Fresno, California
July 16-18, 2026.
၂၀၁၈ Fresno ကျောင်းဝယ်တုန်းက တထောင်လှူဖူးတယ်။ ပုံမှန်ဆို ၁၀၀ ပဲလှူတာ အဲ့တုန်းက သဒ္ဓါတရားပေါက်ပြီး လှူဖူးတယ်။ ပထမဆုံးတရားစခန်း Yosemite ကိုသွားတဲ့ဓာတ်ပုံတွေမြင်တော့ အဲ့ကျောင်းမှာ တရားစခန်းဝင်ချင်စိတ် ဖြစ်ဖူးတယ်။ ၈ နှစ်အကြာမှာ ညီမလေးအိဝေခေါ်လို့ တရားစခန်းဝင်ဖို့ ဖြစ်လာတယ်။ တပတ်လုံးဝင်ချင်တာ ဂျူလှိုင် ၁၉ ကမ္ဘာဖလားပွဲမပြီးခင် ဘယ်သူမှခွင့်မယူရဘူးလို့ ရုံးကပြောထားတယ်။ မန်နေဂျာက တပတ်လုံးတော့ မပေးနိုင်ဘူး ၂ ရက်ပဲရမယ်။ ဂျူလှိုင် ၁၉ ပြီးရင် ကြိုက်သလောက်ခွင့်ယူလို့ပြော အန်တီစန်းစန်းကလဲ ခွင့်ပြုလို့ ၂ ရက်တရားစခန်းဝင်ဖို့ ဖြစ်လာပါတယ်။ July 15 LaGuardia လေဆိပ် (LGA) ည ၅ နာရီ လေယာဥ်က ကောင်းကင်ပေါ်တက်ဖို့ taxi တနာရီလောက် စောင့်လိုက်ရတော့ Dallas မှာ connecting flight တနာရီပဲ ကျန်တော့လို့ စိတ်ပူနေတာ နာရီဝက်ပဲ အချိန်ကျန်တော့တဲ့ ခရီးသည်နှစ်ယောက်ကို အရင်ပေးထွက်ပါလို့ ကြေငြာမှပဲ ကိုယ့်ထက်အခြေအနေဆိုးသူရှိမှန်း သိလိုက်ရတယ်။ Fresno သွားမယ့်လေယာဥ်ပေါ်မှာ LGA ကနေ လေယာဥ်အတူတူ စီးလာတဲ့ကောင်မလေးတယောက်ကို တွေ့တယ်။ ည ၁၁ နာရီ ၄၅ ရောက် တက္ကစီး ကျောင်းရောက်တော့ ည ၁၂ နာရီခွဲ နေပြီ။ မနက် ၄ နာရီထ တရားထိုင် အိပ်ရေးမဝ၊ နယူးယောက်နဲ့ ကယ်လီဖိုးနီးယား အချိန် ၃ နာရီကွာတော့ အိပ်ချိန်တွေ ကမောက်ကမဖြစ်။ ဆရာတော်ရှေ့တည့်တည့် ဒုတိယတန်းမှာ နေရာရတော့ အိပ်ငိုက်မယ်ဖြစ်တိုင်း ဆရာတော်က စိတ်ကိုထိန်းထား မငိုက်စေနဲ့လို့ သတိပေးနေတော့ အိပ်မငိုက်လိုက်ရဘူး။ တရားစခန်းက ၁၇ ရက်နေ့ မနက်ပြီးချိန်ကနေ ၁၈ ရက်နေ့ ည ၁၀ နာရီအထိ ဝေယျာဝစ္စာတွေ လုပ်ကြတယ်။ ဓမ္မာရုံ၊ ဆွမ်းစားဆောင်ကြမ်းတိုက်၊ အိမ်သာတွေဆေး၊ သိမ်ထဲက ဘုရားတွေ ရောင်တော်ဖွင့်၊ ယောဂီတွေ ချန်ခဲ့တဲ့ စောင်၊ ခေါင်းအုံးစွပ်တွေကို laundry မှာ သွားလျှော်၊ အမှိုက်အိပ်တွေပစ်။ Yosemite က ပြန်လာတော့လဲ သန့်ရှင်းရေးတွေထပ်လုပ်။ နောက်ဆုံးပိတ် သိမ်အဆောင်ကြီးကို သော့ခတ်ပြီး ပိတ်လိုက်ရတာတော့ အမှတ်တရပါပဲ။ ဆရာတော်ကြီးကိုသာ ကြောက်တာ ကျန်တဲ့ဘုန်းကြီးတွေက ကိုယ့်နဲ့သက်တူရွယ်တူတွေတော့ သိပ်မကြောက်ဘူး။ ကုသိုလ်တွေ အများကြီးရတဲ့ နေ့တွေပါပဲ။





No comments:
Post a Comment