ပန်းလက်ေဆာင်...

ရူပါက ချူချာ၊ ကိုယ့်ကို ကြိ ုက်ချင်သလိုလို ရှိတဲ့သူကိုတောင် သူများနောက်ကို ပါသွားအောင် စွမ်းဆောင်နိုင်တဲ့ စန်းထွန်းတယောက် ပန်းစည်းလက်ဆောင် ပေးမဲ့သူက မရှိ။ ပန်းစည်းလှလှလေးတွေ မြင်တိုင်း မျက်လုံးက အရောင်တလက်လက် မျက်နှာက တပြံ ုးပြံ ုးနဲ့ မစားရ ဝမခန်း ငမ်းတတ်လေရဲ ့။ NUSမှာ ဘွဲ့ယူတဲ့နေ့က မကြီးပေးတဲ့ ဂုဏ်ပြ  ုပန်းစည်းကလွဲရင် ဘာပန်းစည်းမှ မရစဘူး။ ချစ်သူများနေ့မှာ မကြီးရတဲ့ ချောကလက်ကို ကပ်ယက်စားရတဲ့ ဘဝ။ ပန်းစည်းလေး တကိုင်ကိုင် ကောင်မလေးတွေ မြင်ရတိုင်း အားကျမိသကိုး။

ကိုယ့်ဘာသာဝယ်ပြီ း ကိုင်သွားရင် ဘယ်သူသိတာ မှတ်လို့နော့။ စင်္ကာပူမှာလည်း ပန်းတွေက ဈေးကြီးမှကြီး။ ချစ်သူများနေ့ဆို ပန်းတွေက ဈေးခေါင်ခိုက်နေတာ။ ဘုရားပန်းတင်တဲ့ပန်းတောင် ခါတော်မီ ဈေးတက်လိုက်သေး။ သူများပေးတာသာ လိုချင်တာ ကိုယ်ဘာသာ ဝယ်ဆိုတော့ အင်တင်တင်ရယ်။ ပန်းစည်းအစား ပန်းအိုးဝယ်ပြီး စိုက်တာကမှ ပန်းလေးတွေ ဖူးပွင့်လာတာ ကြည့်ပြီး ပိုစိတ်ဝင်စားဖို့ကောင်းတာ။ အဲဒါဆို ပန်းစည်းအစား ပန်းအိုးဝယ်ပြီး လက်ဆောင်ပေးရင်လည်း ...ဒန်...တန်..တန်။

HyBee မှာ ဈေးဝယ်ကြရင်း ဆူနမ်၊ ရာမား၊ မိုင်းတို့တွေ ပိုက်ဆံရှင်းနေတုန်း စန်းထွန်းတယောက် ပန်းဆိုင်နားမှာ ထုံးစံအတိုင်း ငမ်းနေတုန်း

မိုင်း။ ။ စန်းစန်း ငါ့ကို ပန်းဝယ်ပေးမလို့ ကြည့်နေတာလား။

စန်းစန်း။ ။ အင်း။ ဒါပေမဲ့ ဒီကပန်းတော့ မဟုတ်ဘူး။ ဟင်းရွက်တန်းက ဂေါ်ဖီပန်း။

မိုင်း။ ။ ဟမ်...။

စန်းစန်း။ ။ ဟုတ်တယ်လေ။ ပန်းက ဘာလုပ်လို့ ရမှာလဲ။  ဂေါ်ဖီပန်းဆို ပြ ုတ်ပြီး သုတ်စားစား၊ ကြည်ဥ (ဘဲဥက ဈေးကြီးသောကြောင့် မတတ်နိုင်) နဲ့ ကြော်စားစား ကောင်းမှကောင်း။ ဘိုတွေဆို ပန်းဂေါ်ဖီအစိမ်းကို  mayonnaise နဲ့ တီးကြတာ။ ပန်းလက်ဆောင်လည်းရ ကြော်စားလို့လည်းရ။ တချက်ခုတ် နှစ်ချက်ပြတ်။ ဘယ်လောက်ကောင်းတဲ့ အိုင်ဒီယာလည်း..။

မိုင်း။ ။ တော်ပြီ။ နိုး ...Thanks...။


HyBee ရှေ ့ ပန်းတွေနဲ့အတူ အလှစိုက်ထားတဲ့ ငရုတ်ပန်းလေးတွေ တွေ့တော့

မိုင်း။ ။ စန်းစန်း နင့်ကို အဲဒီငရုတ်ပန်းကို အိုးထဲ ထည့်စိုက်ပြီး လက်ဆောင်ပေးမယ်။ စားခါနီးဆို ပန်းအိုးထဲက ငရုတ်သီးကို ခူးပြီး စားရုံပဲ။ ပန်းလက်ဆောင်လည်းရ စားလို့လည်းရ။ တချက်ခုတ် နှစ်ချက်ပြတ်။ ဘယ်လောက်ကောင်းတဲ့ အိုင်ဒီယာလည်း..။

စန်းစန်း။ ။ တော်ပြီ။ နိုး...Thanks...။

စန်းထွန်း တွယ်တာကို မိုင်းက ဒီလို  ပြန်နှက်ပါတယ်။ ပါးစပ်ကသာ ဂေါ်ဖီပန်းစည်းလို့ ပြောပေမဲ့ တကယ်တော့ အကောင်အထည် မဖေါ်ဖြစ်ခဲ့။ တကယ် အကောင်အထည်ဖေါ်သွားတာကတော့ တရုတ်ပြည် ကွမ်ကျိုးက yanzi ။  ရေဆင်းစိုက်ပျိုးတက္ကသိုလ်က  သူငယ်ချင်းဘွဲ့ယူတဲ့နေ့မှာ ဒီလို တမူထူးခြားတဲ့ ဂုဏ်ပြ ုပန်းစည်းလက်ဆောင် ပေးခဲ့ကြသတဲ့။ ရှုစားကြကုန်လော့...



မဒိုးကန် မွေးနေ့မှာ ကိုရင်ပေးတဲ့ မွေးနေ့ကိတ်ကို မြင်တော့ မဒိုးကန်က ကျီစားကာ ကိုရင့်ကို ကိတ်မုန့်လှီးတဲ့ ဓားကြီးနဲ့ လိုက်ခုတ်သတဲ့။



ကိုရင်သာပျော့ ခုတ်လည်း ခုတ်ချင်စရာပဲဗျ   း) ။

ဂေါ်ဖီပန်းစည်းလက်ဆောင် သွားပေးလို့ ကျီစားကာ ပန်းစည်းနဲ့ ပေါက်ရင်တော့ တူများနဲ့ မဆိုင်ရေးချ မဆိုင်ပါ ခင်ည... း)  းD  းP ။

စန်းထွန်း
စက်တင်ဘာ ၃၀၊ ၂၀၁၁။






ပါးပါးေလးပါ....


 
 
 
 
 


ဖေ့ဘွတ်မှာ ရှယ်ကြရင်း နှစ်ခြိ ုက်မိတာလေးကို ဘလော့ကနေ ပြန်ရှယ်လိုက်ပါတယ်။
မြန်မာပြည်မှာလက်ရှိဖြစ်နေတဲ့ အကြောင်းလေးတွေပါ..
လာ အတူတူ ဟားလိုက်ရအောင်... းD

စန်းထွန်း
စက်တင်ဘာ ၂၅၊ ၂၀၁၁။

ရင်ဘတ်ထဲက ြမစ်တစင်း...

Photo Credit to : Gallery 65
ပိုလို့ ရောင်းမှာ.." ဝါး...ဟား...ဟား...ရယ်ရတယ်ဗျို့...ဗြဲ...ဟဲ...ဟဲ..။ သူ့ထက် ရယ်(ရီ)ရတာတောင် သူ့လောက် မရယ်(ရီ) ရဘူး..ဖူးးးးးးးးးးးး..။
 လိမ်နေသည်..ညာနေသည်...။

ဟိုင်းကြီးမှာတော့ ည၆နာရီကျော်ဆိုရင် မီးတွေ ထိန်ထိန်လင်းလို့။ လင်းမှာပေါ့ အိမ်တိုင်း မီးစက်မောင်းကြတာကိုး။ တိုက်နယ်ဆေးရုံမှာ ဓာတ်မှန်ရိုက်မယ်ဆိုရင်လည်း ကိုယ်ထူကိုယ်ထ မီးစက်ကြီး မောင်းလို့။ ဓာတ်ဆီကလည်း ကိုယ်ထူကိုယ်ထပါပဲ။ တို့ရွှေပြည်ကြီးမှာ ကိုယ်ထူမှ
ကိုယ်ထရသကိုး။ ရွှေမြိ ု့တော် ရန်ကုန်မှာတော့ ၂၄နာရီ မီးလာတဲ့နေ့ဆိုတာ ရှားမှရှား။ "ဟေး... မီးလာပြီ.."လို့ ဝမ်းသာအားရ အော်လိုက်တဲ့ အသံ၊ "ဟာ..မီးပြတ်သွားပြန်ပြီ" လို့ စိတ်ပျက်လက်ပျက် ရေရွတ်သံ၊ အလှည့်နဲ့ ပေးတဲ့ မီးလာမဲ့ အချိန်ကို မှတ်သားပြီး ရေတင်၊ ဘတ်ထရီအားသွင်း၊ မီးပူတိုက်၊ မည်းမည်းမှောင်နေတဲ့ ညတွေ၊ မီးကမလာ ပန်ကာဖွင့်လို့မရ ရိုးရာမပျက် ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ကာ ပူလောင်အိုက်စပ်တာတွေကို အံတုရင်း မြိ ု့ပြရဲ့ ရစ်သမ်ထဲ အလိုက်သင့် စီးမျောရင်း။ ဖျပ်ခနဲ မီးပျက်သွားချိန်မှာ ဖယောင်းတိုင်၊ မီးခြစ်၊ ဓာတ်မီးထားတဲ့နေရာကို မထိမခိုက် ရောက်အောင် သွားနိုင်တာ အရည်အချင်းတခု။ မောင်မောင်ဆို မှောင်မှောင်မည်းမည်းထဲမှာ အင်ဗာတာကို ရအောင်ဖွင့်နိုင်လေရဲ့။ "ပိုလို့ ရောင်းမှာ.." တဲ့။ ပိုလျှံနေတာတွေက ဘယ်မှာပါလိမ့်...။

ငယ်ငယ်က မြန်မာ့သမိုင်းမှာ သင်ရတဲ့ ရေနံမြေအလုပ်သမားသပိတ်အကြောင်းကို သတိရမိပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ ဂုပ်သွေးစုပ်မှုကြောင့် ရေနံမြေအလုပ်သမားများမှာ ရေနံထုတ်နေသော်လည်း သားသမီးများမှာ စာကျက်ရန် ရေနံဆီမရှိ။ "ဖောင်စီးရင်း ရေငတ်နေ"တဲ့ ဘဝတဲ့။ နိုင်ငံခြားကို တင်ပို့ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့တွေကို မြင်ရတော့ တွေးမိတာက ဖောင်စီးရင်း ရေများ ငတ်နေသလားလို့။ အဲ သတင်းစာကိုတော့ ယောင်လို့မှ သွားမကိုင်လေနဲ့နော်။ ဓာတ်လိုက်လိမ့်မယ်... း)



သံလွှင်မြစ်လို တခြားနိုင်ငံတွေကို ဖြတ်သန်းစီးဆင်းနေတာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းသာ စီးဆင်းနေတဲ့ မြန်မာတို့ ဂုဏ်ယူရတဲ့ ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်လာတဲ့ မြစ်ဆုံကို ရောက်ဖူးချင်တာ ကြာပေါ့။ မွန်ပြည်နယ်မှာ ကျိုက်ထီးရိုး၊ ကရင်ပြည်နယ်မှာ ဇွဲကပင်တောင်၊ ချင်းပြည်နယ်မှာတော့ ရိဒ်ရေကန်၊ ရှမ်းပြည်နယ်မှာတော့ အင်းလေးကန်က ပြည်နယ်ရဲ့ အမှတ်အသားတွေ ဖြစ်သလို ကချင်ပြည်နယ်ဆိုတာနဲ့ မေခနဲ့ မလိခမြစ်ပေါင်းဆုံပြီး ဧရာဝတီမြစ်စတင်ဖြစ်ပေါ်ရာ မြစ်ဆုံလို့ အမှတ်ရမှာပါ။ သဘာဝကြီးရဲ့ လက်ဆောင်ကို တန်ဖိုးမထားဘဲ ရောင်းစား။ ရတဲ့ပိုက်ဆံနဲ့ နောက်ထပ်မြစ်ဆုံတခု ဖန်တီးလို့ ရပါသလား...။

သဲနှုန်းတွေ ပို့ချလွန်းလို့ သဲသောင်တွေ ကျယ်ပြန့်လာတာ၊ ရေစူးတိမ်လို့ သင်္ဘောတွေ ဝင်မရလို့ ရေတက်ချိန်တွေကို စောင့်နေရတာ၊ ချင်းတွင်းမြစ်မှာ ရေစူးတိမ်ကာ သဘောၤတွေ ဆန်တက်လို့ မရဘဲ နီးစပ်ရာ မြိ ု့တွေမှာ ဆိုက်ကပ်ကာ ကုန်းကြောင်းကနေ သယ်ယူရလို့ ကုန်ပစ္စည်းတွေ ဈေးတက်၊ မိုးနည်းနည်းများရင်ဖြင့် ဆည်ရေတွေ ဖောက်ချလို့ ရေကြီး။ ဖျားနာနေတဲ့ သူမကို မကုစားဘဲ လည်ပင်းကို ပိတ်ကာ အသက်ရှုရပ်အောင် ကြံစည်တာတော့ ရက်စက်လွန်းပါတယ်။ ဒီအကြံညဏ်ပေးတဲ့သူကို  ရွှေညဏ်တော် စူးရှဦးဟဲ့လို ့ ဆိုပြီး  တုတ်သေးသေးလေးနဲ့ ခပ်စပ်စပ်လေး ရိုက်ထည့်လိုက်ချင်တယ်။



ဧရာဝတီကို သတ်ပြီးမှ တတိုင်းပြည်လုံး မီးထိန်ထိန်လင်းမယ်၊ တိုင်းပြည်တိုးတက်မယ်ဆိုရင်တော့ မှောင်မှောင်မည်းမည်းမှာ နေပါ့မယ်။ တို့တွေက မီးမှောင်မှောင်မှာ နေရတာ အကျင့်ဖြစ်နေပါပြီ။ ဘာဆိုဘာမှ မထွက်၊ ရေတောင် မလေးရှားကနေ ဝယ်သုံးရတဲ့ စင်္ကာပူတိုးတက်နေတာ ရေအားလျှပ်စစ်စီမံကိန်း၊ သဘာဝသယံဇာတတွေ ရှိလို့ မဟုတ်ပါဘူး။ ပညာရေး၊ကျန်းမာရေး၊အုပ်ချုပ်ရေးကို နှစ်၃၀ လောက် အချိန်ယူပြီး တန်ဖိုးရှိတဲ့ လူ့အရင်းအမြစ်နဲ့ တည်ဆောက်ခဲ့တာပါ။ သဘာဝသယံဇာတတွေက တချိန်ချိန်မှာ ကုန်ခမ်းသွားမှာလေ။
မြစ်ဆုံဆည်စီမံကိန်းကြောင့် တိုင်းပြည် ပိုထူးပြီး ပိုတိုးတက်လာမယ်လို့လည်း မထင်မိပါဘူး။

ပြည်သူတွေ ဒီလောက်ကန့်ကွက်နေတာကို မျက်ကွယ်ပြ ုပြီး "ဘာဖြစ်ဖြစ် ဆက်လုပ်မယ်.."ဆိုလာတော့ ပြည်သူတွေ ရွေးကောက်ထားတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေတဲ့ အစိုးရဆိုတာ ယုန်ကလေးနဲ့ ယုန်ပါတယ် ခင်ည။"တရုတ်အကျိုးစီးပွားရေး တို့ရှေ းရှု" ၊ "တရုတ်သည်သာ အမိ၊ တရုတ်သည်သာ အဖ" လို့ ရဲရဲကြီး ကြွေးကြော်လိုက်စမ်းပါ။



နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့တွေ များလာရင်တော့ ဆီဖြစ်နိုင်တာမို့ စန်းထွန်းလည်း နှမ်းစေ့တစေ့အဖြစ် ပါဝင်ပါရစေ။ မှားနေတာကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြီး တို့တွေရဲ့ ရင်ဘတ်ထဲက မြစ်တစင်းကို အတူတူ ကာကွယ်ကြရအောင်လား....။

 ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းအား အကြွင်းမဲ့ ကန့်ကွက်ပါသည်။

စန်းထွန်း
စက်တင်ဘာ ၂၃၊ ၂၀၁၁။

အိုဘယ့် ဘလော့ဂါ...


ဂျက် တဂ်ထားသည်ကို  မအားဟု ဆိုကာ ကွျှနု်ပ် ပတ်ပြေးသည်မှာ ကြာလှပြီ ဖြစ်သည်။ အမှန်ကား မရည်ရွယ်ဘဲ ဘလော့ဂါဖြစ်လာသော ကွျှနု်ပ်သည် ဘလော့ဂါဆိုသည့် အဓိပ္ပာယ်ကို ဝါးတားတားသာ သိသည်။ ရေရေရာရာကား မသိ။ မိစံ တဂ်လာသောအခါ၌ကား ပတ်ပြေးနေ၍ကား မဖြစ်၊ ဖြစ်ညှစ်ကာ ရေးမည်ဟု ကြံ၏။

ဘလော့ဂါဆိုသောသူများသည် လူသားစင်စစ်ဧကန် ဖြစ်ပေ၏ဟု ညိမ်းနိုင်မှ ဆို၏။ မှန်ပေ၏။ အနှီလူသားများသာလျှင် ကွန်ပျူတာတဂျောင်းဂျောင်း လက်အညောင်းခံရိုက်ကာ ပို့စ်များကို တင်ပေသည်။
ဂျီးတော်ရှိရုံမှဖြင့် ဖွတ်ကလိဒင်္ဂါး တပြားမှ မပေးရကာ အိမ်သာနက်ထဲတွင် အိမ်တလုံးပိုင်ဆိုင်နိုင်သောခေတ်တွင် လူတိုင်းအိမ်ပိုင်ကာ ဘလော့ဂါဖြစ်ခွင့်ရှိ၏။ သို့သော်...

မထူးဆန်းသော လမ်းဘေးမှ ပန်းခရမ်းပြာကို ဘလော့ပေါ်တွင် တင်မည်ဟု အားခဲကာ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်သဖြင့် လူအများက အထူးအဆန်းကြည့်ခြင်း၊ ဟင်းချက်ပြီး၍ ကင်အရာတလုံးဖြင့် အလုပ်များကာ ဓာတ်ပုံရိုက်ခြင်းကိစ္စ မပြီးသေးသမျှ မထိရဟု ရာဇသံပေးသဖြင့် အိမ်သားများက အမြင်မကြည်ခြင်း၊ ပို့စ်မပြီးမချင်း ထိုင်ရာမှမထ အပြီးရေးမည်ဟု ဇွဲနပန်းခတ်သဖြင့် ဓာတ်ချုပ်ခြင်း၊ ဘလော့ဂင်းသဖြင့် အိပ်ရေးမဝခြင်း၊ ဖွတ်ကလိဒင်္ဂါး မရသော်ငြား ကွန့်မန့်များ၊ ခြေရာမချန်ခဲ့သူများကြောင့် ကျေနပ်တတ်ခြင်း၊ အတွင်းရေးများကို ဖွတတ်ခြင်းကြောင့် သူငယ်ချင်းအပေါင်းမှ မေတ္တာအတုံးလိုက် အပို့ခံရခြင်း၊ ရွှေပြည်ကြီးတွင် နေထိုင်ကြကုန်သော ဘလော့ဂီ၊ ဘလော့ဂါများကား ကွန်နက်ရှင်း ကောင်းမည့်အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနိုင်သော ခန္တီပါရမီ ရှိရခြင်း၊ ဘမ်းထားသည်များကို ကျော်နိုင်ခွနိုင်ခြင်း။ အနှီမည်သော အရည်အချင်းများကို ပိုင်ဆိုင်က ဘလော့ဂါ ဖြစ်ထိုက်၏။

စန်းထွန်း
စက်တင်ဘာ ၂၂၊ ၂၀၁၁။

အလွဲများ (၃)...

စတိတ်ရဲ့မြိ ု့ကြီးတွေမှာသာ ဘတ်စ်ကား၊ မီးရထားရှိပြီး တနေရာနဲ့ တနေရာ ဝေးတော့ ကားမှ မမောင်းတတ်ရင် လမ်းလျှောက်လို့လဲမရ။ ကျောင်းမပြီးခင် လိုင်စင်ရအောင် ကြိ ုးစားရပါတယ်။ ပထမဆုံး သင်မောင်းလိုင်စင် အရင်ဖြေရပါတယ်။ အိုင်အိုဝါမှာတော့ ကွန်ပျူတာနဲ့ ဖြေရပြီး အင်ဒီးယာနား ဖို့ဝိန်းမှာတော့ စာရွက်ပေါ်မှာ ဖြေရပါတယ်။ အိုင်အိုဝါမှာ သင်မောင်းလိုင်စင်ရပြီးတာနဲ့ လိုင်စင်ဖြေလို့ရပေမဲ့ အင်ဒီးယာနားမှာတော့ ၆လကြာမှာ လိုင်စင်ဖြေလို့ ရပါတယ်။ ပြည်နယ်ရဲ့ ဥပဒေပေါ် မူတည်ပါတယ်။ စတိတ်မှာ ကားမောင်းလိုင်စင်ကလည်း အရေးကြီးတာမို့ စန်းထွန်းတယောက် ခြေထောက်ကို ဘီးတတ်နိုင်အောင် ကြိ ုးစားနေပါတယ်။

လိုင်စင်ရပြီး ကျောင်းကနေ မကြာခင် ထွက်ခွာကြတော့မဲ့ ဆူနမ်တို့ဆီကနေ အတင်းလည်ပင်းညှစ် ဈေးလျော့ခိုင်းပြီး ဟွန်းကလွဲရင် ကျန်တာအကုန်မြည်တဲ့ ဖွတ်ချက် ဖွတ်ချက်ကားလေးတစီး ဝယ်ထားရပါတယ်။ ဆူနမ်တို့ကတော့ "ကားက အပြင်ပန်းသာ မကောင်းတာ စက်က အတော်ကောင်းတယ်" ဆိုပြီး ဈေးသည်အိုက်တင်နဲ့ ပြောလေ့ရှိပါတယ်။ နိုဝင်ဘာလလယ်လောက်ဆိုရင် နှင်းထုက ၈လက်မလောက်ရှိမှာမို့ ကားမောင်းကျင့်ဖို့ မလွယ်တော့ပါဘူး။ ဒီတော့လည်း " နိုဝင်ဘာလလယ် နှင်းမကျမှီ လိုင်စင်ရရေး ဒို့အရေး..." လို့ ကြွေးကြော်ရင်း နေ့တိုင်း အားရင်အားသလို ကားမောင်းသင်နေရပါတယ်။ ဆရာကတော့ ဆူနမ်ပေါ့။

ကားကို ကွျှမ်းကျင်စွာ မောင်းတတ်ဖို့လိုသလို လမ်းမှာရှိတဲ့ ဆိုင်းဘုတ်တွေ ညွှန်တဲ့အတိုင်း အတိအကျလိုက်နာဖို့လည်း လိုအပ်ပါတယ်။ ကားမောင်းတော့မယ်ဆိုရင် ပြည်နယ်ဥပဒေနဲ့ လမ်းအညွှန်းဆိုင်းဘုတ်တွေ သိဖို့ လိုအပ်ပါတယ်။

အနီရောင်၊ လိမ္မော်ရောင်က သတိပေးဆိုင်ဘုတ်၊ အဝါရောင်က ရှေ့ကလမ်းအခြေအနေကို သတင်းပေးတာ၊ အပြာရောင်က ရှေ့မှာ ဓာတ်ဆီဆိုင်၊အစားအစာရှိတယ်ဆိုတာ သတိပေးတာ၊ အစိမ်းရောင်ကတော့ ဘယ်မြိ ု့ မိုင်ဘယ်လောက်။

ပုံ ၉ - လမ်းဆုံလမ်းခွတွေမှာ STOP ဆိုင်းတွေ့ရင် ကားကို လုံးဝရပ်။ အရင်ရောက်တဲ့သူ အရင်ထွက်။

ပုံ ၂ - ကတော့ ဟိုင်းဝေးလမ်းမကြီး။

ပုံ ၄ -SPEED LIMIT 50 တွေ့ရင် ၄၅နဲ့ ၅၀ ကြား မောင်းရပါတယ်။ ၅၀ထက် ကျော်လို့မရ။

ပုံ ၁၁ -YIELD ဆိုင်းတွေ့ရင် အရှိန်လျော့ပြီး ရပ်ဖို့အသင့်ပြင်။

ပုံ ၃၈ - SCHOOL ZONE ဆိုင်းတွေ့ရင် အရှိန်လျော့ပြီး  သတိထား ရပ်ဖို့ ရယ်ဒီပြင်။



ပုံ ၂၃၊ ၄၁ - လိမ်း(LANE)ချိန်းချင်ရင် အလယ်လိမ်းကို အသုံးပြ ု။


လိမ်းချိန်းတော့မယ်ဆိုမယ်ဆိုရင် မှန်တွေကနေ နောက်ကားကို ကြည့်။ တခါတလေ နောက်ကားက အရမ်းကပ်နေရင် မှန်မှာ မမြင်ရဘူး BLIND SPOT လို့ ခေါ်ပါတယ်။ နောက်ကို လှည့်ကြည့်ဖို့လည်း လိုပါတယ်။

ပုံ ၁၈ - မိန်းလမ်းမကြီးပေါ် တက်လာမဲ့ ကားတွေရှိတော့ သတိပြ ု။ ကွေ့တိုင်း SIGNALပြဖို့ လိုပါတယ်။




NO PASSING ZONE ဆိုင်းတွေ့ရင် ကွေ့လို့ မရတော့ပါဘူး။ ပုံ ၄၆ - အဝါရောင်တုံးလေးတွေဆိုရင် ကွေ့လို့ရပြီး အဝါရောင်လိုင်းဆိုရင် ကွေ့လို့ မရပါ။
  SCHOOL BUS က STOP ဆိုင်းပြထားရင် မီတာ ၁၀၀ လောက်ကနေ ရပ်ရပါမယ်။ SCHOOL BUS ကို ကျော်တက်လို့ မရပါဘူး။ လူနာတင်ယာဉ်၊ရဲကားတွေ ဥသြဆွဲပြီး လာရင် ညာကပ် လမ်းရှင်းပေးပြီး ရပ်ပေးရပါတယ်။


လိုင်စင်ရအောင် ကြိ ုးစားကြတဲ့အခါ တခေါက်တည်းနဲ့ ရသွားတဲ့သူက အရမ်းရှားပါတယ်။ အနည်းဆုံး ၃၊၄ ခေါက်တော့ ဖြေကြရပါတယ်။ ဒီလို ကြိ ုးစားကြရင်း ကြံ ုရတဲ့ အလွဲလေးတွေကတော့...

တရုတ်ပြည် Wuhan ပြည်နယ်မှာ ကားမောင်းခဲ့တဲ့ Zhong qi တယောက် လိုင်စင် သွားဖြေတော့ ၂ လ ဖြေဆိုခွင့် ဘမ်းလိုက်ပါတယ်။ များသောအားဖြင့် ၂ ပတ်၊ ၃ ပတ် ပဲ ဘမ်း(၃ပတ်ကြာမှာ လာဖြေဆိုခွင့် ပြ  ုခြင်း)တာ သူ့ကျမှ ဘာလို့ ၂ လ ဘမ်းတာပါလိမ့်လို့။ သူများလမ်းကြောင်းဆီကို မှားဝင်သွားလို့တဲ့။ ဘမ်းလည်း ဘမ်းချင်စရာပါပဲ။ critical error မကပဲ fatal error ဖြစ်နေလို့ပါ။

အကွေ့မှာ စစ်ကနယ်(signal)ပြဖို့ မေ့သွားတဲ့ ဆူနမ်ကတော့ ၃ကြိမ်မြောက်နဲ့ လိုင်စင်ရခွင့်ကို လက်လွတ်ခဲ့ပါတယ်။

မိန်း(main)လမ်းမကြီးပေါ်ကနေ ရှေ့မှာ STOP ဆိုင်းလည်း မရှိဘဲ လမ်းသွယ်လေးတွေမှာ STOP ဆိုင်းရှိလို့ ရပ်နေတဲ့ ကားတွေကို လက်ကလေးပြကာ အရင်သွားလို့ ဦးစားပေးလိုက်တဲ့ Yong Cheng ခမျာ ၃ ပတ် ဘမ်းခံလိုက်ရပါတယ်။ လမ်းသွယ်က STOP ဆိုင်းမှာ ရပ်ပြီး မိန်းလမ်းက ကားရှင်းအောင် စောင့်နေတဲ့ ကားတွေခမျာ မိန်းလမ်းက ကားက ရုတ်တရတ် လက်လေးပြကာ ဦးစားပေးတော့ ဘယ်နဲ့ဟာပါလိမ့်ဆိုပြီး အူကြောင်ကြောင်တွေ ဖြစ်လို့။ Yong ကို တွေ့တိုင်း "You are so kind."လို့ စကြတော့တာပါပဲ။

မလေးရှားလေး ဂွျှန်နဲ့ ရုရှား Ilya၊ Sakei ၊ Vlatima တို့ အဖြစ်ကတော့ ဒီလို..။ ဂွျှန့်မှာ သင်မောင်းလိုင်စင်ရှိပြီး အီလီယာမှာတော့ ရုရှကားမောင်းလိုင်စင် ရှိပါတယ်။ လိုင်စင်ဖြေပြီးပြန်လာရင် ဂွျှန်က လိုင်စင်ရ၊ အီလီယာက သင်မောင်းလိုင်စင်ရလို့ လိုင်စင်ရသူ ဂွျှန်က ကားကို မိန့်မိန့်ကြီး မောင်းလို့.... သူတို့အတွေးက ဒီလို။ အလာတုန်းက လိုင်စင်ရှိသူကတယောက်က မောင်းလာပြီး ဂွျှန်က သူလိုင်စင်ရမှာလို့ တထစ်ချ ယုံကြည်ပြီး ပြန်ခိုင်းလိုက်ပါတယ်။ လိုင်စင်ဖြေပြီးချိန်မှာတော့ ဂွျှန်က လိုင်စင်မရ၊ အီလီယာကလည်း သင်မောင်းလိုင်စင်မရတော့ ပြန်ဖို့ အခက်ကြံ ုပါတယ်။ ရာမားလိုင်စင်ဖြေတာကို လိုက်ပို့ပေးတဲ့ ဆူနမ်ခမျာ ကံထူးသွားပါတယ်။

ဂွျှန်က သူလိုင်စင်မအောင်တာကို မခံမရပ်နိုင်ဖြစ်လို့။ လိုင်စင်ရမှာလို့ တထစ်ချ ယုံကြည်ထားတာ။ မလေးရှားမှာ ကားကို ကွျှမ်းကွျှမ်းကျင်ကျင် မောင်းနိုင်ပေမဲ့ မလေးရှားက စင်္ကာပူလို ဘယ်မောင်း။ STOP ဆိုင်းကျော်မှ ကားကို ရပ်လို့ဆိုင်းဘုတ်မတိုင်ခင် ရပ်ရကြောင်း၊ SPEED LIMIT 45 ဆိုင်းတွေ့တာ ၂၅ မိုင်နှုန်းနဲ့ မောင်းနေလို့၄၀ ကနေ ၄၅ ကြား မောင်းရကြောင်း ဆူနမ်က သင်ပေးခဲ့ရပါတယ်။ ဥပဒေကို နားမလည်ဘဲ ဘယ်လိုများ ကားမောင်းလိုင်စင် လာဖြေပါလိမ့်၊ လိုင်စင် တခါတည်းနဲ့ ရမယ်လို့ ဘာဖြစ်လို့တထစ်ချ ယုံကြည်နေပါလိမ့်လို့ ဆူနမ်ခမျာ အံ့တွေ သြလို့။ ကားကို ကွျှမ်းကွျှမ်းကျင်ကျင် မောင်းနိုင်ပေမဲ့ ဥပဒေကို နားမလည်လို့ ကျတာလို့ တို့တွေ သဘောပေါက်ပေမဲ့ လက်မခံနိုင်တဲ့ ဂွျှန့်ကို မြင်ရတော့ over confident လို့ မှတ်ချက်ပြ ုကြတယ်။


STOP ဆိုင်းတွေ့ပေမဲ့ GO လို့ ပြောတဲ့ လိုင်စင်စစ်တဲ့ အန်တီကြီးရဲ့ စကားကို နားယောင်မိတဲ့ မိုင်းခမျာ ကျတော့တာပဲ။ ဒါကြောင့် STOP ဆိုင်းတွေ့လို့ မိုင်းကို စချင်တိုင်း လက်ကလေးကို ရှေ့ထုတ်ကာပြပြီး "STOP means full stop." လို့ စလေ့ရှိပါတယ်။


မီးပွိုင့်မှာ မီးစိမ်းပေမဲ့ မီးနီနေလို့ ရပ်နေတဲ့ မော်တော်ဆိုင်ကယ်ကို လက်ကလေးပြကာ ဦးစားပေးရှာတဲ့ Rajehကို လိုင်စင်စစ်သူ အန်တီကြီးက မီးစိမ်းလေးကို ညွှန်ပြရင်း "Green means go." လို့ သတိပေးကာ ၃ပတ် ဘမ်းလိုက်ပါတယ်။ Rajehကို တွေ့တိုင်း "Green means go. Red means stop." လို့ ဟားလေ့ရှိပါတယ်။ မခံချင်စိတ်နဲ့ ကြိ ုးစားလိုက်တော့လားမသိ နောက်တကြိမ်မှာ လိုင်စင်ရပါတယ်။ လိုင်စင်ရသွားပြန်တော့လည်း Rajeh တယောက် "Green means go. Red means stop." ဆိုတာ တကယ်သဘောပေါက်သွားပြီနဲ့တူတယ်လို့ ဟားကြပြန်တယ်။ Rajeh လိုင်စင်ရတော့ တို့တွေမှာ ဝမ်းနည်းပက်လက်တွေ ဖြစ်လို့ စရမဲ့သူ မရှိတော့လို့လေ။

လိုင်စင်ရပြီးသားသူတွေနဲ့ လိုင်စင်မဖြေရသေးတဲ့သူတွေက ဟားနိုင်ပေမဲ့ လိုင်စင်ဖြေနေဆဲသူတွေကတော့ မချိသွားဖြဲ။ နောက်ဆို စန်းထွန်းလည်း မချိသွားဖြဲ ရတော့မှာ...:D ။ ကိုင်း...ကြိတ်လိုက်စမ်း...စန်းထွန်းရေ.... အလှည့်ကျရင် မနွဲ့မတမ်း....:P ။

စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၁၁။

အိုင်အိုဝါသွား ေတာလား...

လွန်ခဲ့သော တနင်္ဂနွေနေ့က အိုင်အိုဝါစီးတီးဆီ အလည်အပတ် ရောက်ခဲ့ပါတယ်။ ခရီးဖြစ်လာပုံက ဆူနမ်တို့က ဖုန်းစင်းကဒ်(sim card) ဝယ်ချင်လို့၊ ဗီယက်နမ်အစားအစာဆိုတာ ရေလုံပြ  ုတ်တင်မဟုတ်ဘဲ အရမ်းစားကောင်းတယ်ဆိုတာကို  မိုင်း(ဗီယက်နမ်မလေး)က ဗီယက်နမ်စားသောက်ဆိုင်မှာ သက်သေပြချင်လို့၊ ကားမောင်းလိုင်စင် ပူပူနွေးနွေး ရထားတဲ့သူတွေကလည်း မြိ  ု့ပြင်ထွက်မောင်းရင်း လိုင်စင်မရသေးတဲ့သူတွေကို ဆရာလုပ် အဲလေ..သင်ကြားပြသချင်လို့။

NUS Business School Canteen မှာ ဗီယက်နမ်စာ စားပြီးကတည်းက ဗီယက်နမ်စာဆိုတာ ဆားမပါ၊ ပေါ့ရွှတ်ရွှတ်၊ ရေလုံပြ  ုတ်လို့ သိထားတာ။ မိုင်းစားနေတဲ့ ရေလုံပြ  ုတ်တွေက ပိုပြီးသက်သေပြနေသလို။ ဗီယက်နမ်စာဆိုတာ tasteless လို့ စတိုင်း ဗီယက်နမ်စာ အရမ်းကောင်းကြောင်း မိုင်းက သက်သေပြချင်နေတာ။ သွားမဲ့နေ့မတိုင်ခင် မိုင်းက နေမကောင်းဖြစ်တော့  ဝါးတီးတပွဲလွတ်သွားတယ်...:D ။

စင်္ကာပူမှာဆိုရင် စင်းကဒ်ကို ထုတ်ပြီး တခြားဖုန်းမှာ ထည့်လို့ရပါတယ်။ စတိတ်မှာတော့ ဖုန်းကိုဖွင့်ပြီး စင်းကဒ်ရှာတာ မတွေ့ပါဘူး။ မကြိ  ုက်လို့ ပြောင်းရင် နောက်ဖုန်းတလုံးပဲ။ ဖုန်းတလုံး ဖုန်းနံပါတ်တခု။ အသက်သာဆုံး unlimited ပလမ်က တလ ၄၀။ prepaid က ဒေါ်လာ ၃၀ဆို မိနစ် ၁၀၀၀ ရပါတယ်။ ၁လ၊ ၂လ၊ ၃လ အတွင်း မိနစ်တွေ သုံးလို့ရတာက လိုင်း(carrier)ပေါ်မူတည်ပါတယ်။ Gmail ကနေ ဖုန်းခေါ်လို့ရတော့ ဖုန်းဆိုတာ အင်တာနက်မသုံးတဲ့အခါမှ သုံးဖြစ်ပါတယ်။ ခွျှေတာခြိ  ုးခြံရတဲ့ ကျောင်းသားဘဝမှာ တလကို ၄၀ ဖုန်းအတွက်သုံးရတာ သိပ်များလွန်းပါတယ်။ prepaid ကလည်း သိတဲ့အတိုင်း အထွက်ရော၊ အဝင်ရော မိနစ်တွေ ဖြတ်တာပါ။ ဖုန်းခေါ်လို့ မကိုင်လည်း မိနစ်တွေ ဖြတ်တာပါ။ ဒီတော့လည်း "charge too much." အစား "eat too much"လို့ အမွန်းတင်လေ့ရှိပါတယ်။

သက်သာတဲ့ဖုန်းကျတော့လည်း ဖုန်းခေါ်ရုံသာရပြီး ကင်မရာတောင် မပါ။ လူဆိုတာလည်း ခက်သား။ ကိုယ်သုံးနေကျ ဖုန်းမှ ကိုင်ချင်တာလား။ ဒီလိုနဲ့ သက်သာရာကို ရှာဖွေတော့ T-Mobile မှာ စင်းကဒ်ထည့် သုံးလို့ရပြီး ဒေါ်လာ၃၀ ကို မိနစ် ၁၅၀၀တောင်ရ ၃လခံတဲ့ prepaid ကို တွေ့တော့ ဝယ်ဖို့ကြံစည်ပါတယ်။ ဒီလိုနဲ့ ၁နာရီလောက်မောင်းရတဲ့ အိုင်အိုဝါပြည်နယ်ရဲ ့ ဆဋ္ဌမမြောက်အကြီးဆုံး အိုင်အိုဝါစီးတီးကို ခြေဆန့်ခဲ့ကြပါတော့တယ်။


လမ်းဘေးဝဲယာတလျှောက်  ပြောင်းဖူးစိုက်ခင်းတွေနဲ့ ရာသီဥတုကလည်း ဆောင်းဦးဝင်စဆိုတော့ အအေးမပိုဘဲ ခြေခင်းလက်ခင်း သာလှပါတယ်။ လမ်းတလျှောက် တွေ့တဲ့ ဆိုင်းဘုတ်တွေကို ကြည့်ပြီး  လိုင်စင်ရပြီးသားသူတွေက မရသေးတဲ့သူတွေကို စာမေးပွဲ စစ်သလိုမေး။ ဖြေတဲ့သူကလည်း ပေါက်ကရဖြေလိုက်၊ နွားစားကျက်ခင်းတွေနားဖြတ်ရင် နှာခေါင်းလေးတွေ ပိတ်လိုက်နဲ့ အိုင်အိုဝါစီးတီး ရွှေမြိ  ု့တော်ကြီးကို GPS အားကိုးနဲ့ ရောက်ခဲ့ပါတယ်။

Wal Mart ကို ရောက်တော့ စင်းကဒ်ကို အိုင်အိုဝါစီးတီးမှာ ဝယ်လို့မရပါဘူးတဲ့။ အိုင်အိုဝါပြည်နယ်ရဲ ့ မြိ  ု့တော် Des Monies မှာမှ ဝယ်လို့ရပါတယ်တဲ့။ Iowa City ကနေ Des Monies ကို ၂နာရီလောက် မောင်းရပါတယ်။ ရောက်တဲ့အတူတူ မထူးပါဘူးဆိုပြီး ဟိုကြည့်ဒီကြည့်။ Asian Market သွားမယ်ဆိုပြီး မြိ  ု့ထဲကို ဝင်တော့ နေဝသန်ညွှန်းတဲ့ နာမည်ကျော် အိုင်အိုဝါ တက္ကသိုလ်ကြီးကို ကားပေါ်ကနေပဲ ငေးခဲ့ရပါတယ်။ ကျောင်းပရဝုဏ်က တော်တော်ကျယ်ပါတယ်။ အဆောက်အဦးတွေက စနစ်တကျ၊ သစ်ပင်ပန်းမန်တွေ၊ ကျောင်းနားဖြတ်စီးဆင်းနေတဲ့ မြစ်နဲ့ နာမည်ကြီးလည်း ကြီးလောက်ပါပေတယ်။ ကားမောင်းရင်တောင် နာရီဝက်ကျော်လောက် မောင်းရမယ်။ Indiana Fort Wayne Purdue University ထက် အတော့်ကို ကျယ်ပါတယ်။


လူနာတင်ယဉ် ဥသြဆွဲပြီးလာတော့ ကြောက်ကြောက်လန့်လန့် လမ်းဘေးချရပ်။ လူနာတင်ယဉ်ကျော်သွားတော့ လမ်းကို ရုတ်တရတ် ကွေ့ချတော့ ကားက ပလက်ဖောင်းပေါ် ကျော်တက်သွားချိန်မှာ အော်လိုက်ကျတာ လက်ပံပင်ဇရက်အုပ် ကျသလို။ တလမ်းမောင်းကို မှားပြီး ဝင်ချသွားတော့ သူများအိမ် ကားပါကင်မှာ အသာလေးခပ်တည်တည်ဝင်ပြီး လမ်းကြောင်းပြန်တည့်။ မြိ  ု့ထဲမှာ ရှုတ်ရှပ်ခတ်နေတာ့ တောသားမြိ  ု့တက်တွေမှာ မျက်လုံးလေး ကလည်လည်။ အရေးထဲ GPS လမ်းညွှန်တဲ့အတိုင်း သွားရင်းက ကျော်သွားလို့ လမ်းတွေမွေ့။

အလာတုန်းက ဘူဖေးကို နင်းကန်စားမယ် ဗိုက်ကို ရှင်းထားဆိုပြီး ဆူနမ်က ဒိုင်ဂျင်း(အစာကြေဆေး) ဝေပါတယ်။ သူ့ဆေးက တကယ်အစွမ်းပြလာပြီ။ ညနေ၄နာရီ ထိုးပြီကိုး။ နောက်ဆုံး Asian Market မတွေ့လည်း HyBee မှာ ဘူဖေးဝင်စားမယ်ဆိုပြီး ဖုန်းလှမ်းဆက်ပြီး လိပ်စာလှမ်းတောင်းရပါတယ်။ လိပ်စာအတိအကျ ပေးတော့မှလည်း GPSက မှန်မှန်ကန်ကန် ညွှန်းပါတယ်။

ဒါလည်း လည်နေတုန်းပါပဲ။ မဖြစ်ချေဘူးဆိုပြီး ကားအကြီးတွေ ရပ်နားထားတဲ့ ကားပါကင်မှာ ရပ်ပြီး GPSကို ပြန် restart၊ ဖုန်းလှမ်းဆက်မေး။ ယောကျ်ားလေးတွေ အလုပ်များနေချိန်မှာ မိန်းကလေးတွေကလည်း အလုပ်ရှုပ်နေပါတယ်။ တယောက်တလှည့် ဓာတ်ပုံရိုက်၊ ဘေးကနေ ဆပ်ပြာပူဖောင်းလေးတွေ မှုတ်ပေး။ ဒါမှ ဓာတ်ပုံထဲမှာ ပန်းတွေနဲ့ဝေ အဲလေ...ပူဖောင်းလေးတွေ ဝေနေမှာကိုး။ လုံခြံ  ုရေးအစောင့်က လာပြီး ဓာတ်ပုံရိုက်လို့ မရဘူးလို့ လာပြောပါတယ်။ စတိတ်မှာ အများပြည်သူသုံးနေရာတွေကို လုံခြံ ုရေးအရ ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။ တခါတုန်းက ချီကာဂိုမှာ ကား စောင့်နေတုန်း ခပ်ပျင်းပျင်း ရှိတာနဲ့ နံရံပေါ်က ပန်းချီကားကို ဓာတ်ပုံရိုက်တော့ လုံခြံ ုရေးအစောင့် ရောက်လာပြီး ချက်ချင်း ဖျက်ခိုင်းဖူးတယ်။ သတိလာပေးတဲ့ လုံခြံ ုရေးအစောင့်ကိုလည်း အလွတ်မပေး လမ်းကြောင်းမေး။



နာရီဝက်လောက်ကြာတော့မှ Asian Market ကို ရောက်ပါတယ်။ ဒါတောင် GPS က မီးပွိုင့်ကို ဖြတ် ညာကွေ့ ညွှန်းတုန်း အမှန်က မီးပွိုင့်မရောက်ခင် ညာကွေ့လိုက်တာနဲ့ ရောက်ပြီ။ ဟိုဖက်ကားလမ်းကူးပြီး တရုတ်စာ ဘူဖေးစားကြမယ်။ ကားကို မယူတော့ဘူး လမ်းလျှောက်သွားမယ်ဆိုပြီး မီးပွိုင့်ကူးဖို့ စောင့်နေတာ ၁၅မိနစ်လောက် ရှိသွားပေမဲ့ လူကူးမီးလေးက လင်းမလာ။ မဖြစ်ချေဘူးဆိုပြီး ခလုတ်သွားနှိပ်တော့မှ လင်းလာလေရဲ ့။ လူကူးမီးလေး လင်းလာချိန်မှာတော့ နိုင်ငံကြီးသားပီသစွာ ခေါင်းကို ၃၆၀ဒီဂရီ ပတ်ချာလည်အောင်ကြည့်ပြီး လမ်းကူး။ ဒီလိုနဲ့ မနက်စာနဲ့ ညနေစာကို ပေါင်းပြီး စားခဲ့ရပါတော့တယ်။
ပြန်လမ်းမှာတော့ လိုင်စင်မရသေးတဲ့ ရာမားကို လေ့ကျင့်တဲ့အနေနဲ့ မောင်းခိုင်းတယ်။ နောက်ထိုင်ခုံက လူအကုန်လုံး ခါးပတ် ပတ်ရပါတော့တယ်။ ဗိုက်ကားအောင် စားသောက်ထားတော့ မျက်လုံးလေးစင်းနေတုန်း "ဝုန်း...ကလုန်း..."ဆိုတဲ့ အသံတွေကြောင့် လန့်နှိုးလာပြီး ဘာဖြစ်တာလဲ စပ်စုကြည့်တော့.... စတိတ်မှာ STOP ဆိုင်းတွေ့ရင် ကားကို လုံးဝရပ်ရတာပါ။ တယောက်တည်း ကားမောင်းတဲ့အခါ STOP ဆိုင်း မမြင်လို့ မရပ်တာမျိုး မဖြစ်ရလေအောင် လမ်းကို ခုလို   ဝုန်း...ကလုန်း. ဖြစ်အာင် လုပ်ထားပြီး ရှေ ့မှာ STOP ဆိုင်း ရှိတယ်ဆိုတာ သတိပေးကာ ကားရပ်အောင် တမင်လုပ်ထားတာတဲ့။ တော်လိုက်တဲ့ အစိုးရ။ တို့ ရွှေပြည်ကြီးမှာလည်း ပုသိမ်ကို သွားတဲ့လမ်းမှာ STOP ဆိုင်း(ဝုန်း...ကလုန်း...)က များမှများ... :D ။ ရန်ကုန်ကနေ အထွက် ဗိုက်ကားအောင် စားသောက်ထားပေမဲ့ ပုသိမ်လည်းရောက်ရော ဗိုက်ကလေးကို ချောင်လို့။ အစာကြေတာများ ပြောပါတယ် အစာကြေဆေးတောင်မလို .... :D ။

အိုင်အိုဝါစီးတီးမှာ ၃ နာရီလောက် လမ်းမွေ ့ဖူးတာနဲ့ တောသားတွေ ကြောက်လန့်ကာ ရွှေမြိ  ု့တော် Des Monies ဆီကို မတက်ရဲတော့ပါကြောင်း....။

စန်းထွန်း
စက်တင်ဘာ ၁၁၊ ၂၀၁၁။

အလွဲများ (၂)...

ဒေသတခုနဲ့ တခု ခေါ်ပုံလေးတွေ၊ လေယူလေသိမ်းလေးတွေ ကွဲလွဲပါတယ်။ စန်းထွန်းတို့ ဒေသအခေါ် ခက်တဲ့ ရန်ကုန်မှာတော့ ပြည်ကြီးငါး။ မြေပုံသီးကို ရန်ကုန်မှာတော့ ခရမ်းချဉ်သီး။ မန ္တလေးဖက်မှာ ခါကြက်ဥ ရန်ကုန်မှာတော့ မုန်လာဥနီ။ ဘိတ်၊ရခိုင်တွေက ပုတီး ဗမာတွေက ဆွဲကြိ ုး။

သံတွဲကို အလုပ်ကိစ္စနဲ့ ရောက်သွားတဲ့ အောင်ကြီး သူကြံ ုခဲ့ရတာတွေကို ဖောက်သည်ချတော့ စန်းထွန်းကလည်း ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း စားပွဲထိုးလေး ဒေသစကားနဲ့ အားရပါးရ အော်လိုက်ပုံကြောင့် အောင်ကြီးခမျာ မျက်လုံးပြ ူးသွားရှာပါတယ်။ စားပွဲထိုးလေး အော်လိုက်ပုံက
“လက်ဖက်ရည် တိတ်...  နို့..နိုက်…” ဟူ၍။

(မှတ်ချက်။ ရခိုင်ဘာသာစကားအရ တစ်ကို... တိတ်၊ နှစ်ကို... နိုက် ဟု အသံထွက်သည်။)

စန်းထွန်း

စက်တင်ဘာ ၉၊ ၂၀၁၁။

တဆောင်းသစ်ြပန်ြပီ...

စတိတ်မှာ ရာသီဥတု ခန့်မှန်းတာ သိပ်မှန်ပါတယ်။ တနေကုန် မိုးအုံ့ပြီး ညနေစောင်းမှ နေပူမယ်ဆိုရင် တကယ်ပူတာပါ။  မြန်မာပြည်မှာတော့ ရွာရန် ရာခိုင်နှုန်း ၈၀ ဆိုလို့ ထီးဆောင်သွားတာ မိုးတစက်မှ မရွာတဲ့အပြင် နေက ခြစ်ခြစ်တောက် ပူလို့။ ရွာရန် ရာခိုင်နှုန်း ၄၀ ဆိုလို့ ထီမဆောင်တဲ့နေ့ မိုးရွာတော့တာပဲ။ ဗီယက်နမ်မှာလည်း ဒီလိုပါပဲတဲ့ မုန်တိုင်းဝင်မယ်ဆိုလို့ လူတွေက အလုအယက် စားစရာတွေ ဝယ်စု။ နောက်၂ရက်အထိ မုန်တိုင်းက မလာ။ မလာတော့ဘူးထင်နေတော့မှ၊ စုထားတဲ့ရိက္ခာတွေကုန်တော့လောက်မှ မုန်တိုင်းကဝင်။ ဒီလို ကိုးရိုးကားရားတွေက ဖွံ့ဖြိ ုးဆဲနိုင်ငံတွေမှ ကြံ ုရတာနဲ့ တူပါရဲ ့။

ဒီမှာတော့ ရာသီဥတုအခြေအနေကို ကြည့်ပြီး ဝတ်ရစားရတာကလား။ တခါက weather forecast လည်း မကြည့်ဘဲ ရိုးရိုးဘွတ်ဖိနပ်ပဲ စီးသွားတာ နှင်းတွေ ကျလာတော့ တဘိုင်းဘိုင်းနဲ့ စန်းထွန်းတယောက် ဖားဖမ်းနေခဲ့ဖူးတယ်။ ဆူနမ်၊ရာမားရဲ ့ လက်တွေကို ကျစ်ကျစ်ပါအောင် ညှစ်ပြီး ပြန်ခဲ့ရတယ်။ ဒီကတည်းက နောက်များဆို မနက်မိုးလင်းတာနဲ့ပထမဆုံးလုပ်တာက weather forecast ကြည့်တော့တာပဲ။

စနေနေ့က တနေကုန် မိုးအုံ့နေပြီး နေ့လည်မှာတော့ လေရောမိုးရော သည်းတာများ ပိန်းပိန်းကို မှောင်လို့။ ခေါင်မိုးဆီက ဖြောက်ဖြောက်အသံကြားလို့ ပြတင်းပေါက်ကနေ လှမ်းချောင်းလိုက်တော့ လား..လား..လက်မ လက်သည်းခွံ အရွယ်လောက်ရှိတဲ့ မိုးသီးတွေ။ ဒီအချိန်မှာ မိုးရေထွက်ချိုးလိုက်လို့ကတော့...:D။ မိုးရွာတဲ့အချိန်မှာဆို ကော်ဖီတခွက်၊ ဝထ္ထုကောင်းကောင်းတအုပ်နဲ့ နှပ်နေလို့ကတော့ ဇိမ်မှဇိမ်ပဲ... းD။

တနင်္ဂနွေကစလို့ ရာသီဥတုက သိသိသာသာ အေးလာပါပြီ။ ဆောင်းဦးရောက်ပြီးကိုး။ စက်တင်ဘာ၊ အောက်တိုဘာက Fall ။ မြန်မာပြည်က တောင်ကြီးဆောင်းလို မြ ူတွေမရှိပေမဲ့ ချမ်းအေးတာတော့ တူတယ်။ မချမ်းတတ်တဲ့သူတွေလောက်သာ အနွေးထည်လွတ်လို့လူတိုင်း အနွေးအထည်လေးတွေ ကိုယ်စီနဲ့။ အိမ်မှာ မေကလွဲရင် ဖေ၊မကြီး၊မောင်မောင်နဲ့ စန်းထွန်းက နည်းနည်းအေးရင်တောင် အနွေးထည်၊ စောင်ကိုယ်စီနဲ့။ မေကတော့ ပြောတတ်ပါတယ် "'ဒီသားအဖတွေ ချမ်းတတ်ရန်ကော "။ မြောက်ပိုင်းကျတဲ့ အိုင်အိုဝါပြည်နယ်ရဲ ့ဆောင်းက ကြမ်းတယ်လို့ နာမည်ကြီးပါတယ်။ ချမ်းတတ်တဲ့ စန်းထွန်းနဲ့အရမ်းအေးတဲ့ အိုင်အိုဝါဆောင်း အဲဒီမှာ စတွေ့တော့တာပဲ။

ပြတင်းပေါက်ကနေ သာယာစွာ တိုက်ခတ်လာတဲ့ လေနုအေးဆီမှာ မြန်မာပြည်က ဆောင်းရနံ့ကို ရလိုက်သလို...။ ဟိုင်းကြီးဆောင်းကတော့ အတော်အေးပါတယ်။ ငယ်ငယ်တုန်းကဆို ဆောင်းတွင်းမနက်စောစောဆို သူငယ်ချင်းတွေနဲ့ ထပြေး၊ ပြန်လာရင် အငွေ့တထောင်းထောင်းထနေတဲ့ ကောက်ညှင်းပေါင်းစား၊ ရွာထိပ်ဘုန်းကြီးကျောင်းမှာ ခရေပန်းသွားကောက်၊ ဘတ်မင်တန်ရိုက်။ စံပြမှာတော့ အိမ်နားက အသက်၈၀ကျော် အဘွားကြီးက ချမ်းတတ်တော့ မီးလှုံလေ့ရှိပါတယ်။ အကြံပိုင်တဲ့ စန်းထွန်းက မီးလှုံရင်း အလာဘ သလာဘပြောရင်း ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ကြည်သွန်ဖြ ူဖုတ်လို့ရတာ အကုန်ဖုတ် းD။ နေပြထားလို့ မွေ့ယာ၊ ဂွမ်းကပ်စောင်တွေကနေ အနံ့မွှေးမွှေးလေးကို ရှုရင်း ကွေးရတာလည်း အရသာတမျိုး။

ပုသိမ်ဆောင်းကတော့ ဟိုင်းကြီးဆောင်းထက် အအေးပေါ့တယ်။ မနက်စောစော ဝေလီဝေလင်းမှာ ရွှေမုဋ္ဌောဘုရားသွားပြီး အပြန်ဈေးကြီးထဲက ကောက်ညှင်းပြန်ပေါင်းစား။ သီတင်းကွျှတ်ပြီးရင် ကမ်းနားလမ်းမှာ ညဈေးခင်းလေ့ရှိပါတယ်။ ညဈေးတလျှောက် လမ်းလျှောက်ရင်း မုန့်တွေ စားရတာလည်း ပျော်စရာတမျိုး။



ရန်ကုန်ဆောင်းကတော့ အနွေးထည် လွတ်အောင်ကို အအေးပေါ့တာပါ။ ချမ်းလည်း ခဏ။ သီတင်းကွျှတ်၊ တန်ဆောင်တိုင် ပွဲတော်တွေ၊ ဘုရားပွဲတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မြန်မာပြည်ဆောင်းကို လွမ်းတယ်။

စန်းထွန်း
စက်တင်ဘာ ၅၊၂၀၁၁။

ဒီတခါေတာ့...

Universal Studio Singapore(USS) ဖွင့်တော့  အရှေ့တောင်အာရှမှာ တခုတည်းသော ယူနီဗာဆယ်မို့လို့ တိုးရစ်တွေ လိမ့်ဝင်လာပါတယ်။ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ ခရီးသွား ပတ်ကေ့စ်တွေ ရောင်းတဲ့ တို့ကုမ္ပဏီလည်း စီးပွားရေး သောင်းကျန်းကာ ခါတော်မှီ USS လက်မှတ်တွေ  ရောင်းတော့ အိုင်တီဌာနလည်း မနေသာ သက်ဆိုင်ရာ ပရောဂျက်တွေနဲ့ အလုပ်များရပေပြန်တာပေါ့။

USS အဝင် kiosk တွေမှာ လတ်မှတ်ကို စကန်ဖတ်ပြီး စစ်ပါတယ်။ အဲဒီအပိုင်းကို ရေးထားတာ နာ..ကွ…။ လတ်မှတ်ကို အွန်လိုင်းက ဝယ်တဲ့အခါ ခရက်ဒစ်ကတ်၊ ဒဲဘစ်ကတ်တွေနဲ့ ပိုက်ဆံပေးချေရတဲ့ အပိုင်းကို စန်းထွန်းများ ရေးတာလားလို့ သူငယ်ချင်းတွေက စိတ်ပူစွာ မေးလာပါတယ်။ စိတ်ပူလည်း ပူရှာပေမပေါ့။ AD ပရောဂျက်တုန်းက အလွယ်ဆုံး  delete လုပ်ရင် data တွေ ဖျက်ရမဲ့အစား မဖျက်ဘဲ နှစ်ခါ delete လုပ်မှ  ဖျက်အောင် လက်စွမ်းပြထားလို့လေ (အဲဒီလို တော်ချက်…)။ ပိုက်ဆံ ပိုမဖြတ်ဘူး စိတ်ချ ရဲရဲကြီး ယုံလိုက်စမ်းပါ။ အဲဒီအပိုင်းကို ရေးတာ နာ…မဟုတ်ဘူး team leader ။

တနေ့တော့ cancel လုပ်ထားတဲ့ ဘွတ်ကင်းတွေ ဝင်သွားတယ်ဆိုတော့ အဲဒီအပိုင်းရေးတဲ့ စန်းထွန်းတယောက် ခေါင်းနပန်း ကြီးသွားတာပေါ့။ လျှော်ဆို ဒွတ်ခပဲ။ လတ်မှတ်ကလည်း ဈေးကြီးတယ်လေ။ တစောင်ကို ၇၀ကျော်ကြီးများတောင်။
Leader ကြီးက လာမေးပါတယ်။ cancel လုပ်ထားတဲ့ ဘွတ်ကင်းတွေ စစ်ထားလားတဲ့။ နိုးလို့ သူပြောတဲ့အတိုင်း New နဲ့New Complete ပဲ စစ်ထားတာ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒါရိုက်တာတွေ၊  အိုင်တီဒါရိုက်တာတွေကို ထုချေရပါတယ်။ customer တွေ အွန်လိုင်းကနေ လတ်မှတ်ဝယ်ပြီးတဲ့အခါ ပိုက်ဆံအခြေအနေ၊ဘွတ်ကင်းအခြေအနေတွေကို ကြည့်ပြီး RA(Reservation Officer)က customer တွေဆီကို လက်မှတ်လင့်ခ်ကို အီးမေးနဲ့ ပို့ပေးရပါတယ်။ customerတွေက ရလာတဲ့ လင့်ခ်ထဲက လတ်မှတ်ကို ပရင့်ထုတ်ပြီး USS ဆီ သွားရုံပဲ။

ခေါင်းဆောင်က “RA မပို့ဘဲ customer က ဘယ်နည်းနဲ့မှ လတ်မှတ်မရနိုင်ဘူး။ သူ့system က လုံးဝမမှားဘူး”လို့ ခေါင်းလေးတခါခါနဲ့ ငြင်းပါတယ် (ခေါင်းလေးတခါခါ လုပ်မှာပေါ့ သူက အိန္ဒိယနိုင်ငံသားကိုး …အိန္ဒိယနိုင်ငံသားတွေက စကားပြောရင် ခေါင်းလေး တခါခါ လည်လေးတလှုပ်လှုပ် ပြောလေ့ရှိပါတယ်။ တခါက ဇာခြည်ကျော်  ဆာဘီတာ(Sabita) ကို မုန့်ကွျှေးတော့ ဆာဘီတာက ခေါင်းလေးခါပါတယ်။ ငြင်းတယ် ထင်ပြီး မုန့်အသိမ်း ဆာဘီတာက လက်ကမ်းလာတော့ ဇာခြည်ကျော့်ခမျာ အလျင်အမြန် ပြန်ကွျှေးရတာပေါ့။ သူတို့ ဓလေ့က ခေါင်းခါတာက yes တဲ့။ ဆာဘီတာကို တို့တွေ ပေးထားတဲ့ နာမည်ပြောင်က "စားပြီးသား " တဲ့  …း) )။

အဲ ပြောနေရင်း ဘယ်နားရောက်သွားပါလိမ့် စန်းထွန်းကလည်း “ဝုတ်ပါတယ်…ဝုတ်ပါတယ်..”လို့ ခေါင်းညိတ်ပြီး အပီထောက်ခံပါတယ်။ အမှန်က RAကလည်း ဘွတ်ကင်းကို မစစ်ဘဲ လတ်မှတ်လင့်ခ်ကို customer ဆီ ပို့ပေးတာ မှားသလို စန်းထွန်းကလည်း ဘွတ်ကင်အခြေအနေကို New ၊New Complete သာမက Cancel၊ Cancel Complete၊ Payment Status တို့ကို စစ်ဖို့လိုတာပါ။ ဒါ့ကြောင့်လည်း ဆော့ဝဲတွေကို customer လက်ထဲ မအပ်ခင် tester တွေက ဖြစ်နိုင်ချေရှိတဲ့ အမှားတွေနဲ့ စမ်းသပ်ရတာမို့လို့ tester တို့ရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးပါ ပါတယ်။

ကိုယ့်အမှားကို   ခုံခံကာကွယ်ခြင်းကလည်း လူသားပီသခြင်း တမျိုးပေမလား …းD။ ပြီးတော့မှ ဆရာတပည့်နှစ်ယောက်သား တိတ်တိတ်လေး ဘွတ်ကင်းအခြေအနေအားလုံး စစ်တာကို ထပ်ထည့်လိုက်တယ်။ အမြဲမတည့်တဲ့ တို့နှစ်ယောက် ဒီတခါတော့ တည့်နေပုံများ ပြောပါတယ်။

 (ညာဖက် ၂ယောက်မြောက် အင်္ကျီအဖြ ူရောင် ဝတ်ထားတဲ့ အနက်နုရောင် အသားအရေပိုင်ရှင် နှုတ်ခမ်းမွှေးကားကားကြီးက အချစ်ဆုံး leaderကြီး..)

စန်းထွန်း
စက်တင်ဘာ ၃၊ ၂၀၁၁။