နယူးအော်လင်းသွား တောလား - ၃

၂၀၂၃ ဇန်နဝါရီ ၃ အင်္ဂါနေ့ မနက် ၇ နာရီခွဲ ဟိုတယ်ကနေထွက်။ မနေ့ကသွားခဲ့တဲ့ လမ်းမကနေမဟုတ်ဘဲ တခြားလမ်းကနေ မြို့ထဲကိုသွားတော့ Viator Tour နဲ့ ချိတ်ထားတဲ့ ကော်ဖီဆိုင်မှာ ၂၀ % ဒစ်စကောင့်ရတော့ နယူးအော်လင်းရဲ့ နာမည်ကြီးတဲ့ Beignets ဝယ်စားတယ်။ ဝိုင်းက ကော်ဖီမသောက်ဘူး ကိုယ်က ဘလက်ကော်ဖီသောက်တယ်။ တပွဲ ၃ ခု နှစ်ပွဲမှာစားတယ် ချိုပေမဲ့ စားကောင်းတယ်။ မုန့်ထိုင်စားပြီး လမ်းတလျှောက် လျှောက်ကြည့်။ မနေ့က စုရပ်ပဲဆိုတော့ လမ်းသိတယ်။ Walgreens မှာ ရေသန့်ဘူးဝင်ဝယ်ပြီး လက်မှတ်ကောင်တာမှာ ချက်ကင်ဝင်။ ဒီနေ့ လူများသား ဘယ်ကလာတာလဲလို့ တိုးဂိုက်ကမေးတော့ အိုင်ယာလန်၊ ကိုရီးယား၊ ကယ်လီဖိုးနီးယား၊ အစုံပဲ။ တိုးဂိုက်က အသက် ၇၀ နီးပါးလောက် ရှိတယ်။ လမ်းတလျှောက် မြင်တွေ့ရတာတွေ၊ သမိုင်းကြောင်းတွေကို ဓာတ်ပုံတွေနဲ့ ရှင်းပြတာ သိပ်နားထောင်ကောင်းတာပဲ။ မြောက်ပိုင်းလို သစ်ပင်တွေနဲ့ စိမ်းစိုနေတာမဟုတ်ဘဲ သံမဏိလိုမာတဲ့ ဆိုက်ပရပ်သစ်ပင်တွေ၊ မြက်ပင်တွေ၊ ရွှံ့နွံတောတွေ၊ မြစ်ချောင်းအင်းအိုင်တွေများပြီး တမျိုးထူးဆန်းတယ်။ မနေ့ကသွားတဲ့ ပလက်တေးရှင်းကို ကျော်ပြီးမှ Oak Alley Plantation ကိုရောက်တယ်။ မြင်လိုက်တာနဲ့ သစ်ပင်ကြီးတွေ စီတန်းပေါက်နေတဲ့ လမ်းမကြီးမှာ ဓာတ်ပုံရိုက်မယ်လို့ ဆုံးဖြတ်ပြီးသား။ လည်ခွင့်ပြုတဲ့ ၂ နာရီအတွင်း ဗွီဒီယိုကြည့်ဖို့စောင့်နေတုန်း သစ်ပင်တန်းကြီးမှာ အပြေးအလွှား ဓာတ်ပုံရိုက်ကြတယ်။ ပြီးတော့ သကြားဘယ်လိုထုတ်တယ်ဆိုတာ ရှင်းပြတဲ့ ဗွီဒီယို ဝင်ကြည့်တယ်။ ဖရီးတိုး ဝင်နားထောင်တယ်။ တိုးဂိုက်ပြောမှပဲ မြေကနိမ့်နေတာ သတိထားမိတယ်။ ကျွှန်တွေနေတဲ့အိမ်ကလေးတွေ လိုက်ကြည့်တယ်။ စာတွေနဲ့ရှင်းပြထားတော့ လိုက်ဖတ်တယ်။ အိမ်သာဝင်ပြီး တိုးကားလာတာကိုစောင့်ပြီးတော့ swamp boat တိုးဆီ သွားကြတယ်။

ဒီတိုးက private ဒီရေတောဆိုတော့ ဘုတ်ကတစီးထဲ။ alligator vs crocodile မသိလို့ ဂူဂယ်မှာရှာ။ အယ်လီဂေတာက U shape ရေချိုမှာနေတယ်။ မိကျောင်းက V shape ရေငန်၊ ရေချိုရေငန်ဆုံတဲ့နေရာမှာ နေတယ်။ နာမည်ခေါ်လိုက်တာနဲ့ စားနေကျ raccoon က ပြောင်းဖူးစားဖို့ ပြေးလာတယ်။ marshmallow ပစ်ပေးလိုက်ရင် alligator တွေလာစားတယ်။ ၂ နှစ်သား ဘေဘီ alligator လေးကို နှုတ်သီးကြိုးတုပ်ပြီး တယောက်တလှည့်ကိုင်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ကိုယ်တို့နှစ်ယောက်က မကိုင်ဘူး။ ကြိုက်တဲ့ဓာတ်ပုံလေးတွေရလို့ ပျော်တယ်။ ပင်လယ်စာစားတယ် ဝိုင်းကသိပ်မကြိုက်။ raw oyster စားတယ်။ bucket list ထဲက နယူးအော်လင်းကို ရောက်ဖူးပြီ။ သူများတွေကတော့ Mardi Gras ကျင်းပချိန် ဖေဖေါ်ဝါရီ၊ မတ်လလောက်မှာ နယူးအော်လင်းကို သွားချင်ကြတာ။ ကိုယ်ကတော့ အဲ့ဒီအချိန်ကို ရှောင်ပြီးသွားတာ။ လူများပြီး သောက်ကြ၊ စားကြ၊ သီချင်းတွေနဲ့ကကြ ကိုယ်အကြိုက်မဟုတ်။ မနက်ဖြန် နောက်ဆုံးနေ့ ဘယ်တွေသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇူလှိုင် ၂၉၊ ၂၀၂၃။

https://www.viator.com/tours/New-Orleans/Swamp-Boat-Ride-and-Southern-Plantation-Tour-from-New-Orleans/d675-3780SWPL

Gone With The Wind ထဲက စကားလက်အိုဟာရာရဲ့ တာရာစံအိမ်ကြီးကို
ရောက်သွားသလို ထင်ရတဲ့ Oak Alley Plantation 
Alligators
Racccon

နယူးအော်လင်းသွား တောလား - ၂

၂၀၂၃ ဇန်နဝါရီ ၂ တနင်္လာနေ့ နေ့လည် ၁၂ နာရီ Mississippi မြစ်နားက စုရပ်မှာဆုံပြီး တိုးကားကိုစောင့်။ Whitey Plantation သွားမဲ့သူဆိုရင် အစိမ်းရောင်တံဆိပ်ပြားလေးတွေပေးပြီး Alley Plantation သွားမဲ့သူဆိုရင် အနီရောင်လေးတွေပေးတယ်။ လမ်းတလျှောက် မြင်ရတဲ့ နယူးအော်လင်း သမိုင်းကြောင်းကို ရှင်းပြတယ်။ ပြင်သစ်ကိုလိုနီမို့လို့ ပြင်သစ်စကားလုံး၊ နာမည်တွေနဲ့။ ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တဲ့ဝိုင်းက ပြင်သစ်စကားလုံးတွေကို အမေရိကန်အသံထွက်နဲ့ ပြောနေတာ သိပ်ရယ်ရတာပဲတဲ့။ ဒီဟာက စပိန် Creole ဒီဟာက လူမည်း Creole ဆိုတဲ့စကားလုံးကို တိုးဂိုက်က ခဏခဏပြောတယ်။ Creole ဆိုတာ ရပ်ကွက်လိုမျိုးပေါ့။ မြေကပြန့်ပြူးနေပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၂၅ လက်မ နိမ့်တယ်။ ရွှံ့ညွှန်တွေများတော့ ကားလမ်းမက တံတားလိုမျိုး ဆောက်ထားရတယ်။ Mississippi မြစ်ဘေး ပင်လယ်နားမှာဆိုတော့ မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးတဲ့ဒဏ် ခံရမှာပဲ။ တနှစ်ကိုတိုးရစ် သန်း ၂၀ ကျော်လာတယ်တဲ့။ နေရာအနှံ့ တေးသီချင်းသံကြားရပြီး ဥရောပမြို့လေးနဲ့တူတယ်။ ရာသီဥတုကတော့ ပူအိုက်စွတ်စို နေသာလိုက်၊ မိုးရွာလိုက်၊ မြူတွေကျလိုက်။ ပင်လယ်နဲ့နီးလို့ စိမ်းစိုနေတဲ့သစ်ပင်တွေ မတွေ့ရဘူး။ ကိုယ်တို့မရောက်ခင် ၂ ရက်လောက်အလိုက နယူးအော်လင်းနား လေဆင်နှာမောင်းဝင်တိုက်သွားသေးတယ်။ အိုကလားဟိုမား၊ မစ္စစပီ၊ ကက်ဆက်ပြည်နယ်တွေက လေဆင်နှာမောင်းပြည်နယ်တွေ။ ဝိုင်းက Killing the mocking bird စာအုပ်ဖတ်ပြီး ဘေးက အလာဘာမားပြည်နယ်ကို သွားလည်ချင်နေတာ။ ငါ ကြည့်ပြီးပြီ အိုင်အိုဝါပြည်နယ်လိုပဲ ဘာမှလည်စရာမရှိဘူး။

တနာရီလောက် မောင်းပြီးတော့ Whitey Plantation ရောက်တယ်။ Self-guided tour မို့ နံပါတ်အစီအစဥ်အတိုင်းဝင်ကြည့် နားကြပ်လေးနဲ့ နားထောင်လိုက်။ အကိုင်းအခက် အကြီးကြီးတွေက လေရူးသုန်သုန် ရုပ်ရှင်ကားထဲက စကားလက်အိုဟာရာရဲ့ တာရာအိမ်ကြီးလိုပဲ။ ဆရာမြသန်းတင့် ဘာသာပြန် လေရူးသုန်သုန် ဝထ္ထုဖတ်ပြီး ဂျော်ဂျီယာပြည်နယ် အတ္တလတာမြို့နားက တာရာကို သွားလည်ချင်တာ အခုတာရာကို ရောက်နေသလိုပဲ။ ရုပ်ရှင်ဖတ်ပြီးတော့လည်း လေရူးသုန်သုန်ကိုပိုစွဲ မူရင်းအင်္ဂလိပ်ဝထ္ထုကို ဖတ်ပြီးတော့လည်း ပိုကြိုက်သွားတာ။ ကျွှန်တွေနေတဲ့ တဲအိမ်လေးတွေ၊ ကြံကို အိုးကြီးတွေနဲ့ကြိုပြီး သကြားထုတ်လုပ်တာတွေ သိရတယ်။ အဲ့ဒီခေတ်တုန်းက သကြားက ရွှေဖြူပဲ။ သကြားထုတ်တဲ့နည်းကို ကျူးဘားကနေ ယူလာတာတဲ့။ ကြံကနေ သကြားထုတ်တယ်ဆိုတာသိပေမဲ့ ခုမှပဲ သေသေချာချာ နားလည်သွားတော့တယ်။ ၂ နာရီနဲ့ လုံလောက်ပါတယ်။ တိုးကားပေါ် တက်ခါနီးမှာ အပင်ကြီးတွေနားမှာ ဓာတ်ပုံမရိုက်သေးဘူးဆိုပြီး ပြေးရိုက်ကြသေးတယ်။ ထင်သလောက် မလှလို့ စိတ်ပျက်လက်ပျက်ဖြစ်။ အပြန်မှာ ပင်လယ်စာ စားဖြစ်တယ်။ မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ခရီးက ပြန်လာပြီးကတည်းက oyster အစိမ်းကြိုက်နေတာ ခုလည်း ၂ ပွဲ မှာစားတယ်။ တည်းတဲ့ဟိုတယ်က AC Hotel by Marriott New Orleans French Quarter က တော်တော်ကောင်းတယ်။ အမြဲတမ်း ဘက်ဂျက်ဟိုတယ်၊ ဟိုစတယ်မှာ တည်းနေတော့ ခုလို ဟိုတယ်ကောင်းကောင်းလေး တည်းရတော့ သဘောကျနေတာ။ နောက်နေ့သွားလည်တဲ့ Swamp Boat & Alley Plantation အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇူလှိုင် ၂၂၊ ၂၀၂၃။

https://www.viator.com/tours/New-Orleans/Whitney-Plantation-Tour/d675-3780P41

လေရူးသုန်သုန် ရုပ်ရှင်ကားထဲက တာရာစံအိမ်ကြီးလိုပဲ
ကြံရည်ကို အဲ့ဒီအိုးကြီးတွေနဲ့ ကြိုပြီး သကြားထုတ်တာ
တိုးကားပေါ် မတက်ခင် ပြေးရိုက်တာ လိုချင်တဲ့ပုံလည်းမရ..
လိုချင်တဲ့ပုံက နောက်နေ့သွားတဲ့ Alley Plantation မှာမှ ရတယ်

နယူးအော်လင်းသွား တောလား - ၁

ပန်းချီကားတွေ မြင်ရတာ စိတ်နှလုံး ငြိမ်းချမ်းစေတယ်

၂၀၁၃ ဇန်နဝါရီ ၁ ရက်နေ့ တောင်ပိုင်းက လူဝီဇီယားနားပြည်နယ် နယူးအော်လင်းမြို့ကို သွားလည်ဖြစ်တယ်။ ပြင်သစ်ကိုလိုနီ ဥရောပပုံစံမြို့လေး၊ jazz music ၊ Mardi Gras ပွဲတော်၊ အစားအသောက်လက်ရာကောင်းတွေကြောင့် တစ်နှစ်ကို တိုးရစ် သန်း ၂၀ ကျော် လာကြတဲ့မြို့လေး။ ကက်ထရစ်နာမုန်တိုင်း အကြီးအကျယ်ခံခဲ့ရတဲ့မြို့လေး။ နာဂစ်မုန်တိုင်း ခံစားဖူးလို့ ကိုယ်ချင်းစာ နားလည်ပါတယ်။ သက်သာတဲ့လေယာဥ်ကို အမြဲရှာဖွေနေတဲ့ဝိုင်းက တွေ့ပြီဆိုတာနဲ့ သွားမလားမေးတာနဲ့ ရက်စ်ပဲ။ တိုးတွေလိုက်ရှာ ဟိုတယ်တွေဘွတ်နဲ့ တပတ်အတွင်းအကုန်အပြီးဘွတ်။ ကြည့်တုန်းကထက် ဟိုတယ်ခက ၂၀ ကျော်တက်သွားလို့ ရင်ထုမနာ ဖြစ်လိုက်ကြသေးတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ သွားမလို့ဟာ လေယာဥ်ခက စျေးမတက်ပေမဲ့ ဟိုတယ်ခက နယူးရီယားကြောင့် တည ၃၀၀ ကျော်ဖြစ်တော့ ဇန်နဝါရီ ၁ ရက်နေ့မှပဲ သွားဖြစ်တော့တယ်။ မနက် ၆ နာရီ အိမ်နားက ဂျက်ဆင်ဟိုက်မှာ လာဂွါရီယာလေဆိပ်ကို ဘတ်စ်ကားစီး။ နယူးရီးယားမို့လို့ ဘတ်စ်ကားခက ဖရီး။ နယူးယောက်မှာ ချမ်းနေတုန်း နယူးအော်လင်းမှာပူတယ်။ ၂၀၂၂ အောက်တိုဘာ အော်ရီဂွန်ပြည်နယ်သွားတုန်းကလည် ပူနေတယ်လို့ပြပေမဲ့ တောတောင်ထဲမှာ ချမ်းလိုက်တာ။ ဘယ်သွားသွား မိုးကာဂျက်ကဒ်အပါးလေးတော့ ဆောင်ထားမှ။ တောင်ပိုင်းဆိုတော့ မြေကပြန့်ပြူး ရာသီဥတုက စွတ်စိုထိုင်းမှိုင်း ပူတယ်။ တက္ကစီသမားက အိန္ဒိယသားလေး သူ့မိန်းမက ဂျမေကာအဆက်အနွှယ် နယူးယောက်သူ။ သူ့မိဘတွေ လာလည်တုန်းက အကြောင်းတွေပြောပြတယ်။ မြို့က ပင်လယ်ရေအောက် ၂၅ ပေနိမ့်တော့ မိုးရွာတာနဲ့ ရေတွေကို ပိုက်လုံးအကြီးကြီးတွေနဲ့ ပင်လယ်ထဲထုတ်ရတယ်။ ကက်ထရီနာမုန်တိုင်းတုန်းက အကြောင်းတွေ ပြောပြတယ်။ အားကစားရုံအကြီးကြီး ၂ ခုက အားကစားဝါသနာပါတဲ့မြို့မှန်း သိသာစေတယ်။

ဟိုတယ်ကို ချက်ကင်ဝင်ပြီး အာရှစားသောက်ဆိုင်ရှာပြီး မေးကြည့်တော့ နာရီဝက်စောင့်ရမယ်တဲ့။ အနီးအနားက ပန်းချီပြခန်းဝင်ပြီး ဝင်ကြည့်ပြီး အချိန်ဖြုန်းတယ်။ ပန်းချီကားတွေမြင်ရတာ စိတ်ချမ်းသာတယ်။ မြို့တော်ခန်းမနား တိုးရစ်အုပ်စုတွေ့လို့ မေးကြည့်တော့ ghost tour တဲ့။ ကိုယ်က တခါလောက်တော့ လိုက်ကြည့်ချင်တယ်။ အချိန်နဲ့ရက်ကို တွက်ကြည့်လိုက်တော့ ဒီနေ့မှမသွားရင် နောက်နေ့သွားဖို့အချိန်မရှိဘူး။ ည ၈ နာရီတိုးဘွတ်လိုက်တယ်။ တရုတ်ဆိုင်က xiao long bao လို့ခေါ်တဲ့ အထဲမှာ soup ပါတဲ့ ပေါက်စီအသေးလေး အတော်စားကောင်းတယ်။ နယူးယောက်က နာမည်ကြီး ဂျိုးရှန်ဟိုင်းဆိုင်ကထက် အများကြီးစားကောင်းတယ်။ စားပွဲထိုးတရုတ်ကောင်လေးက ဘယ်ကလာတာလဲ၊ ဘယ်လူမျိုးတွေလဲလို့ စပ်စုတယ်။ မြို့ထဲအထိ လျှောက်သွားပြီး ဟိုတယ်ပြန်နားတယ်။ ည ၇ နာရီလောက် ဟိုတယ်ကနေ ထွက်လာပြီး စုရပ်မှာစောင့်တယ်။ သရဲတိုးသွားတဲ့လူတွေ အများကြီ နာမည်ကြီးလူသတ်မှုတွေ၊ ဗူးဒူးအကြောင်းတွေ ပြောပြတယ်။ ကြောက်စရာကြီး ဝိုင်းကတော့ လုံးဝမကြိုက်။ ကိုယ်ကတော့ သရဲတိုးသွားဖူးသွားပြီး နောက်တခေါက် မသွားချင်တော့ဘူး။ ၂၀၂၃ ဇန်နဝါရီ ၂ ရက် တိုးက နေ့လည် ၁၁ နာရီမှ ဟိုတယ်ကနေ မနက် ၇ နာရီလောက် ထွက်လာပြီး နယူးအော်လင်းရဲ့ အမှတ်အသား စိန့်ပက်ထရစ်ဘုရားရှိခိုးကျောင်းနဲ့ ဓာတ်ပုံရိုက်၊ ဘုရားကျောင်းထဲဝင်ကြည့်။ ရာသီဥတုက မိုးအုံ့နေပြီး မစ်စစ်စပီမြစ်ကမ်းတလျှောက်မှာ မြူမှုန်ဆိုင်းနေတယ်။ နာမည်ကြီး Cafe Du Monde ဆိုင်မှာ ကော်ဖီနဲ့မုန့်စားတယ်။ မုန့်က အင်မတန်စားကောင်းတယ်။ ရှေ့မှာ ဂျက်ဇ်သီချင်းတွေ တီးနေတာ နားညည်းလို့ ခေါင်းကိုက်တယ်။ မနေ့ကလည်း လမ်းမကြီးတလျှောက် သီချင်းသံတွေနဲ့ ဆူညံနေတာ ခေါင်းကွဲမတတ်ပဲ။

လုပက်စ်သမားတွေက အသံမခံနိုင်ဘူး။ ဟိုရေချိုးခန်းထဲက ရေတစက်စက်ကျနေတာကို အိပ်ခန်းထဲကနေ ခေါင်းကိုက်တာ။ အရင်ကတည်းက ဆူညံသံတွေမကြိုက် ခုလုပက်စ်ဖြစ်တော့ ပိုဆိုး။ အသက်ကြီးလာတာနဲ့ တိတ်တိတ်ဆိတ်ဆိတ် နားအေးပါးအေးပဲ နေချင်တော့တယ်။ နေ့လည် Plantation ကိုသွားလည်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲတင်ပါတော့မယ်။ နယူးအော်လင်းရောက်တော့ မမအိုင်အိုရာကို သတိရမိသား။ ဒီနားနေတယ်လို့ ထင်တာပဲ။

စန်းထွန်း

Happy Travelling!

ဇူလှိုင် ၁၅၊ ၂၀၂၃။


ကိုယ်ဘွတ်ခဲ့တဲ့ Ghost Tour

https://witchesbrewtours.com/haunted-ghost-tours-new-orleans/

လူတွေစည်ကား သီချင်းသံလေးတွေ ထွက်လာနေတော့ ရိုက်လိုက်တာပဲ..
နယူးအော်လင်းရဲ့ St. Paul Church
အေဗရာဟမ်လင်ကွန်း ထင်နေတာ Andrew Jackson တဲ့
တက်နက်စီပြည်နယ် ဂရိတ်စမုတ်ကီတောင်တန်းမှာ မြင်းစီးခဲ့ပေမဲ့ ဒီလိုအတွဲလိုက်ကြီးတော့ မစီးချင်ဘူး
ဆွဲရတဲ့မြင်းတွေကို သနားလို့
နာမည်ကျော် Cafe Du Monde က ကော်ဖီနဲ့ Beignets..တပွဲမှာရင် သုံးခုပါတယ်..နူးညံ့တဲ့ ဒိုးနတ်မုန့်..
ငါးပိသံနဲ့ ကဖေးဒူမွန်လို့ အသံထွက်နေတာကို ပြင်သစ်စကား ကျွှမ်းကျင်စွာပြောတတ်တဲ့ ဝိုင်းက ဘာပြောနေတာပါလိမ့်လို့ တွေးနေတာတဲ့...ပြင်သစ်စကားလုံးတွေကို အမေရိကန်အသံထွက်နဲ့ ထွက်နေတာ သိပ်ရယ်ရတာပဲတဲ့..
စိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်း..လှပခမ်းနားတယ်...ဘုရားကျောင်းထဲရောက်ရင်
ငြိမ်းချမ်းအေးမြခြင်းတွေ ခံစားရလို့ ဝင်လို့ရရင် ဝင်လည်တော့တာပဲ
နာမည်ကျော် Cafe Du Monde
မှုန်ရီဝေဝိုးဝါးနေတဲ့ Mississippi မြစ်..ခရူသဘေင်္ာတော့ မစီးခဲ့ဘူး..

Photo Essay - 2

၂၀၁၇ ဝယ်ပြီးကတည်းက ဘယ်တုန်းကမှ မပွင့်တဲ့စံပယ်ပင် သေမလိုဖြစ်လာလို့ အကုန်ညှပ်ပစ်လိုက်တော့မှ အဖူးသေးသေးလေး ထွက်လာတယ်။ ဪ စံပယ်ပင်ဆိုတာ မှန်သားပဲ။ ၂၀၁၇ နယူးဂျာစီဘုန်းကြီးကျောင်းပွဲက ဝယ်ခဲ့တဲ့ ယုဇနပင် နွေရာသီရောက်ပြီဆိုတာနဲ့ ပွင့်တော့တာပဲ။ အနံ့လေးက သင်းသင်းလေးနဲ့ မွှေးကြိုင်နေတာပဲ။ ၂၀၂၁ ဆောင်းရာသီမှာ ပိုးတွေကျပြီး သေသွားပြီ နှမြောလိုက်တာ။ ဝိုင်းနဲ့မတွေ့တာကြာလို့ တနေ့ Rockerfeller မှာ ဆုံကြတယ်။ ခရစ်စမတ်ချိန်ဆို နယူးယောက်မှာ နီယွန်မီးရောင်တွေနဲ့ သိပ်လှတယ်။ Rockerfeller XMas tree က အကြီးဆုံးပဲ။ ဒီဇင်ဘာ ၁ ရက် ဖွင့်ပွဲနေ့ဆို အဆိုတော်တွေ ဖျော်ဖြေကြလို့ တိုးမပေါက်အောင်စည်တယ်။ Rockerfeller XMas အကပွဲကလည်း နာမည်ကြီးတယ် စျေးကြီးတယ် တခါမှ မကြည့်ဖူးဘူး။ Saks Fifth Avenue စတိုးဆိုင်က ၁၅ မိနစ်တိုင်း မီးရောင်စုံထွန်းပြတယ်။ မြူးကြွတဲ့ သီချင်းတွေနဲ့ လှပတဲ့မီးရောင်စုံဆိုတော့ နှစ်တိုင်းသွားငေးရတာပါပဲ။ ပထမတကြိမ် ဗွီဒီယိုရိုက်တာ မလှလို့ နောက်တကြိမ် စောင့်ရိုက်တယ်။ အဲ့ဒီတုန်းက ရိုက်ထားတာ မှန်သွားတယ်။ ခရစ်စမတ်နေ့ ဆူနမ်နဲ့သူ့သူငယ်ချင်းကို ဝိုင်းလိုက်ပို့တုန်းက ကံဆိုးစွာနဲ့ မီးမထွန်းတော့ ဆူနမ်တို့ မတွေ့ခဲ့ရဘူး။ ဆူနမ်တို့ကို Dyker Heights မီးထွန်းတာ လိုက်ပြတယ်။ အဲ့ဒီနေ့က အတော်အေးတာ နောက်နေ့လည်း အရမ်းအေးလို့ ဆူနမ်တို့ကို လိုက်မပို့ဖြစ်ဘူး။ မက်ဟန်တန်မှာနေတဲ့ဝိုင်းကတော့ တိုင်းစကွဲယား၊ ရော်ကာဖယ်လာ လိုက်ပြတယ်။ အသစ်ဝယ်လိုက်တဲ့ Crate & Barrel က rocking chair နဲ့ Osaki ခြေထောက်အနှိပ်ခံစက်။ နောင်အပတ်ကျမှပဲ ၂၀၂၃ ဇန်နဝါရီ နယူးရီးယားနေ့ လူဝီဇီယားနားပြည်နယ် နယူးအော်လင်းသွားတဲ့အကြောင်း တင်ပါတော့မယ်။

စန်းထွန်း

ဇူလှိုင် ၈၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၂၆

၂၀၂၂ ဒီဇင်ဘာ ၁၀ စနေနေ့ ညနေ ၂ ခွဲကနေ ၄ နာရီ တိုင်းစကွဲမှာ ဆန္ဒပြကြတယ်။ အရင်တုန်းကလို တယောက်တည်း မဟုတ်တော့ဘူး။ ဗော်လန်တီယာအဖွဲ့က ယုံကြည်ချက်၊ ရပ်တည်ချက်တွေ သူတွေနဲ့ ။ သံပုံး သံခွက်တွေ တီးကြတယ် ခေါက်ကြတယ်။ အရမ်းအေးပေမဲ့လည်း ကိုယ်လုပ်နိုင်တာလေးတော့ တတ်နိုင်သလောက် လုပ်ကြရမှာပဲ။ ကိုယ်တွေမှမလုပ်ရင် ဘယ်သူလာလုပ်မလဲ။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

ဇူလှိုင် ၁၊ ၂၀၂၃။

Photo credits - photographers from the event