Showing posts with label USA. Show all posts
Showing posts with label USA. Show all posts

08 August 2026

Cherry Blossom in Central Park

၂၀၂၆ ဧပြီ ၄ စနေနေ့ Central Park ဆီသွားပြီး ချယ်ရီသွားကြည့်တယ်။ အိမ်ကနေ Time Square ထိရထားစီး။ Time Square မှာ ပန်းခြံနားထိရောက်တဲ့ ရထားကို ပြောင်းစီးတာ မြေအောက်ထဲမှာ ၁၀ မိနစ် လမ်းလျှောက်ရတယ်။ လမ်းလျှောက်ရမှာစိုးလို့ ပန်းခြံနားထိရောက်တဲ့ ရထားကိုစီးလည်း လမ်းလျှောက်ရတာပါပဲ။ ချယ်ရီပန်းတွေ အင်မတန်လှတယ်။ Good Friday & Easter Sunday ပိတ်ရက်ဆိုတော့ လူအင်မတန်များတယ်။ ညနေစောင်း တိမ်ကွယ်နေမထွက်တာနဲ့ အေးလာတယ်။ နောက်ဆိုအနွေးထည်ပါးပါး ဆောင်ရမယ်။

စန်းထွန်း

သြဂုတ် ၈၊ ၂၀၂၆။

07 December 2024

Cold Spring သွားတောလား

၂၀၂၄ အောက်တိုဘာ ၅ စနေနေ့ ဂျော့ဝါရှင်တန်တံတားကိုဖြတ်ပြီး နယူးဂျာစီပြည်နယ် Palisades trail မှာ လမ်းသွားလျှောက်မယ်။ မနက် ၁၀ နာရီ ဂျော့ဝါရှင်တန်တံတားရောက်တော့ လူသွားလမ်းကို ပိတ်ထားပြီး ရဲတယောက်စောင့်နေတယ်တယ်။ တနင်္ဂနွေနေ့မှ ပြန်ဖွင့်မယ်တဲ့ တောင်ဖက်ဂိတ်ကိုလည်း ပိတ်ထားတယ်။ ဂိတ်မှာ စက်ဘီးစီးတဲ့သူတွေ၊ ကိုယ်တို့လို့ လမ်းလျှောက်မယ့်သူတွေ စုပြုံနေတယ်။ အဲ့ဒါဆို တံတားအောက်ဖက်ကနေ ဟက်ဆန်မြစ်အတိုင်း လျှောက်မလား၊ ဘယ်သွားချင်လဲလို့ အမကိုမေးတော့ Cold Spring သွားချင်တယ်တဲ့။ ဂရမ်းစင်ထရယ်ဘူတာကနေ တနာရီ ၁၅ မိနစ်လောက် ရထားစီးရတယ်။ Cold Spring က သာယာလှပပြီး လူတွေနဲ့ စည်ကားတယ်။ Little Stony Point ကနေမြင်ရတဲ့ ရှုခင်းက အင်မတန်လှတယ်။ ဘာမှမလုပ်ဘဲ ရှုခင်းကြည့်နေရတာလေးကို ကြိုက်လိုက်တာ။

Happy Hiking!

စန်းထွန်း

ဒီဇင်ဘာ ၇၊ ၂၀၂၄။

21 September 2024

Greenport သွားတောလား

၂၀၂၄ စက်တင်ဘာ ၁၇ စနေနေ့ မက်ဟက်တန်ကနေ ရထား ၂ နာရီ ၄၅ မိနစ်စီးရတဲ့ Long Island က Greenport ကိုသွားလည်တယ်။ Long Island Rail Road (LIRR) ကနေစီစဥ်တဲ့တိုးပါ။ Long Island ဖက်ကိုမရောက်ဘူးတော့ ရောက်ဖူးချင်တာနဲ့ သွားလည်ဖြစ်တယ်။ နေ့လည် ၁၂ နာရီ ၄၅ Penn Station ကနေစထွက်ပြီး Ronkonkoma မှာ ဂိတ်ဆုံးတယ်။ Greenport လို့အော်သံကြားလို့ ကြည့်လိုက်တော့ တိုးဂိုက်ဖြစ်နေတယ်။ သူ့နောက်လိုက်ပြီး ဘေးက၄တွဲပဲရှိတဲ့ ရထားသေးလေးရဲ့ နောက်ဆုံးတွဲထဲ ဝင်ရတယ်။ ၂၆ ယောက်မှာ ကိုယ်တို့ ၂ ယောက်တည်း တိုးဂိုက်နဲ့ ချက်ကင်မလုပ်ရသေးတာ။ တိုးအကြောင်း အသေးစိတ်ရှင်းပြ ကပ်ဖို့စတစ်ကာလေးတွေ ပေးတယ်။ အဲ့ဒါမှ တိုးနဲ့လာတာလား သက်သက်လာတာလား သိရတာပေါ့။ Ronkonkoma နောက်ပိုင်း မြို့တွေက ဝေးသွားပြီ နောက်ထပ် ၆ ဘူတာပဲ ရပ်တော့တယ်။ သစ်ပင်တွေ ပိုများလားတယ် စပျစ်ခင်းတွေ၊ စိုက်ခင်းတွေ အများကြီးပဲ။ ပန်စတေရှင်ကနေ ရထားက မနက်စောစော တစီးနဲ့ နေ့လည်တနာရီ တစီးပဲရှိတယ်။ အပြန်မက်ဟန်တန်ကို ညနေ ၅ နာရီတစီးနဲ့ ၈ နာရီ ၄၅ ပဲရှိတယ်။ ပြတိုက်မှာဝင်ပြီး ခရူစီးဖို့ လက်ကောက်ကလေးတွေယူတယ်။ ဆိပ်ကမ်းမြို့လေးက သေးသေးလေး ကမ်းခြေတလျှောက် လမ်းလျှောက်တယ်။ တိတ်ဆိတ်အေးချမ်းနေတာပဲ။ ဟိုဖက်ကမ်းကိုကူးတဲ့ ကားတင်တဲ့ဖယ်ရီတွေ့တယ်။ ရာသီဥတုက မိုးတိမ်တွေနဲ့ မှောင်နေတယ်။ နိုဝင်ဘာနီပေါခရီးအတွက် ဆိုနီကင်မရာလေးဝယ်ထားတာ မလုပ်တတ်တော့ ဓာတ်ပုံတွေက မှောင်မဲ။ ဓာတ်ပုံဘယ်လိုရိုက်ရမလဲမသိ၊ ကင်မရာ ဘယ်လိုရိုက်ရမလဲမသိ စမ်းတဝါးဝါး။ အိုင်ဖုန်းနဲ့ရိုက်တဲ့ပုံတွေက ပုံကောင်းတယ်။ ၂၀၁၉ ကယ်လီဖိုးနီးယားခရီးမှာ ဝိုင်းအမ နီကွန်ကင်မရာအကောင်းစားဝယ်ပြီး ဘယ်လိုရိုက်ရမလဲမသိလို့ ဓာတ်ပုံထွက်မကောင်း။ အိုင်ဖုန်းနဲ့ရိုက်တဲ့ပုံတွေပဲ အကောင်းထွက်တယ်။ ဝိုင်းရေ ခုလည်းအဲ့လိုဖြစ်နေပြီပြောပြီး ရယ်ရသေးတယ်။

နှစ်ပေါင်း ၁၉၀ သက်တမ်းရှိတဲ့ မီးပြတိုက်က သေးသေးလေး။ ဝန်ထမ်းတွေက အင်မတန်သဘောကောင်းတယ်၊ ဂရုစိုက်တယ်၊ စိတ်ရှည်ကြတယ်။ ဒီတိုးကရတဲ့ငွေကို မီးပြတိုက်အတွက် သုံးမှာဖြစ်ပြီး sold out tour ဖြစ်တဲ့အထိ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့။ အပြန်မိုးသည်းလို့ သင်္ဘောတွင်းဝင် မိုးစဲတာနဲ့ အပြင်ထွက်ကြည့်ကြတယ်။ နေ့ချင်းပြန်မဟုတ်ဘဲ အေးအေးဆေးဆေး ၂ ရက် ၃ ရက်လောက် လာနေပြီး အပန်းဖြေချင်တယ်။ ညနေစောင်းတော့ ချမ်းလာတယ် အမသယ်လာတဲ့ အနွေးထည်အပိုကို ယူဝတ်ရတယ်။ ည ၁၁ နာရီခွဲ ပန်စတေရှင်မရောက်ခင် တဘူတာအလို Wood Side မှာဆင်းတယ်။ တိုးထဲက တရုတ်အကိုကြီးကိုတွေ့လို့ လက်ပြနှုတ်ဆက်တယ်။ ညဖက်လည်း 7 ရထားမှာ လူအပြည့်ပဲ။ အမက သူတို့ဘရွှတ်ကလင်းဖက်ဆို လူမရှိလို့ ရထားတတွဲလုံး သူတယောက်တည်းနေမှာတဲ့။ မြို့လေးက ဘာမှလည်စရာမရှိ ပျင်းစရာကောင်းလိုက်တာလို့ တွေးကြမလားဘဲ။ ကိုယ်ကတော့ အေးချမ်းတဲ့မြို့ကလေးဆီ တနေ့တာခရီးထွက်ရလို့ ပျော်နေတော့တာပဲ။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၂၁၊ ၂၀၂၄၊၊

https://away.mta.info/deals/lirr-escorted-tour-greenport-lighthouse-cruise-2024/

04 September 2024

ဝက်ဝံတောင်သွား တောလား

၂၀၂၄ သြဂုတ် ၂၅ တနင်္ဂနွေနေ့ ဝက်ဝံတောင် သွားတက်တယ်။ Coach USA ဆိုဒ်မှာ ဘတ်စ်ကားလက်မှတ်ဝယ် မနက် ၈ နာရီ ၄၅ Port Authority Bus Terminal Gate 408 ကနေထွက်တယ်။ မနက် ၁၀း၁၅ တစ်စီးရှိတယ်။ မနက် ၁၀ နာရီ ၁၅ ရောက်တော့ လူတွေအများကြီးရောက်နေကြပြီ။ မနှစ်က တောင်တက်လမ်း ပိတ်ထားပေမဲ့ ဒီနေ့ဖွင့်တယ်။ နည်းနည်းလေးတက်လိုက်လိုက် များများနားလိုက် သွားတက်တဲ့လေးယောက်ထဲမှာ ကိုယ်ကအကြီးဆုံးနဲ့ နောက်ဆုံးပဲ။ လွန်ခဲ့တဲ့တလလောက်က အဆုတ်ယောင်ထားလို့ အရမ်းမောတယ်။ ဝက်ဝံတောင်ကို နှစ်တိုင်းသွားတာ ဒီတခေါက်တော့ အမောဆုံးပဲ။ ဝိုင်းကိုသတိရ။ ၂၀၀၂ UCSY ပုဂံခရီးစဥ် ပုပ္ပားတောင်မကြီး ပထမဆုံးရောက်တဲ့အဖွဲ့ ဝေ၊ အိကေနဲ့ ကိုယ်။ အခုလည်း တောင်ထိပ်ရောက်တာ ပထမဆုံးပဲ နောက်ဆုံးကနေရင်ရေရင်။ တိရစ္ဆာန်ဥယျာဥ်နဲ့ တံတားရှိတဲ့ ဟက်ဆန်မြစ်နားသွားတယ်။ ရေကန်တပတ်ပတ်တေယ်။ ညနေ ၅း၂၀ ဘတ်စ်ကားနဲ့ ပြန်လာတယ်။ အဖွဲ့ထဲက ကလေးမရဲ့ ဘတ်စ်ကားလက်မှတ်က အသွားအပြန်ဝယ်ထားတာကို expired ဖြစ်သွားလို့ customer service ဖုန်းခေါ်တော့ ပိတ်ရက်မို့မဖွင့်။ ကားသမားက လက်မှတ်ဝယ်ရမယ်ကြီးပြောနေ နင်မဝယ်ရင် ငါပေးရမယ် ကင်မရာပါတော့ ညာလို့မရဘူးနဲ့ အတင်းပြောနေလို့ အောင့်သက်သက်နဲ့ ဝယ်လိုက်ရတယ်။ ကိုယ်တို့ ၃ ယောက်က အသွားအပြန် လက်မှတ်ဝယ်ထားတာ QR Code က တခုတည်းပေးတာ။ ငါတို့လေးယောက် အတူတူပဲ။ အဆင်ပြေအောင် လုပ်ပေးမယ်မဟုတ်ဘူး စိတ်ထားဆိုး။ မနက်ကလည်း စကားပြောလို့ အော်ဟစ်ဆူပူ။ အတော်မလွယ်တဲ့လူ။ customer service ကိုပြန်ပြောတော့ ကားသမားက စကန်နှစ်ခါဖတ်လိုက်လို့တဲ့ ပြန်လျော်ပေးတယ်။ နောက်မှတက်လာတဲ့သူတွေလည်း စကန်ဖတ်လို့မရ အဲ့တော့ အသာလေးတက်ခိုင်းတယ်။ ကိုယ်တို့လို လက်မှတ်မဝယ်ခိုင်းဘူး။ အဲ့တော့ ပိုဒေါသထွက် အမြင်တွေကပ်။ ကြုံရဆုံရ အတော်ခက်တဲ့သူတွေ။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၄၊ ၂၀၂၄။

24 July 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၂၀

၂၀၂၄ ဇှုလှိုင် ၇ တနင်္ဂနွေနေ့ မက်ဟန်တန်အပေါ်ပိုင်းမှာရှိတဲ့ Inwood Hill Park မှာလမ်းသွားလျှောက်သွားတယ်။ မြို့ထဲကနေ A ရထားစီး ဂိတ်ဆုံးမရောက်ခင်တဘူတာအလို Dyckman St ဘူတာမှာဆင်း။ အမတယောက်နဲ့ ညီမတယောက်ပါ လာလမ်းလျှောက်တယ်။ ဟက်ဆန်မြစ်ဘေးအတိုင်းလျှောက် နယူးယောက်နဲ့နယူးဂျာစီပြည်နယ်ကို ဆက်ထားတဲ့ ဂျော့ဝါရှင်တန်တံတားကို မြင်ရတယ်။ စန်ထရယ်ပါ့ခ်လို လူမရှုပ်ဘူး။ ရထားလမ်းဂုံးကျော်တံတားကိုတက် တောင်ပေါ်ရောက်တော့ တောအုပ်လေးထဲရောက်သွားသလိုပဲ။ သစ်ပင်တွေ ထူထပ်နေတာများ နေပျောက်မထိုးနိုင်းဘူး။ သစ်ပင်ကြီးတွေတွေ့ရင် ပြေးဖက်ပြီး energy တွေကူးယူ။ ဘယ်တောင်တွေ သွားတက်မယ်နဲ့ တိုင်ပင်ကြတယ်။ စကားတွေပြောချင်သေးလို့ ပန်းခြံထဲထိုင်ပြီး စကားတွေပြော။ ကလေးတွေနဲ့အပြိုင် ဒန်းလုပြီးစီး။ ညနေ ၄ နာရီခွဲလောက် အိမ်ပြန်တာ ည ၆ နာရီအိမ်ပြန်ရောက်တယ်။ တောင်တက်တာ ၂ မိုင်ခွဲလောက်ပဲ ရထားကတော့ ၃ နာရီကျော်လောက် စီးရတယ်။ ပင်ပန်းလို့ အဲ့ဒီညက အိပ်ပျော်တယ်။ တောင်တက်တိုင်း ဝိုင်းကိုသတိရ။

စန်းထွန်း

ဇှုလှိုင် ၂၄၊ ၂၀၂၄။

20 July 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၉

၂၀၂၄ ဇှုလှိုင် ၄ ကြသပတေးနေ့ အမေရိကန်လွတ်လပ်ရေးနေ့။ မေစီမီးရှူးမီးပန်းက နယူးဂျာစီပြည်နယ်နဲ့ နယူးယောက်ပြည်နယ်ကြားထဲက ဟက်ဆန်မြစ်ထဲမှာဖောက်မှာ။ လက်မှတ်တသောင်း အလကားပေးလို့ ဝက်ဆိုဒ်ဝင်တာ ဝင်မရ။ ဝင်လို့ရတော့ ကုန်သွားပြီတဲ့။ ဒါဆိုလည်း လူသွားတိုးပြီးကြည့်မလားမေးတော့ လူမတိုးနိုင်ဘူး ခေါင်းမူးတယ်။ ဒါဆိုကိုနီအိုင်လန်သွားမလားမေးတော့ မရောက်ဘူးတော့ သွားမယ်တဲ့။ နေ့လည် ၁၁ နာရီအိမ်ကထွက်တာ ၁၂ ခွဲမှကမ်းခြေရောက်တယ်။ Ocean Parkway ဘူတာနားမှာကကမ်းခြေမှာ လူတွေအများကြီးပဲ။ ကမ်းခြေတလျှောက်ပတ်လျှောက်။ အဖေက ဂုန်းတွေလိုက်ပြတယ် အသိညီမလေးက ရေထဲဆင်းပြီး ဂုန်းခွာမလို့။ ရေတက်နေပြီ ထိခိုက်ဒဏ်ရာရနေဦးမယ် အတင်းတားရတယ်။ ညနေ ၄ နာရီကစားကွင်းနားမှာ လူများလို့တိုးမပေါက်ဘူး။ အစက တံတားအထိသွားမလို့ လူတိုးရတာ အမေကခေါင်းမူးလာလို့ အိမ်ပြန်ခဲ့တယ်။
Happy July 4th!
စန်းထွန်း
ဇှုလှိုင် ၂၀၊ ၂၀၂၄။