Yosemite National Park - 1

Yosemite Valley, El Capitan, The Ahwahnee hotel, Merced river

July 19, 2026.

Yosemite valley
El Capitan
Yosemite Falls
The Awahnee hotel

Meditation retreat at Mrauk Oo Dhamma Center

Fresno, California

July 16-18, 2026.

၂၀၁၈ Fresno ကျောင်းဝယ်တုန်းက တထောင်လှူဖူးတယ်။ ပုံမှန်ဆို ၁၀၀ ပဲလှူတာ အဲ့တုန်းက သဒ္ဓါတရားပေါက်ပြီး လှူဖူးတယ်။ ပထမဆုံးတရားစခန်း Yosemite ကိုသွားတဲ့ဓာတ်ပုံတွေမြင်တော့ အဲ့ကျောင်းမှာ တရားစခန်းဝင်ချင်စိတ် ဖြစ်ဖူးတယ်။ ၈ နှစ်အကြာမှာ ညီမလေးအိဝေခေါ်လို့ တရားစခန်းဝင်ဖို့ ဖြစ်လာတယ်။ တပတ်လုံးဝင်ချင်တာ ဂျူလှိုင် ၁၉ ကမ္ဘာဖလားပွဲမပြီးခင် ဘယ်သူမှခွင့်မယူရဘူးလို့ ရုံးကပြောထားတယ်။ မန်နေဂျာက တပတ်လုံးတော့ မပေးနိုင်ဘူး ၂ ရက်ပဲရမယ်။ ဂျူလှိုင် ၁၉ ပြီးရင် ကြိုက်သလောက်ခွင့်ယူလို့ပြော အန်တီစန်းစန်းကလဲ ခွင့်ပြုလို့ ၂ ရက်တရားစခန်းဝင်ဖို့ ဖြစ်လာပါတယ်။ July 15 LaGuardia လေဆိပ် (LGA) ည ၅ နာရီ လေယာဥ်က ကောင်းကင်ပေါ်တက်ဖို့ taxi တနာရီလောက် စောင့်လိုက်ရတော့ Dallas မှာ connecting flight တနာရီပဲ ကျန်တော့လို့ စိတ်ပူနေတာ နာရီဝက်ပဲ အချိန်ကျန်တော့တဲ့ ခရီးသည်နှစ်ယောက်ကို အရင်ပေးထွက်ပါလို့ ကြေငြာမှပဲ ကိုယ့်ထက်အခြေအနေဆိုးသူရှိမှန်း သိလိုက်ရတယ်။ Fresno သွားမယ့်လေယာဥ်ပေါ်မှာ LGA ကနေ လေယာဥ်အတူတူ စီးလာတဲ့ကောင်မလေးတယောက်ကို တွေ့တယ်။ ည ၁၁ နာရီ ၄၅ ရောက် တက္ကစီး ကျောင်းရောက်တော့ ည ၁၂ နာရီခွဲ နေပြီ။ မနက် ၄ နာရီထ တရားထိုင် အိပ်ရေးမဝ၊ နယူးယောက်နဲ့ ကယ်လီဖိုးနီးယား အချိန် ၃ နာရီကွာတော့ အိပ်ချိန်တွေ ကမောက်ကမဖြစ်။ ဆရာတော်ရှေ့တည့်တည့် ဒုတိယတန်းမှာ နေရာရတော့ အိပ်ငိုက်မယ်ဖြစ်တိုင်း ဆရာတော်က စိတ်ကိုထိန်းထား မငိုက်စေနဲ့လို့ သတိပေးနေတော့ အိပ်မငိုက်လိုက်ရဘူး။ တရားစခန်းက ၁၇ ရက်နေ့ မနက်ပြီးချိန်ကနေ ၁၈ ရက်နေ့ ည ၁၀ နာရီအထိ ဝေယျာဝစ္စာတွေ လုပ်ကြတယ်။ ဓမ္မာရုံ၊ ဆွမ်းစားဆောင်ကြမ်းတိုက်၊ အိမ်သာတွေဆေး၊ သိမ်ထဲက ဘုရားတွေ ရောင်တော်ဖွင့်၊ ယောဂီတွေ ချန်ခဲ့တဲ့ စောင်၊ ခေါင်းအုံးစွပ်တွေကို laundry မှာ သွားလျှော်၊ အမှိုက်အိပ်တွေပစ်။ Yosemite က ပြန်လာတော့လဲ သန့်ရှင်းရေးတွေထပ်လုပ်။ နောက်ဆုံးပိတ် သိမ်အဆောင်ကြီးကို သော့ခတ်ပြီး ပိတ်လိုက်ရတာတော့ အမှတ်တရပါပဲ။ ဆရာတော်ကြီးကိုသာ ကြောက်တာ ကျန်တဲ့ဘုန်းကြီးတွေက ကိုယ့်နဲ့သက်တူရွယ်တူတွေတော့ သိပ်မကြောက်ဘူး။ ကုသိုလ်တွေ အများကြီးရတဲ့ နေ့တွေပါပဲ။


The Met Cloisters & Fort Tryon park

3.5 miles walking at The Met Cloisters & Fort Tryon park

July 12, 2026. Sunday

Joe Hisaishi at Carnegie Hall

Joe Hisaishi at Carnegie Hall

July 11, 2026. Saturday.

Favorite artist at favorite place. 🎶

One of my favorite pianists - Joe Hisaishi is a celebrated pianist , composer, conductor and producer. I love his music because of Studio Ghibli. There will be Joe Hisaishi’s concerts at Radio City in August and Yo-yo Ma’s concerts at Carnegie Hall in November 2026.



Cold Springs Hiking

4 miles hiking, elevation 1592 feet at Hudson Highlands State Park, Cold Spring

July 3, 2026. Friday

Heat warning up to 101 F, fairly steep, beautiful viewpoints and well maintained trails. Finished half of Bull Hill Short Loop trail. Highly recommended trail.

အပူဆုံးနေ့မှာ တောင်ပြေပြေလေးသွားတက်.. တက်နေတုန်းကတော့ ပင်ပန်းလို့ တောင်မတက်တော့ဘူးလို့တွေး..တောင်ထိပ်ရောက်လို့ ရှူခင်းလှလှလေးတွေ မြင်ရပြန်တော့ တောင်တက်ဦးမယ်ဖြစ်ကုန်ရော..

World Cup 2026, England vs Panama

Panama 🇵🇦 vs England 🏴󠁧󠁢󠁥󠁮󠁧󠁿

FIFA World Cup 2026. Attendees 80,663.

June 27, 2026. Saturday.

MetLife Stadium, East Rutherford, New Jersey.

One of my dad’s dreams comes true to watch World Cup match!

အစတုန်းကတော့ လက်မှတ်စျေးကြီးတယ် မကြည့်ဘူးတဲ့.. ကိုဖိုးခွါးသွားကြည့်တာကြည့်ပြီး အားတွေကျ..ဘယ်လောက်ကုန်ကုန် သွားကြည့်မယ်ဖြစ်ကုန်လို့ လိုက်ပို့ရတယ်..England မှာ Buckingham Place၊ Windsor Castle ထက် ဘောလုံးကွင်း ပိုကြိုက်တဲ့သူ၊ ManU die hard fan ဆိုတော့ Old Trafford stadium ၊ Chelsea’s Stamford Bridge stadium လိုက်ပို့ရတယ်.. US မှာ Red Bull stadium ၊ Yankee stadium ရောက်ပြီးပြီ.. အခု MetLife stadium ရောက်..အဖေက ဘောပွဲကြိုက်တော့ တို့တွေလည်း ဘောကွင်းရောက်

မြောက်ဦးဆရာတော်ဖူး

မြောက်ဦးဆရာတော်ဖူး တရားနာ

June 23, 2026. Tuesday.

နန္ဒသစ္စာထေရဝါဒဓမ္မရိပ်သာ၊ Brooklyn.

Bear Mountain Hiking

5.4 miles hiking at Bear Mountain

June 19, 2026. Friday. Juneteenth.

Bear Mountain via Major Welch and Appalachian Trail Loop..တက်နေကျ လွယ်တိုတဲ့ trail ကနေမတက်ဘဲ ခက်ရှည်တဲ့ trail ကနေတက်..ကလေးတွေက ကျောက်တုံးပေါ်ပြေးတက် ..တို့တွေက လျှာထွက် အမောဆို့