Showing posts with label photography. Show all posts
Showing posts with label photography. Show all posts

31 December 2022

ဓာတ်ပုံရိုက်ခြင်း အနုပညာ - ၅

၂၀၂၂ ဇွန် ၁၈ စနေနေ့ စင်ထရယ်ပါ့ခ်မှာ လမ်းသွားလျှောက်ရင်း ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ။ နွေရာသီ ဟိုက်ကင်းမထွက်ခင် စင်ထရယ်ပါ့ခ်မှာ ၄၊ ၅ မိုင် လမ်းလျှောက်၊ ပြီးရင် ဟက်ဆန်မြစ်ဘေးနား ၆၊၇ မိုင် လမ်းလျှောက် ထရိမ်းနင်းဆင်းပြီးမှ အပ်စတိတ်ဖက်ကို ဟိုက်ကင်းထွက်လေ့ရှိပါတယ်။ ၂၀၂၃ ဇန်နဝါရီ ၁ - ၄ နယူးအော်လင်း သွားဖြစ်တယ်။ နယူးအော်လင်းသွား တောလား ပို့စ်တွေကတော့ နောက်မှ တင်ပါဦးမယ်။

Happy New Year!

စန်းထွန်း

ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

ရှဥ့်က လူမကြောက် ကိုယ် nuts တွေစားနေလို့ လာတောင်းတာ လက်ထဲကနေ လုစားမတတ်ပဲ
ပန်းပွင့်တွေ ပွင့်ဖူးတဲ့ နွေရာသီ
၂၀၂၂ စက်တင်ဘာ ၃ အသိညီမ မင်္ဂလာဆောင်သွားရင်း အမှတ်တရ
ကိုယ့်ဘာသာ စတန်းထောင်ရိုက်ထားတာ...

14 August 2022

ဓာတ်ပုံရိုက်ခြင်း အနုပညာ - ၄

၂၀၂၂ မတ် ဧပြီ အတွင်း ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေပါ။

ရုံးနားက ဟက်ဆန်မြစ်ကမ်းဘေး...နေ့လည်ထမင်းစားပြီးချိန် လမ်းလျှောက်ရင် အောက်မက်ဟန်တန် စကိုင်းလိုင်းကို မြင်ရတဲ့နေရာလေး..One of my favorite place
ဆီမီးခွက်ဝယ်ပြီး သဘောတွေကျနေတာ..
ရုံးနားမှာ
ရုံးနားက မြစ်ကမ်းဘေးမှာ ဘဲတွေ ဖင်ထောင်ပြီး အစာငုံ့ရှာနေကြတယ်
အိမ်နား ကောင်းကင်ပြာ ရွက်သစ်နု
အိမ်ဘေးက ကျူးလစ်
အိမ်ဘေးမှာ ဘာပင်လည်းတော့ မသိဘူး
ရုံးနားမှာ နွေရာသီဆို အဲ့ဒီအပင်တွေ ပွင့်ပြီ ချယ်ရီလိုလို

ရုံးနားမှာပဲ ချယ်ရီနဲ့တူတယ်နော် ပန်းရောင်လေး လှတယ်
အိမ်ဘေးက ကျူးလစ် နှစ်တိုင်း သူ့ဘာသာပွင့်



ဓာတ်ပုံလေးတွေကြည့်ပြီး ကြည်နူးနှစ်သက်စိတ်နဲ့ ခဏကလေးဖြစ်ဖြစ် စိတ်ချမ်းသာပါစေ။

စန်းထွန်း
ဩဂုတ် ၁၄၊ ၂၀၂၂။

25 July 2022

ဓာတ်ပုံရိုက်ခြင်း အနုပညာ - ၃

 ၂၀၂၂ မတ် ၂၂ ဘူတာဆီအသွား လမ်းမကြီးနား ပေါက်နေတဲ့ အပင် ၃ ပင်ဟာ ပွင့်ချိန်ရောက်ပြီဆို သိပ်လှတာပဲ။ ချယ်ရီပန်းနဲ့ တူသလိုပဲ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဘူး နှစ်တိုင်းရိုက်တယ် နှစ်တိုင်း ဖေ့ဘွတ်၊ ဘလော့မှာ တင်တယ်။



ရုံးနားက ဟက်ဆန်မြစ်ကမ်းဘေးမှာ နေ့လည်စာစားပြီး လမ်းလျှောက်ရင်း အောက်မက်ဟန်တန် စကိုင်းလိုင်းကို မြင်ရတဲ့မြင်ကွင်း။ ကိုယ်အနှစ်သက်ဆုံး နေရာလေးပါ။



မနက်တိုင်း အစာကျွှေးနေကျ ငှက်စာအိမ်လေး။ တိုက်ခန်းကို ပြောင်းတော့မှာမို့ ငှက်စာအိမ်လေး ထားခဲ့ရတယ်။ ငှက်စာအိမ်လေးက ချစ်စရာလေးနော်။ ငှက်စာကုန်နေပြီ အိမ်ပြောင်းမှာမို့ ထပ်မဝယ်တော့ဘူး။ ရေပဲတိုက်နေတာ အစာလာစားနေကျ ရှဥ့်တုတ်တုတ်ခဲခဲလေးက အစာလာတောင်းတယ်။ စိတ်မကောင်းပါဘူး ရှဥ့်နဲ့ ငှက်ကလေးတွေရယ် မင်းတို့ကို လွမ်းနေမှာပါ။



ကိုဂျေမီနဲ့ ကိုဖြိုးဇေယျာသော် အတွက် အတော်ဝမ်းနည်းနေတော။ သတင်းတွေဖတ်ပြီး ငိုလိုက်။  တော်လှန်ရေးကြီး အမြန်ပြီးအောင် တတ်နိုင်သလောက် ကလစ်ကြမယ်၊ လှုကြမယ်၊ စကစကို ပိုဆန့်ကျင်ကြမယ်။


စန်းထွန်း
ဇူလှိုင် ၂၅၊ ၂၀၂၂။

26 June 2022

ဓာတ်ပုံရိုက်ခြင်း အနုပညာ - ၁

ဓာတ်ပုံရိုက်ခြင်း အနုပညာဆိုလို့  ‌ပရော်ဖက်ရှင်နယ် ရိုက်ချက်တွေလို့ မထင်လိုက်ပါနဲ့။ ကင်မရာအကြီးကိုတောင် အော်တိုမုတ်နဲ့ပဲ ရိုက်တဲ့သူပါ။ အိုင်ဖုန်းအသစ်က ကင်မရာကောင်းတော့ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တာလေးတွေထဲက ကိုယ်ကြိုက်တဲ့ပုံတွေကို တင်မှာပါ။ ရုံးမှာ နေ့လည်ထမင်းစားပြီးချိန် လမ်းသွားလျှောက်လေ့ရှိတဲ့နေရာကနေ မက်ဟန်တန်စကိုင်းလမ်းကို မြင်ရတယ်။ ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာ ‌နောက်ခံမှာ တိမ်ဖြူဖြူလွလွတွေ လွင့်မျောနေတာ အင်မတန်လှတယ်။ နေရောင်နွေးနွေးလေးတွေ ဖြာကျတဲ့အခါ၊ လှိုင်းပုတ်သံကို ကြားရတဲ့အခါ၊ ငှက်ကလေးတွေ အော်မြည်သံကို ကြားရတဲ့အခါ၊ ရေထဲငှပ်လျှိုးပြီး အစာရှာနေကြတဲ့ ငှက်ကလေးတွေကို မြင်ရတဲ့အခါ ရင်ထဲငြိမ်းချမ်းတယ်။ ဓာတ်ပုံရိုက်ချင်တဲ့အခါ stand နဲ့ အပုံတထောင်လောက်ရိုက်ပြီး အလှဆုံးပုံတပုံလောက် တင်မယ်နော်။  အိမ်ရှေ့က daffodil အဝါရောင်လေးတွေ ပွင့်ပြီဆိုတာနဲ့ နွေဦးရောက်ပြီ။ 

စန်းထွန်း

ဇွန် ၂၆၊ ၂၀၂၂။