပြောလို့ဝသွားပြီ) ဒီမှာပဲ ရပ်လိုက်မယ်နော် (ရပ်မှပါပဲ မရပ်များမရပ်ဘဲ ဆက်ပြောနေရင် ဒုက္ခ) အဟက် အဟက်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

စန်းထွန်း
‌မေ ၈၊ ၂၀၁၁။

25 May 2011

စာဖတ်ခြင်း...

Forward Mail တွေထဲက ကြိုက်တာလေးတွေကို ဘလော.ကနေ မျှဝေလိုက်ပါတယ်။)

တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။ အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။ ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောင်္ကျားလေးမျိုးပေါ့။ သူတို့ အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။

ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ညိကြရော ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။ ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊ ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။ ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။ မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊ ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘဝကို ဖျက်ဆီးတဲ့ မိန်းမလာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး ဘယ်သူမှလဲ မဆွဲရဲ၊ ဆွဲတဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊ နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။

အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘဝကို ဖျက်ဆီးတဲ့ မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့ အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင် ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊ အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘဝတစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။ နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။ ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘဝနဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေးလို့ ပဲခေါ်ပြီး တခါမှလဲ မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။

ယောင်္ကျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။ ယောင်္ကျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊ လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။ မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့ မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။ တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊ ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့ ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့ ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။

ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။ လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊ ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊ ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ဝယ်ရတာပေါ့။ နောက်ပြီး သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။ တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊ လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊ အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင် သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။ အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘဝကို ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။

ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ဝိုင်းဝိုင်းလည်နေတဲ့ ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့ လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင် ကာမကိုလည်း စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။

မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့ ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး စားလည်းရူးတဲ့ ဘဝတွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘဝတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘဝမှာ ပြီးပြည့်စုံသွားပြီလို့ ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။

ယောင်္ကျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့ ယောင်္ကျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။ လူနှစ်ယောက်ပေါင်းပြီး ဘဝတစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက ဦးဆောင်နေတဲ့ ယောင်္ကျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။

အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ် ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းဆိုတော့ ယောင်္ကျားတစ်ယောက်ဆီက ဘဝကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့ သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့ မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ အတင်းပြောတတ်တဲ့ စိတ်တွေ၊ ယောင်္ကျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။ အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။ အရမ်းအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။

ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောင်္ကျားတွေက ကျွန်နဲ့တူသော မိန်းမကို ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ ယောင်္ကျားကို ပြုစုမယ်။ ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ ယောင်္ကျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။ အကြံဉာဏ်မပေးနိုင်ဘူး။ သူသိတာက ယောင်္ကျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။ ကျွေးရင်စားမယ်။ ဒါပဲပေ့ါ။

တချို့ယောင်္ကျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ ယောင်္ကျားကို ရှာပါလား။ လုပ်ပါလား။ အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့ ဆိုတဲ့ မိန်းမမျိုးတွေပေ့ါ။

တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့ အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘဝမျိုးပါ။ ဘဝမှာ ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ ယောင်္ကျားမျိုးတွေပေါ့။

တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့ အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဉာဏ်လည်းရှိတယ်။ ဘဝကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။

တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊ သူလည်းရှာ၊ ယောင်္ကျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက ပိုက်ဆံသာရမယ်ဆို ယောင်္ကျားတောင် ပေါင်လိုက်ချင်သတဲ့လေ။

တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင် ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို သိမ်မွေ့စွာဖြေရှင်းနိုင်တယ်။ ယောင်္ကျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့ ယောင်္ကျားမျိုးပေါ့ဗျာ။

ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘဝတစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့ လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊ ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘဝရဲ့ တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။

အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံးက “ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး (ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ” တဲ့။ ဒီနေ့အထိ ကျွန်တော် ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ

စာဖတ်ခြင်းကြောင့် အသိဉာဏ်ပညာ ပြည့်စုံသူ ဖြစ်နိုင်တယ်။
အချိန်ကို တန်ဖိုးရှိစွာ အသုံးချပါ။
တောသားလေး(မြန်အောင်)

04 May 2011

အမှိုက်...



ရန်ကုန်မှာတော. လမ်:ထိပ်တိုင်းမှာ အမှိုက်ပုံ ရှိပါတယ်။ တရပ်ကွက်လုံးက အမှိုက်တွေ လမ်:ထိပ်မှာ ပုံထားပြီ: ည ၁၁နာရီ လောက်မှ စည်ပင်သာယာ အမှိုက်ကားက လာသိမ်:တယ်။ လာသိမ်:ချိန်ဆို အနံ့အသက်က ဆိုးလှပါတယ်။ မိုးရာသီဆို ပိုဆိုး။ အမှိုက်တွေကို ကျွပ်ကျွပ်အိပ်နဲ. မထည်.ပဲ ဒီအတိုင်း ပစ်ကြတာ ဆိုတော.လေ။ အမှိုက်ကောက်ကြတဲ. သူတွေကလည်: အမှိုက်ပုံ ဖွကြတော. လေအဝှေ့မှာ အမှိုက်နံ့က တသင်းသင်းပေါ့။ အမှိုက်ကောက်ရင်း လုကြ၊ ရန်ဖြစ်ကြတာ ရှိသေးတယ်။ ပိုက်ဆံ ၃သိန်:လောက် စည်ပင်ကို ပေးလိုက်ရင် အမှိုက်ပုံကို ရွှေ့လို့ ရပါတယ်။ လမ်:ထဲက လူမညီ၊ ပိုက်ဆံကုန်မှာ ဆိုတော.လည်း အမှိုက်ပုံကလည်: အရင်အတိုင်း၊ ပိုက်ဆံရှိရင် ဒီနေရာက ပြောင်းမယ်၊ အမှိုက်ပုံကို ရွှေ့ပစ်မယ်လို့ ကြုံ:ဝါးဆဲ၊ အမှိုက်လာသိမ်:ရင် နှာခေါင်းပိတ်ပြီ: အဝေးကို ပြေးကြဆဲ။

စင်ကာပူမှာတော. အမှိုက်ကို ပန်:ကန်ဆေးတဲ. နေရာအောက် အပေါက်ကနေ ပစ်လိုက်ရုံပါပဲ။ နေရာတိုင်းမှာ အမှိုက်ပုံး ရှိတော. အမှိုက်ကို အလွယ်တကူ ပစ်လို့ရတော. စနစ်တကျပဲ အမှိုက်ပုံးထဲ ပစ်တယ်။ ဒါတောင် စည်းကမ်:မဲ.သူတွေ ရှိတော. အမှိုက်ပစ်တာမိရင် ဒဏ်ငွေ ၃၀၀ နဲ. အမှိုက်လိုက်ကောက်ရမှာ ဘယ်နှစ်နာရီဆိုပြီ: သက်မှတ်ထားသေးတယ်။ ဒဏ်ငွေ ၃၀၀ ဆိုတာ တော်တော်များပါတယ်။ တလ ဗိုက်ပုတ်ပြီ: စားလို့ရတယ်။ Pasir Ris Beachမှာ ကောင်လေးတယောက် အမှိုက်ကို စည်းကမ်:မဲ. ပစ်တာ ယူနီဖောင်းဝတ်မထားတဲ. အန်ကယ်တယောက်က လာပြီ: IC တောင်းပြီ: သိမ်:ထားလိုက်တယ်။ IC သွားထုတ်ချိန်မှာ ဒဏ်ငွေ ၃၀၀ ဆောင်ရပါမယ်။ ရုံးက အားဝီတယောက် သူ့ရှေ့မှာ မြင်တွေ့ခဲ.တာကို တို.များကို ဖောက်သည်ချပြီ: အမှိုက်ကို စည်းကမ်:မဲ. မပစ်ဖို. သတိပေးပါတယ်။

ရန်ကုန်ပြန်တုန်းက သူငယ်ချင်းတွေနဲ. အင်းလျားကန်စောင်းမှာထိုင် နေကြာစေ့စားပြီ: လေပန်:ကြတာ အိမ်ပြန်တော. အမှိုက်က ကျွပ်ကျွပ်အိတ် တထုပ်ရတယ်။ အမှိုက်ပုံးရှာတာ တော်တော်နဲ. မတွေ့လို့ အမှိုက်ထုပ်ကို ကိုင်ပြီ: လမ်:လျှောက်တာ တော်တော်ဝေးဝေး ရောက်တဲ.အထိ ပါပဲ။ သူငယ်ချင်းတွေက နင်အမှိုက်ထုပ် အိမ်သယ်သွားမလို့လားတဲ.။ ဘယ်ပစ်ရမှန်:မသိလို့ ဆိုတော. အမှိုက်ပစ်ဖို. မရဲဖြစ်နေတဲ. တို.လက်ထဲကနေ ဆက်ကနဲ ယူပြီ: ဘေးနားရှိတဲ. မြောင်းထဲ ပစ်လိုက်ပါတယ်။ ပြီ:တော. ပြောလိုက်သေးတယ် နိုင်ငံကြီ:သား ပီသစွာ အမှိုက်ကို တွေ့ရာ ပစ်ရတယ်။ ဒါ စင်ကာပူ မဟုတ်ဘူး။ ရန်ကုန် မြန်မာပြည်။ ရန်ကုန်ရောက်ရင် ရန်ကုန်လို ကျင့်ရတယ်တဲ.။ ကောင်းရော။

နိုင်ငံခြားမှာ recycle လုပ်ဖို.၊ recycle လုပ်တဲ. ပစ်စည်းကို သုံးဖို. နှိုးဆော်တာတွေ တွေ့ရပါတယ်။ မြန်မာပြည်ကတော. တော်တော်ခေတ်မှီပါတယ်။ တို.တွေ ငယ်ငယ်ကတည်:က ပုလင်းခွံတွေ၊ သတင်းစာအဟောင်းတွေ၊ ဒန်သတ်ထု အိုးအဟောင်းတွေ၊ ဓာတ်ဘူးအဟောင်းတွေကို စုထားပြီ: ဒန်အိုးဟောင်းတွေ ဝယ်တယ်၊ ပဲလှော်နဲ. လဲတယ် ဆိုတဲ. ကုလားကြီ: အသံကြားတာနဲ. စုဆောင်းထားတာတွေနဲ. လဲတော.တာပဲ။ အိမ်က အိုးအသစ်ကို မပြီ: ပဲလှော်နဲ. အလဲကောင်းတဲ. သူငယ်ချင်းတယောက်ခမျာ သူ့အမေက ဆော်ပလော် တီးတာခံရတယ်။ ဖေ့ရဲ. အားကစားဂျာနယ်တွေလည်: များလာရင် ဦးမရမ်:သီးဆီ သွားရောင်းရတယ်။

နယ်မြို.တွေက မညစ်ပတ်ပေမယ်. ရန်ကုန်ကတော. အတော်ညစ်ပတ်ပါတယ်။ ဘာလို့ ကောင်းမွန်တဲ. အမှိုက်သိမ်:စနစ် မရှိတာပါလိမ့်။ ရန်ကုန်မှာ ရေဆိုရင်လည်: မီးလာမှ အသည်းအသန် ပြေးတင်ရတယ်။ မီးလာရင် ဝိုင်းသုံးကြလို့ မီးအားကျသွားပြန်ရင်လည်: ရေတင်လို့ မရတော.ပြန်ဘူး။ မီးအားကောင်းချိန် စောင့်ပြီ: ရေတင်ရတာ အလုပ်တလုပ်။ ဂျိုးဖြူရေ သွယ်ထားပေမယ်. လာတချက် မလာတချက်ပါပဲ။ ဒါပေမယ်. ရေခွန်ကတော. လတိုင်းဆောင်ရတယ်။ စင်ကာပူမှာတော. ရေတင်ရတာတို. မရှိပါဘူး။ မလေးရှားက ဝယ်သုံးရတာမို့ ကြိုက်သလောက်သုံး ကျသလောက်ပေးပါပဲ။ စွန့်ပစ်ရေတွေကို recycle လုပ်ပြီ: သုံးတာမို့ ကလိုရင်း များပါတယ်။ နောက်ဆိုရင် မလေးရှားက ရေမဝယ်ရအောင် ရေကာတာ ဆောက်နေတယ်။

ရေကာတာဆိုလို့ မြန်မာပြည်မှာ ရေကာတာ အလွန်ပေါပါတယ်။ နေ့စဉ် သတင်းထဲမှာ ရေကာတာတွေ၊ ဆည်တွေ ဖွင့်လှစ်နေတာ တွေ့ရတယ်။ ဒါတွေ တကယ် အသုံးဝင်ရဲ.လား ဆိုတာတော. တို.မသိပါဘူး။ ငယ်ငယ်တုန်းကတော. ငသိုင်းချောင်း ဆည်ကျိုးတာ တီဗီမှာ မြင်ဘူးတယ်။ ကြောက်စရာကြီ:။ အိမ်တွေ အကုန်မြုပ်သွားတာ ခေါင်းမိုးလောက်ပဲ မြင်ရတယ်။ တော်တော်ကြာတယ်။ ၂ပတ်နီးပါးလောက်မှ ရေကျသွားတယ်။ဒီလို လူမှုပြသာနာတွေကို ဘယ်လို ဖြေရှင်းရမယ် ဆိုတာ ပညာရှင်တွေမှာတော. အဖြေရှိမယ် ထင်ပါတယ်။ တို.ကတော. တို.မြင်တာကို ပြောပဲ ပြောတတ်တယ်။ ကောင်းမွန်တဲ. လူနေမှု အဆင့်အတန်:ကို မြန်မာပြည်သူပြည်သားတွေ ပိုင်ဆိုင်နိုင်ပါစေ။

စန်းထွန်း
‌မေ ၇၊ ၂၀၁၁။

03 May 2011

ယုံကြချက်ရဲ့စွမ်းအား...

(ဖေမြင့်ရဲ. "မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား" စာအုပ်မှ heartထိတဲ. စာသားလေးတွေကို ကူးယူဖော်ပြလိုက်ပါတယ်။)

ဘုရားသခင်ဟာ အမေတို.ရဲ. အရည်အချင်းတွေကို စမ်:သပ်ချင်လို့ အခက်အခဲတွေ၊ ဆင်းရဲဒုတ်ခတွေ အမေတို.ဆီ ပို့ပေးတာ သားရဲ.။ ဒါပေမဲ. တစ်ဖက်ကလဲ ဒါတွေရင်ဆိုင်ဖို. လက်နက်တွေ အမေတို.မှာ တပ်ဆင်ပေးထားသေးတယ် ။ မျှော်လင့်ချက်တို.၊ ယုံကြည်ချက်တို.၊ စိတ်ကူ:အိပ်မက်တို. ဆိုတာတွေပေါ့။ အဲဒါတွေ ရှိနေသမျှ ဘာမှကြောက်စရာ မလိုဘူး။ အဲဒါတွေ စွန့်ပစ်လိုက်ပြီဆိုတော.မှသာ အရာရာ ဆုံးရှုံးတာ။ အမေ့သား မှတ်ထား၊ သားဘဝတလျှောက် သားရဲ. မျှော်လင့်ချက် ယုံကြည်ချက်တွေ သားရဲ. စိတ်ကူးအိပ်မက်တွေကို ဘယ်အရာမှ ဘယ်ကိတ်စကြောင့်မှ မပျောက်ပျက် မဆုံးရှုံးစေနဲ. သား။

စန်းထွန်း
‌မေ ၃၊ ၂၀၁၁။

02 May 2011

ဘုရားသခင်နဲ့‌တွေ့ရင်...

ဘုရားသခင်နဲ. တွေ့ရင် ကွန်ပလိမ်: တက်ချင်ပါတယ်။ ဘာလို့ ညဏ်ကောင်းတဲ. တော်တဲ. စန်:ထွန်းအဖြစ် မဖန်တီးခဲ.ပါလိမ့်။ ဘုရားသခင် မတရားဘူး။ ဗုဒ္ဓမြတ်စွာဘုရားဆီမှာတော. ကွန်ပလိမ်: တက်လို့ မရပါ။ အကြောင်းတရားကင်းသော အကျိုးတရားမရှိလို့ ဟောထားတာကိုး။

စန်းထွန်း
‌မေ ၂၊ ၂၀၁၁။

30 April 2011

Complaint girl !

ထိုင်ခုံက ထိုင်ရတာ အဆင်မပြေဘူး၊ ထမင်းစားခန်:ထဲကို ရေဘူး သယ်ခွင့် မပေးတော. ဘယ်လိုလုပ် ရေနွေးရမလဲ၊ ဓာတ်လှေကားက နှေးတယ်၊ TMချိန်မှာ relax ဖြစ်ဖို. ဖွင့်တဲ. သီချင်းက relax မဖြစ်စေဘဲ annoy ဖြစ်တယ်၊ အမွှေးတိုင်နံ. မခံနိုင်ဘူးနဲ. ကွန်ပလိမ်:တက်တဲ. စန်:ထွန်းကို သူငယ်ချင်းတွေက သင့်လျော်တဲ.နာမည် ပေးထားတယ် complaint grilတဲ.။ ကိုယ်.ကိုကိုယ် သထိမထားမိတာ မမှန်ပါ။

စင်ကာပူ serviceက ကောင်းသလို စလုံးတွေကလည်: ကွန်ပလိမ်:များပါတယ်။ 5cents မပေးလို့ ကွန်ပလိမ်:တက်တဲ. customer ။ Star Hub iphone လိုင်းက MRT မှာ မမိလို့ ကွန်ပလိမ်:တက်တာ 15% discount ရတယ်။ ဒါတွေကပဲ ကွန်ပလိမ်: တက်ဖို. အားပေးနေသလားမသိ။ ကွန်ပလိမ်:က service ကို ပိုကောင်းစေပေမယ်. လူတွေကို ကွန်ပလိမ်:တက်ဖို. အားပေးစေတာလားမသိ။ မြန်မာပြည်ကိုပဲကြည့် ကွန်ပလိမ်:တက်ဖို. အားမပေးတော. ကွန်ပလိမ်: ဆိုတာ ဘာမှန်:တောင် မသိလို့ တက်ရကောင်းမှန်:လည်: မသိ။ ကွန်ပလိမ်:တက်တဲ. စလုံးတွေကို အမြင်ကတ်သလောက် လား လာ: ကိုယ်ကိုတိုင်လည်: အမြင်ကတ်လောက်အောင် ကွန်ပလိမ်:တက်တတ်နေပါရောလား။ မြန်မာပြည်မှာတုန်းက ကွန်ပလိမ်:တက်ဖို. ဝေး စပယ်ရာ အအော်အငေါက်ခံရတဲ. သူပါ။ စင်ကာပူမှာ ၃နှစ်လောက် နေပြီးချိန်မှာ ကွန်ပလိမ်:တက်တတ်နေပါရောလား။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုတာ အမှန်ပါရောလား။

Clementi အိမ်အောက်ထပ်က အဖိုးကြီ:က ကွန်ပလိမ်:များပါတယ်။ မြန်မာပြည်က ရောက်ခါစ ကောင်မလေးတွေ အဝတ်ရေစင်အောင် မညစ်ဘဲ လှမ်:တာ ရေကျလို့ ချက်ချင်းတက်လာပြီ: ပြောတယ်။ သာ:လေး ဂေါ်လီလိမ့်တာ တောက်တောက်မြည်လို့ တက်လာပြောတယ်။ အိမ်တံခါးကို နည်:နည်:လေး ထုလိုက်တာနဲ. တက်လာပြီ: ပြောတယ်။ airconက ရေကျလို့ လာပြောတယ်။ service ခေါ်ပြီ: ပြင်ထားတယ် ဆိုတာ လက်မခံဘဲ HDB ကို တိုင်လို့ HDB က လာစစ်သေးတယ်။ အိမ်ရှင်ကို ပြောပြတော. အိမ်ရှင်က နားလည်ပါတယ်။ တော်တော် အားပြီ: တော်တော်လည်: ကွန်ပလိမ်:တက်နိုင်တဲ. အဖိုးကြီး။ ယောကျ်ားလေးဆိုလို့ သားလေ:တယောက်တည်: ရှိပြီ: အားလုံးက အလန်:လေးတွေမို့ စကားပြောချင် ရှာတယ်နဲ. တူပါရဲ.။ တခါ မူးပြီ: မူးပြီ: သောင်းကျန်:နေတဲ. ကုလားက နင်တို. သူငယ်ချင်းလား မဆီမဆိုင်လာမေးလို့ ငါတို. သူငယ်ချင်း ကုလားမရှိဘူး၊ ဘေးမှာတော. ကုလားတွေရှိတယ်၊ သွားမေးလို့ အော်ထုတ်မှ အသာလေး လစ်သွားရှာတယ်.။ ဘေးအိမ်က ကုလားတွေ မနက်အစောကြီး ၆နာရီလောက် တံခါးကို ထုနေတာ အိပ်မရလို့ "Too noisy. Cannot sleep." လို. အော်မှပဲ ထုတာ ရပ်တော.တယ်။ ကွန်ပလိမ်:ဆိုတာလည်: တက်သင့်တဲ. နေရာမှာ တက်ရင် အကျိုးရှိပါတယ်။

Bedokက အိမ်ရှင် မဝါက USက သူ့ ကွန်ပလိမ်:အတွေ့အကြုံကို ဒီလိုလေး share ပါတယ်။ သူ့သူငယ်ချင်းတယောက်က တိုက်ခန်:မှာ ကြိုးခုန်တာ ရဲရောက်လာမှပဲ သိတော. တယ် အောက်ထပ်က ကွန်ပလိမ်:တက်မှန်:။ USမှာတော. ကိုယ်တိုင်ကိုကျ တက်လာပြီ: ကွန်ပလိမ်:တက်စရာ မလိုပါဘူး။ ရဲကို ခေါ်လိုက်ရုံပါပဲ။ သူငယ်ချင်း ထိန်ထိန်ကတော. ပြောပါတယ်။ စင်ကာပူ ကွန်ပလိမ်:က တော်သေးတယ်တဲ.။

စန်းထွန်း
ဧပြီ ၃၀၊ ၂၀၁၁။

28 April 2011

ဘဝရထား...

ဘဝဆိုတာ ရထားတစီးလိုပါပဲ။ ကိုယ်နဲ. ရေစက်ရှိသူတွေက ဘူတာကနေ တက်လာလို့ ဆုံလိုက်ကြ၊ ရေစက်ကုန်လို့ ဘူတာရောက်ရင် ဆင်းသွားလို့ ခွဲခွါလိုက်ကြ။ ဒီသူငယ်ချင်းကို ချစ်လို့ အတူခရီးသွားမယ်လို့မှ မရတာ။ ကိုယ်ခရီးကိုယ်သွား သူ့ခရီးသူသွား။ ကြုံဆုံတုန်း စကားလက်ဆုံကြပြီ: အဆင်ပြေတာတွေးလည်: ရှိသလို တက်နင်းမိလို့ ယိုင်သွားလို့ ထိမိသွားရာကနေ ကတောက်ကဆလေးတွေလည်: ရှိနေနိုင်ပါတယ်။ဒီလိုရှိရင်လည်: တွေးလိုက်ပါ ရေစက်ရှိလို့ တွေ့ဆုံရခိုက် ခဏတာလေးပါ။ အချိန်တန်ရင် ခွဲခွါရမှာလို့။ တွေ့ဆုံရခိုက် ကိုယ်.ကို ချစ်တဲ. ကောင်းတဲ.သူလည်:ရှိသလို ကိုယ်.ကို မနှစ်သက် မကောင်းတဲ.သူလည်: ရှိမှာပါ။ လက်ခံလိုက်ပါ။ ကိုယ်တတ်နိုင်သလောက် စိတ်ကောင်းစေတနာထားပြီ: နှုတ်ရဲ. ဆောင်မခြင်း၊ ကိုယ်ရဲ. ဆောင်မခြင်းနဲ. ကူညီစရာ ရှိတာ ကူညီလိုက်ပါ။ လောကကြီ:မှာ လူနှစ်ယောက် စတွေ့တာနဲ. အကဲခတ်မယ်။ ကိုယ်.ထက်နိမ့်ရင် သနားမယ်။ တန်:တူရင် ပြိုင်မယ်။ ကိုယ်.ထက် သာရင်တော. အားကျမယ်။ ဒါ သဘာဝပါပဲ။ရှေ့မှာ ဘာတွေ ဆက်ဖြစ်မယ်မှန်: မသိနိုင်ပေမယ်. ဘဝရထားကြီ:ကတော. ခုတ်မောင်းဆဲ။

စန်းထွန်း
ဧပြီ ၂၈၊ ၂၀၁၁။