Showing posts with label Summer. Show all posts
Showing posts with label Summer. Show all posts

28 January 2023

စန်ထရယ်ပါ့ခ် ၂၀၂၂ - ၁

၂၀၂၂ ဇွန် ၂၆၊ ဇူလှိုင် ၃ စင်ထရယ်ပါ့ခ်ကို လမ်းသွားလျှောက်ရင်း ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ နွေရာသီဆိုတော့ စိမ်းစိုလန်းဆန်း ပန်းတွေဖူးပွင့်နေတာ အရမ်းလှတယ်။ ရှဥ့်ကလေးက အရမ်းယဥ်တယ် ကိုယ် nuts တွေစားတော့ လာတောင်းတယ်။ ကျွှေးတာအကုန်စားတယ် ပန်းခြံဝန်ထမ်းလာပြောမှာစိုးလို့ ခိုးကျွှေးပါတယ်ဆိုတယ်ဆိုမှ လမ်းလျှောက်တဲ့သူတွေ ဝိုင်းကြည့်နေလို့။ လမ်းမလျှောက်တာကြာလို့ ၅ မိုင်လျှောက်တာနဲ့ ခြေထောက်နာနေပြီ။ တလရလည်း လုပ်တယ်၊ ဟိုက်ကင်းထွက်၊ ခရီးလည်းသွားတယ်။ ကျန်းမာလှပ စိတ်ချမ်းသာအောင် ကြိုးစားပြီး နေထိုင်ပါတယ်။

စန်းထွန်း

ဇန်နဝါရီ ၂၈၊ ၂၀၂၃။

14 August 2022

ဓာတ်ပုံရိုက်ခြင်း အနုပညာ - ၄

၂၀၂၂ မတ် ဧပြီ အတွင်း ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေပါ။

ရုံးနားက ဟက်ဆန်မြစ်ကမ်းဘေး...နေ့လည်ထမင်းစားပြီးချိန် လမ်းလျှောက်ရင် အောက်မက်ဟန်တန် စကိုင်းလိုင်းကို မြင်ရတဲ့နေရာလေး..One of my favorite place
ဆီမီးခွက်ဝယ်ပြီး သဘောတွေကျနေတာ..
ရုံးနားမှာ
ရုံးနားက မြစ်ကမ်းဘေးမှာ ဘဲတွေ ဖင်ထောင်ပြီး အစာငုံ့ရှာနေကြတယ်
အိမ်နား ကောင်းကင်ပြာ ရွက်သစ်နု
အိမ်ဘေးက ကျူးလစ်
အိမ်ဘေးမှာ ဘာပင်လည်းတော့ မသိဘူး
ရုံးနားမှာ နွေရာသီဆို အဲ့ဒီအပင်တွေ ပွင့်ပြီ ချယ်ရီလိုလို

ရုံးနားမှာပဲ ချယ်ရီနဲ့တူတယ်နော် ပန်းရောင်လေး လှတယ်
အိမ်ဘေးက ကျူးလစ် နှစ်တိုင်း သူ့ဘာသာပွင့်



ဓာတ်ပုံလေးတွေကြည့်ပြီး ကြည်နူးနှစ်သက်စိတ်နဲ့ ခဏကလေးဖြစ်ဖြစ် စိတ်ချမ်းသာပါစေ။

စန်းထွန်း
ဩဂုတ် ၁၄၊ ၂၀၂၂။