ဝါရှင်တန်ဒီစီလေဆိပ်မှာ ညအိပ်လိုက်ရတဲ့ ဆူနမ်တယောက် နောက်နေ့ည၆နာရီ ဝါရှင်ဒန်ဒီစီကနေ ဘော့စတွန်ကို သွားမဲ့လေယာဉ်ကို မစောင့်တော့ဘဲ ဝါရှင်တန်ဒီစီကနေ မိနစ်လေးဆယ်လောက်အဝေးမှာရှိတဲ့ လေဆိပ်ကနေ မနက်၈နာရီထွက်တဲ့ လေယာဉ်ပြောင်းစီးပြီး စနေနေ့မနက် ၁၀နာရီမှာ ဘော့စတွန်ကို ပေါက်ချလာပါတယ်။ သွားကြိုတဲ့ ကိုယ်တွေမှာလည်း လေဆိပ်နားရောက်နေပေမဲ့ Terminal A ကို မတွေ့လို့ ၂ခေါက်လောက် ပတ်မောင်းခဲ့ရလေရဲ့။
ကားပေါ်ရောက်တာနဲ့ ရာမားယူလာတဲ့ ထမင်းဘူးကို ဖွင့်စားပြီး ဖြစ်ကြောင်းရယ်ကုန်စင် ငိုချင်းချတော့တာပဲ။ စင်စင်နာတီအိမ်က စထွက်ကတည်းက အဆင်မပြေတာများ ဘော့စတွန်ရောက်တဲ့ အထိပါတဲ့။ စင်စင်နာတီလေဆိပ်ကိုအသွား မိုးသီးကျနေလို့ တနာရီဆယ်မိုင်နှုန်း ကားဘီးလိမ့်ရုံ မောင်းခဲ့ရတယ်။ ရာသီဥတု ဆိုးနေလို့ ၂နာရီလောက်စောင့်ရတယ်။ လေယာဉ်မယ်လေးတွေက လုံခြုံဘေးကင်းနည်းစနစ်တွေကို သရုပ်ပြပြီးလို့ လေယာဉ်က ပြေးလမ်းမှာ ကောင်းကင်ပေါ်တက်ဖို့ အရှိန်ယူနေတုန်း ရာသီဥတုဆိုးလာလို့ မတက်ဘဲ မြေပြင်မှာ ရပ်နေပြန်တယ်။ နာရီဝက်လောက်ကြာတော့ လေယာဉ်ပြေးလမ်းပေါ်မှာ အချိန်ကြာကြာရပ်နေလို့ မဖြစ်ဘူး၊ ရဲက လာပြောလိမ့်မယ်၊ လေဆိပ်ကို ပြန်မှဖြစ်မယ်ဆိုပြီး လေဆိပ်ကို ပြန်ကပ်ပြီး ခရီးသည်တွေက ဆက်စောင့်ရပြန်သတဲ့။ ည၇နာရီ ထွက်ရမဲ့ လေယာဉ်ဟာ ၁၀နာရီမှ စင်စင်နာတီကနေ ထွက်ခွာပါတယ်။
ဝါရှင်တန်ဒီစီလေဆိပ်ကို ဆင်းသက်တော့လည်း ဘီးကျွတ်သွားပြီ ထင်ရလောက်အောင် အရှိန်ပြင်းပြင်းနဲ့ ရုတ်တရက်ဘရိတ်အုပ်လိုက်လို့အော်လိုက်ကြတာ ဝက်ဝက်ကွဲ။ ည၁၀နာရီ ဝါရှင်တန်ဒီစီကနေ ဘော့စတွန်ကို သွားမဲ့လေယာဉ် လွတ်သွားပါပြီ။ အားပြင်းတဲ့ တော်နေဒိုး ဝင်မွှေထားလို့ ဝါရှင်တန်ဒီစီမြို့တော်ကြီးလည်း ပိန်းပိန်းမှောင်လို့၊ သစ်ပင်တွေလည်း ပြိုလဲလို့။ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလို့ ခရီးသည်တွေလည်း လေဆိပ်မှာ သောင်တင်နေပါတယ်။ နောက်ခရီးစဉ်တွေအတွက် လေယာဉ်လတ်မှတ်ရဖို့ ၃နာရီ တန်းစီခဲ့ရပါသတဲ့။ ဘော့စတွန်ကို နောက်နေ့ည ၆နာရီမှ ထွက်မဲ့လေယာဉ်ရှိတာမို့ မစောင့်တော့ဘဲ မိနစ်၄၀လောက် အဝေးမှာရှိတဲ့ လေဆိပ်က မနက်၈နာရီထွက်မဲ့ လေယာဉ်မှီအောင် သွားဖို့ ကားစုံးစမ်းရပြန်တယ်။ ရာသီဥတုဆိုးရွားလို့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတဲ့အတွက် လေယာဉ်လတ်မှတ်ကို စီစဉ်ပေးပေမဲ့ ကားခကိုတော့ မပေးနိုင်ပါဘူးတဲ့။
ပိုက်ဆံရှိရဲ့သားနဲ့ လေဆိပ်မှာ စားစရာမုန့်၊ သောက်စရာရေ မရှိလို့ ညစာငတ်ခဲ့ပါတယ်တဲ့။ Shuttle Bus အတွက် ကားခကို ကဒ်နဲ့ ပေးလို့ရပေမဲ့ Tip Money ပေးဖို့ ပိုက်ဆံမရှိလို့ ကားဆရာကို ဆောရီးခဲ့ရပါတယ်တဲ့။ မငြီးညူတတ်တဲ့ ဆူနမ်တကောင် ငိုချင်းချနေတာကို ကိုယ်ခြင်းမစာ တသောသောနဲ့ ဘေးကနေ ရယ်မောလို့။ ဆူနမ့်နေရာမှာ ကိုယ်သာဆိုရင် အသက်များထွက်မလားမသိ။ ၂၀၁၁ ဖေဖေါ်ဝါရီ ၁၉ စတိတ်ကို လာတုန်းက ကိုယ့်ကို လာကြိုတဲ့ ကျောင်းတာဝန်ရှိသူ အမကြီးက စန်းစန်း နင်ကံကောင်းတယ်တဲ့။ ရှေ့၂ရက်စောလာတဲ့ ကျောင်းသားတွေ နှင်းမုန်တိုင်းတိုက်နေလို့ ချီကာဂိုလေဆိပ်မှာ တညအိပ်လိုက်ရတယ်တဲ့။ ကိုယ့်အိမ်ရှင်ကလည်း ကိုယ့်ရဲ့ပထမဆုံး လေယာဉ်ခရီးစဉ်ဆိုတော့ သတိပေးရှာတယ်။ လေဆိပ်မှာ ညအိပ်ရရင် လိုအပ်မဲ့ အပိုအင်္ကျီတစုံ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ စောင်တွေ ဆောင်သွားဖို့။ အကယ်လို့များ လူးဝစ်ဗီလ်လေယာဉ်ခရီးစဉ်တွေ ဖျက်လိုက်ရင် အနီးအနားက Lexington ၊ စင်စင်နာတီမြို့တွေဆီ သွားမဲ့ လေယာဉ်ကို ပြောင်းဖို့ သတိပေးရှာတယ်။
ပင်လယ်ကြည်ပြာ.. ရေပြင်စိမ်းလဲ့..မြူးတူးပျော်ပါး..ပင်လယ်စင်ရော်များ... |
ညနေစောင်းမှာတော့ မိနစ်၂၀လောက် အဝေးမှာရှိတဲ့ Rockport မြိ ု့နားက ပင်လယ်ကမ်းခြေကို သွားကြတယ်။ တောင်ကုန်းအတက်အဆင်းကြားထဲက ကားလမ်းကျဉ်းကျဉ်းရဲ့ ဘေးတဖက်တချက်ကနေ ပေါ်ပေါ်လာတတ်တဲ့ ပင်လယ်ကမ်းခြေကို မြင်ရတာ အရမ်းကို လှပပါတယ်။ နွေရာသီမို့ အပျော်စီးသဘော ဖြူဖြူလေးတွေ နေရာတိုင်းလိုလို တွေ့ရပါတယ်။ ကမ်းခြေတွေမှာလည်း လူတွေ စည်ကားလို့။ ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ကနေ လာခဲ့တဲ့ မြေပြန့်သူတွေအတွက် ၈၀ ဒီဂရီဖာရင်ဟိုက်သာ ပူတဲ့ အေရှေ့ဖက်ကမ်းခြေရဲ့ ရာသီဥတုလေးကို သဘောတွေကျလို့။ အဲ ဆောင်းရာသီကတော့ အတော်အေးပါသတဲ့။ စိမ်းလန်းတဲ့ တောင်တန်း၊ ပြာလဲ့တဲ့ ပင်လယ်၊ ပူနွေးတဲ့ နေရောင်ခြည်၊ မွှေးထုံတဲ့ နွေပန်းရောင်စုံ၊ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေကြောင့် မပြီးသေးတဲ့ တပုံတပင် အလုပ်တွေ၊ နားလည်အောင် အားထုတ်နေရတဲ့ သင်ခန်းစာတွေကို ခဏမေ့သွားခဲ့တယ်။
အိုး..ဒီအနံ့
ဆားငန်ရေနဲ့ ရေညှို ရောထားတဲ့ ...ပင်လယ်နံ့
ကိုယ့်ဇာတိမြေရဲ့ ရနံ့...
ကျောက်ဆောင်မှာ ထိုင်ပြီး ပင်လယ်လေညှင်းခံရင်း လှိုင်းတွေ ကျောက်ဆောင်ကို လာရိုက်ခတ်နေတာကို ငေးရင်း ဟိုင်းကြီးကျွှန်းကို သတိရတယ်။ ဆူနမ်ကလည်း သူ့ဇာတိမြေကို သတိရတယ်တဲ့။
နီပေါအိမ်ကို လွမ်းနေကြသူများ.. |
ပင်လယ်မရှိပေမဲ့ ရေကန်ရှိတယ်။ ငါ့ဇာတိ Pokhara မြို့နားမှာ ရေကန်ကြီး ရှိတယ်။ မြင်ကွင်းက ခုအတိုင်းပဲ အဆုံးမရှိတဲ့ ရေပြင်ကြီး မြင်ရတယ်။
Pokhara မြို့က ခေတ္တမန္ဒူ မြို့တော်ပြီးရင် ဒုတိယအကြီးဆုံးမြို့။ ကမ္ဘာ့အမြင့်ဆုံး တောင်တန်း၁၀ခုထဲက
Dhaulagiri ၊ Annapurna ၊ Manaslu or Lamjung himal တောင်တန်းတွေက မြို့ပတ်လည် မိုင်၃၀အတွင်းမှာ ရှိတာမို့ ရေခဲတောင်ဖြူဖြူတောင်စဉ်တောင်တန်းတွေ ဝန်းရံနေတဲ့ Pokhara မြို့လေးက သာယာလှပလွန်းပါတယ်။ ဟိမဝန္တာတောင်တန်းတွေရဲ့ အလှကို အနီးကပ် ခံစားနိုင်တာမို့ နိုင်ငံခြားသားတွေ နီပေါရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်လေ့ ရှိတဲ့ နေရာလေးပါ။ ဆူနမ်က သူ့ဇာတိမြို့လေးကို သိပ်ဂုဏ်ယူတယ်။
Phewa Lake with Mt. Machhapuchhre and Annapurna, Pokhara ( Second Largest City in Nepal) |
ကျောင်းမှာတုန်းက လည်ပင်းညှစ်တဲ့ပုံ ရိုက်ပြီး ပြန်တွေ့ကြတော့ ဒီလို ရိုက်တယ်..
နောင် လည်ပင်းမညှစ်ကြေးနော်..:P
|
ဒီလို သဘောၤမျိုးက ဈေးကြီးတယ်..နှစ်စဉ် အခွန်ဆောင်ရတယ်.. |
ဇူလှိုင် ၁ ၂၀၁၂ တနင်္ဂနွေ
စတိတ်ရောက်ပြီး တစ်နှစ်ကျော်မှ ရုပ်ရှင်ကြည့်ဖူးတဲ့ သနားစရာ စန်းထွန်းလေးပါ ခင်ညာ။ IMAX မှာ 4 D ရုပ်ရှင် Prometheus ကြည့်ကြတယ်။ ရုပ်ရှင်က သိပ္ပံခေတ်လွန် ၂၀၉၃ မှာ ဇာတ်အိမ်တည်တဲ့ကား။ အင်း ...၂၀၉၃ ဆိုရင် နာလည်း ဂန့်နေလောက်ပြီ။ သရဲကားလိုမျိုး ကြောထဲစိမ့်အောင် ကြောက်ဖို့ကောင်းတာလည်း မဟုတ်ဘဲ အကောင်ပလောင်တွေက ရွှံကြောက်ကြောက်ဖို့ကောင်းတာ။ မျက်လုံးမှိတ်လိုက်၊ ဘုရားရေလို့အာ်လိုက်နဲ့ ရုပ်ရှင်ကို တော်တော်ကြီး အင်ဂျိုင်း (Enjoy) ခဲ့ပါတယ်။ နေ့လည်စာကို Food Court မှာ ထမင်းဘူး၂ဘူး ဝယ်ပြီး ၃ယောက်မျှစားတော့ ရုပ်ရှင်ထဲက ရေဘဝဲကောင်နဲ့ တူတဲ့ ကြက်သားတုံးဆိုရင် ဆူနမ်ဆီကို ပစ်ကြတယ်ဗျို့။
တလောက မိုင်းဖန် ပန်းသီးသွားခူးတာ ပန်းသီးတလုံးမှ မတွေ့ခဲ့ဘူး ဆိုပဲ။ စတော်ဘယ်ရီသီး သွားခူးမယ်လို့ ကြံစည်သော်ငြားလည်း စတော်ဘယ်ရီတုန်းချိန်မို့လို့ Raspberry ပဲ ဆွတ်ခဲ့ကြတယ်။ ဘယ်ရီခြင်းတခြင်းစီအတွက် ၃ ကျပ်ခွဲ ပေးရပါတယ်။ အခင်းထဲကို လွယ်အိတ်သယ်ခွင့် မရှိပါဘူး။ ကလေးတွေနဲ့ လူကြီးတွေကတော့ ဈေးတမျိုး။ အခင်းထဲ ရောက်တော့
ဟင်...ဘယ်ရီသီးလည်း မတွေ့ပါလား...
အန်ကယ်ကြီးတယောက်က စပိန်လို တော့တယ်။ အတန်းဖော် ကိုလံဘီယာနိုင်ငံသား ဒန်နီရယ် သင်ပေးထားတဲ့ Hola ဟိုလာ (မင်္ဂလာပါ) ကလွဲရင် စပိန်စကားတလုံးမှ မတတ်တဲ့သူတွေ မျက်လုံးလေး ကလည်ကလည်။ အန်ကယ်ကြီးအနားက တယောက်က ဘာသာပြန်ပေးတယ်။ ဘယ်ရီသီးတွေက အရွက်တွေအောက် အထဲမှာ ပုန်းနေတာပါတဲ့။ သေသေချာချာရှာရင် တွေ့ပါလိမ့်မယ်တဲ့။
ဟုတ်ပါ့ ဒင်းလေးတွေက ပုန်းနေတာ...
ဘယ်ပြေးမလဲ..
ဘယ်ရီသီးတွေကို မြည်းတယ်။ အနီနုနုက ချဉ်ပြုံးပြုံး၊ အနီရင့်ရင့်က ချိုတယ်။ အနီမည်းမည်းက အမှည့်လွန်သွားလို့ ဘာအရသာမှ မရှိ။ အမြည်းကောင်းတာများ ခြင်းထဲ ရောက်တာက နည်းနည်း။ ဗိုက်ထဲရောက်တာက များများ။ အခွင့်ကြုံရင်ဖြင့် အသီးဆွတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။ အတော်ပျော်ဖို့ ကောင်းတယ် ခင်ည။
ကမ်းခြေတခုကို သွားကြတယ်။ GPS လမ်းညွှန်တဲ့လမ်းမှာ လမ်းပြင်နေလို့ တခြားလမ်းကို မောင်းတာ ၁၅ မိနစ်လောက် လမ်းမွေ့နေတယ်။ ဒီလမ်း၊ ဒီနေရာကို ထပ်ခါထပ်ခါ ညွှန်ပြီး မောင်းခိုင်းနေလို့ သူညွှန်တဲ့အတိုင်း မမောင်းဘဲ မောင်းချ။ နောက်တော့ ပြန်တွက်ချက်ပြီး အမှန်ကို လမ်းညွှန်တယ်။
ဒီကမ်းခြေကတော့ သဲသောင်ပြင် ရှိတာမို့ ရေကူးသူတွေ၊ ရေဆော့တဲ့ ကလေးတွေ၊ သဲသောင်ပြင် ဘောလီဘောပုတ်သူတွေ၊ နေပူဆာလှုံသူတွေ အများကြီး။ နာတို့နိုင်ငံက ငပလီကမ်းခြေဆို သဲက ဖြူဖွေးပြီး အရမ်းလှတာ။ အီတလီနိုင်ငံက နေပယ်ကမ်းခြေနဲ့တူလို့ နေပယ်လို့ နာမည်ပေးရာကနေ ငပလီဖြစ်သွားတာ။ သဲအရောင်က ဖြူမနေလို့ ဒီကမ်းခြေက သာမာန်ကမ်းခြေဟ။ တကူးတက လိုက်လည်း ပို့ပေးရသေး။ သူ့နိုင်ငံက ကမ်းခြေလောက် မလှ၊ သာမာန်ကမ်းခြေလို့ လေကျယ်နေတဲ့ စန်းထွန်းသည် မြင်ပြင်းကတ်ချင်စရာ၊ ပိတ်ကန်ချင်စရာ ကောင်းလှသည်။ သူတို့ခမျာ ပေါင်းစရာ တခြားလူမရှိလို့ သည်းညည်းခံကာ ပေါင်းရရှာလေသည်။
လှိုင်းကြီးကြီးတွေ လာရင် ကမ်းခြေပေါ် တက်ပြေးလိုက်၊ သဲမွမွလေးမှာ ဖိနပ်မပါဘဲ လျှောက်လိုက်၊ ရေလှိုင်းစီးလိုက်။ အဲဒါ ပင်လယ်စင်ရော်လို့ ရမ်းတုတ်ပြီးမှ အကောင်က အတော်ကြီးနေလို့ စင်ရော်မှဟုတ်ရဲ့လား ဇဝေဇဝါတောင် ဖြစ်တယ်။ ပင်လယ်စင်ရော် ဟုတ်မဟုတ် မမအိုင်အိုရာ ဖြေကြားပေးပါလိမ့်မယ် ခင်ညာ။
ညနေစာကို အိန္ဒိယစားသောက်ဆိုင်မှာ သွားစားကြတော့ မြို့ထဲဆိုတော့ ကားပါကင်နေရာ ရှားတယ်။ ရတဲ့နေရာလေးမှာ ပါကင်ထိုးတော့ Parallel Parking ထိုးရတယ်။ ရာမားက ကားပေါ်ကဆင်းပြီး ရှေ့တိုး၊ နောက်ဆုတ်၊ ဘေးကပ်နဲ့ ညွှန်တယ်။ ပါကင် ၄ ကြိမ်လောက် ထိုးတာ အဆင်မပြေလို့ ရှေ့မှာ ရပ်ထားတဲ့ ကားပိုင်ရှင်ခမျာ စားသောက်နေရာကနေ ကူထိုးပေးဖို့ ပြေးလာရရှာတယ်။ သူ့ခမျာလည်း မြင်ရတာ ရင်တဒိတ်ဒိတ် ဖြစ်နေရှာပေမပေါ့။ ဒီငတိမလေးတွေ သူ့ကားကို ဘယ်တော့များ နောက်ကနေ ဝင်အောင်းမလဲလို့။
ရာမားနဲ့ စန်းထွန်းကို ကားမောင်းသင်ပေးခဲ့တဲ့ ဆူနမ်ခမျာ သူ့တပည့်တွေရှေ့မှာ အရှက်ဗြန်းဗြန်းကွဲ။ သူက ဝန်ခံပါတယ်။ သူ လုံးဝမေ့နေပါတယ်တဲ့။ ကိုယ်တို့မြို့တွေမှာက ပါကင်းက နေရာအကျယ်ကြီး။ ကြိုက်တဲ့နေရာထိုး။ Parallel Parking ကို ကားမောင်းလိုင်စင် ဖြေဖို့တုန်းက ကျင့်ခဲ့တာကလွဲရင် ခုထိ မသုံးဖြစ်တာ များပါတယ်။ အဲ မြို့ကြီးတွေနဲ့ မြို့လယ်ကောင်တွေမှာတော့ Parallel Parking က မဖြစ်မနေ သုံးရတယ်။
ရှားရှားပါးပါး သုံးယောက်စလုံးပါတဲ့ တပုံတည်းသော ဓာတ်ပုံ |
ဟားဗတ်တက္ကသိုလ်နဲ့ မက်ဆာချူးဆက်နည်းပညာကျောင်းတွေကို သွားရောက်ပြီး ဟိုရိုက်ဒီရိုက်ခဲ့တဲ့ လက်ရာတွေကို နောက်အပိုင်းကျမှ တင်ပါမယ် ခင်ည။
ပျော်ရွှင်သော ပိတ်ရက်လေး ဖြစ်ပါစေ။
ဇွန် ၁၃၊ ၂၀၁၂။
14 comments:
Thanks for sharing.
I really love reading your post.
Yes, it is " Zinyaw".
Good luck for your exam!
Iora
:)))
ဟုတ်ကဲ့ပါခင်ညာ..
:P
ချစ်ခြင်းအားဖြင့်
မိစံ
ချစ်တဲ့ jasmine
မေတ္တာဖြင့်
အန်တီတင့်
Anonymous said...
Thanks for sharing.
Yes, it is " Zinyaw".
Good luck for your exam!
Iora
July 14, 2012 at 7:25 AM
မီးမီးငယ် said...
ကျမလည်းလာလာချောင်းပါတယ်ရှင့်။
:)))
လှတဲ့ဒါတ်ပုံတွေကိုအားကျသွားပါကြောင်းးးးး
July 14, 2012 at 10:54 AM
Anonymous said...
ဟုတ်ကဲ့ပါခင်ညာ..
ပို့စ်လေးအတွက်ကျေးဇူးပါခင်ညာ
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာမာနဲ့
ဖိစီးမှုတွေကိုပျော်ပျော်ပါးပါးဖြတ်သန်းနိုင်ပါစေခင်ညာ
:P
ချစ်ခြင်းအားဖြင့်
မိစံ
July 14, 2012 at 12:41 PM
စံပယ်ချို said...
သူတို့ဆီမှာလဲ ရာသီဥတု ဆိုလို့
ခရီးကျန့်ကြာတာတွေရှိတတ်တာပဲနော်
ဘယ်ရီးသီးနီနီလေးတွေစားချင်စရာ
ပုံတွေလှလို့ သေချာကြည့်ခဲ့ပါတယ်စန်းထွန်းရေ
ချစ်တဲ့ jasmine
July 14, 2012 at 1:50 PM
mstint said...
စန်းစန်းပို့စ်ကိုဖတ်တိုင်း မှတ်သားစရာလေးတွေအများကြီး ရမြဲပါ။ ရိုက်ချက်တွေလည်းကောင်းတယ် အဲဒီလိုကမ်းစပ်တွေ သွားချင်တာ ဘယ်ရီသီးစားချင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
July 15, 2012 at 1:05 PM
အလင်းသစ် said...
ရောက်လည်း ရောက်ဖူးချင်တယ်... သွားနိုင်မယ်လည်းထင်ဘူး..ဒီတော့ အမစန်းထွန်း ဘလော့ကနေပဲ ဘော်စတွန်သွား တောလားခဲ့ပါကြောင်း...:P
July 15, 2012 at 3:25 PM
မြသွေးနီ said...
ဒီပို့စ်လေးနဲ့ ဘော့စတွန်တဝိုက်အတော်နှံ့သွားတယ်...သူငယ်ချင်းတွေနဲ့ လွတ်လပ်တဲ့ ပျော်ရွှင်စရာဘဝလေးကို အားကျလိုက်တာ စန်းထွန်းရေ...
July 16, 2012 at 12:56 AM
ညီလင်းသစ် said...
အလုပ်တွေများတဲ့ ဘဝမှာ အဲဒီလို ခရီးလေးတွေ ထွက်ရတာ တကယ်ပဲ အပန်းပြေတယ်နော်..၊ ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့၊ အလုပ်ကြွေးတွေ ရှင်းပြီး စာမေးပွဲလည်း ဖြေနိုင်ပါစေ ညီမရေ...။
July 16, 2012 at 8:15 AM
Unknown said...
စန်းထွန်းနဲ.အတူ ဘိချ် ကို လည်လည်သွားလိုက်တယ်။ စန်းထွန်းရဲ.ပို.စ်ကိုဖတ်ရတာ ဗဟုသုတ ရသလို အပျော်တွေလဲကူးသွားပါတယ်။
July 16, 2012 at 12:37 PM
သူကြီးမင်း (တုံးဖလား) said...
တော်တော်လေး စုံစုံလင်လင်ပါဘဲလား။ အဲဒီလို ကမ်းခြေတွေ ယာခင်းတွေကို သွားရတာ ပျော်ဖို့ ကောင်းလိုက်တယ်။ ဘယ်ရီသီးလေးတွေက စားချင်စရာလေးတွေ။ အရွက်ထဲ ပုန်းနေတာတောင် ရိုက်ဖြစ်အောင် ရိုက်ခဲ့သေးတယ်။ သူ့ခမျာ ရှက်လို့ ပုန်းနေရှာတာ ဖြစ်မယ်။
အဆိုင်းမင့်တ်ရော အက်စ်ဇမ်းကော အဆင်ပြေအောင်မြင်ပါစေဗျာ။
July 16, 2012 at 6:39 PM
Unknown said...
အလုပ်များနေတာကိုး.....OS exam ကောင်းကောင်းဖြေနိုင်ပါစေ စန်းထွန်းရေ.....
စန်းထွန်းနဲ.အတူဘော.စတွန်ကိုလည်လည်သွားလိုက်တယ်။
ဓာတ်ပုံလေးတွေကြည်.ပီး ကမ်းခြေတောင်သွားချင်လိုက်တာ။
July 17, 2012 at 2:39 AM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
တောလားလေးဖတ်သွားသကွယ် .. စန်းထွန်းရေ.. ဝတ္ထုလေးတွေလည်းရေးဦးလေ
July 17, 2012 at 6:44 AM
AH said...
ဘယ်ရီသီးတွေ စားသွားကြောင်းပါ ဗျာ :P
July 20, 2012 at 10:10 AM
Post a Comment