Showing posts with label Animals. Show all posts
Showing posts with label Animals. Show all posts

28 August 2021

အသိုက်ဆောက်ခြင်း အနုပညာ…

၂၀၁၈ မတ်လ ကော့စကာရီကာနိုင်ငံမှာ ငှက်ကြည့်ပြီးကတည်းက ငှက်ကလေးတွေ ချစ်သွားလိုက်တာ အိမ်ပြန်ရောက်တာနဲ့ Wallgreens မှာ ငှက်စာဘူးဝယ်ပြီး ငှက်တွေကိုအစားကျွှေး။ အစနှစ်ရက်သုံးရက်က လာမစားဘူး နောက်တော့ လာစားကြတာ ခုဆိုငှက်စာအိတ်လိုက် ဝယ်နေရပြီ။ ခုလို ၂လ ၃ အိတ်။ အစတုန်းက ငှက်သေးသေးလေးတွေ ခုတော့ခိုတွေများလာပြီ။ ငှက်သေးသေးလေးတွေကို အနိုင်ကျင့်လို့ ခိုတွေကို သိပ်မကျွှေးချင်ဘူး။ ခိုတွေကို လာမစားနဲ့လို့ ပြောလို့လည်းမရ။ ငှက်တွေက ကိုယ်အစာကျွှေးမဲ့အချိန်ဆို ရောက်နေကြပြီ။ တခါတလေ အပြင်စောစောသွားစရာရှိလို့ အစာခွက်ဖြည့်ရင် ငှက်တွေမရောက်သေးဘူး။ ရေကိုလည်း ခွက်ကြီးနှစ်ခုနဲ့ ထည့်ပေးထားတယ်။ ငှက်တွေ ရေသောက်ကြ၊ ရေချိုးကြ၊ အစာကျွှေးချိန်ဆို သူ့အဖော်တွေကို ခေါ်ကြတာ ကျွှပ်ကျွှပ်ညံ။ ကိုယ့်ကိုလည်း မကြောက်ဘူး အတင်းအတင်း အနားကပ်လို့ ဟဲ့ ဟဲ့ နေကြပါဦးဟဲ့ ငါဒီမှာရေဖြည့်လို့ မပြီးသေးဘူးလို့ ဟန့်ရတယ်။ ငှက်တွေက အစားကျွှေးတဲ့သူကိုသိတယ် စလုံးကမကြီးအခန်းဖော်ကောင်မလေးက မနက်တိုင်းငှက်စာကျွှေးတယ်။ ပိတ်ရက်မှာအိပ်နေလို့ ငှက်စာကျွှေးချိန် မကျွှေးရင် သူ့ပြတင်းပေါက်နား လာအော်ကြတယ်တဲ့။ မနက်အစာကျွှေးဖို့ အပြင်ထွက်ရင် ငှက်ကလေးတကောင် ကိုယ့်နားကပျံဝဲပြီး ကြိုတယ် အတော်ယဉ်တဲ့ငှက်လေး။ အိမ်တံခါးဝမှာ သစ်ကိုင်းခြောက်တွေ့လို့ မော့ကြည့်လိုက်တော့ ငှက်သိုက်တခုတွေ့တယ်။ ငှက်မလေးက တချိန်လုံးဝပ်နေတော့ အပြင်ထွက်တိုင်း ဟယ်လိုလို့နှုတ်ဆက်တဲ့အခါ ပြူးကြောင်ကြောင်လေးကြည့်တယ်။ သနားလို့ ငှက်စာချကျွှေးပြီး တံခါးနောက်ကနေ သွားသွားချောင်းကြည့်တာ အစာစားနေတာတွေ့တယ် အံမယ် သူ့ကိုကျွှေးတယ်ဆိုတာ သိသွားပဲ။ အပြင်ထွက်ရင် ငှက်ဖိုလေးက ခြံစည်းရိုးပေါ်မှာနားပြီး တောင်ပံဖလပ်ဖလပ်ခပ်တယ်။ မွေးပြီလား မွေးပြီးလားလို့ သွားသွားချောင်းရတာအမော။ ဘာငှက်လဲလို့ ရှာကြည့်တော့ Mourning Dove သက်တမ်းတစ်နှစ် တခါဥရင် တဥ၊ နှစ်ဥ အုတယ်တဲ့။ ငှက်သေးသေးလေးတကောင်တွေ့လို့ ပြူးပြဲကြည့်တာ ငှက်မကြီးပါတွေ့တယ်။ ဓာတ်ပုံရိုက်ပြီး နောက်နေ့မတွေ့တော့ဘူး။ အစာလာစားတဲ့အထဲမှာ ဂျိုးငှက်ကလေးတွေ တွေ့ပေမဲ့ သူတို့မိသားစုလားဆိုတာမသိ။ တခါတလေ ကိုယ့်အနားလာပြီး တောင်ပံတဖပ်ဖပ်ခပ်တဲ့ ဂျိုးငှက်လေးတွေ့ရင်တော့ ကိုယ့်ကိုလာနှုတ်ဆက်တာလို့ထင်ပြီး ဟယ်လိုလို့နှုတ်ဆက်ဖြစ်တယ်။ ဘာရယ်မဟုတ်ပါဘူး ကိုယ့်အိမ်တံခါးနားမှာ အသိုက်လာဆောက် တောင်ပံတဖပ်ဖပ်ခပ် နှုတ်ဆက်တတ်ပြီး အတောင်စုံလို့ ပျံသွားကြတဲ့ ငှက်မိသားစုအကြောင်း အမှတ်တရပို့စ်လေးပါ။ 

စန်းထွန်း 

ဩဂုတ် ၂၈၊ ၂၀၂၁။

ငှက်ကလေးနဲ့ ငှက်အမေ

30 April 2016

နတ်စုနဲ့မိုချီ ...

အဲဒီလို လာမျှော်ကြတယ်... ဆိုင်မှာစားလို့ အရိုးတွေကျန်ရင် နတ်စုအတွက် ထုပ်သွားချင်တာ...မကောင်းတတ်လို့
မတဲ့အတူ‌နေ
နယူးယောက်က အလုပ်အော်ဖာရတော့ နှစ်ပတ်အတွင်း ပြောင်းရမယ်။ အရင်လို cragislist မှာ အခန်းရှာပြီး တခါတည်း မပြောင်းရဲဘူး။ နယူးယောက်မှာ အသိဘယ်သူရှိလဲလို့ မေးမြန်းကြည့်တော့ ဟိုင်းကြီးမှာကတည်းက အတူတူကြီးပြင်းလာပြီး သွေးမတော်ပေမဲ့ ကိုယ့်အစ်မလို့သတ်မှတ်ထားတဲ့ အစ်မရဲ့မိတ်ဆွေသူငယ်ချင်းက နယူးယောက်မှာ ဆွေမျိုးအစ်မတစ်ယောက်ရှိတယ် ကူညီပေးပါလိမ့်မယ်တဲ့။ အဲဒီအစ်မက ကိုယ့်အတွက် အခန်းရှာပေး၊ စားစရာတွေ‌ကျွှေး ကူညီစောင့်ရှောက်ပြီး ကိုယ့်မွေးစားအစ်မ ဖြစ်လာတယ်။ ကိုယ့်အိမ်ရှင်တွေက သဘောကောင်းတယ် ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် ကလေးမလေးက ညဖက်ဆိုမအိပ်ဘူး။ ဧည့်ခန်းထဲမှာ ညဉ့်နက်တဲ့အထိ ရုပ်ရှင်တွေကြည့်တော့ ကိုယ်ကအိပ်မပျော်။ အရင်တုန်းကဆိုရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အိပ်ပျော်တယ်။ မကြီးကတော့ အိပ်ယာပြောင်းရင်၊ မီးလင်းနေရင်၊ အသံတွေကြားရရင် အိပ်မပျော်ဘူး။ ချွှတ်ခနဲဆိုရင် နိုးနေတတ်တယ် အိပ်တာအရမ်း sensitive ဖြစ်တယ်။ ကိုယ်လည်း မကြီးအသက်အရွယ်ရောက်ရာ သူ့လိုဖြစ်နေတယ်။ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်၊ မြို့အသစ်၊ ရုံးအသစ်မှာ နေသားကျဖို့ကြိုးစားရတဲ့ နှစ်လလောက်က အရမ်းပင်ပန်းတယ်။ အလုပ်ကလည်း ပင်ပန်းတော့ အိပ်ရေးဝဖို့လိုတယ် အိပ်ရေးမဝတော့ ခေါင်းကိုက်။ မဖြစ်ချေဘူး အိမ်ခန်းရှာမှပဲဆိုပြီး အိမ်ခန်းရှာပုံတော်ဖွင့်တော့ သုံးအိမ်သွားကြည့်ဖြစ်တယ်။ နတ်စုအိမ်ကိုကြည့်ပြီး သဘောကျလို့ နယူးယောက်ကိုရောက်ပြီး နှစ်လအကြာမှာ ပြောင်းဖြစ်တယ်။

ကိုယ် အိမ်သွားကြည့်တုန်းက အိမ်ရှင်ကောင်လေး ဖရန့်ကလင်းက သူ့ကို တွေ့လိမ့်မှာမဟုတ်ဘူး။ သူ့အမျိုးသမီး ဂျပန်မကိုပဲ အမြဲတွေ့လိမ့်မယ်ဆိုတော့ ဂျပန်မ ဂျပန်ကနေ ပြန်ရောက်လာတဲ့နေ့မှာ သွားတွေ့ဖြစ်တယ် စရန်နည်းနည်းလေး ပေးရင်းနဲ့ပေါ့။ ဂျပန်မချေမီနဲ့ စကားပြောနေတုန်း ခြေထောက်ကို ပုတ်လို့ လှည့်ကြည့်လိုက်တော့ ခွေးလေးတစ်ကောင် ခေါင်းကိုပွတ်ပေးလိုက်တော့ သဘောကျသွားတဲ့ပုံ။ သူ့နာမည်က နတ်စု ဂျပန်လို နွေဦးလို့အဓိပ္ဗာယ်ရပါသတဲ့။ ခွေးက ချီဘာအမျိုးအစား ဂျပန်မှာ သခင်ပါမောက္ခ သေသွားပေမဲ့လည်း ဘူတာရုံမှာ ဆယ်နှစ်လောက်အထိ စောင့်ဆိုင်းနေလို့ ခွေးရုပ်တုလေး ထားပေးရတဲ့အကြောင်း ဖတ်ရဖူးတယ်။ ရစ်ချက်ဂီရိ သရုပ်ဆောင်ထားတဲ့ အမေရိကန်ဗားရှင်း  ဟာချီကိုရုပ်ရှင် ကြည့်ဖူးတယ်။ နတ်စုက ငါးနှစ်သားအရွယ် ခွေးမလေး ဘရွတ်ကလင်းသား။ အရမ်းလိမ္မာတယ် လူတွေကိုလည်း ချစ်တတ်တယ်။ ဘာ‌ကျွှေးကျွှေး အကုန်စားတယ် ကိုယ်ထမင်းစားရင် လာမျှော်နေတတ်တယ်။ အပြင်ကပြန်လာရင် တကိုယ်လုံးလှုပ်ပြီး ကြိုတတ်တယ်။ သူ့အိပ်ယာမှာ အမြဲအိပ်ပေမဲ့ ကိုယ့်ကုတင်ပေါ်မှာ တက်အိပ်တတ်တယ်။ အမှန်က နတ်စုကို တနေ့နှစ်ကြိမ်လောက် ကျောင်းဖို့လိုတာ။ သူ့သခင်တွေက တနေ့တကြိမ်လောက်ပဲ ကျောင်းပေးတော့ နတ်စုက သေးကိုချုပ်ထားရပုံရတယ်။ ဖင်က သေးတစိုစို မအောင့်နိုင်တော့အဆုံး သူ့အိပ်ယာမှာ ကိစ္စရှင်းတတ်တယ်။ ကိုယ့်စောင်မှာ သေးစိုပြီးကတည်းက နတ်စုကို ကုတင်ပေါ်မတက်ခိုင်ဘူး။

ရာသီဥတုအေးတဲ့ တနေ့မှာပေါ့ ချမ်းလို့တဲ့ ကိုယ့်ကုတင်ပေါ် လာအိပ်ကြလေရဲ့
မိုချီအိပ်နေလို့ သူလည်း အိပ်ချင်တယ်တဲ့ သူ့ခန္ဓာကိုယ်အောက်ပိုင်းက
ကုတင်စွန်းကို ထွက်နေတာတာင် ကုပ်ကတ်ပြီး ကပ်အိပ်နေလေရဲ့

စောင်သေးစိုတော့ သေးစိုတဲ့နေရာကို နှာခေါင်းနဲ့တည့်ပြီး တင်ပါးကို နှစ်ချက်လောက် ရိုက်လိုက်တာ နတ်စုခမျာ ကြောက်လို့ သေးဖြန်းဖြန်းထွက်၊ ကုတင်အောက်ကိုဝင်ပုန်း ကိုယ်ကတောင် ပြန်သနားရတယ်။ အဲဒီကတည်းကစပြီး ကိုယ့်ကုတင်ပေါ် လုံးဝတက်မအိပ်တော့ဘူး။ နတ်စုက အင်မတန်ကြောက်တတ်တယ် မိုးခြိမ်းရင် သူ့မှာနေစရာကို မရှိတော့ဘူး တအီအီအော်ပြီး ကိုယ့်ဘေးနားလာအိပ် ကုတင်အောက်ဝင်ပုန်း။ အိမ်ထဲကနေသာ တဝုတ်ဝုတ် ဟောင်ရဲတာ အပြင်ကိုခေါ်သွားလို့ လမ်းမှာခွေးလေးတွေ တွေ့ရင် သူ့ဗလကိုမှ အားမနာ သူကပြန်ကြောက်ပြီး သခင်နား ကပ်နေတတ်တယ်။ ဂျပန်မ ယူမီကိုက နတ်စုကိုချစ်လို့တဲ့ လာတွေ့တယ်။ ပြီးတော့ ပြောလိုက်သေးတယ် နတ်စုက ဝနေတယ် ဝိတ်လျှော့ခိုင်းရမယ်တဲ့။ မိုချီနဲ့ခင်အောင်တော့ တော်တော်ကြိုးစားလိုက်ရတယ်။ မိုချီဆိုတာ ဂျပန်ရေခဲမုန့်နာမည် မိုချီက ကြောင်ထီး နှစ်နှစ်သားလောက်ရှိပြီ။ မိုချီက သိပ်ချစ်ဖို့မကောင်းဘူး စိတ်ကလည်း တိုတတ်သေးတယ် သူကပဲ နတ်စုကိုဆော်တာ။ အဖေ့ကြောင် ပူစီမက မြီးတိုမျိုး ကြွက်တင်မကဘူး ငှက်တောင်ဖမ်းတာ လူတွေနဲ့သိပ်မရောဘူး။ ကိုယ့်ကြောင်းဂါးဖီးကတော့ ကြွက်လည်းမဖမ်း ကိုယ်တွေအိပ်လို့ လက်မောင်းကိုပုတ်ပြီး ဂါးဖီးရေ လာ လာ ဆို ဘိုင်းခနဲ ပစ်အိပ်တော့တာပဲ။ ဝေါဒစ်စနေကာတွန်းကား ဂါးဖီးကိုကြည့်ပြီး သဘောကျလို့ ဂါးဖီးလို့ နာမည်ပေးလိုက်တာ နာမည်စီးတယ်နဲ့ တူပါရဲ့ ဂါးဖီးအတိုင်း ကြွက်မခုတ်တဲ့ ငပျင်းလေး၊ သခင်တွေကို ပတ်ချွှဲတဲ့ ငချွှဲလေး၊ ညာဝါးတတ်တဲ့ ငဖြီးလေးကိုဖြစ်ရော။

တခါမှလည်း မညောင် ဘယ်ညောင်ပါ့မလဲ တချိန်လုံးကိုယ်တို့‌ကျွှေးနေတော့ ဗိုက်အမြဲပြည့်နေလို့လေ။ အဖေ့ကြောင်တွေလည်း မညောင်တတ်ဘူး ထမင်းစားရင် ငြိမ်ငြိမ်လေး ထိုင်စောင့်နေတတ်တယ်။ မိုချီက အမေရိကန်ကြောင် ကိုယ်ထမင်းစားရင် လာမျှော်တတ်ပေမဲ့ ဘာကျွှေးကျွှေး မစားဘူး သူ့အစာပဲ သူစားတယ်။ စိတ်တိုရင် နတ်စုကို ဆော်တတ်တယ် ပြီးတော့ အင်မတန် စကားများတယ်။ ဗိုက်ဆာရင် အသံဗြဲကြီးနဲ့ ညောင်လို့ အော်တောင်းတတ်တယ်။ ကိုယ့်တံခါးကို လာခြစ်ကုတ်ပြီး တံခါးကို ဖွင့်ခိုင်းတတ်တယ်။ စွေ့ကနဲ ကိုယ့်ပေါ်ကို ခုန်အုပ်ပြီး ဗေဒင်တွက်နေတတ်တယ်။ ညောင်လို့အသံသေးသေးနဲ့အော်ပြီးချွှဲတတ်တယ်။ ကိုယ်ပွတ်ပေးရင် တခါတလေ ငြိမ်ခံပေမဲ့ သူမကြိုက်ရင် ပေစောင်းစောင်းနဲ့ ကြည့်တတ်တယ်။ ကိုယ့်ခြေထောက်ပေါ်မှာ အိပ်တော့ ကြာလာတဲ့အခါ လေးပေါင်လောက်ရှိတဲ့ မိုချီ့ခန္ဓာကိုယ်က ကိုယ့်ခြေထောက်ကို ဖိထားသလိုဖြစ်လို့ခြေထောက်နဲ့ကန်ချရင် ဂါး ဂါးဆိုပြီး စိတ်ဆိုးတတ်သေးတယ်။ တံခါးဝနားရပ်ပြီး တံခါးကို ဖွင့်တော့မလိုလုပ်ပြီး ကိုယ့်ကိုတညောင်ညောင်နဲ့ တံခါးဖွင့်ခိုင်းတတ်တယ်။ မိုချီရေ လာ လာဆိုရင် ပြေးလာတတ်တယ် အမြဲတော့မဟုတ် တခါတလေ သူစိတ်လိုလက်ရရှိမှ။ ပြတင်းပေါက်ဘေး ထမင်းစားခုံမှာ ထိုင်နေတတ်တဲ့မိုချီကို မိုချီလို့ခေါ်ရင် တညောင်ညောင်နဲ့ စကားတွေ ပြောတော့တာပဲ။ ခက်တာက ကိုယ်က သူ့စကားကို နားမလည်။ ကိန် ကိန်လို့ အော်သံကြားလို့ မိုချီ နင် နတ်စုကို ဆော်ပြန်ပြီလားလို့ ဆူလိုက်ရင် သူလည်းမဟုတ်ဘဲနဲ့ အဆူခံရလို့ စိတ်တိုဒေါပွနေတဲ့ မျက်နှာပေးနဲ့။ 


ဗိုက်ဆာလို့ တညောင်ညောင်နဲ့ လာတောင်းနေတာ ဗိုက်ဆာနေရင်၊ ပွတ်သပ်ပေးစေချင်ရင်
ရုပ်ကလေးက အဲဒီလို သနားချင်စရာ၊ မျက်နှာငယ်ငယ်လေးနဲ့ တောင်းတတ်တယ်
ရာသီဥတု အေးတဲ့နေ့ သူ့သခင်နဲ့ အပြင်ကနေ လမ်းလျှောက်ပြီးတော့ ကိုယ်အိပ်ယာအထကို
အခန်းဝမှာ လာစောင့်နေတဲ့ နတ်စု
အဲဒီလို မေးတင်တတ်တယ် လက်နဲ့ပုတ်တတ်တယ်

ကိုယ်က နတ်စုဖက်မှာ မိုချီကို ဆူနေမှန်းသိတော့ နတ်စုက မြောက်ကြွကြွ။ အဖေကတော့ ပြောဖူးတယ် နတ်စုက မိုချီကို သွားစတာတဲ့။ နတ်စုက မိုချီကိုချီရင် မကြိုက်ဘူး သူ့အရုပ်ကို ကိုက်ဆွဲတတ်တယ် ကိုယ်ဘေးမှာ ထိုင်နေတတ်တယ် မနာလိုတဲ့ပုံလေးနဲ့။ ကိုယ်က ပြန်လာရင် ဧည့်ခန်းကထိုင်ခုံမှာထိုင်ပြီး နတ်စုခေါင်းကို ပွတ်ပေးတတ်တယ်။ နတ်စုက သူ့သခင်နဲ့ လမ်းလျှောက်ရာက ပြန်လာရင် ကိုယ့်အခန်းဝမှာ ကိုယ်နိုးပြီလားလို့ လာချောင်းတတ်တယ်။ ဂျူလှိုင် ၄ မီးရှူးမီးပန်းတွေဖောက်တော့ နတ်စုမှာ နေစရာမရှိ ဧည့်ခန်းမှာအိပ်နေတဲ့ အဖေတို့နားသွား ကိုယ့်ကုတင်အောက်ကို ဝင်ပုန်း ကိုယ့်ပေါ်တက်ထိုင်။ အဖေကပြောတယ် မိုချီက ညဉ်ကောင်းတယ် တချို့ကြောင်ထီးတွေလို မအော်ဘူး သူ့ကိစ္စကိုလည်း သူ့ပုံးမှာပဲရှင်းတယ် စောင်တွေကို သေးပန်းတာ မရှိဘူး။ ကိုယ်အပြင်ထွက်တော့မယ်ဆိုတာ သိတယ် အသံပြဲကြီးနဲ့ တံခါးဝနားကနေ အော်တတ်တယ်။ ဖရန့်ကလင်းက လာချီတယ် မင်း အပြင်လိုက်လို့မရဘူးတဲ့။ ကိုယ်အပြင်က ပြန်လာပြီး တံခါးဖွင့်ရင် မိုချီက လှစ်ကနဲပြေးထွက်ပြီး တိုက်ခန်းရှေ့ကကြမ်းပြင်မှာ လိမ့်နေတတ်တယ်။ မိုချီ လာ လာ လို့ခေါ်ရင် မလာဘူး တံခါးပိတ်ကိုပိတ် ခဏနေလို့ဖွင့်လိုက်ရင် တံခါးနားမှာ စောင့်နေတဲ့မိုချီကို တွေ့တယ်။ တခါတလေကျတော့လည်း မစောင့်နိုင်တော့လည်း ဖနောင့်နဲ့ပိတ်ကန်ပြီး အိမ်ထဲသွင်းရတယ်။ နတ်စုတို့အိမ်မှာနေတဲ့ နှစ်နှစ်ကျော်အတွင်း နတ်စု ဧည့်ခန်းထဲမှာ အီးပါထားတာ တခါပဲကြုံဖူးတယ်။ ဒါကလည်း နတ်စုအပြစ်မဟုတ်ပါဘူး သူ့သခင်တွေက ခွေးမကျောင်းလို့။ တညနေ ကိုယ်ရုံးအပြန် တံခါးဖွင့်လိုက်တော့ နတ်စုက ကိုယ့်ကိုပြေးကြိုတယ် ပြီးတော့ သူ့ရေခွက်ကို လျှာနဲ့လျက်ပြတယ်။ 

ရေခွက်ကို သွားကြည့်တော့ ရေမရှိဘူး သူ့သခင်တွေက အခန်းထဲမှာ။ ရေဖြည့်ပြီးတော့ နတ်စုခမျာ ရေသောက်လိုက်တာ ရေငတ်နေပုံရတယ်။ ပြီးတော့ မိုချီလည်း သောက်တယ်။ မိုချီက နတ်စုအစာတွေကို ဝင်တီးတယ် သဘောကောင်းတဲ့ နတ်စုက ခွင့်ပြုပေမဲ့ တခါတလေကျတော့လည်း ဘေးကနေ မစားစေချင်တဲ့သဘောနဲ့ စောင့်ကြည့်တတ်တယ်။ မိုချီက အေးဆေးပဲ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့စတိုင်။ မိုချီကို စရတာ ပျော်ဖို့ကောင်းတယ် သူ့နားရွက်ကိုလိမ်ဆွဲ၊ အမြီးကိုဖျစ်၊ ဂုပ်ပိုးကိုဖျစ်ရင် ဘုကြည့်ကြည့်တယ်။ ဆေးခန်းကအပြန် တရုတ်တန်းကနေ ခေါက်ဆွဲကြော် ဝယ်လာပြီး အိမ်ရောက်တော့ ပင်ပန်းလို့အိပ်နေတာ နတ်စုက ကိုယ့်ကုတင်ဘေးမှာ လာစောင့်နေတယ်။ ကိုယ်မုန့်ဝယ်လာတယ် အိပ်ယာကနိုးလို့ မုန့်စားရင် သူ့ကို‌ကျွှေးမယ်ဆိုတာ နတ်စုကသိတယ်။ မိုချီက တံခါးကို တွန်းဖွင့်ပြီးဝင်လာတော့ နတ်စုက ဂါး ဂါးလို့အော်တယ်။ နတ်စု မိုချီကို ဝင်လာပါစေလို့ ပြောပြီး ခေါင်းကိုပွတ်တော့မှ အော်တာရပ်တယ် အဲဒီလို မနာလိုတတ်တဲ့ နတ်စု။ နတ်စုက ကိုယ့်ခြေထောက်ပေါ် မေးလေးထိုးတင်ပြီး တခါတလေ အိပ်တတ်တယ်။ သူ့လက်နဲ့ ကိုယ့်ကိုပုတ်ပြီး အစားတောင်းတတ် ခေါင်းကိုပွတ်သပ်ခိုင်းတတ်တယ်။ ကိုယ်ရုံးသွားရင် အိမ်ရှင်တွေက အိပ်တုန်း၊ ကိုယ်အိပ်တော့မှ အိမ်ရှင်တွေက ပြန်ရောက်၊ စနေ၊ တနင်္ဂနွေဆိုရင် အိမ်ရှင်တွေက အလုပ်သွားပြီး တနင်္လာ၊ သောကြာမှ အလုပ်နားတော့ အိမ်ရှင်တွေနဲ့ကိုယ် တပတ်နေလို့တခါ မဆုံဖြစ်ဘူး။ ကိုယ့်ဘေးမှာ အဖော်အဖြစ် ရှိနေတာက နတ်စုနဲ့မိုချီ။ ရာသီဥတုအေးတဲ့နေ့၊ သူ့သခင်တွေ မရှိတဲ့နေ့ဆို ကိုယ့်ဘေးနား ကပ်နေတတ်တယ်။ 

အဲဒီလို လက်တွေဆန့်ပြီး ဗေဒင်တွက်တတ်တယ်
ဂါးဖီး
ဂါးဖီးက အဲဒီဆိုဖာလေးကို သိပ်ကြိုက်တာ အိပ်ရင်လည်း အဲဒီလို ပက်လက်လေး အိပ်တတ်တယ်
မိုချီက ကိုယ့်ကို မျက်စိမှိတ်ပြတယ် ကြောင်တွေ မျက်စိမှိတ်ပြတာ ကစ်တဲ့။ အဲ ခြေထောက်ကိုတော့ လာမတိုးဝှေ့ဘူး နတ်စုကိုတော့ အမြဲတိုးဝှေ့နေတာပဲ။ မိုချီက စိတ်တိုလို့ ဂါးလို့ အော်ရင် ကိုယ်ကလည်း ဂါးလို့အော်ပြီး လက်ကိုကုတ်တော့မလို လုပ်ပြ။ မိုချီက ညောင်လို့အော်ရင် သူအော်လေသံအတိုင်း လိုက်အော်။ ကိုယ် တက်ခေါက်ရင် မိုချီခန္ဓာကိုယ် တုန်သွားတတ်တယ်။ တခါတလေ ဖူးကနဲလေမှုတ်ထုတ်ရင်း မိုချီ့ကို လေသိုင်းတိုက်ပေးလိုက်ရင် စိတ်အနှောင့်အယှက်ဖြစ်တဲ့ ပုံစံလေးနဲ့ မိုချီက တကယ်စလို့ကောင်းတယ်။ မိုချီနဲ့နတ်စုကို စကားပြောနေတာများ မသိရင် လူကိုပြောနေတဲ့အတိုင်း။ မိုချီက ပွေ့တာချီတာကို မကြိုက်တဲ့ကြောင်။ နတ်စုကတော့ သူ့ခေါင်းကို ပွတ်သပ်ပေးရင် သိပ်သဘောကျတာ။ ကိုယ်ချစ်တာကို သူတို့သိသလို သူတို့ချစ်တာကိုလည်း ကိုယ်သိနေတယ်။ တချိန်ချိန်မှာတော့ နတ်စုနဲ့မိုချီလို ခွေးလေးနှစ်ကောင်၊ ကြောင်လေးနှစ်ကောင် မွေးချင်မိသား။ အခုများတော့ ခွေးကျောင်းထွက်ဖို့ နေနေသာသာ ကိုယ့်ကိုကိုယ်တောင်မကျောင်းနိုင် စားသောက်ပြီးတာနဲ့ ခုတင်ပေါ်မှာ ပစ်လဲပြီး အနားယူရတယ်။ ခွေးအာမခံကလည်း ဈေးကြီးတယ် တလ ၅၀ လောက်ပေးရတယ်။ ပြီးတော့ ခွေးအသုံးအဆောင်တွေက ဈေးကြီးမှကြီး။ ကိုယ့်နိုင်ငံမှာလို ထမင်းကျန်၊ ဟင်းကျန်‌ကျွှေးလို့ရတာမဟုတ်။ ရေချိုးပေးရ၊ ခွေးကျောင်းရ ခွေးတော့မွေးချင်သား အဲဒီလိုကရိကထကလည်း မခံနိုင်။ တနေ့နေ့ တချိန်ချိန် ခွေးတွေကြောင်တွေ မွေးဖြစ်ခဲ့ရင် နတ်စုနဲ့မိုချီလို့ နာမည်ပေးဖြစ်မလားဘဲ။ နတ်စုနဲ့မိုချီကတော့ ကိုယ့်ကို သတိရပါ့မလား ကိုယ်ကတော့ ခွေးတွေ၊ ကြောင်တွေမြင်တိုင်း နတ်စုနဲ့မိုချီကို သတိရမိသား။

စန်းထွန်း
ဧပြီ ၃၀၊ ၂၀၁၆။

14 May 2011

သစ္စာရှိ‌သော မိတ်‌ဆွေ...



ဘဝမှာ သစ္စာရှိမိတ်ဆွေတွေ ရှိပေမယ်. အခန့်မသင့်ရင် မိတ်ဆွေကနေ ရန်သူဖြစ်သွားနိုင်ပေမယ်. အမြဲတမ်: မပြောင်းလဲဘဲ သစ္စာရှိနေပြီ: ကိုယ်.ကို ချစ်ခင်နေမှာက ခွေးလေးတွေပါ။ ကြောင်တွေကတော. အိမ်မသာရင် ပစ်ပြေ:ကြပေမယ်. ခွေးတွေကတော. ဘယ်တော.မှ ပစ်မပြေးဘူး။ ဘဝတကွေ့မှာ ကြုံဆုံခဲ့ရတဲ. ခွေးလေးတွေအကြောင်း ပြောပြချင်ပါတယ်။

ငယ်ငယ်တုန်းက အိမ်မှာ အံ.ကျော်ဆိုတဲ. အမဲလိုက်ခွေး ရှိတယ်။ အံ.ကျော်ဆိုတာ အဲဒီတုန်းက နာမည်ကြီး လူကြမ်: မင်းသား။ အိမ်မှာတော. ကြုံတိုင်း အံ.ကျော်အကြောင်း ပြောနေတော. အံ.ကျော်ရုပ်ကို မမှတ်မိလိုက်ပေမဲ. အံ.ကျော်အကြောင်းကတော. နားရည်ဝနေတယ်။ တိုနဲ. အတူတူ တနှစ်ထဲ မွေးတာတဲ။ ဟိုင်းကြီးကို ပြောင်းတော. လှေနောက်ကို ရေကူးပြီ: လိုက်လာတာ တော်တော်ဝေးတဲ. အထိ။ ဖေက လှော်တက်နဲ. တားပေမဲ. အတင်းရေကူးပြီ: လိုက်လာတာ မေက သနားပြီ: လိုက်ဖို. ပြောလိုက်လို့ ဟိုင်းကြီးထိ ပါလာပြန်တယ်။ ဟိုင်းကြီး ကုန်းပေါ်အိမ်မှာ ဖိုးဖိုး အိပ်နေတုန်း မြွေက ကိုက်ဖို. ပြင်နေတာ အံ.ကျော် ဟောင်လို့ ဖိုးဖိုးမှာ အသက်ဘေးက လွတ်ရတယ်။

ဘေးအိမ်က ကြီးကြီး ဒေါ်အေးတင်တို. ခြံထဲမှာ ခွေးလေး၄ကောင် ပေါက်တာ ခွေးလေးတွေက ရိုးရိုး ဗမာခွေးမဟုတ်ဘဲ နိုင်ငံခြားမျိုးလေးတွေမို့ အရမ်:ချစ်စရာကောင်းတယ်။ လိုချင်တဲ. သူတွေက လာလာချောင်းနေလို့ နို.မပြတ်ခင် သွားယူပြီ: မွေးရတယ်။ ညဖက် မေတို.အိပ်ယာဘေးမှာ သိပ်ရတယ်။ နိုးဘူး ၁လလောက် တိုက်ရတယ်။

သူတို.လေးတွေကို ချီသွားရင် အရုပ်လေးတွေလို့ ထင်ကြတယ်။ ဟောင်မှပဲ သိတော.တယ် တကယ်ခွေးမှန်း။ အိမ်က ခွေးကို ရန်ကျော် ဦးမောင်အေးဖြူအိမ်က ခွေးကို ရန်ဘိုလို့ နာမည်ပေးလိုက်ကြတယ်။ တို.အိမ်က ခွေးတွေကလည်: မင်းသားနာမည်တွေကြီးပဲ။ ရန်ဘိုကတော. ခွေးပေါ။ လူတကာဆီက မုန့်လိုက်တောင်းတယ်။ ရန်ကျော်က ကလေးတွေဆို လိုက်လိုက်ဆွဲတယ်။ ဟိုက လာတိုင် ဒီက လာတိုင်နဲ.။ လူတကာကို တောင်းပန်နေရတယ်။ ကြိုးချည်ထားရင်လည်: ပိုကိုက်ပြန်တယ်။

တနေ့တော. ကျောင်းက ပြန်လာတဲ. မောင်မောင်က အိပ်နေတဲ. ရန်ကျော်ခေါင်းကို သွားပုတ်တာ အိပ်နေရာကနေ လန့်ပြီ: ကိုက်တာ မောင့်မောင့်လက်မှာ အစွယ်၂ချောင်းရာ နက်သွားလို့ ဆေးခန်:ဆီ ပြေးရပြန်တယ်။ မေက ဆူတော. သူ့အပြစ်သိသလို ငြိမ်ပြီ: ထမင်းလည်: မစားတော.ဘူ:။ သနားဖို.လည်: ကောင်းရဲ.။ ဟိုဖက်ကမ်:က ဦးငတူးအိမ်ကို ပေးလိုက်တယ်။

ဟိုဖက်ကမ်:မှာလည်: ကိုက်လို့ အိမ်ကို ပြန်လာတဲ.နေက အိမ်တောင်မရောက်သေးခင် လှေပေါ်ကနေ ဝမ်:သာအားရ နှုတ်ဆက်နေတာ။ မကြာပါဘူး လူတကာ လိုက်ကိုက်နေလို့ ကရင်တွေကို ပေးလိုက်ဖို. ဖေမှာ ခက်ခက်ခဲခဲ ဆုံ:ဖြတ်လိုက်ရတယ်။ မေနဲ. မောင်မောင်က ငိုလိုက်ကြတာ အဲဒီနေ့က။ တို.က ပုသိမ်မှာ ကျောင်းတက်နေလို့။ တို.ပါ ရှိရင် သားအမိတွေ တပျော်တပါး ငိုကြဦးမှာ။ အဲဒီတည်းက ဆုံ:ဖြတ်လိုက်ကြတာ ဘယ်တော.မှ ခွေးမမွေးတော.ဘူးလို့။ သံယောဇဉ် ဖြစ်လွန်:လို့။ အဲဒီတည်းက မေက ထင်သွားတယ် သူ မွေးရင် ကိုက်တတ်တယ် ဆိုပြီး။ တို.မွေးရင်တော. ခွေးပျင်းဖြစ်မှာ သေချာတယ်။ မေက လက်ဆိပ်ရှိတယ်။ သေနေတယ်. အပင်တောင် မေဂရုစိုက်လိုက်ရင် ပြန်ရှင်တယ်။

ကြီးကြီး ကြံမခိုင်တို. အိမ်က ခွေးတွေက လိမ်မာကြတယ်။ ကရင်တွေ သတ်စားမလို့ လုပ်နေတဲ အချိန်  သနားလို့ ဝယ်လာတဲ. ခွေးမလေးက ဂျက်မ။ တို.ငယ်ငယ်တုန်းက ဟောင်ကောင်ဂျက်မရုပ်ရှင်တွေ နာမည်ကြီးတယ်။ ဂျက်မရေ အို.အို့လို့ ခေါ်လိုက်ရင် လှမ်:ကြည်.ပြီ: မုန့်တကယ်ကျွေးဖို. ခေါ်တာလာ: ညာခေါ်တာလား လှမ်:ကြည့်တယ်။ တကယ်ကျွေးမယ် ထင်မှ လာတာ။

တခါက အိမ်ရှေ့က တံတားပေါ်မှာ မရမ်:ကွင်:ဖက်က သစ်တွေလာပို.ထားတယ်။ မဲလုံးဆိုတဲ. ခွေးဟောင်မှပဲ သိတော.တယ်။ သူခိုးလာကပ်မှန်း။ နောက်နေ့မနက်ကျတော. မဲလုံးကို မုန့်တွေ ဝယ်ကျွေး ကျောကုန်းကို သပ်ပေး good jobပေါ့။ မမစိန်သန်:ရီတို.အိမ်က ခွေးက ဥစ္စာခြောက်တဲ. ခွေး။ သူ့အိမ်က ပစ္စည်းတခုခုယူပြီ: အိမ်ပေါ်က ဆင်းသွားရင်ပဲ လိုက်လိုက်ဟောင်လို့လေ။ တခါတလေ ပျင်းရင် ဒင်းကို သွားသွားစကြတယ်။ အပျိုကြီးရဲ. ခွေး ဘိုဘိုက ခွေးချောလေး။ ဂျက်မက ဘိုဘိုကို ကြိုက်တယ်။

ကိုသိန်:ဝင်းရဲ.ခွေး ခေါင်းကြီးက နိုင်ငံခြားမျိုး။ မတ်တပ်ရပ်လိုက်ရင် ၅ပေ ၈လက်မလောက် မြင့်တယ်။ အနံ့ခံအရမ်:ကောင်းတယ်။ ငါးခြောက်အစလေးတွေ ပေးလိုက်ရင် မောင်အေးခွေး တယ်ရီယာပုလေး ဒေါ်လာက ဗိုက်ဝနေရင် မစားဘဲ ဖွက်ထားလိုက်။ အနံ့ခံကောင်းတဲ. ခေါင်းကြီးက ဒေါ်လာဖွတ်ထားတာတွေ ရှာဖွေစားသောက်လိုက်။ ဒေါ်လာနဲ. ခေါင်းကြီးက တခြားဗမာခွေးတွေနဲ. မပေါင်းဘူး။ ရှည်ရှည်လန်ဘား ခေါင်းကြီးနဲ. ပုတက်တက် ဒေါ်လာတို. ဆော့နေကြတာ အတော်ကို ရီစရာ ကောင်းတယ်။ ခေါင်းကြီးတို.မျိုးက ဘိန်:တွေ မိုင်းတွေ ရှာဖွေတဲ.နေရာမှာ သုံးတဲ. ခွေးမျိုး။ ၂နှစ်လောက်ကြာမှ ပြန်တွေ့ပေမယ်. ခွေးတွေက မှတ်မိတယ်။ ကြောင်တွေက ၁လဆိုရင်တောင် မမှတ်မိဘူး။

ရန်ကုန်ဘေးအိမ် အန်တီဆွေတို.အိမ်မှာ ဖိုးလုံးဆိုတဲ. ခွေးတကောင်ရှိတယ်။ အဖြူအနက်နဲ. အတော်လှတယ်။ သားသမီးမရှိတဲ. သူတို.အတွက်ကတော. သားသမီးလိုပါပဲ။ ဖိုးလုံးကို အကြောင်းပြုပြီ: လမ်:ဘေးခွေးမတွေ လမ်:ထဲရောက်လာပြန်ရော။ လမ်:ဘေးခွေးမကြီးက ခွေး၉ကောင်မွေးတယ်။ သူ.ကို ကျွေးရင် စားပြီ: ကလေးတွေကို အန်ကျွေးတယ်။ သူကနေ မွေးတဲ.အထဲမှာ ပျာယာနဲ. ထိပ်ချွန်းဆိုတဲ. ခွေး၂ကောင်ကို မှတ်မှတ်ရရ ရှိတယ်။ ပျာယာကတော. ဗိုက်ဆာရင် ပျာယာခတ်ပြီ: တောင်းပေမယ်. ဗိုက်ပြည်.ရင်တော. လှည်.တောင်မကြည်.ဘူး။ လိုရင် တမျိုး မလိုရင် တမျိုးဆိုတာ သူမှ အစစ်။

ထိပ်ချွန်:မလေးကတော. စိတ်ရင်းကောင်းတယ်။ သူ့ကို တလမ်:လုံးက ဝိုင်းချစ်ကြတယ်။ လက်ကလေး ရှေ့ချပြီ: ရှိခိုးသလို အစားတောင်းတယ်။ လက်ပေးဆိုရင်လည်: ပေးတယ်။ အီကြာကွေးတွေ ပစ်ကျွေးရင် မိအောင် ဖမ်:တယ်။ သူ.ကို သတိမထားမိရင်လည်: လက်နဲ. လာကုတ်တယ်။ ကိုယ်က ဟိုဖက်ကားလမ်:မှာပဲ ရှိသေးတယ် သူက ဒီဖက်ကားလမ်:ကနေ အမြီးလှုပ်ပြီ: ကြိုနေတာ။ အပြင်သွားရင်လည်: နောက်ကလိုက်လာတတ်တယ်။ သူတို.ပိုက်နက် လက်ဖက်ရည်ဆိုင် ရောက်ရင် ရပ်ပြီ: ကျန်ခဲ.တော.တယ်။ မေက သူတို.တွေအတွက် အိမ်ရှေ့မှာ သောက်ရေအင်တုံလေးထားပေးတယ်။ မနက်တိုင်း ရေဖြည်.ပေ:ရတယ်။ ဂလုံသံ ကြားရရင် ရေကုန်လို့ အင်တုံကို မှောက်နေကြပြီ။ နွေဆို ပူလို့ ရေသောက်ကြတာ တနေ့ကို ၂ခါလောက် ဖြည်.ရတယ်။ တနေ့တော. ထိပ်ချွန်:မလေး မတွေ့လို့ ရှာကြတာ နောက်တော. သိလိုက်ရတယ်။ စည်ပင်က အမဲတုံးနဲ. တိုးသွားတယ်တဲ။

ခွေးမွေးဖို. ကြံနေတာ ရန်ကုန်တိုက်ခန်:နဲ.က မလွယ်။ တနေ့ ဒါမဟုတ် ၂ရက်ခြားတခါလောက် ခွေးကျောင်းရတယ်တဲ.။ အေးလေ နို.မို့ ခွေးလည်: အညောင်းမိနေမှာပေါ့။ တပတ်ကို ၂ကြိမ် ရှန်ပူနဲ. လျှော်ပေးရတယ်တဲ။ အောင်မလေး ကိုယ်တောင် ပျင်းလို့ လမ်:လျှောက်မထွက်တာ ခွေးကျောင်းရမယ်တဲ.။ ဒီလောက် ကရိကထ မခံနိုင်တာနဲ. ရန်ကုန်မှာ ခွေးမဖြစ်ဘဲ ဂါးဖီးပဲ မွေးဖြစ်တော.တယ်။ ခွေးရုပ်ရှင်လေးတွေ ကြည်.ရတိုင်း ခွေးမွေးချင်ဆဲ။ အခုတော. ခွေးမွေးဖို. မပြောနဲ. လူတောင် အနိုင်နိုင် ရုန်းကန်နေရတာ။ ခွေးလေးတွေ ဆွဲပြီ: လမ်:လျှောက်နေသူတွေကို အားကျတဲ. အကြည်.နဲ. ကြည်.နေဆဲ။ တချိန်ချိန် ခွေးမွေးမယ်လို့ ကြုံ:ဝါ:ဆဲ။

စန်းထွန်း
‌မေ ၁၄၊ ၂၀၁၁။

10 May 2011

ဂါးဖီး (Garfield)...







အိမ်မှာ ကြွတ်သောင်းကျန်:တာနဲ. မကြီး စင်ကာပူသွားလို့ တယောက်လည်: ရောင်ချာချာ ဖြစ်နေလို့ ကြောင်မွေးမယ်လို့ စိတ်ကူးမိပါတယ်။ ဖေမေတို.ကို ပြောတော. သူ့သမီး ပျင်းနေတာနဲ. အဖော်ရအောင် မွေးတယ်.။ တကယ် မွေးမယ်ဆိုရော ကြောင်ကို ဘယ်က တောင်းရမှန်: မသိ။ သူငယ်ချင်းဖြိုးအိမ်မှာ ကြောင်တွေရှိပေမယ်. သူ့အမေရဲ. အသည်းကျော်တွေမို့ မတောင်းရက်ပြန်ဘူး။ ဟိုင်းကြီးက အိမ်မှာလည်: ကြောင်ပေါက်စလေး မရှိ။ အိမ်မှာ ပိုက်ဖာတဲ. ကောင်မလေးက သူ့အိမ်မှာ ကြောင်နှစ်ကောင် ရှိတယ်။ ၂လသားလေး။ အမမို့လို့ ပေးတာ သူများဆို မပေးဘူးတဲ.။ ပေးတာတောင် အင်တင်တင် လုပ်နေသေးတယ်။ သူများတွေကို မေးကြည်.တော. အဲဒီကြောင်လေးတွေ သန်.တယ်ဆိုမှ ယူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ရန်ကုန်မပြန်ခင် ညနေမှာ မောင်မောင်နဲ. ကြောင်သွားယူကြတယ်။ မောင်မောင်ပဲ ရွေးတယ်။ အိမ်ရောက်တော. အုပ်ဆောင်းအောက်မှာ လှောင်ထားတယ်။ သူ့ခမျာလည်: ကြောက်နေရှာပါပဲ။ မိကွဲဖကွဲ မောင်နှမကွဲပြီ: သူစိမ်:တွေဆီ ရောက်လာတာ။ အိမ်က ပူစီမနဲ. ပူစီလေးကလည်: အုပ်ဆောင်းနားကို ဝိုင်းပြီ စပ်စုနေတာ အထဲက ကောင်လေးကလည်: တဗြဲဗြဲနဲ. ရန်ရှာနေတာများ။

ထမင်းဘူးတွေ ထည်.တဲ. ခြင်းတောင်းကို အဖုံးအလုံပိတ်နဲ. သူ့ကို ထည်.ထားတာ။ ညောင်းတယ်နဲ. တူပါတယ် အသံလေးပေးရှာတယ်။ ဒါနဲ. အပြင်ထုတ်ပြီ: ပေါင်ပေါ်ထင်ထားတာ ထွတ်မပြေးဘူး။ ရှပ်ပြေး အထူးခန်:မှာ သခင်နဲ. ကြောင်နဲ. အပြိုင်အိပ်လိုက်ကြတာ။ ရန်ကုန် ပုသိမ်ကားပေါ်မှာလည်: ငြိမ်ပြီ: လိုက်လာတာ ကြောင်သယ်လာတယ်လို့တောင် မထင်ရဘူး။ ကြည့်ဖူးတဲ. ကာတွန်:ကားထဲက ကြောင်ကို သဘောကျလို့ ဂါးဖီးလို့ နာမည်ပေးလိုက်တယ်။ ဂါးဖီးက ဟိုင်းကြီးသားစစ်စစ်လေးပါ။

နာမည်စီးတယ်နဲ. တူပါတယ် ။ ဝဖီးတာ ပျင်းတာ ကြွတ်မခုတ်တာ ဂါးဖီးကာတွန်:ထဲက ဂါးဖီးအတိုင်းပဲ။ ဂါးဖီတသက် ကြွတ်ပေါက်စလေး နှစ်ကောင်ပဲ ဖမ်:ဖူးတယ်။ သူဖမ်:မိတဲ. ကြွတ်ကို လာလာပြရတာ အမော။ တခါက မြေကြွတ်ကြီး လာတာ တို.က တုတ်နဲ. လိုက် ဂါးဖီးကလည်: လိုက်ပေါ့။ ပြေးစရာ မရှိလို့ မြေကြွတ်က အမွှေးထောင်ပြီ: ကိုယ်.ဆီကို ပြေးလာရော တုတ်ကို ပစ်ချပြီ: သခင်နဲ. ကြောင် အပေါ်ထပ်ကို ပြေးလိုက်ကြတာ တန်:နေတာပဲ။ ဖေက ဂါးဖီးကို ကြည်.မရဘူး။ သမီးကြောင် ငပျင်း ကြွတ်မခုတ်ဘူးတဲ.။ ကြွတ်မခုတ်စရာ မလိုဘူး အဖော်ရရင် တော်ပြီလို့။

ဖေ့ကြောင် ပူစီမက ကြွတ်တကယ် ခုတ်ပါတယ်။ လူနားလည်: သိပ်မကပ်ဘူး။ လင်းနို.တောင် ဖမ်:တယ်။ အမြီးလေးက ပါတယ် ဆိုရုံလေး။ မြီးတိုမျိုး။ ပူစီမက မွေးတဲ. ပူစီလေ:တွေဆို လိုချင်ကြတယ်။ ဖေညဖက် သင်းဘောတွေ ဆင်းကြည်.ရင် ပူစီမလည်: လိုက်တယ်။ ပူစီရေ တံခါးပိတ်တော.မယ်လို့ ပြောလိုက်ရင် အူရားဖားရား ပြေးလာပါတယ်။ မနက်တိုင်း အိမ်က ထမင်းချက် လှဌေးနောက်ကို လိုက်ကြတယ်။ လှဌေးက ထမင်းကို ပဲဆီဆမ်:ပြီ: ကျွေးတယ်။ ပဲဆီကုန်နေလို့ စားအုန်းဆီနဲ. ကျွေးလို့ကတော. တချက်နမ်:ကြည်.ပြီ: မစားဘူး။ ထမင်းစားရင်လည်: ပူစီမက ဘယ်တော.မှ အရင် မစားဘူး။ ပူစီလေး အရင်းစားပြီ:မှ စားတယ်။ ဖေတို.တွေ ထမင်းစားကြရင် ထမင်းဝိုင်းဘေးမှာ ညောင်လို့ တချက်မအော်ဘဲ ငုတ်တုတ်လေး မျှော်နေကြတာ သနားဖို.တောင် ကောင်းတယ်။ အသားဟင်းမစားတော. သန်သိပ်မထဘူး။ အဲ သားစိမ်:တော. စားတယ်။

တို. ဂါးဖီးလည်: တချက်မှ ညောင်လို့ မတောင်းဘူး။ ဘယ်တောင်းမလဲ အမြဲဗိုက်ဝနေလို့လေ။ ကြွတ်ဖမ်:အောင် ညစာကို ဝဝမကျွေးနဲ.တဲ.။ အဲဒီတော.မှ ကြွတ်ခုတ်မှာတဲ.။ ဂါးဖီးကတော. မောင်မောင်စားရင် ကျွေးလိုက်၊ တို.စားရင်း ကျွေးလိုက်နဲ. အမြဲဗိုက်ပြည်.နေတယ်။ ကြွတ်မခုတ်တာလည်: မပြောနဲ. သခင်တွေက အမြဲကျွေးနေတာကိုး။ အကြင်.နာကြောင် ကိုညိုလာစားရင်လည်: ဘာမှမဖြစ်။ ကြောင်ထီးတွေ ဆုံရင် ကိုက်ကြတာ ကိုညိုနဲ. ဂါးဖီးကတော. ချစ်လိုက်ကြတာ။ ဆော.လိုက်ကြတာများ ဗြောင်းဗြောင်းကို ဆန်။ ဂါးဖီးကို ကလေးတွေလည်: ချစ်တယ်။ အကြင်နာတို.လာရင် လဲပြီ: ပက်လက်လှန်ပြီ: ဆော.ဖို. ရယ်ဒီ ဖြစ်နေပြီ။

ည၉နာရီလောက်ဆို လက်ကလေး ဆန်.ပေးတာနဲ. ဘိုင်းကနဲ ပစ်လဲပြီ: အိပ်တော.တာ။ စာကျက်နေရင် ဖွင့်ထားတဲ. စာအုပ်ပေါ်မှာ တက်အိပ်တယ်။ ညဖက် ၂နာရီလောက် အောက်ထပ်ဆင်းရင် အိပ်နေရာက အူရားဖားရားထပြီ: လိုက်ဆင်းတယ်။ အပြင်က ပြန်လာရင် အိမ်ကို မဝင်သေးဘဲ ဘေးအိမ်က မဇင်မာဆီ ဝင်ပြီ: စကားပြောနေရင် အိမ်ထဲကနေ တဗြဲဗြဲနဲ. အော်ပြီ: နှုတ်ဆက်ရတာ။ ဗိုက်ဆာရင် တို.နားလာတောင်းပြီ: မောင့်မောင့်ကို မြင်ရင်တော. ဘိုင်းကနဲ လှဲချပြီ: ပက်လက်လှန်ပြီ: ဆော.ဖို တောင်းတော.တာပဲ။

ဘေးအိမ်က ဘေ့ဘေ့မှာ ကြောင်အမေကြီးရယ် ကြောင်မလေး၃ကောင်ရှိတယ်။ ဘေ့ဘေ့ရေ ညည်းသမီးတွေ ကြည်.ထိန်:ထား အမေက လာပိုးလိုက် သမီးတွေက လာပိုးလိုက် ငါ့ဂါးဖီးက ငယ်သေးတယ်။ သားရေးသမီးရေးတွေ ။ တခါက လမ်:ဘေးကြောင် ရုပ်ဆိုးဆိုးမနဲ. ချိတ်တိတ်တိတ်ဖြစ်လို့ သဘောမတူဘူးတွေ ဘာတွေဖြစ်။

ဘေးအိမ်က ဆည်းဆာတို.အိမ်က ကြောင်ကြီးက ဂါးဖီးကို လာလာဆော်တယ်။ လာဆော်ရင် အသံဗြဲနဲ. အော်ပြီ: အကူအညီတောင်းလို့ သခင်ကပါ ဝင်ဆော်ပေးရတယ်။ သူ့ထက် သေးတဲ. အကောင်တွေကို သူက အနိုင်ကျင့်ချင်သေးတာ။ လမ်:ဘေးခွေးလေး ထိပ်ချွန်းမလေးက တခါတလေ လူလစ်ရင် အိမ်ထဲ ဝင်ပြီ: အိပ်တတ်တယ်။ တခါ ဂိန်ကနဲ အသံကြားလို့ ကြည့်လိုက်တာ ဂါးဖီးရယ် အိပ်နေတဲ. ထိပ်ချွန်းအမြီးကို လက်နဲ. သွားဆွဲတယ်လေ။ လူတွေ ရှိတော. ထိပ်ချွန်းမလေးက အော်ပဲအော်ပြီ: ဘာမှ ပြန်မလုပ်ဘူး။ အဲ လူလစ်ရင်တော. သူက ဦးဆောင်ပြီ: ဂါးဖီးကို လိုက်တာ။

ဂါးဖီးကို ကြီးလှပြီ ထင်တာ စင်ကာပူက ကြောင်တွေကမှ ဟဲဗီးကြီ:တွေ။ တိုက်အောက်မှာ ရှိတဲ. ကြောင်တွေကို ပုဇွန်ခြောက် ကျွေးဘူးတယ်။ လုံးဝမစား။ မြန်မာပြည်က ကြောင်တွေနဲ.များ ကွာပါ့။ ပုဇွန်ခြောက်ဘူးဖွင့်တာနဲ. အနားရောက်နေပြီ။

စန်းထွန်း
‌မေ ၁၀၊ ၂၀၁၁။