Showing posts with label Award. Show all posts
Showing posts with label Award. Show all posts

20 February 2022

Operational Excellence Project Award - 2

၂၀၂၁ ဇူလှိုင် ၂၁ - ဩဂုတ် ၁ မက်ဆာချူးဆက်ပြည်နယ် Sherbune Falls ဆရာကြီးဦးဂိုအင်ကာ ၁၀ ရက် တရားစခန်းပြီးလို့ ရုံးပြန်တက်တဲ့အခါ TaxiDispatch ပရောဂျက်က စောင့်ကြိုနေတယ်။ တရားစခန်းက အရမ်းအရမ်းကို ကောင်းပါတယ် တသက်မှာတခါလောက်တော့ ဝင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ပရောဂျက်က ဂျွှန်အက်ဖ်ကနေဒီ၊ လဂွါရီးယား၊ နူဝါ့လေဆိပ် တက္ကစီစင်တာမှာ စောင့်နေတဲ့တက္ကစီတွေက TaxiDispatch Dashboard က မိနစ် ၃၀ အတွင်း taxi dispatch rate၊ ခရီးသည်အရေအတွက်ကို ကြည့်ပြီး လေဆိပ်သွားသင့်မသွားသင့် ဆုံးဖြတ်ကြမှာ။ TaxiDispatch Dashboard က မတူညီတဲ့စနစ် ၂ ခုကနေ data တွေကို ဆွဲထုတ်ပြီး API အဖြစ်ပေါင်းပေးရမှာပါ။ ကိုယ်က API တခါမှမရေးဖူးဘူး ဂူဂယ်မှာရှာ vendor ရေးထားတဲ့လေဆိပ် applications တွေကြည့်လိုက်တော့ API တွေ့တယ်။ ပရောဂျာမန်နေဂျာကတော့ မလုပ်နိုင်ရင် vendor ကို အပ်လိုက်မယ်လို့ပြောပေမဲ့ လေ့လာလိုက်တော့ လုပ်နိုင်တယ်ထင်လို့ ယုံကြည်ချက်ရှိတယ် လုပ်နိုင်တယ်လို့ ပြောလိုက်တယ်။ အဲ့ဒီမှာ စတွေ့တာပဲ design diagram ထဲမှာ database ပုံတွေ့လို့ SQL database ထဲက data ထင်နေတာ မဟုတ်ဘူး API နဲ့ BlobStorage က  data တွေကို ပေါင်းရမှာတဲ့။ အဲ့ဒီတော့မှ BlobStorage ဆိုတာဘာလဲ စဖတ်စစမ်း။ ခရီးသည်အရေအတွက်ကို system ၆ ခုလောက်နေဆွဲထုတ်ပြီး တွက်ချက်တာဆိုတော့ ရှုပ်ထွေးပြီး မတည်ငြိမ်တော့ error တော်တော်များတယ်။ တွေ့တဲ့ error ကိုကြည့်ပြီး ကိုယ့် API မှာပြင်ဆင် UAT မှာ deploy လုပ်တာ ၂ နာရီကြာတယ်။ Azure team က security tokens ထပ်ထည့်ခိုင်း DDoS attack (requests တွေအများကြီးလုပ်ပြီး system down အောင်လုပ်) ကို ကာကွယ်ဖို့ IPlimit ထပ်ထည့်ရ။ executive directors တွေ စောင့်ကြည့် အချိန်တိုအတွင်း ပြီးအောင်လုပ်ရတယ်။ လုပ်ဖော်ကိုင်ဖက်တယောက်က ကိုယ်လုပ်နေဆဲ မပြီးသေးတဲ့အလုပ်တွေရှိရင်ပေး သူလုပ်ပေးမယ်တဲ့။ နောက်တယောက်က BlockStorge code လာပေးတယ်။ အောင်အောင်မြင်မြင် go live မှပဲ စိတ်အေးတော့တယ်။ ပရောဂျက်ပြီးသွားပေမဲ့လည်း ထပ်ပြင်ထပ်ထည့်ထပ်တိုး လုပ်နေရတုန်း။ head of taxi & limousine ရဲ့ ချီးကျူးတာခံရတဲ့ ပရောဂျက်ပါ။


၂၀၂၂ ဖေဖေါ်ဝါရီ ၂ ဗုဒဟူးနေ့ လပတ်အစည်အဝေး နှစ်စဉ်ကျင်းပတဲ့ Techie Awards ဆုပေးပွဲမှာ Operation Excellence Project ဆုရပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ရွေးချယ်တင်သွင်းပြီး ဆုရွေးချယ်ရေးအဖွဲ့က စီစစ်ရွေးချယ်ပါတယ်။ ၆ ဆုအတွက် ၄၄ ယောက် ပမာဏရွေးချယ်ခံရပါတယ်။ အားလုံးထူးချွှန်ထက်မြက် ကြိုးစားကြတဲ့သူတွေ ဆုနဲ့တကယ်ထိုက်တန်တဲ့ သူတွေချည်းပဲဆိုတော့ ဆုရွေးချယ်ပေးတဲ့အဖွဲ့ တော်တော်ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်တဲ့။ ကိုယ်ဆုရနိုင်တယ်လို့ ထင်ပေမဲ့ ကိုယ့်အဖွဲ့ကလူတွေက အချိန်ပေးပြီး ဖောင်တင်ဖို့ စိတ်မဝင်စားတဲ့သူတွေဆိုတော့ ဆုရမယ်လို့မျှော်လင့်မထားခဲ့ဘူး။ ဆုရတော့ ပျော်ပါတယ် ကြွားလို့မဆုံး ဖေ့ဘွတ်ကနေကြွား၊ ဘလော့ကနေကြွားရတာ အားမရလို့ မတ်ဆေ့ပို့ပြီးကြွား။ အဖေက ဆုလက်မှတ်တို့ဘာလို့မရသေးဘူးလား နေ့တိုင်းမေးတယ်။ ကိုယ့်ထက်သူက ဆုပိုလိုချင်နေတယ် စင်ပေါ်မှာ ဆုများတက်ယူချင်နေမလားမသိဘူး။ မနှစ်ကတော့ ဖန်ဒိုင်းလေးပေးတာတွေ့တယ် ဒီနှစ်တော့ဘာမှမကြားဘူး။ ဆုရတဲ့တယောက်ကို မေးကြည့်တော့ သူလည်းမသိဘူး မေးကြည့်မယ်တဲ့။ နောက်နေ့ကျတော့ ဆုလာပို့တယ် ချက်ချင်းပဲ ဓာတ်ပုံရိုက်ပြီးကြွားတာ။ အဲ့ဒီအမျိုးသမီးနဲ့ အိမ်သာမှာထပ်ဆုံတော့ စန်းစန်းရေ မနေ့ကမင်း ဆုလက်မှတ်အကြောင်းမေးတယ်။ ဒီနေ့ ဆုလာပို့တယ် ငါဆို စန်းစန်း ဒီကလေးမလေးပြောတာနဲ့  ဆုလာပို့တာဆိုပြီး ရယ်နေတာတဲ့။ အိမ်ပြန်ရောက်တော့ stand ထောင်ပြီး ဓာတ်ပုံရိုက်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ ပြုတ်ကျလို့ ဆုကနှစ်ခြမ်းကွဲသွားတယ်။ တော်သေးတယ် ပလတ်စတစ်မို့လို့ ဖန်သာဆို တစစီကွဲမှာ။ ငယ်ငယ်ကတည်းက အိမ်မှာ တခုခုကျကွဲပြီဆို ကိုယ်ပဲ။အမေက ကိုယ့်အကြောင်းသိလို့ ကြွေ၊ ဖန် မဝယ်ရဲဘူး စတီးဇလုံ၊ ပန်းကန်းပြားပဲ ဝယ်ထားတယ်။ ဆုကို တိပ်အကြည်နဲ့ကပ်ပြီး ရုံးမှာထားတယ်။ စကားမစပ် ကိုယ့်ဆံပင်တွေ အတော်ရှည်နေပြီ ဒီတခါပဲ ဒီလောက်အရှည်ထားဖူးတယ်။ ဆံပင်အရှည်ထားနေတာ  ကင်ဆာလူနာတွေကို လှုဖို့ပါ။ ဆံပင်မဖြူ၊ ဆေးမဆိုးထားတဲ့ အနည်းဆုံး ၁၂ လက်မအရှည်ကို ကျစ်ဆံမြီးကျစ် သို့မဟုတ် ကြိုးစည်းပြီးဖြတ်  ပလတ်စတစ်အိတ်ထဲထည့် လှုချင်တဲ့ကင်ဆာဖောင်ဒေးရှင်းကို စာတိုက်ကနေ ပို့လိုက်ရုံပါပဲ။ တူတော်မောင်ကို ကြီးကြီးတော်တာ သားသားနဲ့တူလို့နေမှာလို့ပြောတော့ ဟုတ်တယ်တဲ့။ ပရောဂျက်ဆုရတဲ့ အမှတ်တရ…


စန်းထွန်း
ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၂။

04 February 2022

Operation Excellence Project Award...

 It is an honor to receive an Operational Excellence Project award at Annual Techie Awards event on 2/2/2022. 

The award is for deploying new technology, demonstrating TEC's leadership, capability or increasing productivity,made a significant global impact by going above and beyond (eg. implementation of software applications). 

44 nominees for 6 categories. I am grateful to participate in the critical capital projects (Toll Payer Advocate, Switching Parking Systems, Taxi Dispatch) for JFK,  LGA, EWR airports.

Our terrific IT team is highly acknowledged by executive directors and head of Taxi & Limousine Commission. Our work matters and is visible at the highest levels inside and outside of the agency.

https://tpa.panynj.gov/
https://www.jfkairport.com/to-from-airport/parking
https://www.panynj.gov/airports/en/operator-resources/taxi-driver-information.html

San Htun

February 4,2022.