၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၇

၂၀၂၃ ဇွန် ၁၁ ဘရွှတ်ကလင်းတံတားမှာ လမ်းသွားလျှောက်တယ်။ အမြဲကြိတ်ကြိတ်တိုးပဲ။ တံတားအောက်က ပန်းခြံမှာနား။ ညနေ ၅ နာရီ ရထားစီးပြီးအိမ်ပြန်။ နယူးယောက်ရောက်ရင် မဖြစ်မနေသွားရမဲ့ နေရာတခု။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၂၈၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၃၁

၂၀၂၃ ဇွန် ၂ နယူးယောက်က တရုတ်သံရုံးရှေ့မှာ ညနေ ၄ - ၆ နာရီအထိ ဆန္ဒပြကြတယ်။ အမေလည်းလိုက်တယ် ဒူးနာလာလို့ အနားကပန်းခြံမှာ သွားထိုင်နေရတယ်။ သူငယ်ချင်းအရင်းကြီးတယောက်ကတော့ ကိုယ့်ပုံဝါးဝါးလေး မြင်တာတောင် မှတ်မိတယ်။ နင် တရုတ်သံရုံးရှေ့ ဆန္ဒသွားပြလားတဲ့။ ဇွန် ၄ "ရှိခဲ့သည်၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" ရုပ်ရှင်သွားကြည့်တယ်။ အဖေက ဝမ်းနည်းလွန်းလို့ လိုက်မကြည့်တော့ဘူး။ သံအမတ်ကြီးရှေ့ လူမရှိလို့ သွားထိုင်ပေးရတယ်။ ကိုယ်တို့အဖွဲ့  နဲ့ Lucky2PDF အဖွဲ့တို့ ပေါင်းလုပ်တဲ့ "ပြည်တော်ဝင်" ကမ်ပိန်းပေါက်တဲ့အချိန် ရုပ်ရှင်မပြခင်မှာ "ပြည်တော်ဝင်" ကမ်ပိန်းအကြောင်းပါလို့ အဖွဲ့သားတွေကို အကြောင်းကြားတယ်။ သူတို့လည်း ဝမ်းသာကြတယ်။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

အောက်တိုဘာ ၂၅၊ ၂၀၂၃။

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၆

၂၀၂၃ မေ ၁၃ ပင်ဆဗေးနီးယားပြည်နယ် ဘတ်သလေဟမ်မြို့ ပါချုပ်ကျောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် သွားကြတယ်။ အိမ်ကနေ နယူးယောက်ပန်စတေရှင်းကို မြေအောက်ရထားနဲ့ တနာရီ၊ နယူးဂျာဆီပြည်နယ် အက်ဒီဆင်အထိ NJ Transit ရထားနဲ့ တနာရီ၊ နောက်ထပ်တနာရီခွဲ ကားစီးရတယ်။ သွားရတာ ပင်ပန်းလို့ နောက်ထပ် မသွားဖြစ်တော့ဘူး။ မေ ၂၈ ရုံးအသစ် ဝေါထရိတ်စင်တာ ၄ နဲ့ ရုံးအဟောင်း နယူးဂျာစီရုံးကို လိုက်ပို့တယ်။ ရုံးအဟောင်းနဲ့ ရုံးအသစ်က မြစ်တဖက်ခြားရုံပဲ။ ဝေါထရိတ်စင်တာ၊ ရေကန်တို့ကို လိုက်ပြတယ်။ မျက်တောင်လို့ ကိုယ်တို့ခေါ်ကြတဲ့ Oculus။ ၂၀၁၇ နယူးဂျာစီမှာနေတုန်းက PATH ရထားစီးပြီး ဝေါထရိတ်စင်တာကိုလာ။ ပြီးရင် Apple Center မှာ ကိုယ်ရုံးဆင်းလာတာ စောင့်နေကြဆိုတော့ လမ်းကျွှမ်းပြီးသား။ နယူးဂျာစီရုံးကိုလည်း ၂၀၁၇ တုန်းက ရောက်ဖူးပြီးသားဆိုတော့ မှတ်မိကြတယ်။ အဲ့ဒီမြစ်ကမ်းဘေးက အရမ်းသာယာတယ်။ နေ့လည်ထမင်းစားပြီးတိုင်း လမ်းသွားလျှောက်တဲ့ နေရာလေး။ မက်ဟန်တန်စကိုင်းလိုင်းကို မြင်ရတယ်။ ကိုယ့်အကြိုက်ဆုံးနေရာထဲကတခု။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၂၁၊ ၂၀၂၃။


တူတော်မောင် - ၈

သားရေ အမေစုပုံဆွဲရင် စျေးပွဲတော်မှာရောင်းပြီး တော်လှန်ရေးရန်ပုံငွေ ရှာလို့ရတယ်။ လူပုံတော့ မဆွဲတတ်ဘူးတဲ့။ သူရောင်းချင်တဲ့ ပန်းချီကားတွေကို အဖေတို့နဲ့ ပေးလိုက်တယ်။ ပုဂံပုံက အတော်လက်ရာမြောက်လို့ ဧည့်ခန်းနံရံမှာ ကပ်ထားတယ်။ သူဆွဲထားတဲ့အိမ်က ဆိုလာတွေနဲ့ ရေကူးကန်တွေနဲ့ ဒီဇိုင်းမိုက်တယ်။ မိုင်းခရက်ထဲက သူတည်ထောင်ထားတဲ့ ထီလာစတိတ်နိုင်ငံတော်မှာ ကြီးကြီးတို့အတွက် နွေရာသီစံအိမ်ကို ဆောက်ပေးတယ်။ သူ့ပန်းချီကားတွေကို ဖေ့ဘွတ်မှာရောင်းတော့ ကြီးကြီးခင်စန်းရဲ့ အိမ်သားက တပုံငါးကျပ်နဲ့ ဝယ်ပြီးအားပေးတယ်။ ပိုက်ဆံကို သူ့အမေဆီ ချက်ချင်းလွှဲခိုင်းတော့တာပဲ။

စန်းထွန်း

အောက်တိုဘာ ၁၈၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၃၀

၂၀၂၃ မေ ၆ "လွတ်လပ်မှ အမျှဝေပါ" ရုပ်ရှင်သွားကြည့်တယ်။ သံအမတ်ကြီးကိုတွေ့တော့ အဖေက သွားစကားပြောတယ်။ ဓာတ်ပုံမရိုက်နဲ့ ပြောထားပေမဲ့လည်း ရိုက်လိုက်တယ်။ သံအမတ်ကြီးရှေ့ကခုံမှာ လူမရှိလို့ လာထိုင်ပေးပါလို့ လာပြောလို့ သွားထိုင်တယ်။ ဓာတ်ပုံရိုက်တဲ့သံအမတ်ကြီးတောင် မျက်ရည်ကျသွားအောင် ရုပ်ရှင်က ဝမ်းနည်းကြေကွဲစရာကောင်းတယ်။

အရေးတော်ပုံ အောင်ရမည်!

အောက်တိုဘာ ၁၄၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၂၉

၂၀၂၃ ဧပြီ ၂၉ စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှာ NYCBC က စျေးရောင်းပွဲတော်ရှိတယ်။ ကိုယ်တို့အဖွဲ့ကို ခွင့်ပြုလို့ PRF4PDF အတွက် ဓားပြတိုက် အဲလေ ထောက်ပို့ငွေ သွားကောက်တယ်။ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပွဲတိုင်းလာအားပေးတယ်။ လူတိုင်း သူ့ကိုချစ်ပြီး သူနဲ့ဓာတ်ပုံရိုက်ချင်ကြတယ်။ အဖေနဲ့အမေက မနက် ၁၁ နာရီ ကိုယ်နဲ့လိုက်လာပြီး နေ့လည်ကျတော့ အိမ်ပြန်သွားတယ်။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

အောက်တိုဘာ ၇၊ ၂၀၂၃။

အဖေနဲ့အမေ အလယ်တန်း  ရှေ့ဆုံးခုံမှာ..အဖေက အပြာကုတ် ဦးထုပ်အနီရောင်
အမေက အဝါရောင်ကုတ်နဲ့ ရှာတွေ့လား