ပီရူးသွား ‌တောလား - ၅

၂၀၁၉ နိုဝင်ဘာ ၃ တနင်္ဂနွေနေ့ မနက် ၆ နာရီခွဲမှာ ဟိုတယ်က မနက်စာကျွှေးတယ်။ ပေါင်မုန့်၊ သစ်သီးယို၊ ချိစ်၊ ခရမ်းချဥ◌်သီး၊ သခွားသီး၊ ကော်ဖီ၊ လိမ္မော်သီးဖျော်ရည်၊ ဆန်လှော်မုန့်၊ ကိုကာတီးသောက်တယ်။ ဘိုလီးဘီးယားနိုင်ငံမှာ ဆန္ဒပြသူတွေကို အစိုးရက အကြမ်းဖက်နှိမ်နင်းတဲ့ သတင်းတွေကြောင့် မနက်ဖြန် ဘိုလီးဘီးယားနိုင်ငံ သွားဖို့ကိုခပ်လန့်လန့်။ သွားလို့ဖြစ်ပါ့မလား၊ ပိတ်မိနေလို့ ထွက်လို့မရရင်ဒုက္ခ၊ မိုက်ရူးရဲစွန့်စားရာ ရောက်မလား။ ဘေးမှာထိုင်နေတဲ့ ပြင်သစ်စုံတွဲကို ဝိုင်းကပြင်သစ်လို မေးကြည့်တော့ သူတို့ဘိုလီးဘီးယားခရီးစဥ◌်ကို ဖျက်သိမ်းလိုက်တယ်တဲ့။ ကောင်တာက အန်တီကြီးကို မေးကြည့်တော့ လုံခြုံရေးကြောင့် ဘိုလီးဘီးယားခရီးစဥ◌် တော်တော်များများ ဖျက်သိမ်းကြတယ်။ မင်းတို့က လူငယ်တွေပဲ သွားကြည့်လိုက်၊ အခြေအနေအရ ကြည့်စီစဥ◌်ပေါ့ အဆင်ပြေမှာပါ။ လွန်ခဲ့တဲ့တလလောက်ကတည်းက စီစဥ◌်ထားတဲ့ခရီး၊ အချိန်မရှိလို့ တရက်ထွက်လာအောင် ဒေါ်လာ ၃၀၀ စေ◌ျးပိုကြီးတဲ့လေယာဥ◌် ရွေးချယ်ထားရတဲ့ခရီး။ ဘိုလီးဘီးယားကို သွားကြည့်လိုက်မယ် လာပါ့ဇ်ကမြို့ကြီးဆိုတော့ ဆန္ဒပြတာတွေရှိမယ်။ လာပါ့ဇ်မှာ အခြေအနေဆိုးရင် လာပါ့ဇ်ကိုမလည်တော့ဘဲ နောက်နေ့ယူရီနီကိုသွားမယ်။ ယူရီနီက မြို့သေးသေးလေးဆိုတော့ ဆန္ဒပြတာတွေ ရှိမှာမဟုတ်ဘူး။ ယူရီနီကို လေယာဥ◌်၊ ဘတ်စ်ကားမရှိရင် တက္ကစီငှားမယ်။ ယူရီနီ ၂ ညအိပ် ၃ ရက်ခရီးက ချီလီနိုင်ငံ ဆန်ပက်ထရိုအာတာကမာမှာဆုံးမှာ။ ဒီနေ့ ဘိုလီးဘီးယားသတင်း ရသလောက်စုံစမ်း မနက်ဖြန် ဘိုလီးဘီးယားသွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ လာပါ့ဇ်တိုးကို မေးကြည့်တော့ ခရီးစဥ◌်တွေ ပုံမှန်အတိုင်း ထွက်နေပါတယ်။ အစီအစဥ◌်ပြောင်းရင် ချက်ခြင်းအကြောင်းကြားပါမယ်တဲ့။ အေးရှန်းမိသားစု ကလေးသုံးယောက် မနက်စာလာစားကြတယ်။ အဖြူတွေကြားထဲမှာ အေးရှန်းတွေကို မြင်ရတာ ကိုယ့်မိတ်ဆွေကို တွေ့ရသလိုပဲ။ အသားဖြူ မျက်နှာဝိုင်းလို့ မွန်ဂိုလီးယားလားမသိဘူးလို့ ကိုယ်ကခန့်မှန်းနေတာ ဝိုင်းက ဘယ်ကသာ … သူတို့ပြင်သစ်စကားက perfect ပြင်သစ်မှာမွေး ပြင်သစ်မှာကြီးတဲ့ ပြင်သစ်တွေလို ပြောနိုင်တယ်။ ပြင်သစ်လိုပြောတတ်တဲ့ အေးရှန်းဆိုရင် ဗီယက်နမ်လို့သာ မှတ်လိုက်တော့။ မနက် ၇ နာရီခွဲမှာ ဗန်ကာလေးနဲ့ တိုးဂိုက်လာခေါ်တယ်။ တီတီကာကာရေကန်ကို ဆယ်မိနစ်လောက်ပဲ မောင်းရတယ်။ တီတီကာကာရေအိုင်ဟာ ပီရူးနဲ့ဘိုလီးဘီးယားနိုင်ငံကြားမှာရှိပြီး တော်တော်ကျယ်တယ်။ တီတီဆိုတာ ရေအိုင် ကာကာဆိုတာ ချီး ဒီတော့ ပီရူးတွေက တီတီက ပီရူးအတွက် ကာကာက ဘိုလီးဘီးယားအတွက်လို့ နောက်ကြတယ်။ ဥ◌ီးထုပ်တွေကို လက်ပွေ့ရောင်းတဲ့သူ၊ လက်မောင်းပေါ် သိမ်းငှက်နားနေတဲ့ ကောင်မလေးနဲ့ ဓာတ်ပုံတွဲရိုက်တဲ့သူတွေ၊ ကစားကွင်းမှာ ကစားတဲ့သူတွေနဲ့ ဆိပ်ကမ်းမှာ စည်ကားတယ်။ ယူရို့ကျွှန်းမျောဆီကို တနာရီခွဲလောက် မောင်းရတယ်။ ကျွှန်းမျောတွေကို မြက်ပင်ဖို့ပြီး ဖန်တီးကြတယ်။ ကျွှန်းမျောဘယ်လောက်ရှိလဲဆိုတာ အတိအကျစာရင်းကောက်ဖို့ခက်တယ်။ မိသားစု၊ အိမ်နီးချင်းတွေ ရန်ဖြစ်ကြရင် ကျွှန်းမျှောကို လွှနဲ့ဖြတ်ပြီး တနေရာကိုထွက်သွားကြလို့တဲ့။

ဘာလို့မြို့မှာမနေဘဲ ကျွန်းမျောတွေမှာ နေကြတာလဲ။ ဝိုင်းကဖြေတယ် အဓိကလိုအပ်ချက်တွေ အားလုံးပြည့်စုံလို့တဲ့။ အစိုးရက ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုတွေပေးတယ်။ ပညာမတတ်တော့ မြို့မှာအလုပ်သွားလုပ်ပြီး အဆင်မပြေရင် ကျွန်းမျောဆီပြန်လာကြတယ်။ ခုလိုတိုးရစ်တွေ လာလည်ကြတာ သူတို့အတွက် ဝင်ငွေရစေတယ်။ ရေအိုင်ဆီက ဖမ်းမိတဲ့ငါး၊ ငှက်တွေအကြောင်း၊ ယဥ◌်ကျေးမှုဓလေ့စရိုက်တွေအကြောင်း ရှင်းပြတယ်။ သူတို့အိမ်ထဲကို ခေါ်ပြတယ် ကိုယ်တို့ငယ်ငယ်တုန်းက သုံးခဲ့တဲ့တီဗွီကိုတွေ့တယ်။ ပိတ်စအထည်၊ သိုးမွှေးချည်တွေဝယ်ပြီး စောင်၊ ခုံခင်းတွေ ဖန်တီးကြတယ်။ အရောင်အသွေး လက်ရာဆန်းတယ် ဝယ်ပြီးအားပေးချင်ပေမဲ့ သုံးဖြစ်မှာမသေချာတာနဲ့၊ တအားမကြိုက်တာနဲ့ မဝယ်တော့ဘူး။ အမေရိကန်အန်တီကြီးတွေကတော့ ဝယ်ကြတယ်။ မြက်တွေနဲ့လုပ်ထားတဲ့ လှေကြီးစီးကြတယ် တယောက် ဆိုး ၃၀ ပေးရတယ်။ တဒေါ်လာကို ဆိုး ၃ ကျပ်ခွဲနဲ့ ညီမျှတယ်။ သားအဖနှစ်ယောက် တကျွိကျွိနဲ့ လှော်ကြတယ်။ ငယ်ငယ်တုန်းက မောင်မောင်နဲ့ လှေလှော်ကြတာကို သတိရမိတယ်။ ချောင်းထဲမှာတော့ မဟုတ်ဘူး ကမ်းစပ်တံတားအောက်တွေမှာ။ ဘယ်ဖက်ကိုလှော်လိုက် ညာဖက်ကိုလှော်လိုက် တံတားတိုင်တွေကို ဖမ်းဆွဲလိုက် တဟေးဟေးနဲ့ပေါ့။ သွားသူကသွားနှင့်ပြီ ကျန်ရစ်သူတွေက လွမ်းဆွတ်သတိရ ဖြေမဆည်နိုင်ဖြစ်နေတုန်း။ ကန်ထဲ အဲ့ဒီလှေငါးစီးလောက်တွေ့တယ်။ Taquile တာကွေလီကျွန်းကို တနာရီလောက် မောင်းရတယ်။ ကမ်းခြေက အိမ်သာမှာ ပိုက်ဆံပေးတော့ တစ်ရှူးပေးတယ်။ ကိစ္စပြီးရင် ရေပုံးနဲ့လောင်းရတယ်။ အိတ်ထဲမှာ အိမ်သာတစ်ရှူး၊ hand sanitizer အမြဲဆောင်ထားတယ်။ တောင်စောင်းပေါ်က ဒေသခံအိမ်ကို မိနစ် ၂၀ လောက် မတ်မတ်ကြီးတက်ရတယ်။ ဟမ်မလေး … ဟိုက်နေအောင် တက်ရတယ် နားလိုက်တက်လိုက် ရေနည်းနည်းသောက်လိုက် တက်လိုက်နားလိုက်နဲ့။ ဒေသခံလူမျိုးစုအကြောင်း ရှင်းပြတယ် ဥ◌ီးထုပ်က လူပျိုဆိုရင် ဘယ်လိုဆောင်းတယ် အိမ်ထောင်ရှင်ဆိုရင် ဘယ်လိုဆောင်းတယ်။ ထူးဆန်းတာက တာကွေလီကျွန်းမှာ အမျိုးသားတွေက ချည်ထိုးယက်ကန်းလုပ်တယ်။ လက်ရာဒီဇိုင်းက သေသပ်လှပထူးခြားလို့ ပြင်သစ်ကုမ္ပဏီက ဝယ်ယူပြီး ဥရောပကို တင်သွင်းတယ်တဲ့။ ဥ◌ီးထုပ်၊ ပုဝါ၊ ခါးပတ် စေ◌ျးတော်တော်ကြီးတယ်။

Uros Island
တီတီကာကာရေအိုင်ဟာ ပီရူးနဲ့ ဘိုလီးဘီးယားကြားမှာ ရှိပါတယ်...
ပူနိုဆိပ်ကမ်း
သိမ်းငှက်နဲ့ ဓာတ်ပုံရိုက်ကြမယ်
ဦးထုပ်လက်‌ပွေ့‌  ရောင်းသူ
ယူရို့ကျွန်းသူလေးတွေ ကြိုဆိုကြတယ်...
တိုးဂိုက်က ရှင်းပြနေတာ
ဝယ်ကြပါဦးတဲ့

တာကွေလီဒေသခံတွေက ဗိုက်ဆာရင်၊ ပျင်းရင်၊ နေမကောင်းရင် ကိုကာရွက်ဝါးတယ်။ အချင်းချင်းတွေ့ဆုံကြရင် ကိုကာရွက်ပေးကြတယ်တဲ့။ နေ့လည်စာအတွက် ငါးနဲ့ omelet ရတယ် omelet ရွေးတဲ့သူတွေကို အံ့ြသလို့။ omelet က ဘယ်အချိန်မဆို စားလို့ရတယ် ဒီကျွန်းကငါးက စားရခဲတယ်။ အင်း… ပင်လယ်စာနဲ့ မတည့်လို့ နေမှာပေါ့။ ကိုယ်တို့နဲ့အတူတူထိုင်တဲ့ အမေရိကန်အန်တီကြီးတွေက အသက် ၆၀ ကျော် အငြိမ်းစားတွေ။ စတိတ်မှာနေကြတဲ့ ပြည်နယ်တွေ မတူကြဘူး။ အဖွဲ့ထဲကသူတွေ တစ်နှစ်တကြိမ် ခရီးထွက်ကြတယ်။ သူတို့ဘာသာ စီစဥ◌်ကြတာတဲ့ နှစ်ယောက်ကတော့ high altitude sickness တော်တော်ဆိုးဆိုးရွားရွား ခံစားရလို့ ဟိုတယ်မှာ ကျန်နေခဲ့တယ်တဲ့။ တောင်ထိပ်က ဘုရားကျောင်းကို သွားလည်ကြတယ်။ တောင်ထိပ်ကနေ မြင်ရတဲ့ရှုခင်းက တော်တော်လှတယ်။ တောင်ထိပ်က ကော်ဖီဆိုင်က နာမည်ကြီးတယ်တဲ့။ လက်မှုပစ္စည်းဆိုင်ဝင်ပြီး ဥ◌ီးထုပ်၊ ပုဝါ ကြည့်သေးတယ် စေ◌ျးတော်တော်ကြီးတယ်။ ဂျပန်ကလှုတဲ့အိမ်သာတွေ တွေ့ခဲ့တယ်။ တာကွေလီအမျိုးသမီးတွေဟာ  ဓာတ်ပုံအရိုက်မခံဘူး။ ဓာတ်ပုံရိုက်ရင် နောက်လှည့်နေတတ်တယ်။ လမ်းဘေးမှာရောင်းတဲ့ လက်ချည်ကြိုးတခု ဝယ်တယ်။ ဟန်က မော်လို့ တောင်ထိပ်မတက်တော့ဘဲ လမ်းတဝက်မှာ ကျန်ခဲ့တယ်။ ဟန်ဝယ်တဲ့ လာမားအရုပ်လေးကို ကြိုက်လို့မေးကြည့်တော မရှိတော့ဘူးတဲ့။ အသက် ၉ နှစ်အရွယ် ကလေးမလေး ကိုယ်တိုင်လုပ်တာတဲ့ တော်လိုက်တာ။ နောက်ဆိုင်မှာ အဲ့ဒီအရုပ်လေးတွေ့လို့ ဝယ်တယ်။ ကိုယ်က ဟန်ဝယ်တာ လိုက်ဝယ်တယ်။ အတက်တုန်းက ဓာတ်ပုံမရိုက်နိုင်ဘူး မောလို့ အဆင်းမှပဲ ဓာတ်ပုံရိုက်နိုင်တော့တယ်။ ရေက ကြည်စိမ်းနေတာပဲ။ ပိုက်ဆံအကြွေရှိလို့ အိမ်သာစောင့်အန်တီကြီးကို အတက်တုန်းက အပြည့်မပေးနိုင်တာကို ပြန်ပေးလိုက်တယ်။ ပူနိုကို နှစ်နာရီလောက် မောင်းရတယ်။ ပင်ပန်းလို့ အိပ်ပျော်သွားတယ်။ ဘာပွဲရှိလဲတော့ မသိဘူး လမ်းမှာ ကနေတဲ့သူတွေ၊ ချီကတ်တဲ့သူတွေနဲ့ ပြည့်နေတယ်။ တိုးဂိုက်ကို မျက်စိဒေါက်ထောင့်ကြည့် မျက်စိအောက်က အပျောက်မခံနိုင်ဘူး။ ပွဲတော်ရှိလို့ လမ်းတွေပိတ်နေလို့ ဟိုတယ်နဲ့နှစ်ဘလောက် အဝေးမှာရပ်ပေးတယ်။ ကိုယ်ကမှတ်မိတယ် ဝိုင်း မှတ်မိလား ပထမဆုံးနေ့က ရေလိုက်ရှာကြတုန်းက ဒီနားကရဲတွေကို ရေဘယ်မှာရနိုင်မလဲလို့ မေးတဲ့နေရာလေ။ ဝိုင်းက မမှတ်မိဘူး ဟိုတယ်ရောက်တော့ ခဏနား ညစာကောင်းကောင်း ဘယ်မှာရနိုင်လဲလို့ မေးကြည့်တော့ ဟိုတယ်ဝန်ထမ်းကောင်မလေးက မြေပုံနဲ့လမ်းညွှန်တယ်။

အဲ့ဒီဆိုင်မှာ ကူစကိုကနေ ပူနိုလာတုန်းက အင်ကာအိတ်စပရက်ကားပေါ်မှာ တွေ့ခဲ့တဲ့ ဂျပန်အမျိုးသမီးနှစ်ယောက်ကို တွေ့တယ်။ ဝိုင်းတို့ကို ပြောပြတော့ မမှတ်မိဘူးတဲ့ အဲ့ဒီလို ကိုယ်က စာဆိုမမှတ်မိဘူး လူ၊ နေရာဆိုရင် အင်မတန်မှတ်မိတယ်။ မှတ်ညဏ်က မဟုတ်တဲ့နေရာမှာ ကောင်းနေတယ်။ ထမင်းနဲ့ငါး၊ ‌‌ဖျော်ရည်တဂျား စားလို့ကောင်းတယ်။ အပြန်ကျတော့ လမ်းတလျှောက်က ဆိုင်တွေဝင်ကြည့်ကြတယ်။ လက်ရာပစ္စည်းလေးတွေ မဆိုးဘူး။ လူငယ်လေးတွေ လည်ရှည်ဘွတ်ဖိနပ်မှာ ခေါင်းလောင်းသီးလေးတွေ ချိတ်ထားပြီး ခြေထောက်ကိုလှည့်ပြောင်း ဆော့ကစားကြတာတွေ့တယ်။ ဟိုတယ်ရောက်တော့ မနက်ဖြန် ဘိုလီးဘီးယားခရီးအတွက် အထုပ်ပြင်၊ ဘိုလီးဘီးယားသတင်းစစ်၊ ဘတ်စ်ကားလက်မှတ်၊ တိုးဘောက်ချာတွေထုတ် ခရီးအတွက် ပြင်ဆင်ကြတယ်။ ကိုယ့်နှာခေါင်းကနေ သွေးကျလာတယ် ဟန်က နှာခေါင်းထဲထည့်တဲ့ ဆားရည်လာပေးတယ်။ ဟန်က ဟနွိုင်းမှာ အမြဲတက္ကစီစီး လမ်းတောင်မလျှောက်တော့ ကိုယ့်လောက် တောင်မတက်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ထက် ကိုယ်ခံအား ခံနိုင်ရည်အားကောင်းတယ်။ ဝိုင်းကတော့ ကိုယ်ခံအားအကောင်းဆုံး အကျန်းမာဆုံး အတောင့်ဆုံး။ နောက်နေ့မှာတော့ ဘိုလီးဘီးယားနိုင်ငံ လာပါ့ဇ်မြို့ဆီအသွား ကိုပါကဘာနာမြို့၊ Sun Island နေကျွန်းတွေဆီ ဝင်လည်တဲ့အကြောင်း၊ လာပါ့ဇ်မြို့မှာ ဘာတွေကြုံတွေ့ရသလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့ ယူရို့၊ တာ‌ကွေလီတိုး
https://www.findlocaltrips.com/tour-details/titicaca-floating-islands-full-day-kollasuyo-travel

 Taquile Island
‌ရေကကြည်လင်နေတာပဲ
တောင်ထိပ်‌ပေါ်က ဘုရား‌ကျောင်း
မူညာတီး
ပဲဟင်း
ငါးဟင်း ဟင်းပွဲတိုင်းမှာ မပါမဖြစ်က အာလူး

ပီရူးသွား တောလား - ၄

၂၀၁၉ နိုဝင်ဘာ ၂ စနေနေ့ ၄ ရက်မြောက်နေ့ မနက် ၆ နာရီ ဟိုတယ်ကနေ ချက်ကောက်လုပ်တော့ မနက်စာကို ပါဆယ်ထုပ်ပေးထားတယ်။ ဟိုတယ်က စီစဥ◌်ပေးတဲ့တက္ကစီနဲ့ အဝေးပြေးကားကွင်း ဘတ်စ်တာမင်နယ်ကို ဆယ်မိနစ်လောက် မောင်းရတယ်။ လမ်းမကြီးဘေးမှာ ဘတ်စ်ကား အရိပ်အယောင်လည်းမတွေ့လို့ အထဲကိုဝင်သွားကြည့်တယ်။ အင်ကာအိပ်စ်ပရက်စ်ဆိုတဲ့ ဆိုင်းဘုတ်တွေ့တော့ ဝိုင်းတို့ကိုသွားခေါ် ခဏနေတော့မှ တံခါးဖွင့်ပေးတယ်။ အသက် ၅၀ ကျော် ဂျပန်အမျိုးသမီးနှစ်ယောက် ကျောပိုးအိတ်အကြီးကြီးတွေနဲ့။ အဲ့ဒီလိုကျောပိုးအိတ် အကြီးကြီးတွေသယ်ပြီး ခရီးသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စပိန်ကောင်လေးတယောက်၊ အသက် ၅၀ ကျော် ဥရောပအမျိုးသမီး ၆ ယောက်။ လေးရက်ခက်ခဲပင်ပန်းတဲ့ အင်ကာတောင်တက်လမ်းကို တက်ခဲ့ကြတာတဲ့။ ဒီနေ့ခရီးစဥ◌်ကတော့ ကူစကိုမြို့ကနေ ပူနိုမြို့ကို သွားမှာပါ။ ကူစကိုကနေ မနက် ၆ နာရီ မိနစ် ၄၀ မှာ စတင်ထွက်ခွာပြီး ပူနိုကို ည ၅ နာရီမှာ ရောက်မှာပါ။ ကူစကိုမြို့က အမြင့်ပေ ၁၁,၁၅၂ (မီတာ ၃၄၀၀) မြင့်တယ်။ ပူနိုက အမြင့်ပ‌ေ ၁၂,၄၇၆ ( ၃၈၀၀ မီတာ) ဆိုတော့ ပူနိုက ကူစကိုထက် ပိုမြင့်တယ်။ ကူစကိုမှာ high altitude sickness ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတော့ လန့်နေတယ်။ အခုခန္ဓာကိုယ်က ကျင့်သားရနေပြီဆိုတော့ သိပ်တော့စိတ်မပူတော့ဘူး။ နေ့တိုင်း ကိုကာတီးသောက်၊ ကိုကာကန်ဒီ စားနေရတာပေါ့။ ဟိုတယ်က ထည့်ပေးလိုက်တဲ့ ဆန်းဒွတ်ကို မစားနိုင်ဘူး။ ပန်းသီး၊ ဘီစကစ်ကိုတော့ ကြိုက်တယ်။ သွားတိုက်ပလုတ်ကျင်းတဲ့အခါ ရေသန့်သုံးရမယ်လို့ ဝိုင်းကမှာထားတယ်။ ဝိုင်းက အာဖရိကို အလုပ်ကိစ္စနဲ့ ခရီးမကြာခဏ ထွက်ရတော့ safety အတွေ့အကြုံများတယ်။ ခရီးစဥ◌်တခုလုံး ၁၀ နာရီကြာပြီး လမ်းတလျှောက်က လေးနေရာကို ဝင်လည်မှာပါ။ တိုးဂိုက်က အင်္ဂလိပ်၊ စပိန်ဘာသာ နှစ်မျိုးလုံးနဲ့ ရှင်းပြပေးတယ်။ တနာရီလောက် မောင်းပြီးတဲ့အခါမှာတော့ အမြင့်ပေ ၁၀,၂၄၃ (မီတာ ၃၁၂၂)  မြင့်တဲ့အရပ်ဒေသက San Pedro Apostol de Andahuaylillas (Sistine Chapel of America) ကို ဝင်လည်တယ်။ ၁၆ ရာစု Jesuits တွေက တည်ဆောက်ခဲ့ပြီး အဲ့ဒီခေတ်က စပိန်ဘာသာရေး အဆောက်အဥ◌ီးထုံးစံအတိုင်း အင်ကာလူမျိုးတွေရဲ့ ထူးခြားမြင့်မြတ်တဲ့နေရာမှာ တည်ဆောက်ခဲ့ပါတယ်တဲ့။ တော်တော်အသေးစိတ် လက်ရာမြောက်တယ်။ ဘုရားကျောင်းအတွင်းမှာ ဓာတ်ပုံရိုက်ခွင့်မပြုဘူး။ ဂျပန်မတယောက်က ဓာတ်ပုံရိုက်နေလို့ ဝိုင်းကသွားပြောတယ်။ ဘုရားကျောင်းတွေရောက်ရင် ငြိမ်းချမ်းခြင်းတမျိုး ခံစားရတယ်။ ဘုရားကျောင်းပုံတွေပါတဲ့ ၂၀၂၀  ပြက္ခဒိန် လက်ဆောင်ပေးတယ်။ ဘုရားကျောင်းတပတ်ပတ် ဓာတ်ပုံရိုက်ကြတယ်။ အိမ်သာက အခမဲ့ဆိုတော့ မပေါက်ချင်လည်း ဝင်ပေါက်ကြတယ်။ ဘုရားကျောင်းရှေ့က အပင်ကြီးက နှစ်ပေါင်းတရာကျော်ပြီတဲ့။

ဘေးနားကဖြတ်သွားတဲ့ ရွာလေးမှာ တရွာလုံးက မုန့်ဖုတ်လုပ်ငန်းပဲ လုပ်ကိုင်တယ်။ အဲ့ဒီရွာက ပေါင်မုန့်က နာမည်ကြီးတယ် အစေ့တမျိုးနဲ့လုပ်ထားတာ ချိုချိုလေး စားလို့ကောင်းတယ်။ မြည့်ကြည့်လို့ရအောင် ဝန်ထမ်းမလေးက လိုက်ကျွှေးတယ်။ ကိုယ်က ဓာတ်ပုံရိုက်ခွင့်တောင်းပြီး ဓာတ်ပုံရိုက်လိုက်တယ်။ နှစ်နာရီတခါ ဘာသောက်မလဲလို့ လာမေးတယ်။ နှစ်နာရီကျော်လောက် မောင်းပြီးတဲ့အခါ Wiracocha ဘုရားကျောင်း ရောက်ပါတယ်။ အန်ဒီးလူမျိုးတွေရဲ့ မမြင်နိုင်တဲ့ နတ်ဘုရားကို ဂုဏ်ပြုပြီးတော့ အင်ကာဝီရာကိုချာက တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီခေတ်က အကောင်းဆုံးတည်ဆောက်မှုတဲ့။ ၃၀၂ ပေ (၉၂ မီတာ) ရှည်ပြီး ၈၃ ပေ (၂၅.၂၅ မီတာ) ကျယ်ပါတယ်။ ကိုယ်တို့လျှောက်နေတဲ့ လှည်းလမ်းဟာ မြောက်ဖက်ကိုလံဘီယာကနေ စတင်ပြီး တောင်ဖက်ချီလီမှာ ဆုံးတဲ့ကုန်သွယ်လမ်းကြောင်းပါတဲ့။ အာရှနဲ့ဥရောပတိုက်ကို ဆက်သွယ်တဲ့ ပိုးလမ်းမလိုပေါ့။ မြေထည်လက်ရာလေးတွေ အင်မတန်လှတယ်။ ဝယ်ချင်ပေမဲ့ အိမ်တောင်ရောက်မှာမဟုတ်ဘူး လမ်းမှာတင် ကျိုးပဲ့မှာကိုသိလို့ မဝယ်တော့ဘူး။ ဘုရားကျောင်းကို ဝင်လည်တော့ အဘွားကြီးတယောက်ကို သနားလို့ ဝိုင်းက လှုလိုက်တယ်။ ဆွဲကြိုးလေးတွေ ကြိုက်ပေမဲ့ ဝတ်ဖြစ်ပါ့မလား၊ တကယ်ကြိုက်ရဲ့လား၊ အမြဲဝတ်ဖြစ်မှာလား လားပေါင်းများစွာ မေးနေတာနဲ့ မဝယ်ဖြစ်တော့ဘူး။ ကိုစကာရီကာက ဝယ်လာတဲ့ အာဂျင်တီးနားဆွဲကြိုး၊ ပုလဲဆွဲကြိုး၊ အလာစကာကဝယ်လာတဲ့ လက်ကောက်နှစ်ကွင်းကတော့ အမြဲဝတ်ဖြစ်တယ်။ နေ့လည် ၁၂ နာရီမှာ အင်ကာအိတ်စ်စပရက်စ်ပိုင်တဲ့ ပြတိုက်ကို ဝင်လည်ကြတယ်။ ကိုကာရွက်ကို ရှေးကတည်းက သုံးလာခဲ့ကြတယ်။ မောပန်းရင်၊ နေမကောင်းရင်၊ ဗိုက်ဆာရင်၊ ပျင်းရင် အားရင်အားသလို ဝါးကြတယ်။ ကိုကာကနေ ကိုကင်းထုတ်ပါတယ် ဒါပေမဲ့ ကိုကာကနည်းနည်း တခြားဆိုးဝါးတဲ့ ဓာတ်ပစ္စည်းတွေကများများ။ ပီရူး၊ ဘိုလီးဘီးယားက ဟိုတယ်တွေမှာ ကိုကာရွက် ထားပေးထားတယ်။ စေ◌ျးဆိုင်တွေမှာ ကိုကာရွက်၊ ကိုကာကန်ဒီ ဝယ်လို့ရပေမဲ့ စတိတ်ကိုတော့ ကိုကာရွက်သယ်လို့မရဘူး။ နေ့လည်စာ ဘူဖေးက အတော်စားကောင်းတယ် ဗိုက်ဆာနေလို့ ဓာတ်ပုံမရိုက်ဖြစ်လိုက်ဘူး။ ခရီးစဥ◌်တခုလုံး အစားအသောက်ပုံတွေက ကိုယ့်တာဝန်။ တနာရီလောက် မောင်းပြီးတော့ Abra La Raya ဆိုတဲ့ တောင်ကြားလွင်ပြင်နားမှာ ခဏရပ်ပါတယ်။ ပီရူးတနိုင်ငံလုံးမှာ နွေရာသီပေမဲ့ နှင်းမြင်ရတဲ့ တခုတည်းသော နေရာလေးပါတဲ့။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄,၂၃၂ (၄၃၃၈ မီတာ) မြင့်တော့ ခရီးစဥ◌်တခုလုံးရဲ့ အမြင့်ဆုံးနေရာလေးပါပဲ။

ဟန်က ဒီပုံကို အကြိုက်ဆုံးတဲ့
ဘုရား‌ကျောင်းအထဲမှာ ဓာတ်ပံပုံရိုက်ခွင့် မပြုဘူး...အထဲမှာ ဘယ်‌လောက်က်ခမ်းနားလှပလဲလို့ ‌နောက်ကဓာတ်ပုံကိုသာ ကြည့်‌တော့

Sistine Chapel of America ဘုရား‌ကျောင်း‌ရှေ့


တနာရီခွဲလောက် မောင်းပြီးတဲ့အခါမှာတော့ Pucara ပြတိုက်ကို ဝင်လည်ပါတယ်။ ပူကာရာမှာ ၅၀၀ ဘီစီ - ၂၀၀ အေဒီကာလတုန်းက တောင်တန်းဒေသတွေမှာ အန်ဒီးစ်ယဥ◌်ကျေးမှု စတင်အခြေချခဲ့တဲ့ နေရာပါတဲ့။ အဲ့ဒီဒေသကကော်ဖီက နာမည်ကြီး တိရစ္ဆာန်တကောင်ရဲ့ ဖင်ကနေထွက်လာတဲ့ ကော်ဖီဆိုတော့ စေ◌ျးကြီးမှကြီး။ ပန်ဒါဖင်ကထွက်တဲ့ ဟာလိုနေမှာပေါ့။ ဥရောပအမျိုးသမီးတယောက်ရဲ့ ကျောပိုးအိတ်ကိုကြိုက်လို့ ဘာမှာဝယ်တာလဲလို့ မေးကြည့်တော့ ကူစကိုမှာ ဝယ်တာတဲ့။ အဲ့ဒီလို ဆိုင်မှာရှာရင် ကြိုက်တာမတွေ့ဘူး သူများဝတ်ထားတာ၊ လွယ်ထားတာဆိုရင် ကြိုက်တတ်တယ်။ သင်္ချိုင်းကုန်းမှာ လူတွေအများကြီးပဲ ဘာပွဲတော်ရှိလည်းမသိဘူး။ ကားလမ်းဘေးတလျှောက် လက်ဝါးကပ်တိုင်လေးတွေ၊ နတ်ရုပ်စင်တွေလို တွေ့တယ်။ လမ်းဘေးမှာ အမှတ်အသားအချို့ကို ဥရောပအမျိုးသမီးက တိုးဂိုက်ကိုမေးကြည့်တော့ အဲ့ဒီနေရာမှာ လူဘယ်နှစ်ယောက်သေတယ်ဆိုတဲ့ အမှတ်အသားတဲ့။ အဲ့ဒါကိုကြားတာနဲ့ မောင်မောင့်ကို သတိရပြီး မျက်ရည်ကျတယ်။ ကားတိုက်တယ်ဆိုတဲ့သတင်း၊ မောင်မောင့်ဓာတ်ပုံတွေမြင်တိုင်း ရင်ထဲနာကျင်ကြေကွဲ ဝမ်းနည်းပက်လက် ခံစားရတုန်း။ ရုပ်ရှင်ထဲမှာ ငိုခန်းဆိုရင် ဘာမှမဆီမဆိုင် ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုနေမိတုန်း။ ပူနိုက တီတီကာကာရေအိုင်ဘေးနားမှာ။ ပူနိုနားနီးလာတာနဲ့ လူနေအိမ်ထူထပ်တယ်။ ပီရူးမှာ ဆောက်လက်စ တိုက်တွေများတယ်။ ဘာလို့လဲဆိုတော့ ငွေကြေးမတတ်နိုင်လို့၊ အိမ်မပြီးသေးရင် အခွန်မပေးရလို့တဲ့။ အိမ်အပြင်ထက် အိမ်အတွင်းကို ဥ◌ီးစားပေးကြတယ်တဲ့။ ဗီယက်နမ်မှာတော့ ပြောင်းပြန် အိမ်အပြင်က ပိုသားနားဖို့လိုတယ်တဲ့။ ကားဂိတ်ကနေ အပြင်ကိုထွက်ပြီးမှ တက္ကစီငှားလို့ရတယ်။ ကိုယ်တို့အခန်းက သုံးထပ်မှာ ဓာတ်လှေကားမရှိလို့ ဟိုက်နေအောင် တက်ယူရတယ်။ နှလုံးခုန်မြန် ပင်ပန်းလို့ လမ်းကိုဖြေးဖြေးလျှောက်ရတယ်။ ညစာစားဖို့ လိုက်ရှာတာ ကြက်ကြော်ဆိုင်နဲ့ ပီဇာဆိုင်တွေ့တယ်။ လူများပြီး ကြီးတဲ့ဆိုင်ကို ရွေးလိုက်တယ် ကြက်ကင်တခြမ်းကို သုံးယောက်စားတာ မကုန်ဘူး။ အာလူးကြော် တော်တော်စားကောင်းတယ်။ အာလူးမကြိုက်တဲ့ ကိုယ်တောင်ကြိုက်တယ်။ ဘေးကမိန်းကလေးတွေ ကြည့်လိုက်တော့ ကြက်ကင်တခြမ်းကို တယောက်တည်းစားတာ။ လူတွေက ထွားထွားကြီးတွေ ရုပ်တွေက အတူတူလိုပဲ။ တောင်တန်းဒေသမို့လို့နဲ့တူတယ် နေလောင်ထားတဲ့ အသားအရည်။ ဟိုတယ်အပြန်လမ်းမှာ သစ်သီးဝင်ဝယ်ကြတယ်။ စေ◌ျးသည်အန်တီကြီးက မှားပြီးပိုက်ဆံလျော့တွက်နေလို့ ဝိုင်းကပြင်ပေးရတယ်။ မနက် ၂ နာရီ တရေးနိုးတော့ ခေါင်းကိုက် အသက်ရှုမဝ ချွှေးတွေထွက် ခေါင်းမူး နှလုံးခုန်မြန်။ ဝိုင်းက အဲဒါ high altitude sickness symptons တဲ့။ ဆေးသောက်ပြီး အိပ်လိုက်တော့ သက်သာသွားတယ်။ နောက်နေ့ ဘယ်တွေသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၂၄၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့ အင်ကာအိတ်စ်ပရက်စ်တိုးကား
https://www.inkaexpress.com/cusco-puno-bus-vip-tourist-service.html

‌စေ◌ျးဆိုင်‌လေး‌တွေ
နှစ်‌ပေါင်းတရာ‌ကျော်သက်တမ်းရှိတဲ့ သစ်ပင်
Inka Express Bus from Cusco to Puno in Peru
ဘေးကဖြတ်သွားတဲ့ ရွာလေးက တရွာလုံး မုန့်ဖုတ်လုပ်ငန်းပဲ လုပ်ကိုင်တာတဲ့…ပေါင်မုန့်က နာမည်ကြီးတယ်…ဝန်ထမ်းမလေးက မြည်းစမ်းခိုင်းတယ်…စားလို့ကောင်းတယ် နူးညံ့တယ် တအားမချိုဘူး...

ရှုခင်းတွေ တအားလှတယ် ဝိုင်းက စန်းစန်း အိပ်မနေနဲ့ အပြင်ကိုကြည့်တဲ့ ကိုယ်က ရထား၊ ဘတ်စ်ကား၊ လေယာဥ◌်ပေါ်ဆို အိပ်ပျော်တယ်
မကြီးလည်း အဲ့လိုပဲ ရထားပေါ်မှာ နေရာရရင် အိပ်ပျော်ပြီး အိမ်ရောက်ရင် မအိပ်တော့ဘူး…အဲ့ဒါဆို ရထားပတ်စီးပြီးအိပ်လို့…အဖေကျတော့ ရထား၊ ဘတ်စ်ကား၊ လေယာဥ◌်၊ သဘေင်္ာပေါ်ဆိုရင် လုံးဝမအိပ်တော့ဘူး…အမေကျတော့ ကုသိုလ်ကံကောင်းချက်…ဘယ်နေရာ ဘယ်အချိန် ဘယ်မှာပဲဖြစ်ဖြစ် အိပ်ပျော်တယ်….
Temple of Wiracocha
Alpacha ရဲ့ အမွှေးတွေနဲ့ လုပ်ထားတဲ့ဆွယ်တာတွေ စေ◌ျးကြီးတယ်…ကက်ရှ်မီးယားထက် ပိုနွေးတယ်တဲ့...
အင်ကာအိတ်စ်ပရက်ပြတိုက်ထဲမှာ ကိုကာရွက်အကြောင်း ရှင်းပြတဲ့အရွက်တွေ...
ဝတ်စုံတွေက ဆန်းမှဆန်း ဂျပန်ဆာမူရိုင်းတွေများလား...
ခရီးစဥ◌်တခုလုံးမှာ အမြင့်ဆုံးနေရာ...
အမြင့်‌ပေ ၁၄,၂၃၂
နွေရာသီ ပီရူးတနိုင်ငံလုံးမှာ ရေခဲမြင်ရတဲ့ တခုတည်းသောနေရာ
Pucara ပြတိုက်နားက ဘုရား‌ကျောင်း
လက်မှုပစ္စည်းလေး‌တွေ
ပူနိုမှာ ကြက်ကင်တခြမ်းကို သုံးယောက်စားတာ မကုန်ပါဘူးဆို…စားလို့ အင်မတန်ကောင်းတယ်…တောင်ပေါ်ဒေသမို့လို့ အရွက်စိမ်းရှားတယ်…မနက် အာလူး ည အာလူး…တောင်အမေရိကခရီးလည်းပြီးရော အာလူးကို မုန်းသွားတယ်...
No more potatoes please !!!