ဘော့စတွန်သွား တောလား..၃

ဇူလှိုင် ၂၊ ၂၀၁၂ တနင်္လာနေ့

Duck Tour စီးမလား၊ ဟားဗတ်သွားမလား။
ဟားဗတ်..

ဟားဗတ်မှာ ရုပ်ထုတခုပဲ ရှိတာနော်..ပြီးမှ ဟားဗတ်မှာ ဘာမှလည်း မရှိဘူးလို့ မပြောနဲ့..Duck Tour မစီးမိတာ မှားလေခြင်းလို့ နောင်တမရနဲ့..Duck Tour လား၊ ဟားဗတ်လား..
ဟားဗတ်

Love Story In Harvard ကိုရီးယားရုပ်ရှင်ကြည့်ပြီးကတည်းက ဟားဗတ်ရူး ရူးနေတဲ့ စန်းထွန်းကို လိုက်ပို့ဖို့ လမ်းကြောင်းတွေ ရွေးရပြီ။ အလုပ်လည်းတူ၊ တအိမ်တည်းအတူနေတဲ့ အင်ဒိုမလေး နေတီနဲ့ ကားကြံ ုလိုက်ပြီး ရုံးသွားမယ် သူ့ကား ယူသွားလို့ ရာမားက ပြောပေမဲ့ ကားပါကင်နေရာကို လှည့်ပတ်ပြီး ရှာရတာ စိတ်ကုန်တယ်။ (အမှန်က သူ့ Parallel Parking ကို သူ့ကိုယ်တိုင်က မယုံတာ..မသိရင် ခက်မယ် :D ) စန်းစန်း ရထားနဲ့ သွားမယ် ဘယ်လိုလဲ။ စတိတ်မှာ ရထားမစီးဖူးသေးဘူးဟ။ စီးဖူးတယ်ရှိအောင် စီးမယ်။

မနက်အစောကြီး မထနိုင်တာနဲ့ နေ့လည် ၁၁ ၄၅ ရထားကို ရွေးလိုက်ကြတယ်။ ရထားက မြန်မာပြည်က ရထားလိုမျိုး။ ကိုယ်ရပ်နေတဲ့နေရာနားက အတွဲတွေက တံခါးမဖွင့်လို့ ဖွင့်တဲ့အတွဲကို ပြေးလိုက်ရသေးတယ်။ မီးရထားဝန်ထမ်းက စောင့်ပေးရှာပါတယ်။ ရထားလက်မှတ်ကို ဘူတာရုံက စက်မှာ ဝယ်လို့ရပေမဲ့ ဆူနမ်က သူမသိလို့ ရထားပေါ်မှာပဲ လတ်မှတ်စစ်ဆီက ဝယ်ပါတယ်။ ကဒ်နဲ့ပေးတိုင်း အဆင်မပြေလို့ ငွေသားနဲ့ပဲ လတ်မှတ်ဝယ်ပါတယ်။ အသွားအပြန် တယောက် ၄၀ ကျော် ကျတယ်။ ဆူနမ်က ရထားခ ဈေးတက်သွားတယ်တဲ့။ ကုန်ဈေးနူန်းဆိုတာ ဘယ်တုန်းက ဈေးကျဖူးလို့တုန်းအေ။

၁နာရီလောက် မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက် စီးပြီးတော့ North Station ဘူတာကို ရောက်ပါတယ်။ ဟားဗတ်ဆိုတာသာသိပြီး ဘယ်အရောင်လိုင်း၊ ဘယ်ဘူတာဆိုတာ မသိလို့  ဘူတာရုံဝန်ထမ်းကို မေးရသေးတယ်။ အစိမ်းရောင်လိုင်းကနေ အနီရောင်လိုင်းကိုပြောင်း၊ ဟားဗတ်ဘူတာမှာ ဆင်းပါတဲ့။ ရထားလိုင်းတွေ ပြောင်းတိုင်း လတ်မှတ်ဝယ်ရမှာ။ One Day Pass ဝယ်ရင် ကြိ ုက်သလောက်စီး အဲ.. ဈေးတော့နည်းနည်းကြီးတယ်။ စက်မှာ လတ်မှတ်ဝယ်တာ ဘူတာရုံဝန်ထမ်းတွေက ကူညီပေးလို့ အဆင်ပြေသွားပါတယ်။ Map ကလေးကိုင်ကာ မီးရထားခရီးစဉ်တွေ ဖတ်ကြည့်တော့မှ ကိုယ်စီးရမဲ့အခြမ်းက ဟိုဖက်ခြမ်းဆိုတော့ အပေါ်ပြန်တက်။ ရထားပေါ်ရောက်လို့ Next Station HayMarket လို့ အော်မှပဲ..

ဟူးးး

စင်္ကာပူနဲ့ ဟောင်ကောင်မှာတော့ မီးရထားကြေငြာသံက မိန်းကလေးသံ။ ဘော့စတွန်မှာတော့ ဘယ့်နှယ့် ယောက်ျားသံပါလိမ့်။  Park St ဘူတာရောက်တော့ အနီရောင်လိုင်းကို ပြောင်းရပြန်တယ်။  ကိုလိုနီခေတ်စတိုင် အဆောက်အဦးတွေကို ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းထားတဲ့ ဘော့စတွန်မြိ ု့လေးက သာယာလှပတယ်။  မြစ်တခုကို ဖြတ်ကျော်တယ်။ အဲဒီလိုင်းကတော့ ဟားဗတ်၊ အမ်အိုင်တီ တက္ကသိုလ်တွေ ရှိတဲ့ ရထားလိုင်းဆိုတော့ ကျောင်းသားတွေ များပါတယ်။ ကျောင်းသားတွေ၊ လာရောက်လည်ပတ်တဲ့သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်းကားနေတဲ့ ဟားဗတ်စကွဲယား။


တကြ ုတ်ကြ ုတ်မြည်နေတဲ့ဝမ်းကို ဖြည့်ဖို့ ကျောင်းကင်တင်းဆီ အရင်ချီတက်ကြတယ်။ ကျောင်းကင်တင်းတွေက ဈေးလည်းသက်သာ၊ စားလို့လည်း ကောင်းတယ်။ NUS Science & Art Canteen က Steam Boat၊ ကုန်းဘောင်ကြီး ၊ Engineering Canteen က ဂျပန်အစားအစာတွေဆို တကယ်ကောင်းတယ်။ အနံ့သိပ်မပြင်းရင်၊ အရမ်းမစပ်ရင် ကိုယ်က အကုန်တီးနိုင်ပေမယ့် မချိုမှ၊ မဆလာပါမှ စားဝင်တဲ့၊ တကူးတကလိုက်ပို့ပေးတဲ့ ဆူနမ့်အတွက် နီပါလီဆိုင်ကိုပဲ ရွေးလိုက်ပါတယ်။ မိုမိုလို့ နီပါလီလိုခေါ်တဲ့ အဲဒီဆိုင်က ဖက်ထုပ်က ဆူနမ့်အသည်းစွဲ။ ဟားဗတ်ရောက်ရင် အဲဒီဖက်ထုပ်ကို မဖြစ်ဖြစ်အောင် စားမယ်လို့ ကြံ ုးဝါးထားလေရဲ့။ မကုန်တဲ့ အသားတွေကို ပလပ်စတစ်ဘူးတောင်းပြီး သယ်ပါတယ်။ စင်္ကာပူမှာတော့ မကုန်ရင် သယ်တဲ့ဓလေ့မရှိပေမဲ့ စတိတ်မှာတော့ သယ်ကြတယ်။ လယ်သမားတွေရဲ့ လုပ်အားတွေ၊ ပင်ပင်ပန်းပန်းရှာရဖွေရတဲ့ ပိုက်ဆံကို ဖြ ုန်းတီးရာမရောက်လို့ သိပ်ကောင်းတဲ့ ဓလေ့။


ဝင်းထဲဝင်တာနဲ့ လူတွေတရုန်းရုန်းဖြစ်နေတဲ့ တခုကို တွေ့တယ်။ ကျောင်းတည်ထောင်သူ ဂွျှန်ဟားဗတ်ရဲ့ ရုပ်ထုနားမှာ လေ့လာရေးထွက်ကြတဲ့ အထက်တန်းကျောင်းသားအဖွဲ့တွေ၊ လာရောက်လည်ပတ်သူတွေက ဂွျှန်ဟားဗတ်ရုပ်ထုနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် တန်းစီရတယ်။ ညာဖက်ဖိနပ်ကို ပွတ်တိုက်ရင် ညဏ်ကောင်းတယ်လို့ ယူဆပြီး ပွတ်တိုက်ကြလို့ ညာဖိနပ်ထိပ်က ပြောင်လက်နေပါတယ်။

၁၆၃၆မှာ အင်္ဂလိပ်လူမျိုး ဝန်ကြီး ဂွျှန်ဟားဗတ် စတင်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်ကြီးဟာ ၃၇၅ နှစ် သက်တမ်းရှိနေပါပြီ။ တက္ကသိုလ်အကျယ်အဝန်းက ၅၀၇၆ ဧကကျယ်ဝန်ပြီး  စာကြည့်တိုက်မှာ စာအုပ် ၁၇သန်း ရှိပါတယ်။ ဟားဗတ်တက္ကသိုလ်က ကမ္ဘာ့အဆင့် ၁၊ ၂ စာရင်းဝင်ပါတယ်။ ဝင်ခွင့်ကလည်း အရမ်းခက်သလို ကျောင်းသားတွေ ကိုယ့်ကိုကိုယ် သတ်သေနူန်းလည်း မြှင့်ပါတယ်။ မနက် ၃ နာရီ ကိုယ်တွေ အိပ်လို့ အကောင်းဆုံးအချိန်မှာ ဟားဗတ်က္ကသိုလ် စာကြည့်တိုက်ကြီးမှာ မီးထိန်ထိန်လင်းလျက် ကျောင်းသားတွေ  အားသွန်ခွန်စိုက် စာကြည့်နေကြတဲ့ ဓာတ်ပုံကို ဖေ့ဘွတ်မှာ တွေ့ဖူးကြမယ် ထင်ပါတယ်။


နာမည်မကြီးတဲ့တက္ကသိုလ်မှာတောင် ဘီ (အောင်ရုံ) တောင် မနည်းအသည်းအသန် ကြိ ုးစားနေရတာ ဝင်ခွင့်လည်း အရမ်းခက်၊ ပြိ ုင်ဆိုင်မူ၊ လေကျင့်သင်ကြားမှု ပြင်းထန်တဲ့ နာမည်ကြီးတက္ကသိုလ်မှာ ကျောင်းတက်နေသူတွေဆို တကယ်လေးစား အားကျမိတယ်။ နာမည်ကြီးတက္ကသိုလ်ဆိုတာ အကြောင်းမဲ့ နာမည်ကြီးတာ မဟုတ်ပါဘူး။ နာမည်ကြီးလောက်တဲ့ အရည်အသွေးတွေရှိလို့ နာမည်ကြီးတာပါ။ ကမ္ဘာ့အဆင့် ၂၄ရှိတဲ့ NUS ကျောင်းနဲ့ အဆင့်အများကြီးနိမ့်တဲ့ကျောင်း သင်ကြားမှုစနစ်၊ ထောက်ပံ့မှု၊ အလုပ်ရနူန်း တကယ့်ကို ကွာပါတယ်။ နာမည်မကြီးတဲ့ကျောင်းက ကျောင်းဆင်းတွေ ခြေတိုအောင် အလုပ်ရှာရချိန်မှာ ဟားဗတ်ကျောင်းဆင်းတွေကတော့ လာကမ်းလှမ်းတဲ့ အလုပ်တွေကို ခေါင်းခေါက်ရွေးရုံပဲ။ အပုံကြီး ကွာသဗျား။

အဆောက်အဦးတွေက နှစ်၃၀၀ကျော်ပေမဲ့ ခန့်ငြားထည်ဝါဆဲ။ ဂုဏ်ကျက်သရေနဲ့ တင့်တယ်ဆဲ။ တိုင်းပြည်အတွက် အဖိုးတန်ရတနာလေးတွေ မွေးထုတ်ပေးနေဆဲ။


တပတ်လောက်ပတ် ဟိုရိုက်ဒီရိုက်ပြီး

ဟားဗတ်က ဒါပဲလားဟ..ကျဉ်းကျဉ်းလေး..(၅၀၇၆ ဧက ကျယ်ဝန်းသည်ကို မသိရှာသော စန်းထွန်း)

ဘယ်ကသာ..ငါ အင်တာဗျူးမယ့် နေရာမတွေ့လို့ ၁နာရီကျော်လောက် ပတ်ရှာတာတောင် ဟားဗတ်ဝင်းကြီးက မဆုံးသေးဘူး..ဘယ်လောက်ကျယ်လည်း မှန်းကြည့်စမ်း..


အမ်..ဂလိုလား..ဒါဆိုလည်း တော်ပြီဟာ..ညောင်းတယ်..အမ်တိုင်တီကို သွားမယ်..

ဟမ်..ညောင်းတယ်လည်းဆိုသေး..အမ်တိုင်တီကို သွားဦးမယ်..

ညောင်းတော့ညောင်းတာပေါ့..ဒါပေမယ့် ညောင်းဘူး..ရောက်တုန်းလေး နှံ့အောင်လို့ပါ..နင်လည်း အမ်အိုင်တီကို မရောက်ဖူးဘူး မလား..ဟားဗတ်ဘူတာကနေ နှစ်ဘူတာမြောက် Kendall/MIT ဘူတာပဲ..အမ်အိုင်တီမှာလည်း ဘာမှမရှိပါဘူး..မိန်းအဆောက်အဦးကို ကြည့်ပြီး ပြန်မယ်လေ..

အိုကေ..

မြေပြင်ပေါ်ရောက်လို့ ဘူတာအနီးတဝိုက်နား  လှည့်ပတ်ရှာကြည့်တော့ အမ်အိုင်တီနဲ့တူတာမတွ့


ဖြတ်သန်းဖြတ်လာတွေထဲက သိမယ်ထင်တဲ့တယောက်ကို မေးကြည့်တော့

တည့်တည့်သွား မြစ်တွေ့ရင် ညာကွေ့

ညွှန်တဲ့အတိုင်း မြစ်တွေ့တာနဲ့ ညာကွေ့တယ်


ဟိုဖက်ကမ်းက ညာဖက်မိုးမျှော်တိုက်ကြီးက Prudential Tower & Skywalk ။ လျှော့ပင်းမောလ်က တကယ့်ကို အကြီးကြီး။ အမ်အိုင်တီပြီးရင် သွားမယ်.. လျှော့တော့ မလျှော့ပင်းနဲ့ပေါ့ဟာ။ ရောက်ဖူးတယ်ဆိုရုံပေါ့။ ည ၅ နာရီခွဲ ရထားကို မှီအောင် ပြန်ရမယ်မလား..

လျှော့ပင်းနိုင်လွန်းသူ စန်းထွန်း လျှော့ပင်းမှာကို သူတို့ (မိုင်း၊ ဆူနမ်) အလွန်ကြောက်ကြရှာလေသည်။

အေးပါ..လျှော့ပင်းချင်ရင်တောင် ခြေထောက်နာနေလို့ မလျှော့ပင်းနိုင်တော့ဘူး..စိတ်ချ လုံးဝ မလျှော့ပင်းဘူး..တကယ် ကြောတာ..

ဆယ်ငါးမိနစ်ခန့် လျှောက်ပြီးသောအခါ

အမ်အိုင်တီကို ရောက်သေးဘူးလားဟာ..ညောင်းလှပြီ..ရူးရူးပေါက်ချင်ပြီ..
အေးဟာ..အမ်အိုင်တီ ရောက်တာနဲ့ ဓာတ်ပုံမရိုက်ဘူး..အိမ်သာ အရင်ရှာမယ်နော်..

 စန်းစန်း..စတော့..စတော့ ( stop)
ဘာတုန်း..
အဲဒါ အမ်အိုင်တီပဲ..Paras (နီပေါလေး)  I am at IMT ဆိုပြီး ဒီအဆောက်အဦးရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို ငါ ဖေ့ဘွတ်မှာ တွေ့ဖူးတယ်..
အဆောက်အဦးထိပ်မှာ ရေးထားတဲ့ စာကို အသေအချာ ပြ  ူးကြည့်တယ်..
ဟုတ်ပါ့..အမ်အိုင်တီ အစစ်ပဲ..
ကိုင်း..အိမ်သာ ရှာလိုက်ကြည်စို့ သယ်ရင်း...


အမ်အိုင်တီလည်း နာမည်ကြီးသည်။ ဟားဗတ်လောက် လာရောက်လည်ပတ်သူ မများ။ အဆောက်အဦးတွေက သစ်လွင်လှပ ခေတ်မှီပေမဲ့ ဟားဗတ်လောက် မခမ်းနား။ တိုးအဖွဲ့တွေ၊ ပန်းချီသင်တန်းသားတွေ အဖွဲ့လိုက် ပန်းချီဆွဲနေတာကိုလည်း ငေးတယ်။

ဤသို့ဖြင့် နာမည်ကြီးလှသော အမ်အိုင်တီကျောင်းတော်ကြီးတွင် ရှုးရှုးပေါက်ခဲ့ဖူးလေသည်။

Inbound လား၊ OutBound လား
အောက်ဘောင်းလို့ ထင်တယ်..
ဘူတာစဉ်ကို ဖတ်ကြည့်တော့မှ မြိ ု့ထဲသွားမှာမို့ အင်ဘောင်း ရွေးရမှာ..
ငါမပြောဘူးလား အင်ဘောင်းလို့..
မှားတဲ့ အခါလည်း မှားပေမပေါ့ ကိုသောင်းရယ်..အဲ..ဆူနမ်ရယ်..

မြေပြင်ပေါ် ပြန်တက်..လမ်းကူး မြေအောက်ဆင်း..
ရထားလက်မှတ် ဖြတ်တော့..
This ticket is already used..
Whatt...
တခြားစက်တွေ ဖြတ်တော့လည်း ဒီလိုပဲ အော်နေတော့ မဟုတ်သေးပါဘူး..ဝမ်းဒေးပတ်ဆိုတာ ကြိ ုက်သလောက် စီးလို့ရတဲ့ဟာ..ဘယ့်နှယ့်ပါလိမ့်..
အေးလေ..လာ ဟိုမှာ Booth လေး တွေ့တယ်..သွားမေးမယ်..

သူလည်း မသိပါဘူးတဲ့..သူတို့က One Month Unlimited Pass ဝယ်သုံးတာ..ညည်းတို့ ဝယ်ထားတဲ့ ဝမ်းဒေးပတ်စ်က  နောက်နေ့နေ့လည်အထိ Valid ဖြစ်တယ်..မသိတော့ပါဘူးအေ..မီးရထားဝန်ထမ်းကိုသာ မေးကြည့်တော့..

 Duck Tour  အကြောင်း စပ်စုကြသည်။ ၄၀ ပေးရပြီး ဘော့စတွန် ပြဲပြဲစင်ရုံမက နောက်နေ့ကို ကြိ ုက်တဲ့ ခရီးစဉ်တခု ရွေးလို့ရတယ်..

ငါ မပြောဘူးလား.. Duck Tour က ဟားဗတ်၊ အမ်အိုင်တီအပြင် တမြိ  ု့လည်း နှံ့တယ်..
အေးပါဟယ်..နောင် အခါများမှပေါ့..


System Down နေလို့ လတ်မှတ်တွေ ဖြတ်တိုင်း တတီတီအော်နေလို့ ရုံပိုင်က အရေးပေါ် လာဖွင့်ပေးလို့ ကဒ်မဖြတ်လိုက်ရ။ ညနေ ရုံးဆင်းချိန်မို့ ရထားကျပ်ပါတယ်။ ဒါပေမယ့် စင်္ကာပူလောက်တော့ မကျပ်သေးဘူး။ ရထားတွေကလည်း ခေတ်ဟောင်းရထားတွေ။ ရထားတွဲထဲမှာလည်း ခုံတွေက အနိမ့်အမြင့်။ လှိုဏ်ခေါင်းက မကျယ်တော့ ပြတင်းပေါက်နဲ့ မြေကြီး ကပ်နေလို့ အသက်ရူမဝသလို ခံစားရတယ်။ လမ်းကြောင်းကလည်း ကွေ့လိုက်ကောက်လိုက်။ ရထားလာပြီအချက်ပေးသံကလည်း စင်္ကာပူမှာလို Train is coming..Train is coming..Love your ride !  လို့ သီချင်းလေးနဲ့ လာတာမဟုတ်။ ရထားလာရင် စာသင်ကျောင်းက ခေါင်းလောင်းသံလို အချက်ပေးပြီး ရထားကလည်း ဂျုံးဂျုံးဂျက်ဂျက် မမြည်ဘဲ တကွျှီကွျှီ အသံပေါင်းစုံပေးပြီး လာတာ။

လန်ဒန်မှာဆို မီးရထားစနစ်က တကယ်ကောင်းတာ။ ကားမလိုဘူးလို့ သူ့အစ်မ လန်ဒန်သူ ပြောတာကို ဆူနမ်က ဖောက်သည်ချတယ်။ ၂ဘူတာပဲ စီးရသေး Out of Service အကုန်ဆင်းပါဆိုလို့ ဆင်းရ။ နောက်လာတဲ့ ရထား၃စင်းကလည်း Out of Service ဆိုတော့ မတက်ရ။ မြိ ု့ပြဘဝ မွန်းကြပ်လွန်းလှတယ်။ Prudential Mall ကို သွားဖို့ထား၊ အိမ်ပြန်ဖို့ နောက်ဆုံးရထား ၆ နာရီ မှီအောင် မနည်း။ ရထားမမှီလို့ တက္ကစီငှားရမယ်ဆို သေပြီဆရာ။

ဗိုက်ဟောင်းလောင်းကို ဖြည့်ဖို့ ဒိုးနတ်၊ အအေးဝယ်၊ အပြေးပြေး အလွှားလွှားနဲ့ နောက်ဆုံးမှာတော့ ၆နာရီ ရထားကို လက်မတင်လေး မှီပါတယ်။ ဘော့စတွန်လာတဲ့လူတိုင်း ဘာလို့ ဟားဗတ်သွားချင်တာလဲ မသိဘူး။ ဂွျှန်ဟားဗတ်ရုပ်တုပဲ ရှိတဲ့ဟာကို ဗားဗတ်ကို သုံးကြိမ်တိတိ ရောက်သော ဆူနမ်က မကျေမချမ်း ရေရွတ်တယ်။

တခေါက်လောက်တော့ ရောက်ဖူးချင်တာပေါ့ဟ နာမည်ကြီးကျောင်းကိုး။ ဘော့စတွန်ကို စရောက်ရောက်ချင်း စီနီယာ နီပေါအကိုကြီး ဆူနမ်နဲ့ ရာမားကို လိုက်ပို့တာက ဟားဗတ်၊ ခရစ်စမတ် အက်စ်မီတာမန်ချေးတို့ လာလည်တုန်းက လိုက်ပို့ပေးရတာက ဟားဗတ်၊ အခု စန်းထွန်း လာလည်တော့လည်း လိုက်ပို့ပေးရတာက ဟားဗတ်။

 မိုင်းဖန်လည်း Love Story in Harvard ကိုရီးယားရုပ်ရှင် ကြည့်ပြီးကတည်းက ဟားဗတ်ရောက်ဖူးချင်နေတာ..သူ ဘော့စတွန် လာလည်ရင် ဟားဗတ်ကို မဖြစ်ဖြစ်အောင် သွားမယ် ပြောတယ်..

သေချာတယ်ဟ...မိုင်းဖန် လာလည်ရင် နင် လိုက်ပို့ပေးရမှာ ဟားဗတ်..
တိန်

စီနီယာ ဝီလီယမ် ဂရင်းကို ဘော့စတွန်က ရထားအကြောင်း ပြောပြတော့  One month unlimited ဝယ်ထားတဲ့သူတွေက ကဒ်ဖြတ်ပြီး တခြားတယောက်ကို ရထားလက်မှတ် ပေးတာကို ကာကွယ်တဲ့ အနေနဲ့ ကဒ်ဖြတ်ပြီး ၅ မိနစ်လောက်အတွင်း ကဒ်ပြန်ဖြတ်လို့ မရပါဘူတဲ့။ ကိုယ်တွေ လတ်မှတ်ဖြတ်ပြီးမှ သွားရမယ့် ခရီးစဉ် မဟုတ်လို့ ပြန်ထွက် နောက်တခါ ထပ်ဖြတ်တော့ This ticket is already used လို့ အော်တော့တာပေါ့။ စတိတ်မှာ ရထားမစီးဖူးတဲ့ တောသူလေးတွေရဲ့ အတွေ့အကြံ ုလေးတွေပေါ့။

ဇူလှိုင် ၃ ရက် ရာမားမွေးနေ ့ကို နောက်ပို့စ်မှာ ဆင်နွှဲပြီး ဘော့စတွန်ခရီး အဆုံးသတ်ပါမယ် ခင်ညာ။

စန်းထွန်း
ဇူလှိုင် ၂၅၊ ၂၀၁၂။

ဘောစတွန်သွား တောလား...၂

ဇွန် ၃၀ ၂၀၁၂ စနေနေ့

ဝါရှင်တန်ဒီစီလေဆိပ်မှာ ညအိပ်လိုက်ရတဲ့ ဆူနမ်တယောက် နောက်နေ့ည၆နာရီ ဝါရှင်ဒန်ဒီစီကနေ ဘော့စတွန်ကို သွားမဲ့လေယာဉ်ကို မစောင့်တော့ဘဲ ဝါရှင်တန်ဒီစီကနေ မိနစ်လေးဆယ်လောက်အဝေးမှာရှိတဲ့ လေဆိပ်ကနေ မနက်၈နာရီထွက်တဲ့ လေယာဉ်ပြောင်းစီးပြီး စနေနေ့မနက် ၁၀နာရီမှာ ဘော့စတွန်ကို ပေါက်ချလာပါတယ်။ သွားကြိ ုတဲ့ ကိုယ်တွေမှာလည်း လေဆိပ်နားရောက်နေပေမဲ့ Terminal A ကို မတွေ့လို့ ၂ခေါက်လောက် ပတ်မောင်းခဲ့ရလေရဲ ့။

ကားပေါ်ရောက်တာနဲ့ ရာမားယူလာတဲ့ ထမင်းဘူးကို ဖွင့်စားပြီး ဖြစ်ကြောင်းရယ်ကုန်စင် ငိုချင်းချတော့တာပဲ။ စင်စင်နာတီအိမ်က စထွက်ကတည်းက အဆင်မပြေတာများ ဘော့စတွန်ရောက်တဲ့ အထိပါတဲ့။ စင်စင်နာတီလေဆိပ်ကိုအသွား မိုးသီးကျနေလို့ တနာရီဆယ်မိုင်နှုန်း ကားဘီးလိမ့်ရုံ မောင်းခဲ့ရတယ်။ ရာသီဥတု ဆိုးနေလို့ ၂နာရီလောက်စောင့်ရတယ်။  လေယာဉ်မယ်လေးတွေက လုံခြံ ုဘေးကင်းနည်းစနစ်တွေကို သရုပ်ပြပြီးလို့  လေယာဉ်က ပြေးလမ်းမှာ  ကောင်းကင်ပေါ်တက်ဖို့ အရှိန်ယူနေတုန်း ရာသီဥတုဆိုးလာလို့ မတက်ဘဲ မြေပြင်မှာ ရပ်နေပြန်တယ်။ နာရီဝက်လောက်ကြာတော့ လေယာဉ်ပြေးလမ်းပေါ်မှာ အချိန်ကြာကြာရပ်နေလေို့ မဖြစ်ဘူး၊ ရဲက လာပြောလိမ့်မယ်၊ လေဆိပ်ကို ပြန်မှဖြစ်မယ်ဆိုပြီး လေဆိပ်ကို ပြန်ကပ်ပြီး ခရီးသည်တွေက ဆက်စောင့်ရပြန်သတဲ့။ ည၇နာရီ ထွက်ရမဲ့ လေယာဉ်ဟာ ၁၀နာရီမှ စင်စင်နာတီကနေ ထွက်ခွာပါတယ်။


ဝါရှင်တန်ဒီစီလေဆိပ်ကို ဆင်းသက်တော့လည်း ဘီးကျွတ်သွားပြီ ထင်ရလောက်အောင် အရှိန်ပြင်းပြင်းနဲ့ ရုတ်တရက်ဘရိတ်အုပ်လိုက်လို့အော်လိုက်ကြတာ ဝက်ဝက်ကွဲ။ ည၁၀နာရီ ဝါရှင်တန်ဒီစီကနေ ဘော့စတွန်ကို သွားမဲ့လေယာဉ် လွတ်သွားပါပြီ။  အားပြင်းတဲ့ တော်နေဒိုး ဝင်မွှေထားလို့  ဝါရှင်တန်ဒီစီမြိ  ု့တော်ကြီးလည်း ပိန်းပိန်းမှောင်လို့၊ သစ်ပင်တွေလည်း ပြိ  ုလဲလို့။ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလို့ ခရီးသည်တွေလည်း လေဆိပ်မှာ သောင်တင်နေပါတယ်။ နောက်ခရီးစဉ်တွေအတွက် လေယာဉ်လတ်မှတ်ရဖို့ ၃နာရီ တန်းစီခဲ့ရပါသတဲ့။ ဘော့စတွန်ကို နောက်နေ့ည ၆နာရီမှ ထွက်မဲ့လေယာဉ်ရှိတာမို့ မစောင့်တော့ဘဲ မိနစ်၄၀လောက် အဝေးမှာရှိတဲ့ လေဆိပ်က မနက်၈နာရီထွက်မဲ့ လေယာဉ်မှီအောင် သွားဖို့ ကားစုံးစမ်းရပြန်တယ်။ ရာသီဥတုဆိုးရွားလို ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတဲ့အတွက် လေယာဉ်လတ်မှတ်ကို စီစဉ်ပေးပေမဲ့ ကားခကိုတော့ မပေးနိုင်ပါဘူးတဲ့။

ပိုက်ဆံရှိရဲ့သားနဲ့ လေဆိပ်မှာ စားစရာမုန့်၊ သောက်စရာရေ မရှိလို့ ညစာငတ်ခဲ့ပါတယ်တဲ့။ Shuttle Bus အတွက် ကားခကို ကဒ်နဲ့ ပေးလို့ရပေမဲ့ Tip Money ပေးဖို့ ပိုက်ဆံမရှိလို့ ကားဆရာကို ဆောရီးခဲ့ရပါတယ်တဲ့။ မငြီးည ူတတ်တဲ့ ဆူနမ်တကောင် ငိုချင်းချနေတာကို ကိုယ်ခြင်းမစာ တသောသောနဲ့ ဘေးကနေ ရယ်မောလို့။ ဆူနမ့်နေရာမှာ ကိုယ်သာဆိုရင် အသက်များထွက်မလားမသိ။ ၂၀၁၁ ဖေဖေါ်ဝါရီ ၁၉ စတိတ်ကို လာတုန်းက ကိုယ့်ကို လာကြိ ုတဲ့ ကျောင်းတာဝန်ရှိသူ အမကြီးက စန်းစန်း နင်ကံကောင်းတယ်တဲ့။ ရှေ့၂ရက်စောလာတဲ့ ကျောင်းသားတွေ နှင်းမုန်တိုင်းတိုက်နေလို့ ချီကာဂိုလေဆိပ်မှာ တညအိပ်လိုက်ရတယ်တဲ့။ ကိုယ့်အိမ်ရှင်ကလည်း ကိုယ့်ရဲ့ပထမဆုံး လေယာဉ်ခရီးစဉ်ဆိုတော့ သတိပေးရှာတယ်။ လေဆိပ်မှာ ညအိပ်ရရင် လိုအပ်မဲ့ အပိုအင်္ကျီတစုံ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ စောင်တွေ ဆောင်သွားဖို့။ အကယ်လို့များ လူးဝစ်ဗီလ်လေယာဉ်ခရီးစဉ်တွေ ဖျက်လိုက်ရင် အနီးအနားက Lexington ၊ စင်စင်နာတီမြိ  ု့တွေဆီ သွားမဲ့ လေယာဉ်ကို ပြောင်းဖို့ သတိပေးရှာတယ်။

ပင်လယ်ကြည်ပြာ.. ရေပြင်စိမ်းလဲ့..မြ ူးတူးပျော်ပါး..ပင်လယ်စင်ရော်များ...
အစက စနေ၊ တနင်္ဂနွေ ၂ရက်ကို ဘော့စတွန်ကနေ  နိုင်အာဂရာ (Niagra) ရေတံခွန်ခရီး ထွက်ဖို့ ရည်မှန်းထားတာ သောကြာနေ့ညဉ့်နက်မှ ဘော့စတွန်ကို ရောက်၊ နောက်နေ့မနက်အစောကြီး ဘော့စတွန်ကနေ  မိုင် ၈၀၀ အဝေးမှာ ရှိတဲ့ နိုင်အာဂရာ ရေတံခွန်ကို ဘတ်စ်ကားစီး ခရီးဆက်ထွက်ရင် ခရီးပန်းလို့ နေမကောင်းဖြစ်လိမ့်မယ်။ လေယာဉ်နောက်ကျတာကိုလည်း ထည့်စဉ်းစားရမယ်လို့တွေးပြီး ခရီးလတ်မှတ် မဝယ်လိုက်တာ ကံကောင်းသွားတယ်။ ဝယ်မိလို့ကတော့ ဆူနမ့်လေယာဉ်နောက်ကျတာနဲ့ရေတံခွန်လတ်မှတ် ဆုံးပြီ။

ညနေစောင်းမှာတော့ မိနစ်၂၀လောက် အဝေးမှာရှိတဲ့ Rockport မြိ ု့နားက ပင်လယ်ကမ်းခြေကို သွားကြတယ်။  တောင်ကုန်းအတက်အဆင်းကြားထဲက ကားလမ်းကျဉ်းကျဉ်းရဲ့ ဘေးတဖက်တချက်ကနေ ပေါ်ပေါ်လာတတ်တဲ့ ပင်လယ်ကမ်းခြေကို မြင်ရတာ အရမ်းကို လှပပါတယ်။ နွေရာသီမို့ အပျော်စီးသဘောၤဖြ ူဖြ ူလေးတွေ နေရာတိုင်းလိုလို တွေ့ရပါတယ်။ ကမ်းခြေတွေမှာလည်း လူတွေ စည်ကားလို့။ ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ကနေ လာခဲ့တဲ့ မြေပြန့်သူတွေအတွက် ၈၀ ဒီဂရီဖာရင်ဟိုက်သာ ပူတဲ့ အေရှေ့ဖက်ကမ်းခြေရဲ့ ရာသီဥတုလေးကို သဘောတွေကျလို့။ အဲ ဆောင်းရာသီကတော့ အတော်အေးပါသတဲ့။ စိမ်းလန်းတဲ့ တောင်တန်း၊ ပြာလဲ့တဲ့ ပင်လယ်၊ ပူနွေးတဲ့ နေရောင်ခြည်၊ မွှေးထုံတဲ့ နွေပန်းရောင်စုံ၊ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေကြောင့် မပြီးသေးတဲ့ တပုံတပင် အလုပ်တွေ၊ နားလည်အောင် အားထုတ်နေရတဲ့ သင်ခန်းစာတွေကို ခဏမေ့သွားခဲ့တယ်။


အိုး..ဒီအနံ့

ဆားငန်ရေနဲ့ ရေညှို ရောထားတဲ့ ...ပင်လယ်နံ့

ကိုယ့်ဇာတိမြေရဲ ့ ရနံ့...


ကျောက်ဆောင်မှာ ထိုင်ပြီး  ပင်လယ်လေညှင်းခံရင်း လှိုင်းတွေ ကျောက်ဆောင်ကို လာရိုက်ခတ်နေတာကို ငေးရင်း ဟိုင်းကြီးကွျှန်းကို သတိရတယ်။ ဆူနမ်ကလည်း သူ့ဇာတိမြေကို သတိရတယ်တဲ့။
နီပေါအိမ်ကို လွမ်းနေကြသူများ.. 
 အန်..နင်တို့ နီပေါမှာ ပင်လယ်လည်း ရှိဘဲနဲ့။

ပင်လယ်မရှိပေမဲ့ ရေကန်ရှိတယ်။ ငါ့ဇာတိ Pokhara မြ ို ု့နားမှာ ရေကန်ကြီး ရှိတယ်။ မြင်ကွင်းက ခုအတိုင်းပဲ အဆုံးမရှိတဲ့ ရေပြင်ကြီး မြင်ရတယ်။

Pokhara မြ ို ု့က ခေတ္တမန္ဒူ မြိ ု့တော်ပြီးရင် ဒုတိယအကြီးဆုံးမြိ ု့။ ကမ္ဘာ့အမြင့်ဆုံး တောင်တန်း၁၀ခုထဲက
Dhaulagiri ၊ Annapurna ၊ Manaslu or Lamjung himal တောင်တန်းတွေက  မြ ို ု့ ပတ်လည် မိုင်၃၀အတွင်းမှာ ရှိတာမို့ ရေခဲတောင်ဖြ ူဖြ  ူတောင်စဉ်တောင်တန်းတွေ ဝန်းရံနေတဲ့ Pokhara မြ ို ု့လေးက သာယာလှပလွန်းပါတယ်။ ဟိမဝန္တာတောင်တန်းတွေရဲ ့ အလှကို အနီးကပ် ခံစားနိုင်တာမို့  နိုင်ငံခြားသားတွေ နီပေါရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်လေ့ ရှိတဲ့ နေရာလေးပါ။ ဆူနမ်က သူ့ဇာတိမြိ ု့လေးကို သိပ်ဂုဏ်ယူတယ်။

Phewa Lake with Mt. Machhapuchhre and Annapurna, Pokhara ( Second Largest City in Nepal)
ညစာကို ထိုင်းဆိုင်မှာ သွားစားတော့ နာမည်ကြီး Pad Thai (ဆန်ပြားကြော်) ၊ ထမင်းကြော် ဝါးတီးကြတယ်။ ထိုင်း Ice Coffee က သောက်လို့ ကောင်းတယ်။ စားသောက်ဆိုင်တွေမှာ စားသောက်ရင် Tip ပေးရတဲ့ ဓလေ့အရ ကိုယ်တွေထုံးစံ ၄၀ ဆိုရင် ၄ ကျပ်ပေးတဲ့ မူအရ ရေးမလို့ လုပ်မတုန်း ဆူနမ်နဲ့ ရာမားက နေဦးတဲ့။ ရာမားက ပေသီးခေါက်တယ်။ ပြီးတော့ ၆ကျပ်ပေးလိုက်တဲ့။ ဘာလို့တုန်းဟ ဆိုတော့ ဒီပြည်နယ်မှာ ၁၅ရာခိုင်နှုန်း ပေးရတယ်တဲ့။ ဘော့စတွန်က အစစ အရာရာ ဈေးကြီးတယ်။ Texas ပြည်နယ်ကတော့ အခွန်သက်သာတယ် ဆိုကြတယ်။ ကိုယ်တို့ပြည်နယ်ကတော့ State  ၊ Federal Tax တွေ ဆောင်ရတယ် ခင်ည။

ကျောင်းမှာတုန်းက လည်ပင်းညှစ်တဲ့ပုံ ရိုက်ပြီး ပြန်တွေ့ကြတော့ ဒီလို ရိုက်တယ်..
နောင် လည်ပင်းမညှစ်ကြေးနော်..:P
လူးဝစ်ဗီလ်ကို အင်တာဗျူးသွားဖြေဖို့ ပြင်ဆင်တော့ ဘော့စတွန်၊  မေရီလန်းပြည်နယ်က Baltimore မြိ ု့တွေမှာ ခဏနေဖူးတဲ့ မြိ ု့ကြီးသူ ဆူနမ်က တောသူ စန်းထွန်းကို  ဆရာလုပ်ပါတယ်။ တက္ကစီ စီးရင် Tip ပေးပါတဲ့။ Tip မပေးတတ်တဲ့ စန်းထွန်း အင်တင်တင် လုပ်နေတော့ Tip မပေးရင် သူတို့ဆားဗစ်မကောင်းလို့လားလို့ မေးခံရဖူးတယ်။ ၂၊ ၃ ကျပ်ပဲ ပေးလိုက်ပါတဲ့။ ဘူဖေးစားရင်၊ Food Court တွေမှာ စားရင်၊ စလုံးမှာ Take away ၊ စတိတ်မှာ To go လို့ ခေါ်တဲ့  အပြင်ကို သယ်ရင် Tip ပေးဖို့ မလိုဘူး။ စားသောက်ဆိုင်မှာ စားရင်တော့ Tip ပေးရတယ်။ Price 29.30 ၊  Tip ----  ၊ Total  --- ။ Tip မှာ မရေးဘဲ Total မှာ တခါတည်း ပေါင်းရေးလိုက်လို့ရတယ်။ တခါတုန်းက Tip မှာ ရေးပြီး Total မှာ မရေးလိုက်တာ နောက်မှ အွန်လိုင်းမှာ စစ်ကြည့်တော့ ငါ Tip တကျပ်ကြီးများတောင် ပေးတာ ဒင်းက ဘာလို့ မယူတာပါလိမ့်လို့ တွေးနေသေးတာ။ အမှန်က Total မှာ ရေးမှ အတည်ယူတာ ကိုယ်က မသိလို့။ စတိတ်ကို လာလည်ရင် Tip ပေးဖို့ ပိုက်ဆံအပိုဆောင်လာပါ ခင်ည။

ဒီလို သဘောၤမျိုးက ဈေးကြီးတယ်..နှစ်စဉ် အခွန်ဆောင်ရတယ်..

ဇူလှိုင် ၁ ၂၀၁၂ တနင်္ဂနွေ

စတိတ်ရောက်ပြီး တစ်နှစ်ကျော်မှ ရုပ်ရှင်ကြည့်ဖူးတဲ့ သနားစရာ စန်းထွန်းလေးပါ ခင်ညာ။ IMAX မှာ 4 D ရုပ်ရှင် Prometheus ကြည့်ကြတယ်။ ရုပ်ရှင်က သိပ္ပံခေတ်လွန် ၂၀၉၃ မှာ ဇာတ်အိမ်တည်တဲ့ကား။ အင်း ...၂၀၉၃ ဆိုရင် နာလည်း ဂန့်နေလောက်ပြီ။ သရဲကားလိုမျိုး ကြောထဲစိမ့်အောင် ကြောက်ဖို့ကောင်းတာလည်း မဟုတ်ဘဲ အကောင်ပလောင်တွေက ရွှံကြောက်ကြောက်ဖို့ကောင်းတာ။ မျက်လုံးမှိတ်လိုက်၊ ဘုရားရေလို့အာ်လိုက်နဲ့ ရုပ်ရှင်ကို တော်တော်ကြီး အင်ဂျိုင်း (Enjoy) ခဲ့ပါတယ်။ နေ့လည်စာကို Food Court မှာ ထမင်းဘူး၂ဘူး ဝယ်ပြီး ၃ယောက်မျှစားတော့ ရုပ်ရှင်ထဲက ရေဘဝဲကောင်နဲ့ တူတဲ့ ကြက်သားတုံးဆိုရင် ဆူနမ်ဆီကို ပစ်ကြတယ်ဗျို ့။


တလောက မိုင်းဖန် ပန်းသီးသွားခူးတာ ပန်းသီးတလုံးမှ မတွေ့ခဲ့ဘူး ဆိုပဲ။ စတော်ဘယ်ရီသီး သွားခူးမယ်လို့ ကြံစည်သော်ငြားလည်း စတော်ဘယ်ရီတုန်းချိန်မို့လို့ Raspberry  ပဲ ဆွတ်ခဲ့ကြတယ်။ ဘယ်ရီခြင်းတခြင်းစီအတွက် ၃ ကျပ်ခွဲ ပေးရပါတယ်။ အခင်းထဲကို လွယ်အိတ်သယ်ခွင့် မရှိပါဘူး။ ကလေးတွေနဲ့ လူကြီးတွေကတော့ ဈေးတမျိုး။ အခင်းထဲ ရောက်တော့

ဟင်...ဘယ်ရီသီးလည်း မတွေ့ပါလား...

အန်ကယ်ကြီးတယောက်က စပိန်လို တော့တယ်။ အတန်းဖော် ကိုလံဘီယာနိုင်ငံသား ဒန်နီရယ် သင်ပေးထားတဲ့  Hola ဟိုလာ (မင်္ဂလာပါ) ကလွဲရင် စပိန်စကားတလုံးမှ မတတ်တဲ့သူတွေ မျက်လုံးလေး ကလည်ကလည်။ အန်ကယ်ကြီးအနားက တယောက်က ဘာသာပြန်ပေးတယ်။ ဘယ်ရီသီးတွေက အရွက်တွေအောက် အထဲမှာ ပုန်းနေတာပါတဲ့။ သေသေချာချာရှာရင် တွေ့ပါလိမ့်မယ်တဲ့။

ဟုတ်ပါ့ ဒင်းလေးတွေက ပုန်းနေတာ...
ဘယ်ပြေးမလဲ..


ဘယ်ရီသီးတွေကို မြည်းတယ်။ အနီနုနုက ချဉ်ပြံ ုးပြံ ုး၊ အနီရင့်ရင့်က ချိုတယ်။ အနီမည်းမည်းက အမှည့်လွန်သွားလို့ ဘာအရသာမှ မရှိ။ အမြည်းကောင်းတာများ ခြင်းထဲ ရောက်တာက နည်းနည်း။ ဗိုက်ထဲရောက်တာက များများ။ အခွင့်ကြံ ုရင်ဖြင့် အသီးဆွတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။ အတော်ပျော်ဖို့ ကောင်းတယ် ခင်ည။


ကမ်းခြေတခုကို သွားကြတယ်။ GPS လမ်းညွှန်တဲ့လမ်းမှာ လမ်းပြင်နေလို့ တခြားလမ်းကို မောင်းတာ ၁၅ မိနစ်လောက် လမ်းမွေ့နေတယ်။ ဒီလမ်း၊ ဒီနေရာကို ထပ်ခါထပ်ခါ ညွှန်ပြီး မောင်းခိုင်းနေလို့ သူညွှန်တဲ့အတိုင်း မမောင်းဘဲ မောင်းချ။ နောက်တော့ ပြန်တွက်ချက်ပြီး အမှန်ကို လမ်းညွှန်တယ်။

ဒီကမ်းခြေကတော့ သဲသောင်ပြင် ရှိတာမို့ ရေကူးသူတွေ၊ ရေဆော့တဲ့ ကလေးတွေ၊ သဲသောင်ပြင် ဘောလီဘောပုတ်သူတွေ၊ နေပူဆာလှုံသူတွေ အများကြီး။ နာတို့နိုင်ငံက ငပလီကမ်းခြေဆို သဲက ဖြ ူဖွေးပြီး အရမ်းလှတာ။ အီတလီနိုင်ငံက နေပယ်ကမ်းခြေနဲ့တူလို့ နေပယ်လို့ နာမည်ပေးရာကနေ ငပလီဖြစ်သွားတာ။ သဲအရောင်က ဖြ ူမနေလို့ ဒီကမ်းခြေက သာမာန်ကမ်းခြေဟ။ တကူးတက လိုက်လည်း ပို့ပေးရသေး။ သူ့နိုင်ငံက ကမ်းခြေလောက် မလှ၊ သာမာန်ကမ်းခြေလို့ လေကျယ်နေတဲ့ စန်းထွန်းသည် မြင်ပြင်းကတ်ချင်စရာ၊ ပိတ်ကန်ချင်စရာ ကောင်းလှသည်။ သူတို့ခမျာ ပေါင်းစရာ တခြားလူမရှိလို့ သည်းညည်းခံကာ ပေါင်းရရှာလေသည်။


လှိုင်းကြီးကြီးတွေ လာရင် ကမ်းခြေပေါ် တက်ပြေးလိုက်၊ သဲမွမွလေးမှာ ဖိနပ်မပါဘဲ လျှောက်လိုက်၊ ရေလှိုင်းစီးလိုက်။ အဲဒါ ပင်လယ်စင်ရော်လို့ ရမ်းတုတ်ပြီးမှ အကောင်က အတော်ကြီးနေလို့ စင်ရော်မှဟုတ်ရဲ ့လား  ဇဝေဇဝါတောင် ဖြစ်တယ်။ ပင်လယ်စင်ရော် ဟုတ်မဟုတ် မမအိုင်အိုရာ ဖြေကြားပေးပါလိမ့်မယ် ခင်ညာ။


ညနေစာကို အိန္ဒိယစားသောက်ဆိုင်မှာ သွားစားကြတော့ မြိ ု့ထဲဆိုတော့ ကားပါကင်နေရာ ရှားတယ်။ ရတဲ့နေရာလေးမှာ ပါကင်ထိုးတော့ Parallel Parking ထိုးရတယ်။ ရာမားက ကားပေါ်ကဆင်းပြီါ် ရှေ့တိုး၊ နောက်ဆုတ်၊ ဘေးကပ်နဲ့ ညွှန်တယ်။ ပါကင် ၄ ကြိမ်လောက် ထိုးတာ အဆင်မပြေလို့ ရှေ့မှာ ရပ်ထားတဲ့ ကားပိုင်ရှင်ခမျာ စားသောက်နေရာကနေ  ကူထိုးပေးဖို့ ပြေးလာရရှာတယ်။ သူ့ခမျာလည်း မြင်ရတာ ရင်တဒိတ်ဒိတ် ဖြစ်နေရှာပေမပေါ့။ ဒီငတိမလေးတွေ သူ့ကားကို ဘယ်တော့များ နောက်ကနေ ဝင်အောင်းမလဲလို့။

ရာမားနဲ့ စန်းထွန်းကို ကားမောင်းသင်ပေးခဲ့တဲ့ ဆူနမ်ခမျာ သူ့တပည့်တွေရှေ့မှာ အရှက်ဗြန်းဗြန်းကွဲ။ သူက ဝန်ခံပါတယ်။ သူ လုံးဝမေ့နေပါတယ်တဲ့။ ကိုယ်တို့မြိ ု့တွေမှာက ပါကင်းက နေရာအကျယ်ကြီး။ ကြိ ုက်တဲ့နေရာထိုး။ Parallel Parking ကို ကားမောင်းလိုင်စင် ဖြေဖို့တုန်းက ကျင့်ခဲ့တာကလွဲရင် ခုထိ မသုံးဖြစ်တာ များပါတယ်။ အဲ မြိ  ု့ကြီးတွေနဲ့ မြိ ု့လယ်ကောင်တွေမှာတော့ Parallel Parking က မဖြစ်မနေ သုံးရတယ်။

ရှားရှားပါးပါး  သုံးယောက်စလုံးပါတဲ့ တပုံတည်းသော ဓာတ်ပုံ
မွန်မွန်ယိုကိုလို ဘော့စတွန်သွား တောလား အပိုင်းတွေကို လာလာချောင်းနေကြတဲ့ သူတွေကို အားလည်း နာပါတယ်။ ခင်လည်း ခင်ပါတယ်။ ဒီရက်ပိုင်းအတွင်း အလုပ်ကပိ၊ Assignment ရယ်၊ နောက်တပတ်မှာ ဖြေဆိုရမဲ့ Operating System Final Exam အတွက် စာဖတ်နေရတာမို့ ပို့စ်အသစ်တွေ တင်ဖို့ ပျက်ကွက်ခဲ့ရင်၊ သူငယ်ချင်းတွေ အိမ်တွေ လည်ဖို့ ပျက်ကွက်ခဲ့ရင် နားလည်ခွင့်လွှတ်ကြပါ ခင်ညာ။

ဟားဗတ်တက္ကသိုလ်နဲ့ မက်ဆာချူးဆက်နည်းပညာကျောင်းတွေကို သွားရောက်ပြီး ဟိုရိုက်ဒီရိုက်ခဲ့တဲ့ လက်ရာတွေကို နောက်အပိုင်းကျမှ တင်ပါမယ် ခင်ည။

ပျော်ရွှင်သော ပိတ်ရက်လေး ဖြစ်ပါစေ။
ဇွန် ၁၃၊ ၂၀၁၂။