Showing posts with label December. Show all posts
Showing posts with label December. Show all posts

15 June 2022

Dyker Heights သွားတောလား ...

ခရီးတွေ မသွားဖြစ်လို့ အားလပ်ရက်ခွင့်တွေ အများကြီး။ ကိုဗစ်ကြောင့် ‌ရှေ့နှစ်ကို ၁၀ ရက် သယ်ယူခွင့်ပေးထားတယ်။ ‌နိုဝင်ဘာကတည်းက တပတ်တရက် သောကြာနေ့တိုင်း ခွင့်ယူပြီး ခွင့်တွေရှင်းနေတာ။ ဒီဇင်ဘာကျမှ အားလပ်ရပ်ခွင့်တွေကို အပြတ်ရှင်းကြတော့ သူတို့နဲ့မတိုက်အောင် ဒီဇင်ဘာ ၁ ရက်နေ့ ဦးဂိုအင်ကာ တရားစခန်းမှာ လုပ်အားသွားပေးမယ်လို့  စီစဥ်ထားတာ application ကို accept မလုပ်။ အိမ်မပြန်တာ ၃ နှစ်ရှိပြီးဆိုပြီး ၃ ပတ်ခွင့်ယူသွားတဲ့ အိန္ဒိယသူလေးက တလနီးပါးယူသွားတော့ ခွင့်ယူလို့မရပြန်ဘူး။ ကိုယ်တို့နှစ်ယောက်မရှိရင် လေဆိပ်ဝက်ဆိုဒ်တွေကို ပြင်ပေးမဲ့သူမရှိတော့ နှစ်ယောက်တပြိုင်တည်း ခွင့်ယူလို့မရဘူး။ အသိအမမိသားစု နယူးယောက်ကို လာလည်တော့ ၄ ရက်ခွင့်ယူပြီး လိုက်ပို့ဖြစ်တယ်။ ၃ ရက်နဲ့ အတော်အနှံ့ လိုက်ပို့ဖြစ်တယ်။ သူတို့မိသားစုကလည်း အတော်လမ်းလျှောက်နိုင်တယ်။ ကိုယ်တိုးဂိုက်လုပ်ဖူးသမျှ မိသားစုထဲမှာ လမ်းအလျှောက်နိုင်ဆုံးပဲ။ ၂၀၂၁ ဒီဇင်ဘာ ၂၄ သောကြာနေ့ကတော့ အမတို့မိသားစုကို သူ့သူငယ်ချင်းက လိုက်ပို့ပေးတော့ ကိုယ်က မကြီးသူငယ်ချင်း ညီမလေးတယောက်ကို ဘရွှတ်ကလင်းက နာမည်ကျော် ဒိုက်ကာဟိုက်ရပ်ကွက်က မီးထွန်းတာတွေ လိုက်ပို့ဖြစ်တယ်။ ဒိုက်ကာဟိုက်ကို အိမ်ကနေ တနာရီခွဲလောက် ရထားစီးရပြီး ဘူတာကနေ မိနစ် ၂၀ လောက် လမ်းလျှောက်ရတယ်။ မက်ဟက်တန်ကနေ တိုးရှိတယ် တယောက် ၄၅ ကျပ်ပေးရတယ်။ ဒိုက်ကာဟိုက်က သူဌေးရပ်ကွက် မီး‌တွေထွန်းတာ အရမ်းလှတယ်။ လျှပ်စစ်ဘေလ်တွေကို အတော်ကုန်မှာ။ ဒိုက်ကာဟိုက်ကို ပထမဆုံးရောက်ဖူးတာက ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့။ လမ်းလျှောက်အဖွဲ့ကလူတွေက လမ်းလျှောက်တာ အရမ်းမြန်တော့ ဓာတ်ပုံရိုက်ချိန်မရှိဘူး။ ဝိုင်းနဲ့ပြန်လာပြီး ကင်မရာကြီးနဲ့ ဓာတ်ပုံရိုက်တော့လည်း  ကိုယ်ကလည်း manual နဲ့မရိုက်တတ်။ အော်တိုမုတ်နဲ့ပဲရိုက်တတ်၊ ထရိုင်ပေါ့လည်းမရှိတော့ မီးရောင်စုံနဲ့ ဓာတ်ပုံတပုံမှကို မရှိဘူး။ ခုအိုင်ဖုန်းအသစ်နဲ့မှပဲ ဓာတ်ပုံ‌တွေရတော့တယ်။ 

အသိအမတို့ လစ်ဘာတီကို သွားနေတုန်း ကိုဗစ်ူစတာ ပြေးထိုးလိုက်သေးတယ်။ သတ်မှတ်ထားတဲ့ ဆေးရုံမှာထိုးရင် ၁၀၀ ပေးမယ်ဆိုလို့ သွားထိုးတယ်။ အသိအမမိသားစုကို လေးရက်လိုက်ပို့တုန်းက မနက် ၇ နာရီခွဲ အိမ်ကနေထွက်လိုက်တာ အိမ်ကို ည ၁၁ နာရီမှ ပြန်ရောက်တာဆို‌တော့ လည်ပင်းနာနေတာ အအေးမိတာလားပေါ့။ ဝိုင်းက သူ့ရုံးကလူတွေ ကိုဗစ်ဖြစ်ကြတာ အဲ့လိုလက္ခဏာပဲ နင်ကိုဗစ်ဖြစ်နေတာ ကိုဗစ်စစ်ကြည့်ဦးဆိုမှပဲ ဘူတာရုံနားမှာ သွားစစ်တယ်။ ၅ ရက်ကြာတဲ့အထိ အဖြေမရဘူး။ အင်း ... ကိုဗစ်ဖြစ်တယ်ဆိုရင်ပဲ ကိုဗစ်ပျောက်တဲ့အချိန်ကျမှ ကိုဗစ်စစ်တဲ့အဖြေ ရမလားမသိဘူး။ ကိုဗစ်ဖြစ်တယ်လို့ သဘောထားပြီး ကွာရန်တင်းတယ်။ အပတ်တိုင်း ဝယ်စားတဲ့ဟင်းတွေကို ၅၀ ကျော်ဖိုးဝယ်ပြီး အိမ်ကိုလာပို့ခိုင်းတယ်။ ဗီတာမင်စီ၊ ဒီ အားဆေးအစုံသောက်တယ်။ ဆန္ဒပြပွဲမှာသိတဲ့အမက အလုပ်ရတဲ့အထိမ်းအမှတ်ကျွှေးလို့ သွားစားတယ်။ အပြန်မှာ ကိုဗစ် antigen test နဲ့ PCR test စစ်တယ်။ antigen test က မိနစ် ၂၀ နဲ့ အဖြေရတယ် နက်ဂစ်တစ်။ ပီစီအာက ၃ ရက်နေမှ အဖြေရတယ် ပေါ့စစ်တစ်။ ရုံးကိုပြောပြီး အိမ်ကနေအလုပ်လုပ် ရုံးက test kit ပို့ပေးတယ်။ နေ့လည်စာအတူစားခဲ့တဲ့သူနှစ်ယောက်က နှစ်ခါစစ်တာ နှစ်ခေါက်စလုံး နက်ကစ်တစ်။ ကြည့်ရတာ PCR test မှာ ပေါ့စ်စစ်တစ်ဆိုပေမဲ့ ပိုးကောင်နည်း သူများကိုမကူးတော့တဲ့ အခြေအနေ နေနော။ ဖြစ်ခါစ ငါးရက်အတွင်းမှာ သူများကိုကူးနိုင်တယ်။ ဘူစတာထိုးထားတာကြောင့် သိပ်မခံရတာနေမှာ။ ခရစ်စမတ်ပါတီမှာ လူတွေကအများကြီး အဲ့ဒီမှာကူးတာနေမှာ။ ကိုဗစ်ဖြစ်ပြီးတော့မှ အရင်ကထက် သတိမေ့လာတယ်၊ ပြောနေရင်းနဲ့ကို စောစောက ငါဘာပြောတာပါလိမ့်လို့ ပြန်မေးရတဲ့အဖြစ်။ ကိုယ့်ကိုကိုယ်ပါ မေ့သွားမှဒုက္ခ။ ဝိုင်းအမနဲ့ အဖေလည်း ကိုဗစ်ဖြစ်ပြီးမှ ပိုမေ့လို့တဲ့။ ကိုယ်တယောက်တည်း မဟုတ်ဘူး ပျော်စရာကြီးဟေ့ ။ အရင်ကလောက် ခံနိုင်ရည်မရှိဘူး၊ ပန်းနံ့မွှေးရင် နှာချီနေတာ့တာပဲ။ ခုဆို မတ်စ်တောင် သိပ်မတပ်ကြတော့ဘူး။ ကိုယ်ကတော့ ကိုယ်ခံအားချထားရသူမို့ မတ်စ်တပ် လက်ဆေး သတိထားနေတုန်း။ သတိဆိုတာ ပိုတယ်မရှိ။


စန်းထွန်း

ဇွန် ၁၅၊ ၂၀၂၂။