ဂါးဖီး (Garfield)...
အိမ်မှာ ကြွတ်သောင်းကျန်:တာနဲ. မကြီး စင်ကာပူသွားလို့ တယောက်လည်: ရောင်ချာချာ ဖြစ်နေလို့ ကြောင်မွေးမယ်လို့ စိတ်ကူးမိပါတယ်။ ဖေမေတို.ကို ပြောတော. သူ့သမီး ပျင်းနေတာနဲ. အဖော်ရအောင် မွေးတယ်.။ တကယ် မွေးမယ်ဆိုရော ကြောင်ကို ဘယ်က တောင်းရမှန်: မသိ။ သူငယ်ချင်းဖြိုးအိမ်မှာ ကြောင်တွေရှိပေမယ်. သူ့အမေရဲ. အသည်းကျော်တွေမို့ မတောင်းရက်ပြန်ဘူး။ ဟိုင်းကြီးက အိမ်မှာလည်: ကြောင်ပေါက်စလေး မရှိ။ အိမ်မှာ ပိုက်ဖာတဲ. ကောင်မလေးက သူ့အိမ်မှာ ကြောင်နှစ်ကောင် ရှိတယ်။ ၂လသားလေး။ အမမို့လို့ ပေးတာ သူများဆို မပေးဘူးတဲ.။ ပေးတာတောင် အင်တင်တင် လုပ်နေသေးတယ်။ သူများတွေကို မေးကြည်.တော. အဲဒီကြောင်လေးတွေ သန်.တယ်ဆိုမှ ယူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ရန်ကုန်မပြန်ခင် ညနေမှာ မောင်မောင်နဲ. ကြောင်သွားယူကြတယ်။ မောင်မောင်ပဲ ရွေးတယ်။ အိမ်ရောက်တော. အုပ်ဆောင်းအောက်မှာ လှောင်ထားတယ်။ သူ့ခမျာလည်: ကြောက်နေရှာပါပဲ။ မိကွဲဖကွဲ မောင်နှမကွဲပြီ: သူစိမ်:တွေဆီ ရောက်လာတာ။ အိမ်က ပူစီမနဲ. ပူစီလေးကလည်: အုပ်ဆောင်းနားကို ဝိုင်းပြီ စပ်စုနေတာ အထဲက ကောင်လေးကလည်: တဗြဲဗြဲနဲ. ရန်ရှာနေတာများ။
ထမင်းဘူးတွေ ထည်.တဲ. ခြင်းတောင်းကို အဖုံးအလုံပိတ်နဲ. သူ့ကို ထည်.ထားတာ။ ညောင်းတယ်နဲ. တူပါတယ် အသံလေးပေးရှာတယ်။ ဒါနဲ. အပြင်ထုတ်ပြီ: ပေါင်ပေါ်ထင်ထားတာ ထွတ်မပြေးဘူး။ ရှပ်ပြေး အထူးခန်:မှာ သခင်နဲ. ကြောင်နဲ. အပြိုင်အိပ်လိုက်ကြတာ။ ရန်ကုန် ပုသိမ်ကားပေါ်မှာလည်: ငြိမ်ပြီ: လိုက်လာတာ ကြောင်သယ်လာတယ်လို့တောင် မထင်ရဘူး။ ကြည့်ဖူးတဲ. ကာတွန်:ကားထဲက ကြောင်ကို သဘောကျလို့ ဂါးဖီးလို့ နာမည်ပေးလိုက်တယ်။ ဂါးဖီးက ဟိုင်းကြီးသားစစ်စစ်လေးပါ။
နာမည်စီးတယ်နဲ. တူပါတယ် ။ ဝဖီးတာ ပျင်းတာ ကြွတ်မခုတ်တာ ဂါးဖီးကာတွန်:ထဲက ဂါးဖီးအတိုင်းပဲ။ ဂါးဖီတသက် ကြွတ်ပေါက်စလေး နှစ်ကောင်ပဲ ဖမ်:ဖူးတယ်။ သူဖမ်:မိတဲ. ကြွတ်ကို လာလာပြရတာ အမော။ တခါက မြေကြွတ်ကြီး လာတာ တို.က တုတ်နဲ. လိုက် ဂါးဖီးကလည်: လိုက်ပေါ့။ ပြေးစရာ မရှိလို့ မြေကြွတ်က အမွှေးထောင်ပြီ: ကိုယ်.ဆီကို ပြေးလာရော တုတ်ကို ပစ်ချပြီ: သခင်နဲ. ကြောင် အပေါ်ထပ်ကို ပြေးလိုက်ကြတာ တန်:နေတာပဲ။ ဖေက ဂါးဖီးကို ကြည်.မရဘူး။ သမီးကြောင် ငပျင်း ကြွတ်မခုတ်ဘူးတဲ.။ ကြွတ်မခုတ်စရာ မလိုဘူး အဖော်ရရင် တော်ပြီလို့။
ဖေ့ကြောင် ပူစီမက ကြွတ်တကယ် ခုတ်ပါတယ်။ လူနားလည်: သိပ်မကပ်ဘူး။ လင်းနို.တောင် ဖမ်:တယ်။ အမြီးလေးက ပါတယ် ဆိုရုံလေး။ မြီးတိုမျိုး။ ပူစီမက မွေးတဲ. ပူစီလေ:တွေဆို လိုချင်ကြတယ်။ ဖေညဖက် သင်းဘောတွေ ဆင်းကြည်.ရင် ပူစီမလည်: လိုက်တယ်။ ပူစီရေ တံခါးပိတ်တော.မယ်လို့ ပြောလိုက်ရင် အူရားဖားရား ပြေးလာပါတယ်။ မနက်တိုင်း အိမ်က ထမင်းချက် လှဌေးနောက်ကို လိုက်ကြတယ်။ လှဌေးက ထမင်းကို ပဲဆီဆမ်:ပြီ: ကျွေးတယ်။ ပဲဆီကုန်နေလို့ စားအုန်းဆီနဲ. ကျွေးလို့ကတော. တချက်နမ်:ကြည်.ပြီ: မစားဘူး။ ထမင်းစားရင်လည်: ပူစီမက ဘယ်တော.မှ အရင် မစားဘူး။ ပူစီလေး အရင်းစားပြီ:မှ စားတယ်။ ဖေတို.တွေ ထမင်းစားကြရင် ထမင်းဝိုင်းဘေးမှာ ညောင်လို့ တချက်မအော်ဘဲ ငုတ်တုတ်လေး မျှော်နေကြတာ သနားဖို.တောင် ကောင်းတယ်။ အသားဟင်းမစားတော. သန်သိပ်မထဘူး။ အဲ သားစိမ်:တော. စားတယ်။
တို. ဂါးဖီးလည်: တချက်မှ ညောင်လို့ မတောင်းဘူး။ ဘယ်တောင်းမလဲ အမြဲဗိုက်ဝနေလို့လေ။ ကြွတ်ဖမ်:အောင် ညစာကို ဝဝမကျွေးနဲ.တဲ.။ အဲဒီတော.မှ ကြွတ်ခုတ်မှာတဲ.။ ဂါးဖီးကတော. မောင်မောင်စားရင် ကျွေးလိုက်၊ တို.စားရင်း ကျွေးလိုက်နဲ. အမြဲဗိုက်ပြည်.နေတယ်။ ကြွတ်မခုတ်တာလည်: မပြောနဲ. သခင်တွေက အမြဲကျွေးနေတာကိုး။ အကြင်.နာကြောင် ကိုညိုလာစားရင်လည်: ဘာမှမဖြစ်။ ကြောင်ထီးတွေ ဆုံရင် ကိုက်ကြတာ ကိုညိုနဲ. ဂါးဖီးကတော. ချစ်လိုက်ကြတာ။ ဆော.လိုက်ကြတာများ ဗြောင်းဗြောင်းကို ဆန်။ ဂါးဖီးကို ကလေးတွေလည်: ချစ်တယ်။ အကြင်နာတို.လာရင် လဲပြီ: ပက်လက်လှန်ပြီ: ဆော.ဖို. ရယ်ဒီ ဖြစ်နေပြီ။
ည၉နာရီလောက်ဆို လက်ကလေး ဆန်.ပေးတာနဲ. ဘိုင်းကနဲ ပစ်လဲပြီ: အိပ်တော.တာ။ စာကျက်နေရင် ဖွင့်ထားတဲ. စာအုပ်ပေါ်မှာ တက်အိပ်တယ်။ ညဖက် ၂နာရီလောက် အောက်ထပ်ဆင်းရင် အိပ်နေရာက အူရားဖားရားထပြီ: လိုက်ဆင်းတယ်။ အပြင်က ပြန်လာရင် အိမ်ကို မဝင်သေးဘဲ ဘေးအိမ်က မဇင်မာဆီ ဝင်ပြီ: စကားပြောနေရင် အိမ်ထဲကနေ တဗြဲဗြဲနဲ. အော်ပြီ: နှုတ်ဆက်ရတာ။ ဗိုက်ဆာရင် တို.နားလာတောင်းပြီ: မောင့်မောင့်ကို မြင်ရင်တော. ဘိုင်းကနဲ လှဲချပြီ: ပက်လက်လှန်ပြီ: ဆော.ဖို တောင်းတော.တာပဲ။
ဘေးအိမ်က ဘေ့ဘေ့မှာ ကြောင်အမေကြီးရယ် ကြောင်မလေး၃ကောင်ရှိတယ်။ ဘေ့ဘေ့ရေ ညည်းသမီးတွေ ကြည်.ထိန်:ထား အမေက လာပိုးလိုက် သမီးတွေက လာပိုးလိုက် ငါ့ဂါးဖီးက ငယ်သေးတယ်။ သားရေးသမီးရေးတွေ ။ တခါက လမ်:ဘေးကြောင် ရုပ်ဆိုးဆိုးမနဲ. ချိတ်တိတ်တိတ်ဖြစ်လို့ သဘောမတူဘူးတွေ ဘာတွေဖြစ်။
ဘေးအိမ်က ဆည်းဆာတို.အိမ်က ကြောင်ကြီးက ဂါးဖီးကို လာလာဆော်တယ်။ လာဆော်ရင် အသံဗြဲနဲ. အော်ပြီ: အကူအညီတောင်းလို့ သခင်ကပါ ဝင်ဆော်ပေးရတယ်။ သူ့ထက် သေးတဲ. အကောင်တွေကို သူက အနိုင်ကျင့်ချင်သေးတာ။ လမ်:ဘေးခွေးလေး ထိပ်ချွန်းမလေးက တခါတလေ လူလစ်ရင် အိမ်ထဲ ဝင်ပြီ: အိပ်တတ်တယ်။ တခါ ဂိန်ကနဲ အသံကြားလို့ ကြည့်လိုက်တာ ဂါးဖီးရယ် အိပ်နေတဲ. ထိပ်ချွန်းအမြီးကို လက်နဲ. သွားဆွဲတယ်လေ။ လူတွေ ရှိတော. ထိပ်ချွန်းမလေးက အော်ပဲအော်ပြီ: ဘာမှ ပြန်မလုပ်ဘူး။ အဲ လူလစ်ရင်တော. သူက ဦးဆောင်ပြီ: ဂါးဖီးကို လိုက်တာ။
ဂါးဖီးကို ကြီးလှပြီ ထင်တာ စင်ကာပူက ကြောင်တွေကမှ ဟဲဗီးကြီ:တွေ။ တိုက်အောက်မှာ ရှိတဲ. ကြောင်တွေကို ပုဇွန်ခြောက် ကျွေးဘူးတယ်။ လုံးဝမစား။ မြန်မာပြည်က ကြောင်တွေနဲ.များ ကွာပါ့။ ပုဇွန်ခြောက်ဘူးဖွင့်တာနဲ. အနားရောက်နေပြီ။
စန်းထွန်း
မေ ၁၀၊ ၂၀၁၁။
Subscribe to:
Post Comments (Atom)
5 comments:
အနိစ္စ၊ အနိစ္စ၊ အနိစ္စ။
Mg Sai said...
ပူစီမ ကိုလည်း မြင်ဖူးချင်ပါသဗျာ။
May 10, 2011 at 11:05 PM
San San Htun said...
ပူစီမ သေသွားပြီ မောင်စိုင်းရေ ။
May 20, 2011 at 2:20 PM
Mg Sai said...
အနိစ္စ၊ အနိစ္စ၊ အနိစ္စ။
June 1, 2011 at 9:43 PM
BEAUTIFUL KITTY
Post a Comment