Showing posts with label Soccer. Show all posts
Showing posts with label Soccer. Show all posts

24 August 2024

ဘောလုံးပွဲကြည့်ခြင်း အနုပညာ ...

၂၀၂၄ ဇှုလှိုင် ၂၇ စနေနေ့ ည ၆ နာရီ Bronx မှာရှိတဲ့ Yankee ကွင်းမှာ Manchester City vs AC Milan ပွဲသွားကြည့်တယ်။ ကိုယ်တွေက မန်ယူအမာခံတွေ ကြည့်ချင်တာက မန်ယူပွဲ ကြည့်ရတာက မန်စီးတီးပွဲ ။ မန်ယူက လော့အိမ်ဂျလစ်နဲ့ တောင်ကာရိုလိုင်းနားပြည်နယ်တွေမှာပဲ ပွဲရှိတယ်။ မနှစ်က မန်ယူ နယူးဂျာစီမှာလာကန်တုန်းက မသိလိုက်ဘူး။ ခုပွဲလက်မှတ်က စျေးသက်သာတယ် တရာကျော်လေးပဲ။ ညနေ ၄ နာရီခွဲ ကွင်းစဖွင့်တော့ အိမ်ကနေ ၃ နာရီခွဲလောက်ထွက်တယ်။ မြို့ထဲရောက်တာနဲ့ မန်စီတီး၊ အေစီမီလန် ပရိသတ်တွေကို ရထားမှာစတွေ့ရပြီ။ ရထားတစီးက လူအပြည့်မို့ ခဏလေးပဲရပ်တယ်။ ကိုယ်တွေလည်း လူနည်းမယ်ထင်တဲ့ ဟိုဖက်အပေါက်ပြေးလိုက် ဒီဖက်အပေါက်ပြေးလိုက်နဲ့။ ရထားဝန်ထမ်းက နောက်မှာရထားတစီး နှစ်မိနစ်အတွင်းလာလိမ့်မယ်လို့ပြောမှ အပြေးရပ်တယ်။ မန်စီတီးက ဟာလန်းပရိတ်သတ်များတယ်။ ကလေးတွေဆို ဟာလန်းအကင်္ီျနဲ့ချည်းပဲ။ ရထားပေါ်ကတက်တာနဲ့ ယန်းကီးကွင်းမှာ လူများလိုက်တာ ကြိတ်ကြိတ်တိုး။ RedBull ကွင်းမှာဆို ရေဘူးအခွံကို လွှင့်ပစ်တယ်။ ဒီမှာတော့ ရေဘူးကိုတောင် မစစ်ဘူး။ ကွင်းကြီးက အကြီးကြီး အကျယ်ကြီး ထိုင်ခုံမနည်းရှာရတယ်။ လေးထပ်အပေါ်ဆုံးမှာ နေရိပ်တဲ့ဖက်ကကျလို့ တော်သေးတယ်။ ပွဲကကြည့်ကောင်းတယ်။ ရှေ့ကအေစီမီလန်ပရိတ်သတ် အန်တီကြီးကတော့ မီလန်တဂိုးသွင်းတိုင်း ထကတော့တာပဲ။ ကိုယ်တို့ကတော့ ဘယ်သူသွင်းသွင်း လက်ခုပ်တီးနေတော့တာပဲ။ ဘောလုံးပွဲ လူ ၄၆၁၁၂ လာကြည့်တယ်။

စန်းထွန်း

သြဂုတ် ၂၄၊ ၂၀၂၄။