Riding the lift at Sugarbush Resort
Bingham Falls
Green Mountain National Forest
Buttermilk Falls, Okemo State Forest
October 11-13, 2025. Vermont State.
Columbus Day weekend, Happy Traveling!
Riding the lift at Sugarbush Resort
Bingham Falls
Green Mountain National Forest
Buttermilk Falls, Okemo State Forest
October 11-13, 2025. Vermont State.
Columbus Day weekend, Happy Traveling!
၂၀၂၄ အောက်တိုဘာ ၂၇ တနင်္ဂနွေနေ့ Cold Spring သွားလည်တယ်။ ဂရမ်းစင်ထရယ်ဘူတာကနေ မနက် ၈ နာရီ ၅၀ ရထားနဲ့ တနာရီကျော်စီးရတယ်။ မနက်ဖက်နည်းနည်းစောနေသေးလို့ လူသိပ်မရှိဘူး။ နာရီဝက်လောက်လမ်းလျှောက်ပြီး Little Stony Point ကနေ ရှုခင်းတွေထိုင်ကြည့်တယ်။ အမေက ဒူးနားလို့ တွဲခေါ်ရတယ်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာ လှလိုက်တာနဲ့ သဘောကျနေကျတယ်။ မနှစ်ကနွေရာသီတုန်းက တအားပူလို့ အဖေက လမ်းမလျှောက်နိုင်ဘူး။ ခုတော့အေးဆေးပဲ ကမ်းခြေလေးလိုဖြစ်နေတဲ့ နေရာလေးကို သွားလည်တယ်။ အဲ့ဒီတုန်းက ဟိုနေရာမှာအိပ်ခဲ့တာလို့ ပြောနေသေးတယ်။ မြစ်ဘေးဖက်ကနေ လမ်းလျှောက်ပြီး နေရောင်ခံရင်းနဲ့ နေ့လည်စာစားတယ်။ အပြန်လမ်းမှာ ဘုန်းကြီးကျောင်းက အသိမိတ်ဆွေတွေနဲ့တွေ့တယ်။ တံတားလေးမှာ လူတော်တော်များနေပြီ။ ဓာတ်ပုံအပုံရိုက်နေတဲ့ မြန်မာတအုပ်တွေ့ခဲ့တယ်။ အဖေတို့ညောင်းနေပြီဆိုတော့ ၂ နာရီ ၂၀ ရထားနဲ့ပြန်ခဲ့တယ်။ မနှစ်တုန်းက ရထားပေါ်မှာ ကျပ်ပိတ်ညှပ် မြန်မာပြည်က ဘတ်စ်ကားကျနေတာပဲ။ အဲ့ဒီတုန်းက ကိုယ်တို့က poughkeepsie ဂိတ်စကနေစီးလို့ နေရာရတာ။ အကြောင်းတုန်းသိလို့ စောစောရထားနဲ့ပြန်တယ်။
Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၂၈၊ ၂၀၂၄။
၂၀၂၄ အောက်တိုဘာ ၂၀ တနင်္ဂနွေနေ့ ဝက်ဝံတောင်သွားတက်တယ်။ Port Authority Bus Terminal ကနေ တနာရီကျော်လောက်စီးရတယ်။ တက်နေကျနေရာမဟုတ်ဘဲ တခြားနေရာကတက်တယ်။ ဒီတခါတော့ hiking pole လေးနဲ့ဆိုတော့ သက်သာတယ်။ အမက အရင်တုန်းက ဖုန်ကန်တောင်ကို တက်နိုင်ခဲ့ပေမဲ့ ခုတော့ တောင်တက်နေကျမဟုတ်တော့ မတက်နိုင်ဘူး။ တောင်ထိပ်နားရောက်ခါနီးမှ ဒူးနာမှာစိုးလို့ကျန်ခဲ့တယ်။ ရေကန်လေးနည်းနည်းလောက်ပတ်ပြီး လူရှင်းတဲ့နေရာ၊ နေရောင်ဖြာလင်းတဲ့နေရာ ဖျာလေးခင်းပြီး အနားယူကြတယ်။ ညနေ ၅ နာရီ ၂၀ ဘတ်စ်ကားနဲ့ ပြန်တယ်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာ အရမ်းလှတယ် ဝိုင်းကိုသတိရလို့ မတ်ဆေ့တောင် ပို့လိုက်သေးတယ်။
Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၁၄၊ ၂၀၂၄။
၂၀၂၁ နိုဝင်ဘာ ၂၈ တနင်္ဂနွေနေ့ နယူးယောက်ပြည်နယ် Upstate ဖက်က Bronx River အတိုင်း ၈ မိုင်လမ်းလျှောက်ဖြစ်တယ်။ မနက် ၈ နာရီ ၅၀ ရထားနဲ့ ဂရမ်းစင်ထရယ်ဘူတာကနေ Wakefield ဘူတာအထိ တနာရီလောက် ရထားစီး။ ထရေးလမ်းက ဘူတာဘေးမှာပေမဲ့ ဟိုင်းဝေးလမ်းကို ဖြတ်ကျော်ဖောက်ထားတဲ့ ဂုံးကျော်တံတားအတိုင်းလျှောက်။ အောက်ကထရေးလမ်းကို မြင်ရပေမဲ့ ဆင်းဖို့လမ်းမရှိ ဂုံးကျော်တံတားဟိုဖက်ခြမ်း ရောက်တော့လည်း ဟိုင်းဝေးလမ်းမကြီးကို ကျော်ဖြတ်ပြီး ထရေးလမ်းကိုသွားဖို့ မဖြစ်နိုင်။ ဟိုင်းဝေးလမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး ဒေသခံလို့ထင်တဲ့ အမျိုးသမီးတယောက်ကို မေးကြည့်တော့ ရှေ့ကိုဆက်သွားတဲ့။ သူပြောတာကို နားမလည် ဘူတာရုံကိုပြောနေတာထင်တယ်။ ကိုယ်တို့ရထားနဲ့ ဖြတ်ကျော်ခဲ့တဲ့ဘူတာရုံတခုရောက်တော့ ထရေးလမ်းကိုတွေ့တယ်။ ထရေးလမ်းကို လျှောက်ကြည့်လိုက်တော့ လူပြတ် သာယာမလှပတော့ ဆက်မလျှောက်တော့ဘဲ ကိုယ်တို့သွားမဲ့ Bronx ဖက်ကို လျှောက်ကြတယ်။ တချို့နေရာတွေက သာယာပေမဲ့ တော်တော်များများက အမှိုက်တွေနဲ့ ညစ်ပတ်တယ်။ ထရေးလမ်းမတွေ့လို့ တော်တော်ရှာဖွေရတယ်။ အဲ့ဒါကြောင့် ဒီထရေးလမ်းကို AllTrails Apps နဲ့ Google Maps မှာ မတွေ့တာကိုး။ Empire State Trail map မှာတွေ့ပေမဲ့ AllTrails နဲ့ GoogleMaps မှာ မတွေ့ရင် မသွားသင့်ဘူးဆိုတဲ့ သင်ခန်းစာတခုရတယ်။ Bronx နဲ့နီးလာလေ လူနေအိမ်ခြေအဆောက်အဥ◌ီးများပြီး သစ်ပင်နည်းလေ။ တနေရာမှာတော့ ထရေးဆက်လမ်းကို တော်တော်ရှာဖွေရတယ်။ ရာသီဥတုကအေး ထရေးလမ်းရှာရတာ ပင်ပန်းလွန်းလို့ ကိုယ်တို့ကြိုက်တဲ့ ဂျပန်ပဲစေ့တောင် မစားနိုင် ကိုယ့်ပုံတောင် မရိုက်ဖြစ်ဘူး။ ထရေးလမ်းက မသာယာမလှပ တော်တော်လေး ရှာရခက်။ ဆင်းရဲတဲ့ရပ်ကွက် Bronx ဆိုတာနဲ့လန့်နေတာ။ လုံခြုံမှုရှိတယ်လို့မခံစားရလို့ နားတောင်သိပ်မနားဘူး။ Old Croton Aqueduct တော်တော်ထရေးလမ်းကို ရှာရခက်လှပြီ ထင်နေတာ ဒီထရေးလမ်းက ပိုဆိုးတယ်။ OTC ကမှ သာယာလှပသေးတယ် ဒီထရေးလမ်းက ညစ်ပတ်စုတ်ပြတ် သစ်ပင်လည်း တော်တော်နည်းတယ်။ နောက်ဆို ဘယ်တော့ဘယ်တော့မှ ပြန်မလာမဲ့ထရေးလမ်း။ Whitlock ဘူတာကနေ ၆ ရထားစီးပြီး ဂရမ်းစင်ထရယ်ဘူတာဆီသွားတယ်။ Byrant Park ဘူတာကို လမ်းလျှောက်ပြီး F,M ရထားစီးတော့ metro card က expire တဲ့။ မနက်ကမှ စီးတာကို ဘယ်နှယ့် expire ဖြစ်ရတာတုန်း။ ticket booth က ဝန်ထမ်းကို သွားပြောတော့ ရထားကဒ်နောက်ဖက်က expiry date က နောက်နှစ်မှ။ ရထားကဒ်ထည့်ပြီး claim ဖို့ စာအိတ်ပေးလိုက်တယ်။ ၂၄ ရက်နေ့ကမှ ကဒ်ဖြည့်ပြီး ၂ ခါပဲစီးရသေးတယ်။ ဘယ်ဘူတာမှာ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်စီးတယ် ပိုက်ဆံဘယ်လောက်ကျန်သေးတယ်လို့ ရေးလိုက်တယ်။ ရထားကဒ်နံပါတ်နဲ့ စာအိတ်ထည့်တဲ့နေ့ မှတ်ထားတယ်။ ဆယ်ရက်လောက်ကြာတော့ MTA ကနေ မတ်ထရိုကဒ်အသစ် ပို့ပေးတယ်။ ဖြစ်တတ်ပါတယ် အလုပ်ပိုရှုပ်တာပေါ့လေ။
Happy Hiking!
စန်းထွန်း
ဇန်နဝါရီ ၃၀၊ ၂၀၂၂။
၂၀၂၁ နိုဝင်ဘာ ၂၁ တနင်္ဂနွေနေ့ နယူးယောက်ပြည်နယ် Upstate ဖက်က Bronx River Pathway ထရေးလမ်းမအတိုင်း ဒုတိယပိုင်းအဖြစ် Hartsdale ကနေ Kensico Reservior အထိ ၉ မိုင် လမ်းလျှောက်ဖြစ်တယ်။ အင်မတန်လှတယ် ဝိုင်း ဓာတ်ပုံဆရာ မြင်သမျှရိုက်တယ် သူ့ဘာသာရိုက်ပြီး သူ့ဘာသာ သဘောကျ။ ကိုယ်က လမ်းကြောင်းမှန်မမှန် ဂူဂယ်မတ်မှာရှာ စကားတွေပြော ဝိုင်းကနားထောင်သမား။ စကားပြောလိုက် မောရင်နားလိုက် မုန့်စားလိုက်နဲ့ ဟိုက်ကင်းထွက်နေရရင်ကို ပျော်နေတာ။ ထရေးလမ်းအသစ် ဟိုက်ကင်းထွက်ရင် ရှာဖွေရ စူးစမ်းရနဲ့ အမြဲတမ်းတက်ကြွလန်းဆန်းနေတယ်။ ခရစ်စမတ်မတိုင်ခင်ကနေ နယူးရီးယားအထိ ခွင့် ၂ ပတ်ယူပေမဲ့လည်း တိုးဂိုက်၊ ဗော်လန်တီယာအလုပ်နဲ့ ဘီးစီး။ ပို့စ်အသစ်တွေလည်း မတင်နိုင် ခုရုံးတက်မှပဲ နားရတော့တယ် ဟမ်…။ ဓာတ်ပုံတွေကတော့ လာမယ် ကြာမယ် ခင်ည။
Happy Hiking!
စန်းထွန်း
ဇန်နဝါရီ ၃၊ ၂၀၂၂။