လောကရဲ. အလှတရား _ Beauty of Nature

ဆောင်းမှာ နှင်းတွေ အောက်မှာ ငုပ်လျှိုး ပုန်းကွယ်နေတဲ. ပန်:ကလေးတွေ နွေဦးမှာ အစွမ်:ကုန် ဖူးပွင့်နေပါပြီ။ ဆောင်းရာသီမှာ အရွက်မရှိ မည်:ခြောက်နေတဲ. သစ်ပင်တွေ စိမ်:လန်:ဝေဆာပြီ: ဩကာသလောကတခုလုံး လှပနေပါပြီ။ လောကရဲ. အလှတရားကို အတူတူ ခံစားရအောင် ဘလော့ကနေ တင်လိုက်ပါတယ်။


ဆောင်းတုန်းက ဆီးသီးစေ့တွေနဲ. တူပြီ: ဘယ်လိုအပင်ပါလိမ့် ဆိုပြီ: စောင့်ကြည့်နေတာ။ အခုတော. အဲဒီ အသီးကနေ ဖူးပွင့်နေတာ ရဲရဲစိုပြီ: လှနေလိုက်တာ။


သူများအိမ်ရှေ့က စိုက်ထားတဲ. ပန်:တွေကိုလည်: အလွတ်မပေး။


လမ်:ဘေးမှာ သူ့ဘာသာ ပေါက်နေတဲ. ပန်:တွေပါ မကျန် အလွတ်မပေး။



ဒီပန်:ကတော. နေရာတိုင်းမှာ တွေ့တယ်။ တခါတလေ အဝါရောင် ပန်:ခင်းလားလို့ ထင်ရမယ်။ မြေကြီးနဲ. ကပ်ပြီ: ပေါက်နေတာ။


ပင်ယံထက်က ပန်:မြင့်တွေ။



အိုင်အိုဝါပြည်နယ် FairField မြို့ရဲ. အထင်ကရ နေရာတွေ။



ရုပ်ရှင်တွေထဲမှာ ပါတဲ. သရဲခြောက်တဲ. အိမ်လိုလို။ :)



ရန်ကုန်ပြန်တုန်းက သူငယ်ချင်းကို ဖြတ်လမ်: လမ်:သွယ်လေးတွေကို ဖြတ်ပြီ: ကားဂိတ်ကို လိုက်ပို့ပေးချိန်မှာ သူငယ်ချင်းမိဖြိုးက အိတ်ထဲက လက်နှိပ်ဓာတ်မီးလေး ထုတ်တယ်။ တကယ်လည်: အသုံးဝင်တယ်။ မီးပျက်လို့ အင်ဗာတာ၊ မီးစက်ရှိတဲ. အိမ်တွေက မီးဟိုတကွက် ဒီတကွက် မီးလင်းချိန်မှာ လမ်းမီးကလည်: ဟိုတကွက် ဒီတကွက်ပဲ လင်းတာပေါ့ ။ ဓာတ်မီးသာ မပါရင် မှောင်မှောင်မဲမဲထဲ မမြင်မစမ်းဘဲ ချိုင့်ခွက်ထဲ မှောက်ရက်လဲနေမှာ သေချာတယ်။ မြန်မာပြည်မှာလည်: ဒီလို နေရောင်ခြည်စွမ်:အင်သုံးပြီ: ဓာတ်မီးတိုင်တွေကို အလင်းပေးနိုင်ရင် ကောင်းမယ်နော်။

စန်းထွန်း
‌မေ ၁၈၊ ၂၀၁၁။

No comments: