Showing posts with label Friends. Show all posts
Showing posts with label Friends. Show all posts

12 July 2025

သူငယ်ချင်းများစွာ - ၁

မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ဆုံတွေ့တာလေးတွေပါ။

စန်းထွန်း

ဇှုလှိုင် ၁၂၊ ၂၀၂၅။

29 June 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၅

၂၀၂၄ ဧပြီလ ချယ်ရီပွင့်ချိန် မိုင်းဖန်နဲ့ မိသားစု၊ မိတ်ဆွေ ၂၀ ကျော် ဒီစီလာတယ်။ ဆူနမ်က ညစာကျွှေးဖို့ ဖုန်းဆက်တာ ဘယ်လိုမှဆက်လို့မရဘူး။ ကိုယ်ကတော့ မျှော်လင့်ပြီးသားမို့လို့ တွေ့ချင်လည်းတွေ့မယ် မတွေ့ချင်လည်း မတွေ့ဘူးလို့ တွေးပြီးသား။ ဇွန်လ ဗာဂျီးနီးယားကမ်းခြေသွားမယ် အပြန်ဗာဂျီးနီးယားပြည်နယ်ကိုဝင်ပြီး ဆူနမ်တို့နဲ့ တွေ့မယ်။ မင်းလာတွေ့မလား ဒါမှမဟုတ် ရှေ့နှစ်သူနယူးယောက်လာတဲ့အခါမှ တွေ့မလားတဲ့။ ရှေ့နှစ်နယူးယောက်မှာ တွေ့ဖို့ဆိုတာမသေချာဘူး။ သေချာတဲ့ဇွန်လ ခွင့်ယူပြီးတော့ကို ငါလာတွေ့မယ်။ ၂၀၁၂ မတ် ကန်တက်ကီပြည်နယ် လူဝီဗီမြို့ကို အလုပ်ရလို့ပြောင်းသွားကတည်းက မိုင်းနဲ့မတွေ့တာ ၁၂ နှစ်ရှိပြီ။ အဲ့ဒီတုန်းက ဆူနမ်နဲ့မိုင်းက အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာနေတုန်း။ နောက်တော့ မိုင်းက ယောကျာ်းယူဖို့ ဗာမွန်ပြည်နယ် ဗာလင်တန်မြို့ကို ပြောင်းသွားတယ်။ ရာမားဆို မိုင်းနဲ့မတွေ့တာ ၁၃ နှစ် ကျောင်းကထွက်ပြီးကတည်းက။ မိုင်းနဲ့ရာမား မိန်းကလေးတစ်ယောက်စီ မွေးထားတယ်။ မိုင်းရဲ့ကလေးက ၈ နှစ် ရာမားရဲ့ကလေးက ၄ နှစ်။ မိုင်းမှာလည်း လုပက်သွေးလေးဖက်နာရှိတယ်။ မသက်သာလို့ Benlysta ဆေးထိုးတယ် ဆေးထိုးပြီးတော့ သက်သာတယ် ကိုက်ခဲတာမရှိဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၄တုန်းက ကိုယ့်ဆရာဝန်က ကိုယ့်ကိုအဲ့ဆေး ထိုးချင်တယ်။ အဲ့တုန်းက FDA Approved မဖြစ်သေးဘူး စမ်းသပ်ကာလပဲရှိသေးတယ်။ အာမခံကမပေးတာ့ ၂ သောင်းလောက်ကုန်မှာ။ ဝိုင်းကတောင် ပိုက်ဆံကုန်ချင်ကုန်ပစေ ပိုက်ဆံလိုရင် သူချီးမယ်။ ကောင်းရင် ထိုးသာထိုးလို့ပြောတယ်။ မကြီးသူငယ်ချင်းရဲ့ သူငယ်ချင်းအမက ဆေးအကြောင်းနားလည်တယ်။ မထိုးနဲ့ စမ်းသပ်ခံယုန်လို ဖြစ်နေမယ်လို့ ပြောတာနဲ့ မထိုးဖြစ်တာ။ ခုတော့ FDA Approved ဖြစ်ပြီး အာမခံနဲ့ ၁၀ ပဲပေးရတယ်။ ၂၀၂၄ ဇွန် ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲ ဘတ်စ်ကားနဲ့ ဒီစီသွားတယ်။ ည ၁၀ ခွဲ ဒီစီရောက်ပေမဲ့ ဗာဂျီးနီးယားကို မတ်ထရိုရထားက တနာရီကျော်စီးရလို့ ည ၁၂ နာရီမှရောက်တယ်။ ဘူတာမှ ဆူနမ်နဲ့ရာမား လာကြိုးတယ်။

ဇွန် ၂၀ Juneteenth အားလပ်ရပ် ဆူနမ်တို့ရုံးက မပိတ်ဘူး။ ရာမားကလေးက အစပိုင်းကတော့ ရှက်လို့စကားမပြောဘူး။ နောက်ကျတော့ လာဆော့တယ် များလိုက်တဲ့စကားဆိုတာ။ အစကတော့ မိုင်းက ရာမားအိမ်ကိ လာတွေ့မလို့။ နောက်တော့ လာဖို့အဆင်မပြေတာနဲ့ Tyson Center ဆီသွားတွေ့တယ်။ ဆူနမ်နဲ့ရာမားပဲဆိုရင် လာတွေ့မှလာတွေ့မှာ။ နယူးယောက်ကနေ လာတွေ့တဲ့ ကိုယ့်ကိုအားနားလို့ လာတွေ့တယ်။ မိုင်းလာမတွေ့ရင် ငါ့သူငယ်ချင်း ငါ့ကိုသစ္စာဖောက်တယ်ဆိုပြီး ဖေ့ဘွတ်တင်လိုက်မယ်ဆိုပြီး ရယ်ရသေးတယ်။ အရင်အတိုင်း မပြောင်းမလဲ Chopstick လိုပိန်တုန်း၊ ပန်းရောင်ကြိုက်တုန်း၊ ဗီယက်နမ်လေသံမပြောင်းမလဲ။ ဘာလင်တန်မြို့ရဲ့ သူဌေးရပ်ကွက်မှာနေတဲ့ မီလျံနာလို့ မိုင်းကနောက်လို့ ရယ်လိုက်ရတာ။ မပြောင်းမလဲအရင်လို ပေါတုန်းပဲ။ အရင်တုန်းကလိုပဲ အုပ်စုထဲမှာအချမ်းသာဆုံးမိုင်းက ငမွဲကိုယ်တွေကို မုန့်ကျွှေးမြဲ။ ကျောင်းတုန်းကလို စကားတွေလုပြောကြ ပြောစရာတွေ မကုန်လို့ မိုင်းဖန်ရဲ့ဟိုတယ်ဆီသွားပြီး ညသန်းခေါင်အထိ ပြောကြတယ်။ ၂ နှစ်တခါ ဆုံကြရအောင်တဲ့။ မိုင်းကို ဘီယာမသောက်ဖို့ ကိုယ်ကပြော။ ကိုယ့်ကိုတော့ ပိုရင့်ကျက်လာတယ်လို့ပြောတယ်။ ၁၂ နှစ်ဝေးနေပေမဲ့ ပြန်တွေ့တဲ့အခါ ရင်ဘတ်ချင်း၊ စိတ်ချင်းနီးပြီး ကျောင်းတုန်းကလို ခံစားရတယ်။ ဆုံခွင့်ရရင် သူငယ်ချင်းတွေနဲ့ ထပ်ဆုံချင်ပါသေးတယ်။

စန်းထွန်း

ဇွန် ၂၉၊ ၂၀၂၄။

31 October 2021

တစ်နှစ်တစ်ခါ ဆုံကြတယ်…

‌၂၀၂၁ အောက်တိုဘာ ၁၁ က Columbus day အစိုးရပိတ်ရက် ခရီးတွေထွက်ကြတဲ့အချိန် ဆိုပါတော့။ ကမ့်ပင်းခရီးလိုက်ဖို့ခေါ်ပေမဲ့ ချစ်အစ်မတွေနဲ့ ဆုံမှာဆိုတော့ မလိုက်ဖြစ်တော့ဘူး။ မနက် ၉ နာရီ အိမ်ကထွက် Penn Station ကို ၁၀ နာရီရောက် ၁၀:၁၅ နယူးဂျာစီ Trenton ဆီသွားတဲ့ ရထားစီးတယ်။ ခရီးသွားကြတဲ့အချိန်ဆိုတော့ လူတွေအပြည့်ပဲ ရထားမထွက်ခင် ၁၀ မိနစ်အလိုမှ ဘယ် track ဆိုတာ ဆိုင်းဘုတ်မှာပေါ်တယ်။ မိုးကဖွဲဖွဲလေးရွာနေတယ် သီချင်းလေးနားထောင်လိုက်၊ ဝထ္ထုလေးဖတ်လိုက်၊ ဖေ့ဘွတ်လေးကြည့်လိုက်။ ရှေ့ကကောင်မလေးက သူ့ရည်စားနဲ့ဘယ်လိုဖြစ်တယ်ဆိုတာ သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီးပြောတာ နားကြပ်တပ်ထားပေးမဲ့ အကုန်ကြားရတယ်။ နောက်ဆုံးကျတော့ ယောက်ျားပဲရှိရှိ၊ ရည်းစားပဲရှိရှိ ကိုယ့်ဘာသာ ရပ်တည်နိုင်တာ အကောင်းဆုံးပဲ။ အစ်မတွေနဲ့ မတွေ့တာ တစ်နှစ်ရှိပြီ တစ်နှစ်တစ်ခါ ဒီအချိန်ဆုံကြတယ်။ ကုလားဆိုင်မှာ စားစရာတွေသွားယူပြီး အိမ်မှာစားကြတယ်။ မနှစ်ကလည်း အဲ့ဒီကုလားဆိုင်ပဲ အတော်စားကောင်းတယ် ကုလားစာမကြိုက်တဲ့ ကိုယ်တောင်ကြိုက်တယ်။ Thanksgiving ခရီးထွက်ဖို့ စီစဉ်ကြတယ်။  မမိုးငွေ့ ကွန့်မန့်ဖတ်ရတော့မှပဲ အဲ့ဒီနေ့က မမိုးငွေ့နဲ့ ဗွီဒီယိုကောဖြစ်တာ သတိရသွားတယ်။ မမိုးငွေ့ရဲ့ အိန်ဂျယ်စီးရီးတွေက ဖတ်လို့တအားကောင်း လူကိုမမြင်ဖူးခင်က စာတွေဖတ်ပြီး ချစ်ခင်ရ၊ လူလုံးပြတော့ ခပ်ချောချောအမကြီး ချစ်စရာလေးဆိုပြီးချစ်ရ၊ ဗွီဒီယိုကောနဲ့ စကားပြောဖြစ်တော့ ပိုချစ်ခင်သွားရတာပါပဲ။ စာရေးသူနဲ့ စာဖတ်သူကြားက ချစ်ခင်မှုတွေက စာချစ်သူအချင်းချင်းပဲ နားလည်မယ်ထင်ပါရဲ့။ ညနေ ၃ နာရီခွဲ ရထားနဲ့ပြန်တယ်။ အလာတုန်းက ရထားတစီးထဲစီးတဲ့ တရုတ်မလေးလည်း အပြန်ရထားတူပြန်တယ်။ သူကတော့ ပေါ့ပါ့ပါးပါး ကျောပိုးအိတ်လေးနဲ့ ကိုယ်ကတော့ အသွားတုန်းက အိတ်ကြီးနှစ်အိတ် အပြန်အိတ်ကြီးတအိတ်။ အလာတုန်းက အမတွေအတွက် လက်ဆောင်တွေနဲ့ အပြန်ကျတော့ အမတွေဆီက မေတ္တာလက်ဆောင်တွေ စားစရာတွေနဲ့။ နေ့တိုင်းမတ်ဆေ့တွေပို့ပြီး အကြွားပြိုင်ကြတဲ့ မနိုင်စိန်သုံးယောက်… 

စန်းထွန်း 

အောက်တိုဘာ ၃၁၊ ၂၀၂၁။ 

25 January 2021

ဆိုဖာဝယ်ခြင်း အနုပညာ …

၂၀၂၀ ဒီဇင်ဘာမှာ ဆူနမ် တောင်းဟောက်အတွဲလုံးခြင်းအိမ် ဝယ်တယ်။ ပိုက်ဆံမစုမိတဲ့ ဆူနမ်ကို ရာမားက သူ့အိမ်မှာနှစ်နှစ် အလကားနေခိုင်းလိုက်တာ ပိုက်ဆံစုမိသွားတယ်။ ပိုက်ဆံလည်းစုမိ ရာမား ကလေးမွေးတော့ ရာမား၊ ဂင်္ါမိဘတွေ ကလေးထိန်းဖို့ လာနေကြမှာဆိုတော့ ဆူနမ်က သူ့အိမ်လေးနဲ့နေချင်တယ်။ ကွန်ဂရက်ကျူလေးရှင်းဆူနမ် အမေရိကန်အိမ်မက် ပိုင်သွားပြီ။ စန်းစန်း အိမ်မဝယ်သေးဘူးလား ဝယ်တော့ဝယ်ချင်တယ်။ ဒါပေမဲ့ လုပ်စရာတွေက အများကြီး တယောက်တည်း မလုပ်နိုင်ဘူး။ အခုအိမ်က ကျဥ◌်းပေမဲ့ အစဥ◌်ပြေတယ် အိမ်ရှင်ကလည်း သဘောကောင်းတယ်။ ခုတော့ အိမ်ရှင့်သားနဲ့ သူ့ရည်းစား ပြောင်းလာတာ ခြေသံပြင်း၊ မနက် ၂ နာရီအထိမအိပ်၊ ခွေးနဲ့ဆော့လို့ အိပ်ပြောင်းချင်နေပြီ။ ဟုတ်တယ် … အိမ်ဝယ်တာတော့ အလုပ်တကယ်ရှုပ်တယ် ဆူနမ်ဆို အိမ်ဝယ်ပြီးကတည်းက များလိုက်တဲ့အလုပ် ခုထိမပြီးသေးဘူး။ အိမ်ဝယ်ပြီးကတည်းက ကြုံဆုံရတဲ့ဒုက္ခ ပြသနာတွေကို နင့်ကိုပြောပြရင် နင်အိမ်ဝယ်ချင်စိတ် ပျောက်သွားမှာစိုးလို့ မပြောပြတော့ဘူး။ ဒါတောင် ဆူနမ်မှာ ရာမား၊ ဂင်္ဂါ၊ ဆူနမ့်အဖေ၊ အမေ ဝိုင်းလုပ်ပေးမဲ့သူတွေရှိတယ်။ စကားများတဲ့ဆူနမ်ကို အွန်လိုင်းမှာတောင် သိပ်မတွေ့ဘူး။ ဇန်နဝါရီ ၂၁ ဝိုင်းမွေးနေ့ ဆုတောင်းပေးတော့ ဆူနမ့်ဆီက ဘာမှပြန်မလာဘူး။ အရင်ဆို ဖုန်းခေါ်ပြီး စကားတွေပြောကြတယ်။ ဆူနမ်မအားဘူးလား မသိဘူးလို့ ဝိုင်းကိုပြောတော့ ဆူနမ်က မွေးနေ့ဆုတောင်းပေးတယ်။ ဆူနမ်တယောက် ဆိုဖာဝယ်ပြီး သွင်းမရလို့ ဒုက္ခရောက်နေတယ်တဲ့။ Friends ရုပ်ရှင်ထဲက ဗွီဒီယိုလေးပို့လာပြီး အဲ့ဒါသူ့အဖြစ်လို့ပြောလို့ ရယ်လိုက်ရတာ။ ဒီလောက် တွက်ချက်၊ စေ့စပ်သေချာတဲ့ ဆူနမ်တယောက် ဒုက္ခရောက်နေတယ်ဆိုလို့ အံ့သ◌ြလို့။ ဆူနမ့်နေရာမှာ ကိုယ့်သာဆိုရင်လည်း ဘယ်လောက်ာင် စိတ်ရှုပ်လိုက်မလဲ မသိဘူး။ ကိုယ့်အိမ်မှာ စားပွဲခုံကောင်းကောင်းမရှိဘူးWork From Home လုပ်တာ သုံးလလောက်ကြာတော့ မရတော့ဘူး။ ပိုက်ဆံတတ်နိုင်ပေမဲ့ နေရာအဆင်မပြေလို့ folding desk ဝယ်လိုက်တယ်။ အဲ့ဒါလည်း အဆင်မပြေဘူး sit & standing desk ရှာတာ တပတ်လောက်ကြာတယ်။ နေရာ၊ အလေးချိန်တွက်ချက်ရ၊ ရောက်လာပြန်တော့လည်း တပ်ရဆင်ရနဲ့ နှစ်ပတ်လောက် မနားရဘူး။ အဆင်ပြေလို့ တော်ပါသေးရဲ့ အဆင်မပြေရင် ပြန်ပို့ဖို့လုပ်ရပြန်ရှာရနဲ့ ဘယ်လောက်စိတ်ရှုပ်ရမလဲမသိဘူး။ ခုနေများတော့ ဆူနမ်ဒုက္ခရောက်တာကို သူငယ်ကိုချင်းကောင်းပီသစွာ တဟားဟားနဲ့ ရယ်နေလေရဲ့။ ဆူနမ်သာသိရင် လည်ပင်းများ ညှစ်မလား မသိဘူး။ ဘာပဲဖြစ်ဖြစ် ရယ်မောရတာ ကောင်းပါတယ်။


စန်းထွန်း

ဇန်နဝါရီ ၂၅၊ ၂၀၂၁။

16 October 2020

ခင်မင်ခြင်း အနုပညာ…

၂၀၂၀ အောက်တိုဘာ ၁၀ စနေနေ့မနက် နယူးယောက်မြန်မာသံရုံးမှာ ကြိုတင်မဲသွားပေးတယ်။ ၂၀၁၅ မဲပေးတုန်းက နိုဝင်ဘာလမှာ မဲပေးရတာထင်တယ် အေးလို့ ဒေါင်းကုတ်ကြီး ဝတ်သွားရတာ မှတ်မိတယ်။ ၂၀၁၅ တုန်းက သတ်မှတ်ရက်အတွင်း မဲမပေးရမှာစိုးလို့ စင်္ကာပူကမြန်မာတွေ လမ်းပေါ်မှာညအိပ်စောင့်ပြီး မဲပေးကြတယ်။ စင်္ကာပူမှာ မြန်မာတွေများတော့ လူအင်အားတောင့်တယ် စည်းလုံးကြတယ်။ သံရုံးအဝမှာ အိတ်တွေသိမ်းထားပေးတယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့် ခြောက်ပေခွာ လက်ဆေးရည်ဗူးတွေ ချထားပေးပြီး လက်အိတ်ဝတ်ခိုင်းတယ်။ သံရုံးအဝမှာ အပူချိန်တိုင်းတယ်။ အဝင်ဝမှာ လိပ်စာ၊ နာမည်ပြောတော့ စာအိတ်တအိတ်ရတယ်။ လက်မှတ်ထိုးယူပြီး စာအိတ်ဖွင့်လိုက်တော့ ၃မဲရပြီး တိုင်းရင်းမဲမပါလို့ ကွန်ပလိမ်းတက်ချင်တယ် ဘယ်ကိုတိုင်ရမှာလဲလို့မေးတော့ သံရုံးအကြီးအကဲကို ပြောပေးမယ်တဲ့။ မဲအိတ်စုတ်ပြဲနေမနေစစ်၊ မြို့နယ်မှန်မမှန်စစ်၊ မဲထည့်ချင်တဲ့ပါတီနားမှာ အမှန်ခြစ်၊ စာအိတ်ကိုကော်ကပ်ပြီး ပုံးထဲသေချာထည့်တယ်။ ပယ်မဲဖြစ်နေမှာစိုးလို့ နှစ်ခါစစ်တယ်။ ကွန်းပလိန်းတက်ဖို့ သံရုံးအကြီးဆုံးက လာတွေ့တယ် ကိုယ့်ရှေ့က လေး၊ ငါးယောက်လောက်လည်း တိုင်းရင်းသားမဲမပါလို့ ကွန်ပလိမ်းတက်တယ်တဲ့။ ဘယ်လိုလုပ်ပေးမလဲမေးတော့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပေးမယ်။ မဲအခြေအနေကို နေ့တိုင်းရွေးကောက်ပွဲကော်မရှင်ကို သတင်းပို့ရတယ်။ သံရုံးက မဲအိတ်တွေကို ဖောက်စစ်ခွင့်မရှိဘူး။ မဲပေးမဲ့သူလာမှ စာအိတ်ထုတ်ပေးရတာဆိုတော့ သူတို့လည်းမသိဘူးတဲ့။ မဲတမဲ အလကားမဆုံးချင်လို့။ ကွန်ပလိမ်းတက်တာကို ကျေးဇူးတင်ပါတယ် ဒါမှလည်းနောက် ဒီလိုမမှားအောင် ပြင်လို့ရတာပေါ့တဲ့။ အဲ့ဒီစကားကြားတော့ အံ့သ◌ြသွားတယ် နည်းနည်းတိုးတက်လာပြီ။ ရွေးကောက်ပွဲကလည်း နှစ်ကြိမ်ပဲရှိသေးတော့ လိုအပ်ချက်တွေ ရှိနေသေးတာ နားလည်ပါတယ်။ မဲပေးရတာ အရမ်းအဆင်ပြေပါတယ် အဝေးကြီးကနေလာပြီး မဲပေးကြတဲ့သူတွေကို ချီးကျူးတယ်။ အထွက်မှာ လက်ကို မှင်သုတ်ပါတဲ့။ လက်သန်းမှင်စွန်းခဲ့ပြီ နိုင်ငံသားတယောက်ရဲ့တာပွန် ကျေပွန်ခဲ့ပြီ။ ကိုယ်ကြိုက်တဲ့အစိုးရကို ကိုယ့်လက်နဲ့ရွေးချယ်ခွင့်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ။ အနှစ်သုံးဆယ်လောက် ဒီလိုရွေးချယ်ခွင့် မရခဲ့ဘူး။ နိုင်ငံသားတွေက အုပ်ချုပ်မဲ့အစိုးရကို မဲပေးရွေးချယ် ရွေးချယ်လိုက်တဲ့အစိုးရက တိုင်းပြည်အတွက် အလုပ်,လုပ်။ နိုင်ငံသားတွေက နိုင်ငံသားအလုပ်လုပ် အစိုးရက အစိုးရအလုပ်,လုပ်။ ငါးနှစ်မှတခါ ပေးရတဲ့မဲကို မဲသွားမပေးလည်း ဘာမှမဖြစ်ပါဘူး၊ မဲပေးဖို့ စိတ်မဝင်စားတဲ့သူတွေ၊ မဲသွားမပေးတဲ့သူတွေကို အသည်းယားတယ်။ တမဲလည်းတမဲအလျောက် အရေးကြီးတယ်။ မမီးက ဘူတာရုံမှာ လာကြိုတယ် ပြီးတော့ မှာထားတဲ့ အိန္ဒိယအစားအစာယူပြီး ပန်းခြံကိုသွားတယ်။ မခိုင်က ရောက်နေတာ တနာရီကြာနေပြီ။ မခိုင်က အဲ့ဒီနေ့က 5K ကို နာရီဝက်နဲ့ပြေးပြီး သူ့အသက်အရွယ်တန်းမှာ ပထမဆုရတယ် ကွန်ကရက်ကျူလေးရှင်း။ မခိုင်က ပြေးတာ မိုင်တထောင်ကျော်နေပြီ။ မခိုင်အမျိုးသားက half marathon ပြေးတယ်။ ကိုယ်လည်း တပတ်နှစ်ရက် မနက်ရုံးမတက်ခင် တမိုင်သွားပြေးတယ်။ ပြေးပြီး ရေချိုးလိုက်တဲ့အခါ ပေါ့ပါးလန်းဆန်းသွားတဲ့ ဖီလင်ကိုကြိုက်တယ်။ အစားအသောက်တွေကလည်း အတော်ကောင်း ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ။ အိန္ဒိယစာမကြိုက်တဲ့ကိုယ်တောင် အတော်စားဖြစ်တယ်။ မမီးနဲ့မတွေ့တာ အတော်ကြာပြီ တစ်နှစ်လောက်ရှိပြီ။ မကြာခင်အေးတော့မှာ အိမ်တွင်းအောင်းရတော့မယ် ရှေ့နှစ်နွေဥ◌ီးလောက်မှပဲ ပြန်တွေ့ကြတော့မှာမို့လို့ ဆုံဖို့ချိန်းလိုက်ကြတာ။ မြစ်ဘေးနားက တောလမ်းလေးမှာ တမိုင်ကျော် လမ်းလျှောက်တယ်။ ညနေစောင်းကျတော့ မမီးနဲ့ မြစ်ကမ်းဘေးနားက ပန်းခြံဆီကို သုံးမိုင်လောက် လမ်းလျှောက်ကြတယ်။ သာယာအေးချမ်းလှပတယ် နယူးဂျာဆီမှာ နေချင်စိတ်ပေါက်သွားတယ်။ အဖေနဲ့အမေဆို အရမ်းသဘောကျမှာ မနက်၊ ညနေတိုင်း လမ်းလျှောက်နေကြမှာ။ အဖေနဲ့အဖေက ကိုယ်နေခဲ့တဲ့ နယူးဂျာဆီအိမ်ကို သဘောကျတယ် ကွင်းကိုသိပ်မကြိုက်ဘူး။ မြစ်ကမ်းဘေးမှာ ငါးတကောင်ကမ်းပေါ်တင်နေလို့ မြစ်ထဲပြန်လွှတ်ပေးခဲ့ရတယ်။ အဖေက ငါးက အခုန်လွန်လို့ ကမ်းစပ်ပေါ်ရောက်လာတာနေမှာတဒ့။ အဲ့ဒီနေ့က ခြေလှမ်းပေါင်း တသောင်းသုံးထောင် ည ၈ နာရီခွဲနဲ့ အိပ်ငိုက်တယ်။ ည ၉ ခွဲက အိပ်လိုက်တာ မနက် ၇ နာရီခွဲမှနိုးတယ်။ ကိုဗစ်ကာလအတွင်း မနက်၂နာရီမှ အိပ်ပျော်ပြီး မနက် ၈ နာရီခွဲမှထတယ်။ Fibit က အိပ်တာမဆိုးပါဘူးလို့ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ ပိတ်ရက်ဆိုရင် နေ့လည်အထိအိပ်တော့ အိပ်ရေးဝတယ်။ အသက်ကွာပေမဲ့ နေ့တိုင်းမတ်ဆေ့ပို့ပြီး ချက်ပြုတ်တာလေးတွေ အပြိုင်အဆိုင်ကြွားကြ စကြနောက်ကြတဲ့ ကိုယ်တို့သုံးယောက်။ ဖတ်ပြီးသွားတဲ့ The Prayer Box စာအုပ်ထဲက နှစ်သက်မိတဲ့စာသားလေးက Sisters are created not by blood, but by love တဲ့။ 

စန်းထွန်း
အောက်တိုဘာ ၁၆၊ ၂၀၂၀။

လက်သန်းမှင်စွန်းခဲ့ပြီ… နိုင်ငံသားတယောက်ရဲ့ အရေးကြီးတဲ့တာဝန်ကို ဒုတိယအကြိမ် ကျေပွန်ခဲ့ပြီ… 

Let vote Myanmar 2020 !

မမီးနဲ့မတွေ့တာ တစ်နှစ်ရှိပြီ… ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ...

Three musketeers...

5K သုံးမိုင်ကို နာရီဝက်နဲ့ ပန်းဝင်ပြီး သူ့အသက်အရွယ်ပိုင်းမှာ ပထမဆုရတဲ့ မခိုင်… ကွန်ကရက်ကျူလေးရှင်း….

သာယာတယ်နော်…. ဓာတ်ဖမ်းဆရာက မမီး...

သစ်ပင် ရေအိုင် မြစ်ချောင်း စိမ်းစိုနေတာလေးတွေ မြင်တာနဲ့တင် ပျော်နေတော့တာ… 

မျက်နှာဖုံးအောက်က ကိုယ့်အပြုံးကို သူမြင်နိုင်ပါစေ...

04 September 2020

ဝေးနေရက်နဲ့ နီးတဲ့သူ - ၂ …

ကိုဗစ်မဖြစ်ခင် ပုံ့ပုံ့ မြန်မာပြည်ကို အပြီးပြန်သွားပြီးကတည်းက အဆက်အသွယ်ပြတ်သွားတာ ခြောက်လအတွင်း ဘိုင်ဘာကနေ နှစ်ခါလောက်ပဲ စကားပြောဖြစ်တော့တယ်။ ဒါတောင် အဖေတို့အတွက် လူကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို ပဲခူးကနေရန်ကုန်ကို ဘယ်လိုထည့်ပေးရမလဲ အရေးကြီးလို့။ အင်တာနက်ကောင်းတဲ့ စတိတ်မှာနေတုန်းကတောင် ဖုန်းတခြားလူတခြားဆိုတော့ အင်တာနက်သိပ်မကောင်းတဲ့ မြန်မာပြည်ကိုလည်းရောက်တော့ ပုံ့ပုံ့တို့များ ဖုန်းမကိုင်တော့သလောက်ဘဲ။ မှာချင်တာတွေ ဘိုင်ဘာမှာစာရိုက်ထား သူဘိုင်ဘာကို တက်လာမှပဲ ပြောရတော့တယ်။ ပုံ့ပုံ့နဲ့ ကိုယ်က ၂၀၀၅ မာစတာတက်တော့ သိကြတာ။ ပုံ့ပုံ့တို့က ပဲခူးသူတွေ တောင်ငူမှာတက်ရတယ် မာစတာရောက်တော့ ရန်ကုန်မှာလာတက်ရတယ်။ သီရေတာမှာ သူတို့က အလယ်တန်းရှေ့ဆုံးခုံမှာထိုင်ပြီး ကိုယ်တို့အုပ်စုက ဘယ်ဖက်နှစ်တန်းမြောက်မှာ ထိုင်တယ်။ ထောက်ကြံ့က ကိုယ့်သူငယ်ချင်းကို ကျောင်းကားတူတဲ့ သရဲမလို့ကိုယ်တို့ခေါ်တဲ့ ကောင်လေးက လာ,လာစတယ်။ ကိုယ့်သူငယ်ချင်းက သဘောမနောကောင်း ဘာမှပြန်မပြောဘူး။ ကိုယ်ကသာ ဘေးကနေ မနေနိုင်မထိုင်နိုင် ကက်ကက်လန် ရန်တွေ့တယ်။ ပုံ့ပုံ့က သရဲမကို ခရှက်စ်နေတာ ကိုယ့်ကိုလာမေးတယ် သရဲမနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူး ငါ့သူငယ်ချင်းကို လာ,လာစနေလို့ဟေ့။ အောင်ကြီးသူငယ်ချင်း ဘကြီးနဲ့နည်းနည်းခင်တယ် ဘကြီးက ကိုယ်တို့ကိုစာသင်ပေးတယ်။ အပေါက်ဆိုးတဲ့ဘကြီးကို အက်ပီတန်ဝိတ်ဂိမ်း မင်းသားလုပ်လို့ရပြီဆိုပြီး ကိုယ်ကပြန်နှက်တယ်။ ပုံ့ပုံ့သူငယ်ချင်းက ဘကြီးကိုခရှက်စ်နေတယ် ကိုယ့်ကိုလာမေးတယ် ဘကြီးနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူးဟေ့ ဒင်းကငါ့သူငယ်ချင်းတွေကို နှက်နေလို့ ပြန်နှက်နေတာ။ အဲ့ဒီလို စွံတယ်လို့ထင်ကြတယ်။ မာစတာမှာ ကျောင်းသားကျောင်းသူ တရာကျော်တယ် တခန်းတည်းတက်ရတာဆိုတော့ သိနေကြတာပေါ့။ ၂၀၀၈ စင်္ကာပူမှာကျောင်းလာတက်တော့ ပဲခူးသူဘနဲ့ တဖွဲ့တည်း၊ အိမ်နီးနားချင်း။ ပုံ့ပုံ့က ကိုယ့်ထက်တစ်နှစ်နောက်ကျပြီးမှ စင်္ကာပူကျောင်း လာတက်တယ်။ coding မရေးတတ်ရင် ဘဆီပြေးပြီး အကူအညီတောင်းနေကျဆိုတော့ ဘအိမ်မှာနေတဲ့ ပုံ့ပုံ့နဲ့ဆုံပြန်တယ်။ ဆယ်နှစ်ကြာတဲ့အခါ စတိတ်က ကိုယ်တက်တဲ့ကျောင်းမှာ လာတက်တယ်။ မင်းကိုယ့်နောက်များ လိုက်နေတာလား‌လို့မေးတော့ မရည်ရွယ်ပါဘူးတဲ့။ ကိုယ်ကဖေ့ဘွတ်ကနေ ဆက်သွယ်တော့မှ အဆက်အသွယ်ရပြီး စကားတွေပြောရင်းနဲ့ ခင်သွားလိုက်ကြတာ နောက်ဆိုတပတ်တခါ တနာရီကျော်ဖုန်းပြောကြတယ်။ တက်ခဲ့တဲ့တက္ကသိုလ်တွေတူ၊ ကိုယ့်သူငယ်ချင်းသူသိ၊ သူ့သူငယ်ချင်းကိုယ်သိ၊ အတွေးအခေါ်၊ အယူအဆ၊ စိတ်ဓာတ်တူ၊ တရားထိုင်တာ စိတ်ဝင်စားတာလည်းတူလို့ ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။ နယူးဂျာစီ၊ နယူးယောက်က ကိုယ်နေခဲ့တဲ့အိမ်တွေကို အများဆုံးရောက်ဖူးတဲ့သူ။ ကိုယ်က ဂရင်းကဒ်ရပြီးမှ ပြန်စေချင်ပေမဲ့ သူကဆုံးဖြတ်ချက် ချပြီး‌နေပြီ ဘယ်လိုနားချချ မရတော့ဘူး။ အဖေ၊ အမေ၊ မကြီးက သဘောကောင်းပြီး ရိုးသားတဲ့ပုံ့ပုံ့ကို ချစ်ကြတယ်။ ဘယ်တော့ပြန်ဆုံမယ်မှန်းမသိ ဖုန်းမပြောစကားမပြော ဖေ့ဘွတ်မှာမတွေ့ မိုင်သောင်းချီဝေးပေမဲ့ စိတ်ထဲမှာနီးနေတုန်း။ နီးနေရက်နဲ့ ဝေးတဲ့သူ၊ ဆုံနေလျက်နဲ့ လွမ်းတဲ့သူရှိသလို ဝေးနေရက်နဲ့ နီးတဲ့သူလည်းရှိတယ်။

စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၂၀။

၂၀၁၉ ဇွန် ယူအန်
၂၀၁၆ ဇွန် တိုင်းစကွဲ နယူးယောက်
၂၀၀၉ စက်တင်ဘာ NUS ISS SA 29 Graduation Day
ဘယ်အစွန် ဒုတိယမြောက်က ပုံ့ပုံ့ ၊ ‌လေးယောက်မြောက်က စန်းထွန်း

13 November 2019

Assateague Island သွား ‌တောလား - ၂

ဘာဘီကျူးကင်နေတုန်း ဘေးနားကတဲကို မြင်းတွေလာတယ်။ ပစ္စည်းတွေကို ဆွဲချနေလို့ မောင်းလိုက်တော့ ကိုယ်တို့တဲဆီရောက်လာတယ်။ ထိုင်ခုံပေါ်က ပစ္စည်းတွေကိုဆွဲချလို့ အဝေးကိုပြေး အသံပေးပြီး ခြောက်တာလည်းမကြောက် အေးဆေးပဲ။ တော်တော်ကြာတဲ့အထိ မသွားဘူး ဆူနမ်က မြင်းတွေနားမှာ ထိုင်နေလို့ အဝေးမှာနေဖို့ အော်ဟစ် သတိပေးရတယ်။ ဘာဘီကျူးင်တာမှာသုံးတဲ့ တံစို့ဝါးချွှန်တွေကိုယမ်းပြီး ‌ခြောက်လှန့်နေတဲ့ကိုယ့်ဆီ မြင်းတွေက တည့်တည့်ကြီးလာနေလို့ ဝါးချွှန်တွေကိုဘေးချပြီး ပြေးရတော့တယ်။ ဝိုင်းက ဝါးချွှန်တွေမှာ အသားတွေကင်ထားလို့ အနံ့ရလို့ လာတာနဲ့တူတယ်တဲ့။ မဟုတ်ဘူး ဝါးချွှန်ကအသစ် မကင်ရသေးဘူး။ အတော်လေးကြာတော့မှ မြင်းတွေက အဝေးကိုထွက်သွားတယ်။ မြင်းတွေသွားတော့မှ ဒင်းတို့ဆွဲချသွားတဲ့ ပစ္စည်းတွေကိုပြန်ကောက် သိမ်းဆည်းရတယ်။ ဘာဘီကျူးကင် မစားနိုင်ဘူး ကြက်ပေါင်တတုံး၊ ဝက်သားတဖတ်၊ ပြောင်းဖူးတဖူး၊ အာလူးတတုံးစားတယ် ဗိုက်မဝဘူး။ ကိုယ်က အိပ်ချင်နေပြီ ဆူနမ်တို့ ဘာဘီကျူးကင်တာ မပြီးသေးလို့ စောင့်နေရတာနဲ့ ည ၁၂ ခွဲမှ အိပ်ရတယ်။ သူကင်နေတုန်း ကိုယ်အိပ်နေလို့ ဘယ်ဖြစ်ပါ့မလဲနော့။ ကိုယ်တို့နှစ်ယောက်က တဲအိမ်ထဲမှာ မီးထွန်းပြီးအင်္ကီျလဲနေကြလို့ အိမ်သာကနေ အထင်းသားမြင်ရလို့ ဆူနမ်က မက်ဆင်ဂျာကနေ မတ်ဆေ့ပို့နေတာ မသိဘူး။ ဂင်္ဂါရှိနေလို့ လှမ်းအော်လို့လည်းမဖြစ် အပြေးလာပြီး သတိပေးတယ်။ ဆူနမ်ကသာ စိတ်ပူနေတာ ကိုယ်တို့ကအေးဆေးပဲ အမှောင်ထဲမှာ ဘာမြင်ရမှာမို့လို့လဲ မြင်တော့ရော ဘာဖြစ်လဲ။ ဖော့တုံးလေးတွေက ပါးတော့ကျောနာတယ် အိပ်ရတာ အတော်အဆင်မပြေဘူး ချမ်းလို့ကွေးနေရတယ်။ ဆူနမ်က အိပ်မပျော်ရင် အိမ်သာခဏခဏ သွားတတ်တယ်။ ကိုယ်တို့နိုးတဲ့အခါ ဆူနမ်နဲ့ အိမ်သာသွားကြတယ်။ ကြယ်ရောင်စုံကောင်းကင်ကြီးကို မြင်ရတယ် လှလိုက်တာ။ ဒီလိုကြယ်တွေစုံတဲ့ညကို မတွေ့ရတာ အတော်ကြာပြီ။ အိမ်သာမှဆုံတဲ့ ကောင်လေးတယောက်က မနေ့ညက မြင်းတွေရန်ဖြစ်ကြလို့ တညလုံးမအိပ်ရဘူးဆိုပဲ။ သူတို့အုပ်စုက ဘာဘီကျူးမကင်ဘူး အိပ်ခါနီးမှရောက်လာကြတယ်။ မနက်မိုးလင်းခါနီး နှာမှုတ်သံကြားလို့ နိုးလာပြီး အပြင်ကိုချောင်းကြည့်လိုက်တော့ ဘုရားရေ … မြင်းတွေက တဲဘေးနားမှာပါလား။ ချောင်းကြည့်ပေါက်ကနေ ကြည့်တော့လည် ဘာမှမတွေ့တော့ဘူး။ အပြင်ထွက်ကြည့်မလို့ကို ဝိုင်းကမကြည့်နဲ့ အထဲမှာနေတဲ့။ ကြောက်လို့ ကိုယ့်နားလာကပ်နေတယ်။ ဆူနမ့်ဗလကိုများ အားကိုးမယ်မှတ်တယ် ဆူနမ်မရှိဘူး ဘယ်ရောက်နေပါလိမ့် အိမ်သာသွားနေတယ်နဲ့တူတယ်။ မနက် ၆ နာရီခွဲပြီမို့ အိပ်ယာထ မျက်နှာသစ် နေထွက်တာ သွားကြည့်ကြတယ်။ ကိုယ့်ထက် ဝီရိယကောင်းတဲ့သူတွေက ရောက်နှင့်နေပြီ။ ပင်လယ်ရေအောက်ကနေ နေလုံးကြီးထွက်လာတာ အတော်လှတယ်။

မနေ့ကသွားခဲ့တဲ့ ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မနက်စာ ဆန်းဒွတ်စားကြတယ်။ ခဏနေတော့ တဲအိမ်တွေဖျက် ပစ္စည်းတွေသိမ်း။ မနက် ၁၀ နာရီမှ ချက်ကောက်လုပ်ရမှာမို့ အချိန်တွေကျန်သေးတယ်။ ဝိုင်းက မပြန်ချင်သေးဘူး ဒီလောက်အဝေးကြီးလာပြီးမှ ရသမျှနေချင်တယ်။ မြေပုံမှာ ထရေးလမ်းကိုရှာကြည့်တော့ ထရေးလမ်းတခု ထပ်တွေ့တယ်။ ဖရဲသီးသယ်လာပြီး စားကြတယ်။ ဖရဲသီးအခွံက မြေ ြသဇာဖြစ်စေတယ်ဆိုပြီး အမှိုက်ပုံးထဲမထည့်ဘဲ မြေကြီးပေါ် လွှင့်ပစ်ကြတယ်။ ရေအိုင်တွေကို ဖြတ်ကျော်နေတဲ့ မြင်းတွေအများကြီး တွေ့ရတယ်။ ဂင်္ဂါက မြင်းတွေရှိနိုင်တဲ့နေရာကို ခန့်မှန်းတွက်ချက်ပြီး သွားကြည့်တာ မြင်းမတွေ့ဘူး။ မြင်းတွေက ကိုယ်တို့ကမ့်ပင်းထွက်တဲ့နေရာကို ရောက်နေလို့ ထပ်သွားကြည့်ကြတယ်။ အေးအေးလူလူ မြက်စားနေကြတဲ့ မြင်းလေးကောင် တွေ့တယ်။ ကမ့်ပင်းအိမ်သာကိုသွားတဲ့ ဂင်္ဂါက ပြန်လာပြီးပြောတယ် ကမ့်ပင်းနေရာမှာ မြင်းတွေမှအများကြီးပဲဆိုပြီး လာခေါ်တယ်။ အမလေး … မြင်းတွေမှ အများကြီးပဲ လူမကြောက်ဘူး။ ပင်လယ်ကမ်းစပ်သွားပြီး လမ်းသွားလျှောက်တယ်။ အိပ်ရေးမဝလို့ ပင်ပန်းနေတဲ့ ရာမားနဲ့ဆူနမ်က ထိုင်နေရစ်နေတယ်။ သူတို့အကြာကြီးစောင့်နေရမှာစိုးလို့ ဆယ့်ငါးမိနစ်လောက်ပဲ လမ်းလျှောက်တယ်။ ချက်ကောက်လုပ်ပြီး ဗိုက်ဆာလာတော့ ဘာဘီကျူးကင်တာတွေရှိပေမဲ့ ရာမားကြောင့် ချစ်ပိုလေးမက်ဆီကန်ဆိုင်မှာ ဝင်စားကြတယ်။ ကိုယ်တို့ဘတ်စ်ကားက ညငါးနာရီမှဆိုတော့ စောနေသေးတယ် အိမ်ပြန်ပြီးမနားချင်ဘူး။ မေရီလန်းပြည်နယ်ရဲ့မြို့တော် အန်နာပိုလစ်မြို့ကို ဝင်လည်ကြတယ်။ ရေတပ်မြို့ တနင်္ဂနွေနေ့ သင်တန်းပွဲရှိတယ်နဲ့ တူပါရဲ့ ယူနီဖောင်းအဖြူရောင် ဝတ်ထားတဲ့ကလေးတွေတွေ့တယ်။ ရေခဲမုန့်စားကြတယ် ရာမားက ဓာတ်ပုံရိုက်ပေးတော့ သူ့ကိုမကြည့်နဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်နေတဲ့။ ညစာအတွက် စတားဘာ့ခါမှာ ဝယ်မလို့ဆိုင်ရှာတာ အတော်ရှာလိုက်ရတယ်။ ဆူနမ်ညွန်းတဲ့ဘာဂါ၊ မစ်ရှိတ်ဝယ်ပြီး ဘတ်စ်ကားဆီပြေး။ အဲ့ဒီဘာဂါမကြိုက်ဘူး နောက်ဆိုဝယ်စားမှာ မဟုတ်ဘူး။ ဆူနမ်နဲ့ကိုယ်တို့က အကြိုက်မတူဘူး။ အိမ်ကို ည ၁၂ နာရီလောက်မှ ပြန်ရောက်တယ်။ ဒီတခေါက်ကမ့်ပင်းက ပင်ပန်းလွန်းလို့ နောက်ကမ့်ပင်းဆိုရင် မလိုက်ချင်တော့ဘူး။ ချီကာဂိုသွားတုန်းက တနေ့ရှစ်မိုင်လျှောက်တာတောင် ဒီကမ့်ပင်းလောက် မပင်ပန်းဘူး။ ချီကာဂိုခရီးတုန်းက ပင်ပန်းပေမဲ့ ကောင်းကောင်းစား ည ၁၀ နာရီကနေ မနက် ၆ ခွဲအထိ တရေးကောင်းကောင်းအိပ်ရတယ်။ ဝိုင်းက တနင်္လာနေ့က အစ်နေ့မို့လို့ နားရတယ်။ ကိုယ်က ပင်ပန်းလွန်းလို့ နောက်စနေ၊ တနင်္ဂနွေ ဘယ်မှမသွားဘဲ အိမ်မှနားရတယ်။ ကော်လိုရာဒိုသွားတဲ့ အကြေင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၁၃၊ ၂၀၁၉။

ကိုယ်က ဘယ်နေရာမှာလဲ ခန့်မှန်းကြည့်
‌မေရီလန်ပြည်နယ်ရဲ့မြို့‌တော် အန်နာပိုလစ်
ရာမားက သူ့ကိုမကြည်ည့်နဲ့ ‌ဘေးပတ်ဝန်းကျင်ကို ကြည့်နေတဲ့

09 November 2019

Assateague Island သွား ‌တောလား - ၁

မေရီလန်းပြည်နယ်ရဲ့ အလှဆုံးအမျိုးသားဥယျာဥ◌်က အစာတီကပ်ကျွှန်း။ ဝိုင်းက သွားလည်ချင်တယ် ဆူနမ်တို့လည်း မရောက်ဖူးဘူး။ ဆူနမ်က ဝိုင်းကိုတအားခင်နေတော့ လတိုင်းသူ့ဆီ လာလည်စေချင်တယ်။ ဝိုင်းက တခါမှကမ့်ပင်း မထွက်ဖူးဘူး။ ကိုယ်က ၂၀၁၃ မှာ တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီအမျိုးသားဥယျာဥ◌်ကို ပထမဆုံးအကြိမ် ကမ့်ပင်းထွက်ဖူးတယ်။ ဆူနမ်တို့က ဂရိတ်စမုတ်ကီကမ့်ပင်းပြီးတော့ နယူးယောက်ကိုပြောင်းသွားတဲ့ ကိုယ်မပါဘဲ ဗာဂျီးနီးယားကမ်း‌‌ခြေကို ကမ့်ပင်းထွက်သေးတယ်။ လေတအားတိုက်လို့ ခေါင်းအုံးတွေ၊ စောင်တွေ ပင်လယ်ထဲ မျောပါသွားလို့ လိုက်ဆယ်ရသေးတယ်တဲ့။ အစာတီကပ်ကမ့်ပင်းနေရာက တစ်နှစ်လုံးမှာ ြသဂုတ် ၁၀ ရက် တနေ့ပဲရလို့ အမြန်ဘွတ်ရတယ်။ ရာမားက မေရီလန်းတိုက်ခန်းကနေ ဗာဂျီးနီးယားအိမ်ကို ပြောင်းတဲ့အခါ ကမ့်ပင်းပစ္စည်းတွေကို လွှင့်ပစ်လိုက်တယ်။ ခုကမ့်ပင်းထွက်တော့ လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဝယ်ရတယ်။ ကမ့်ပင်းပစ္စည်းတွေကို စာရင်းနဲ့သေချာမှတ် လိုက်ဝယ်ရတာ အတော်ပင်ပန်းတယ်။ ဘာဘီကျူးကင်ဖို့ အသား၊ အစားအသောက်တွေဝယ်၊ ပြင်ဆင်ရတာ အတော်အချိန်ကုန်တယ်။ ဆူနမ်မို့လို့ လုပ်နိုင်တာ ကိုယ်ဆိုမလုပ်နိုင်ဘူး။ sleeping bag မရှိတော့ ဝေါမတ်ဆိုင်ကနေ ကလေးတွေ ကစားတဲ့အခါ ခင်းတဲ့ဖော့ပါးပါးလေး ဆူနမ်က ဝယ်ထားတယ်။ ရာသီဥတုပူတော့ စောင်ပါးပါးလေးပဲ ယူလာခဲ့တဲ့။ ဝိုင်းမှာ စောင်ပါးမရှိလို့ ကိုယ်ကဝိုင်းအတွက် ယူလာပေးတယ်။ ထုံးစံအတိုင်း နယူးယောက်ကနေ ည ၆ နာရီ ၁၅ ထွက်တဲ့ ဘတ်စ်ကားစီးရင် ဗာဂျီးနီးယားကို ည ၁၀ နာရီခွဲ ရောက်တယ်။ ဆူနမ်က အလုပ်များနေလို့ နာရီဝက်နောက်ကျပြီးမှ ရောက်လာတယ်။ သူတို့အိမ်ကို ၄၅ မိနစ်လောက် ထပ်မောင်းရတော့ ည ၁၂ ခွဲမှ အိပ်ရတယ်။ မနက် ၇ နာရီခွဲမှာ မနက် ၉ နာရီလောက်မှ အိပ်ယာထတတ်တဲ့ ရာမားကိုနိုး။ မနက် ၈ နာရီခွဲမှာ အိမ်ကစထွက်တယ် ကမ့်ပင်းနေရာကို လေးနာရီခွဲလောက် မောင်းရတယ်။ မေရီလန်းပြည်နယ် အိုးရှင်းစီးတီးကို ဝင်လည်ကြတယ် ကားပါကင်ရှာရခက်တယ်။ သဲသောင်မှာဖျာခင်းပြီး ဆူနမ်တို့ယူလာတဲ့ ဆိတ်သားနဲ့ အာလူး စားကြတယ်။ မဆလာနံ့ပြင်းရင် မစားနိုင်တဲ့ ဝိုင်းနဲ့ကိုယ်က စားကောင်းတယ်လို့ပြောပြီး စားကြတယ်။ အမှန်က ဆူနမ်တို့နဲ့မို့လို့ နီပေါစာကိုလိုက်စားတာ ကိုယ့်ဘာသာဆို ဘယ်တော့မှစားမှာ မဟုတ်ဘူး။ ပင်လယ်ကမ်းခြေမှာ ‌‌ခြေဗလာနဲ့ခဏလမ်းလျှောက်ပြီး ကမ်းခြေတပတ် တမိုင်လောက် လမ်းလျှောက်ကြတယ်။

ဆူနမ်က သူတယောက်တည်းဆို တမိုင်တောင် လျှောက်ချင်တာ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ဆို စကားတပြောပြောနဲ့ သုံးမိုင်လည်း လျှောက်နိုင်တယ်။ ၂၀၁၃ တုန်းက ကိုယ်တွေ အိုးရှင်းစီးတီးကို လာလည်ကြသေးတယ်။ Ripley’s Believe it or not ၊ လေဆာတန်းတွေ မထိအောင် သွားရတဲ့ laster tag ဂိမ်း ကစားကြတယ်။ စားသောက်ဆိုင်မှာ fooseball ခုံတွေတွေ့တော့ ဝင်ဆော့ကြတယ်။ ကျောင်းကမြေအောက်ထပ်မှာ နေ့လည်စာ၊ ညစာစားပြီးရင် fooseball ဆော့ကြတယ်။ fooseball မြင်တော့ ကျောင်းကိုသတိရသွားတယ် မတိုင်ပင်ရဘဲ fooseball ဆော့ကြတယ်။ ကိုယ်က နောက်တန်းကနေပဲ ဆော့တတ်တယ်။ အိုးရှင်းစီးတီကမ်းခြေက ဆိုင်တဆိုင်မှာ hell chicken wing စားကြတာ ကိုယ်နဲ့ဆူနမ်က တကိုက်တောင် မစားနိုင်ဘူး။ ကိုယ်ဆို တကိုက်ကိုက်ပြီးတာနဲ့ ဆံပင်တွေ ထောင်သွားသလား မှတ်ရတယ်။ မျက်ရည်တွေကျ နှာရည်တွေကျ အိမ်သာတန်းပြေးရတယ်။ ရာမားက လေးခုတောင် စားနိုင်တယ်။ ကိုယ်တို့သုံးယောက်လုံး အဲ့ဒီအဖြစ်အပျက်ကို မှတ်မိပေမဲ့ ဘယ်ဆိုင်လည်းဆိုတာကတော့ မမှတ်မိကြဘူး။ အိုးရှင်းစီးတီကနေ အစာတီကပ်အိုင်လန်ကို နာရီဝက်လောက် ထပ်မောင်းရတယ်။ လမ်းမှာ မီးမွှေးဖို့ သစ်သားတုံးတွေဝယ်တာ ဆူနမ်၊ ရာမား၊ ဂင်္ဂါ သုံးယောက် ငြင်းခုန်နေကြလို့ ဝိုင်းက ဘာလို့ငြင်းခုန်နေကြတာလဲ မသိဘူး နှစ်ခုဝယ်မယ်ဆိုလည်း ဝယ်လိုက်ကြတာမဟုတ်ဘူးတဲ့။ ဝိုင်းက အင်မတန်စိတ်ရှင်းတယ်။ ကိုယ်နဲ့ဝိုင်းက အကျင့်စရိုက်၊ ကြိုက်တာ တော်တော်များများတူတယ်။ တခါတလေ အယူအဆမတူလို့ ငြင်းခုန်ကြတာကလွဲလို့။ ကမ့်ပင်းနေရာရောက်တော့ ချက်ကင်ဝင်၊ ကမ့်ပင်းနေရာကိုရှာ၊ တဲထိုး။ ဂင်္ဂါနဲ့ရာမားက တဲအသေး၊ ဆူနမ်၊ ဝိုင်းနဲ့ကိုယ်က တဲအကြီး။ ကိုယ်နဲ့ဝိုင်းက ဝိုင်းကူရုံပဲ တကယ်ပင်ပန်းတာက ဆူနမ်။ ဂူဂယ်မတ်မှာ ရှာလိုက်တော့ ကမ်းခြေကသိပ်မဝေးဘူး နေဝင်ဆည်းဆာ သွားကြည့်ကြမယ်။ နေဝင်ချိန်က ည ၈ နာရီဆိုတော့ ည ၇ နာရီခွဲလောက် သွားကြမယ်ဆိုတာ ဆူနမ်မပြီးသေးလို့ စောင့်နေရတာနဲ့ ကမ်းခြေကို နေဝင်ပြီးမှ ရောက်သွားတယ်။ ဆူနမ်စီစဥ◌်တာ ဆူနမ့်နေရာမို့လို့ ဝိုင်းကဘာမှမပြောတာ။ ဝိုင်းက အချိန်နောက်ကျတာ သူ့အချိန်ကိုဖြုန်းတယ်လို့ ခံစားရတာကို လုံးဝသည်းမခံဘူး။

ဆူနမ်နဲ့ရာမားက အချိန်သိပ်ဆွဲတယ် ၈ နာရီဆို ၈ နာရီခွဲ ဘာတွေလုပ်နေမှန်းကို မသိဘူး။ ကိုယ်နဲ့ဝိုင်းက မြန်တယ် ၈ နာရီဆို ၇ နာရီ ၅၀ လောက်ကတည်းက အဆင်သင့်ဖြစ်နေပြီ။ တံတားလေးအတိုင်း လမ်းလျှောက်တော့ လရောင်ဖြာကျနေတဲ့ ရေအိုင်လေးတွေ တွေ့ရတယ်။ ဒီလိုမြင်ကွင်းမျိုးမတွေ့ရတာ အတော်ကြာပြီ နှစ်ပေါင်း ၁၅ နှစ်လောက် ရှိတော့မယ်။ တိမ်တောက်နေတာ အတော်လှတယ်။ ရာမားရဲ့ဆမ်ဆောင်းဖုန်း ကင်မရာက ပုံထွက်အတော်ကောင်းတယ်။ ဂင်္ဂါက ကိုယ်တို့လေးယောက်ပုံတွေ ရိုက်ပေးတယ်။ ဓာတ်ပုံပညာ လေ့လာသင်ယူနေတဲ့သူမို့ အလင်းအမှောင်၊ အယူအဆ အတော်ကောင်းတယ်။ နေဝင်သွားတော့ ဘာမှမမြင်ရတော့ဘူး။ ဆူနမ်က ဓာတ်မီးသေးသေးလေးတွေပေးတယ် အဲ့ဒီလိုဆူနမ်က စေ့စပ်သေချာတဲ့သူ။ ထင်းချောင်းမလောက်လို့ ရာမားနဲဂင်္ဂါ ထပ်သွားတယ်။ ထင်းက မီးသိပ်မစွဲလို့ ကိုယ်ကထင်းအနေအထား ပြင်ပေးပြီးမှုတ်လိုက်တော့မှ မီးတောက်လာတယ်။ ဂရိတ်စမုတ်ကီကမ့်ပင်းတုန်းကလည်း မိုးရွာနေလို့ ထင်းမီးမစွဲတာ ကိုယ်ကထင်းအနေအထားပြင်ပေး မီးကိုအဆက်မပြတ် မရပ်မနားယပ်ခတ် မှုတ်ပေးတော့မှ မီးတောက်လာဖူးတယ်။ ဆူနမ်တို့က ကိုယ့်ကို ဖူးဖူးမာစတာလို့ နာမည်ပြောင်ပေးထားတယ်။ ငယ်ငယ်တုန်းက ဟိုင်းကြီးမှာ ဆောင်းရာသီမနက်ခင်းဆို မီးလှုံရတယ်။ အဲ့ဒီတုန်းက လျှပ်စစ်မီးမရှိသေးဘူး မီးသွေး၊ ထင်းချောင်းနဲ့ ထမင်းချက်ရတယ်။ ကိုယ်က မီးဖိုချောင်မှာ မီးဖို၊ မီးမှုတ်ပေးနေကြ။ ဘာဘီကျူးလေးကင်လိုက် စကားတွေပြောလိုက်နဲ့ ခဏနေတော့ အလန့်တကြား အထိတ်အလန့် အဖြစ်အပျက်လေး ဖြစ်ခဲ့တယ်။ အဲ့ဒီအကြောင်းကိုတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၉၊ ၂၀၁၉။

‌မေရီလန်းပြည်နယ် အိုးရှင်းစီးတီး
‌ရေအိုင်‌လေး‌ပေါ်မှာ လရောင်ဖြာကျနေတာ
‌နေဝင်ချိန် တိမ်တောက်တဲ့အချိန်

12 October 2019

ဂရိတ်‌ဖောသွား ‌တောလား ...

ဇွန် ၃ ရက်နေ့မှာ မောင်မောင် ရုတ်တရက်ဆုံးသွားလို့ ရန်ကုန်ကို နှစ်ပတ်ပြန်။ ရန်ကုန်ကပြန်ရောက်တာနဲ့ သောကအပူတွေ နည်းနည်းလျော့အောင်လို့ ဇွန် ၂၂၊ ၂၃ ပိတ်ရက်မှာ မြောက်ဥ◌ီးဆရာတော် တရားစခန်းဝင်တယ်။ နောက်အပတ် ဇွန် ၂၉၊ ၃၀ ဆူနမ်တို့ဆီ သွားလည်တယ်။ ထုံးစံအတိုင်း သောကြာနေ့ည ၆ ၁၅ ဘတ်စ်ကားစီးရင် ဗာဂျီးနီးယားကို ည ၁၁ နာရီလောက် ရောက်တယ်။ ဆူနမ်တို့ဆီကို မိနစ် ၄၀ လောက် ထပ်စီးရတယ်။ ဆူနမ်က ဝိုင်းကို စန်းစန်းကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိဘူး။ ဝိုင်းက ဘာမှသွားမေးမနေနဲ့ သွားမေးရင် သူငိုလိမ့်မယ် သူပြောချင်ရင် ပြောလိမ့်မယ်။ ဆူနမ်က သူသိပ်ချစ်တဲ့အဘိုး ဆုံးသွားတုန်းက သူအင်မတန်ခံစားရတဲ့ အကြောင်းတွေပြောပြတယ်။ ကိုယ်က မောင်မောင့်အကြောင်းပြောရင်းနဲ့ ဝမ်းနည်းပက်လက်ငို။ ‌‌ေ‌ြသာ် … မသေပါနဲ့လို့ တားဆီးလို့လည်းမရ သူ့အစားကိုယ်သေမယ်လို့လည်း သေပေးလို့မရ။ ချစ်ရတဲ့သူတယောက် ဆုံးရှုံးသွားရတာ အတော်ခံစားရတာပဲ။ တွေးမိတိုင်း ဝမ်းနည်းလို့မဆုံး ရင်ထဲနာကျင်ကြေကွဲ ခံစားရတုန်း။ ဇွန် ၂၉ စနေနေ့မနက် ရာမားက အိပ်ယာကမထသေးဘူး ဆူနမ်က စက်ဘီးစီးမလား လမ်းလျှောက်မလားမေးတယ်။ စက်ဘီးစီးမယ် အိမ်နားမှာ နှစ်ပတ်လောက် စီးကြည့်တယ် အိုကေတော့ စက်ဘီးထရေးလမ်းမှာ သွားစီးကြတယ်။ ငှက်ပျောသီးတလုံးစား ရေဘူးတဘူးယူ စက်ဘီးလေးမိုင်စီးမယ်ဆိုပြီး ထွက်သွားလိုက်တာ ၂၁ မိုင်စီးဖြစ်သွားတယ်။ ကိုယ့်စက်ဘီးထိုင်ခုံဖော့ကပါးတော့ တင်ပါးနာတယ်။ ဝိုင်းစက်ဘီးက ဘီးသေးတော့ ကိုယ်ကတခေါက်ပဲ နင်းရတဲ့အချိန်မှာ ဝိုင်းကနှစ်ခေါက် နင်းရတယ်။ လမ်းမှာကိုယ့်စက်ဘီး ချိန်းကျလို့ ဆူနမ်ကပြင်ပေးတယ်။ နားလိုက် နင်းလိုက်နဲ့ နင်းလာလိုက်တာ ဆူနမ်က မတတ်နိုင်တော့ဘူးဆိုပြီး နားကျန်ခဲ့တယ်။ ကိုယ်နဲ့ဝိုင်းက နောက်ထပ်လေးမိုင် ထပ်နင်းကြတယ်။ နေ့လည် ၁၂ နာရီ နေပူပြင်းတော့ ခေါင်းတွေကိုက်လာတယ်။ မီးပွိုင့်မှာရပ်စောင့်ရင်း မူးလာပြီး ယိုင်လဲတာ ဒူးပွန်းသွားတယ်။ မျဥ◌်းကျားကူးနေတဲ့ ဆူနမ်တို့က မမြင်လိုက်ဘူး။ ဒူးပွန်းတာလေးကိုတောင် ဒီလောက်နာကျင်တဲ့ ဝေဒနာခံစားရတာ အရှိန်ပြင်းနဲ့ဝင်ဆောင့်တဲ့ မောင်မောင်ဆို ဘယ်လောက်များခံစားရလိုက်မလဲလို့ တွေးမိပြီး မျက်ရည်ကျတယ်။ ကိုယ်ဆိုမောလွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး လက်နဲ့အမူအယာပြရတယ်။ Lotte ဆိုင်မှာ ရေဝင်ဝယ် အအေးသောက်ကြတယ်။ အအေးက တအားချိုတယ် မောနေလို့ သောက်လို့ကောင်းတယ်။ နေ့လည်စာစားပြီးတာနဲ့ ပင်ပန်းလို့ အိပ်ငိုက်လာတယ်။


အီစတာဂရမ်ဖိုတို ဆမ်‌ဆောင်းဖုန်းက ဓာတ်ပံပုံထွက် အင်မတန်လှတယ်
မျက်နှာကိုဖြူဝင်း အဖုအပိန့် အစက်အပေျာက်မရှိ ‌ချောမွေ့‌နေတယ်
ဂရိတ်‌ဖော ‌ မေရီလန်း၊ ဟိုဖက်က ဗာဂျီးနီးယား
‌ရေစီးအားကို အားတု‌လှော်ခတ်‌နေတဲ့ ကနူးလှေ
၄ မိုင်‌လောက်စီးမယ်ဆိုပြီး ငှက်‌ပျောသီးတလုံးစား ‌ရေတဗူးနဲ့ ထွက်သွားလိုက်တာ
၄ နာရီ ၂၁ မိုင် စီးဖြစ်သွားတယ်

ညနေစောင်းမှာ တနာရီလောက်ဝေးတဲ့ ဂရိတ်ဖောကို သွားလည်ကြတယ်။ ၂၀၁၃ တုန်းက ဆူနမ်တို့နဲ့ စတော်ဘယ်ရီခူးရင်း ရောက်ဖူးတယ်။ အဲ့ဒီတုန်းက သွားခဲ့တဲ့နေရာက မလှဘူး ခုရှာဖွေတွေ့ရှိထားတဲ့နေရာက ပိုလှတယ်တဲ့။ ဂရိတ်ဖောတခုလုံး မြင်ရတဲ့ရှူခင်း အင်မတန်လှတယ်။ အားပြင်းတဲ့ရေစီးကို အန်တုပြီး လှော်ခတ်နေတဲ့ ကနူးလှေလှော်သမားတွေကို ချီးကျူးမိတယ်။ ကနူးဓာတ်ပုံကို အဖေ့ကိုပို့လိုက်တော့ စိတ်ပူပြီး လှေမလှော်ဖို့ မကြီးကိုပြောခိုင်းတယ်။ စိတ်ချ အဲ့လိုစီးဖို့ သတ္တိမရှိဘူး။ ချစ်ရတဲ့သူတယောက် ဆုံးရှုံးထားပြီးပြီမို့ နောက်ထပ်တယောက် ဆုံးရှုံးမှာကို ကြောက်နေမိတယ်။ ဓာတ်ပုံရိုက်တော့ ရာမားဖုန်းက ဆမ်ဆောင်း ဆယ်ဖီရိုက်ရင် လက်ဝှေ့ရမ်းပြရတယ်။ ဆမ်ဆောင်းကင်မရာ အတော်ကောင်းတယ် ပြင်စရာမလိုဘူး ပြင်ထားပြီးသား။ မျက်နှာလေးကို ဖြူဝင်းချောမွေ့ချွှေးပေါက် အစက်ပြောက် ဝက်ခြံမရှိ။ ဓာတ်ပုံတွေလှလို့ ဓာတ်ပုံရိုက်မယ်ဆိုတာကြီးပဲ။ အီစတာဂရမ်ဖိုတာဆိုတာ အဲ့တာမျိုး အမလေး ဆမ်ဆောင်းဖုန်းတောင် လိုချင်သွားတယ်။ ဝိုင်းက ကျောက်ဆောင်တွေမှာ လမ်းလျှောက်ရင် တုန်နေတတ်တယ်။ ဝိုင်းက ငါးမိနစ်လောက် အချိန်ယူတာကို ကိုယ်ကဖတ်ကနဲဆို ဆင်းလိုက်လို့ ရာမားကတောင် ပြောနေတယ်။ မနက်က ပင်ပန်းထားလို့ ဟိုက်ကင်းမထွက်နိုင်တော့ဘူး။ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတာနဲ့ အိမ်ပြန်ခဲ့ကြတယ်။ နောက်နေ့စက်ဘီးစီးမယ်လို့ လေကျယ်တဲ့ကိုယ်က စက်ဘီးစီးဖို့မပြောနဲ့ တင်ပါးနာလို့ ကောင်းကောင်းတောင် မထိုင်နိုင်ဘူး။ တင်ပါးတခြမ်းနဲ့ ထိုင်ရတယ်။ နောက်တခါ စက်ဘီးစီးမယ်ဆိုရင် တင်ပါးမှာအထူပါတဲ့ အတွင်းခံဘောင်းဘီ၊ လက်နာလို့ လက်အိတ် ဝယ်ရမယ်။ တယောတီးသင်တန်းက အလွဲအမှားတွေအကြောင်းပြောရင်း ရယ်ရသေးတယ်။ နောက်နေ့မနက် အိမ်နားမှာလမ်းလျှောက် နေ့လည်ကျတော့ ပန်းခြံတခုကို သွားလည်ကြတယ်။ သာယာလှပတဲ့ပန်းခြံလေးပဲ ဆူနမ်တို့အိမ်အနီးအနားမှာ ပန်းခြံတွေမှ အများကြီး။ ကိုယ်သာဆိုရင် အပတ်တိုင်း ဟိုက်ကင်းထွက် ပန်းခြံတွေဆီ သွားလည်နေမှာ။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၁၂၊ ၂၀၁၉။

ဆမ်‌ဆောင်းဖုန်းမှာ အတော်စိမ်းတယ် အိုင်ဖုန်းမှာ အဲ့ဒီ‌လောက် မစိမ်းဘူး