ယူအန်သွား တောလား ...

ကျူးဘားကနေ မေ ၈ ဗုဒ္ဓဟူးနေ့ ပြန်ရောက်တော့ စနေနေ့ပြန်ဖို့လုပ်နေတဲ့ဆူနမ်ကို တနင်္ဂနွေနေ့မှပြန်လို့ ဝိုင်းဆွယ်ကြတာနဲ့ တနင်္ဂနွေနေ့မှ ပြန်ဖြစ်သွားတယ်။ စနေနေ့ ဘယ်ကိုလိုက်ပို့ကြမလဲ ဆူနမ်က ပန်းခြံ၊ ပြတိုက်မကြိုက်တဲ့သူ ဘယ်ကိုသွားရင်ကောင်းမလဲလို့ ခေါင်းချင်းဆိုင် တိုင်ပင်လိုက်ကြတော့ ကိုနီအိုင်လန်လို့ ထွကျလာတယ်။ ကိုယ်က နယူးယောက်မှာနေတာ ငါးနှစ်ရှိပြီ ကိုနီအိုင်လန် တခါမှမရောက်ဖူးဘူး။ ဝိုင်းက ရေသူမပွဲတော်တုန်းက ရောက်ဖူးတယ်။ ဒီလိုနဲ့မေ ၁၁ စနေနေ့မှာ ကိုနီအိုင်လန်သွားကြတယ် ကမ်းခြေမှာ ကစားကွင်းရှိတယ်။ မေရီလန်းပြည်နယ်က အိုရှင်းစီးတီးနဲ့တူတယ် အိုရှင်းစီးတီးကတော့ ကိုနီအိုင်လန်ထက် ပိုလှတာပေါ့။ ကိုနီအိုင်လန်ရောက်တာနဲ့ ဗိုက်ဆာလာတာနဲ့ တရုတ်ဆိုင်မှာ ဝင်စားကြတယ်။ ပြီးတော့ ကမ်းခြေတပတ် ၇ မိုင် လမ်းလျှောက်တယ်။ ဆူနမ်က သူ့တသက်မှာ လမ်းလျှောက်ရဆုံနေ့ပဲတဲ့။ ပန်းလှလှ‌တွေမြင်တိုင်း ဓာတ်ပုံရိုက်ကြတဲ့ ဝိုင်းနဲ့ကိုယ့်ကို ဆူနမ်က ယူတို့နှစ်ယောက် အတော်တူတယ်တဲ့။ အင်း .. ဒါကြောင့်လည်း ပြသနာမရှိ အမြဲတတွဲတွဲ အချစ်ဆုံးသူငယ်ချင်း ဖြစ်နေတာ ငါးနှစ်ရှိပြီ။ တိမ်အုပ်ပြီး နေရောင်ပျောက် လေတိုက်တာနဲ့ အေးလာတယ်။ ဆူနမ်က အုပ်စုလိုက်ဆယ်ဖီပုံရိုက်ပြီး ကိုယ်တောင်းရင် မပေးဘူး။ ဝိုင်းတောင်းရင်တော့ ပေးတယ်။ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့စကားကိုတော့ အလေးမထားဘူး။ သူငယ်ချင်းအသစ်ရဲ့စကားကိုတော့ အလေးထားတယ်။ ဆူနမ်က ဝိုင်းနဲ့စကားပြောရတာ ကြိုက်တယ်။ ဝိုင်းက စကားပြောလို့ကောင်းတယ်။ ကိုယ်က ဖုန်းနဲ့လူနဲ့တခြားစီ ချက်ခြင်းဘယ်တော့မှ ပြန်မရဘူး unavailable စန်းစန်း။ ကိုယ့်ထက်ဆိုးတာက မိုင်းဖန် invisible and unavailable အမြဲတမ်း offline နဲ့နေပြီး ဘယ်တော့မှပြန်မဆက်ဘူး။ ညစာကို ဂျက်ဆင်ဟိုက်က Momo crave မှာ မိုမိုသွားစားတယ်။ နီပါလီလူမျိုးတွေဟာ မိုမိုသိပ်ကြိုက်တယ်။ မိုမိုဆိုတာ ဟင်းခတ်အမွှေးအကြိုင် မဆလာပါတဲ့ဖက်ထုပ်။ အဲ့ဒီဆိုင်က မိုမိုက အကောင်းဆုံးပဲတဲ့။ ကျူးဘားက ပြန်ရောက်တဲ့နေ့တုန်းကလည်း အဲ့ဒီဆိုင်မှာ ညစာသွားစားကြတယ်။ ဆူနမ်နဲ့မို့ လိုက်စားတာ ကိုယ့်ဘာသာ နောက်တခေါက် သွားစားမလားမေးရင် မစားဘူး။ ဝိုင်းနဲ့ကိုယ်က ကုလားစာ မဆလာ အနံ့ပြင်းတဲ့ဟာတွေ မကြိုက်ဘူး။ ဝိုင်းက ကြေးအိုးကြိုက်တယ် တလတခါ မြန်မာအစ်မကြီးက ကြေးအိုးချက်ရင် သွားဝယ်ပြီး ဘရိုင်ယန်ပါ့ခ်ပန်းခြံမှာ ထိုင်စားကြတယ်။ အုန်းနို့ခေါက်ဆွဲနဲ့ ပလာတာလည်း စားဖူးတယ် ကောင်းတယ်လို့ပြောတာပဲ။

ဆူနမ်က မြန်မာစာစားဖူးချင်တာ ကိုယ်က ဘရွှတ်ကလင်းက မြန်မာဆိုင်မှာ တခါမှမစားဖူးဘူး။ တနင်္ဂနွေနေ့ အိုင်အိုဝါပြည်နယ်က ပုံ့ပုံ့ နယူးယောက်လာမယ်။ ကိုယ်တို့မြန်မာဆိုင်မှာ သွားစားမှာမဟုတ်ဘူး အဲ့ဒါကိုဆူနမ်က အံ့သြလို့တဲ့။ ဝိုင်းကလည်း သူ့ဗီယက်နမ်သူငယ်ချင်းလာရင် ဗီယက်နမ်ဆိုင်မှာ သွားမစားဘူးတဲ့။ မြန်မာအစားအစာတွေ နေ့တိုင်းစားနေတာ တခြားအစားအစာတွေ စားမှာပေါ့ မဟုတ်ဘူးလား။ ကိုယ်အိမ်နဲ့ သုံးဘူတာအဝေးမှာ မြန်မာဆိုင်အသစ်ဖွင့်တယ်။ စားကောင်းတယ်လို့ပြောကြတာနဲ့ ဆူနမ်လာရင် သွားစားမယ်လို့ စိတ်ကူးထားတယ်။ ဆူနမ်က ဆောင်းတွင်းဆို ဟိုက်ပါနိတ်မုဒ် ဘယ်မှမသွားချင်ဘူး အိမ်မှာပဲနေချင်တာတဲ့။ ကျေးဇူးတော်ပိတ်ရက်ကျရင် နယူးယောက် လာဖြစ်မလား မသိဘူးလို့တော့ ဝိုင်းကိုပြောနေတယ်။ ဆူနမ်က ဂျက်ဆင်ဟိုက်နီပေါဆိုင်မှာ မှာထားတယ် ကိုယ်ကရုံးကအပြန် ဝင်ယူတယ်။ နယူးယောက်မှာ ဆူနမ်က နီပေါစာပဲစားတယ်။ တခြားအစားအစာ မစားဘူး ဝိုင်းက အံ့သြလို့။ တနင်္ဂနွေနေ့မနက်စာကို နီပေါဆိုင်မှာစားပြီး ဘတ်စ်ကားဂိတ် လိုက်ပို့တယ်။ ဝိုင်းက ဆူနမ့်ကို လာတွေ့တယ်။ ပြီးတာနဲ့ ဂရမ်းစင်ထရမ်ဆီ လမ်းလျှောက်ပြီး ပုံပုံ့ကို သွားကြိုတယ်။ အဲ့ဒီနေ့က မိုးတွရွာနေတာနဲ့ ဘယ်မှမသွားတော့ဘဲ အိမ်ကိုတန်းပြန်ကြတယ်။ တရုတ်ဆိုင်မှာ ‌စေ◌ျးဝင်ဝယ်ပြီး ဧည့်သည်ပုံ့ပုံ့က အိမ်ရှင်ကိုယ့်ကို ဖွယ်ဖွယ်ရာရာ ချက်‌ကျွှေးတယ်။ နောက်နေ့ ယူအန်ကိုသွားလည်တယ် ယူအန်မှာလုပ်နေတဲ့ ပုံ့ပုံ့အစ်မသူငယ်ချင်းက လိုက်ပြတယ်။ ပုံ့ပုံ့နဲ့ကိုယ့်ကို တူတယ်ညီအစ်မလားလို့ မေးကြပြောကြတာ လေးယောက်ရှိပြီ။ ယူအန်ရောက်မှတော့ ဦးသန့်နဲ့ ဓာတ်ပုံမရိုက်ဘဲ ဘယ်နေပါ့မလဲ။ မကြီးလာတုန်းက ယူအန်တိုးနဲ့သွားလည်ဖူးတယ်။ ကိုယ်က ယူအန်ကို ဒုတိယအကြိမ်မြောက်ရောက်တာ။ ရှေ့နှစ် အဖေတို့လာလည်ရင် ယူအန်လိုက်ပို့ဦးမယ်။ နောက်နေ့ Met လို့အတိုကောက်ခေါ်ကြတဲ့ မက်ထရိုပိုလစ်တန်ပြတိုက်ကို သွားလည်ကြတယ်။ ဝင်ကြေးက ၂၅ ကျပ် နယူးယောက်သားတွေဆို အလကား။ မနက်ပြတိုက်ဖွင်င့်တဲ့အချိန်ကနေ  ညနေပြတိုက်ပိတ်တဲ့အထိ နေ့လည်စာဆန်းဒွတ်လေးပဲစားပြီး တနေကုန်ကြည့်တာတောင် ဂရိနဲ့ဗုဒ္ဓ နှစ်ခန်းပဲပြီးတယ်။ အတော်ကောင်းတဲ့ပြတိုက် ဆောင်းတွင်းရောက်ရင် ထပ်သွားဦးမယ်။ အဲ့ဒီပြတိုက်မှာ နာမည်ကြီးမင်းသားမင်းသမီးတွေ ထူးခြားဆန်းပြား အဝတ်အစားတွေဝတ်ပြီး ပွဲတက်ကြတဲ့ Met Gala ဆိုတာနာမည်ကြီးပဲ။ ပုံ့ပုံ့နယူးယောက်မှာရှိနေတုန်း ကိုရီးယားဆိုင်၊ တရုတ်ဆိုင်မှာ သွားစားတယ်။ မြန်မာဆိုင်မှာ သွားမစားဘူးဆိုတာကို ဆူနမ်က အံ့‌‌တွေ◌ြသလို့။ ကိုယ်တို့ကလည်း နယူးယောက်မှာရှိနေတုန်း ဆူနမ် နီပေါစာပဲစားတာကို အံ့တွှေ◌ြသလို့။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၂၈၊ ၂၀၁၉ ။

ကိုနီအိုင်လန် ကျူးဘားကမ်းခြေတွေလို မလှဘူး
ပန်းလေးတွေမြင်တိုင်း ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဘူး
ကိုနီအိုင်လန်ဟာ မေရီလန်းပြည်နယ် အိုရှင်းစီးတီးနဲ့တူတယ်
တိမ်အုပ် နေရောင်ပျောက် လေတိုက်တာနဲ့ အေးတော့တာပဲ
စင်ယော်ငှက်တွေက အကြီးကြီးပဲ
ကိုယ်တို့နှစ်ယောက်ကို ရုပ်ဆင်တယ် ညီအစ်မလားလို့မေးတာ လေးယောက်ရှိပြီ
ယူအန်ရောက်မှတော့ ဦးသန့်နဲ့မရိုက်ဘဲ ဘယ်နေပါ့မလဲ
လိုက်ပို့ပေးတဲ့ အစ်မကြီးနဲ့
အစည်းအဝေးခန်းမ
တပတ်တခါ တနာရီ ကြားရက်တွေမှာ အားရင်အားသလို ဖုန်း‌ပြောကြတယ်
ချယ်ရီပင်တွေနဲ့

ကျူးဘားသွား တောလား - ၅

ဟာဗားနား ၃ နာရီ လမ်းလျှောက်တိုးကနအေပြန် လမ်းမလျှောက်နိုင်တော့လို့ တက္ကစီတာငှားမလားလို့ မေးတဲ့တယောက်ကိုရက်စ်လို့ဖြေလိုက်တော့ အိမ်တအိမ်ရှေ့သွားပြီး မေးနေတယ်။ ဟုတ်ဟန်မတူဘူး မငှားတော့ဘူးလို့ ပြောလိုက်ပြီး လမ်းမကြီးဖကျကို လမ်းလျှောက်တော့မှ တကျကစီတွေ့တယ်။ ငါးကျပ်ဆိုတာ့ စေ◌ျးမစစ်တော့ဘူး ကားခအကြွေမရှိလို့ အပိုပေးခဲ့ရတယ်။ ညနေ ၃ နာရီ အရှေ့ဖက်ကမ်းခြေကိုသွားဖို့ စောင့်နေတဲ့တက္ကစီက ဗင်နာလပ်ကိုသွားတုန်းက စက်ထိုးရပ်သွားတဲ့တက္ကစီ။ ဗင်နာလပ်သွားတုန်းကလို စက်ထိုရပ်သွားမှဒုက္ခ။ အ ရှေ့ဖက်ကမ်းခြေကို တနာရီလောက်ပဲ မောင်းရတယ် ကမ်းခြေက အတော်လှတယ်။ နေအတော်ပူနေလို့ ထီးအမိုးအောက် ဝင်ခိုမယ်လုပ်နေတာ အဲ့ဒီထီးတွေက အလကားမဟုတ်ဘူးတဲ့။ နေနည်းနည်းရိပ်တဲ့နေရာမှာထိုင် အုန်းရည်ဝယ်သောက်ကြတယ်။ ရမ်ထည့်မလားဆိုတော့ ဆူနမ်ကထည့်မယ်တဲ့။ ဝိုင်းယူလာတဲ့ ကျူးဘားစာအုပ်၊ ဦးထုပ်၊ နေကာမျက်မှန်၊ အုန်းသီးတွေကို ဓာတ်ပုံရိုက်တယ်။ ကိုယ့်‌ခြေထောက်က ရေထိရင်အတော်မဲသွားတယ်။ ဆူနမ်က စန်းစန်း နင့်‌ခြေထောက်တွေ ‌နေလောင်နေပြီ ‌နေလောင်ခံခရမ်လိမ်းဦး။ လိမ်းထားတယ် လုပက်စ်ကြောင့် ခြေထောက်‌တွေယောင်။ ယောင်ပြီးရင်မဲကျန်ခဲ့တော့ ‌ခြေထောက်အသားအရည်က အတော်ညစ်တယ်။ ပုံမှန်ဆိုမသိသာပေမဲ့ ရေထိရင် မည်းတူးနေတာပဲ။ အဲ့ဒါကို ပေါ်တိုရီကိုသွားတုန်းကမှ သတိထားမိတာ။ ဝိုင်းက နင့်‌ခြေထောက်က အမဲမခြေထောက်ကျနေတာပဲတဲ့။ အစကတော့ ဘာဖြစ်တာပါလိမ့်ပေါ့ နေလောင်ခံခရမ်လည်း လိမ်းရဲ့သားနဲ့။ နောက်တော့မှ လုပက်စ်ကြောင့်မှန်း သိတော့တယ်။ ကမ်းခြေမှာ နှစ်နာရီလောက်နေပြီးတော့ ဟာဗားနားပြန်တယ်။ ညနေ ၆ နာရီခှဲမှာ စီးတီးတိုးကား လာခေါ်တယ်။ သူ့အင်္ဂလိပ်စာမကောင်းဘူး ဝိုင်းကစပိန်လိုပြောတတျတယ်ဆိုတာနဲ့ စပိန်လိုချည်းပဲပြောတော့တယ်။ ဟာဗားနားရဲ့ အထင်ကရ‌နေရာတွေကို လိုက်ပြတယ်။ ဘားတိုင်း အမေရိကန်စာရေးဆရာ ဟဲမင်းဝေး ထိုင်ခဲ့ဖူးတာချည်းပဲ။ ကားကိုတနာရီပဲ ငှားထားတယ် ကြိုက်ရင်ထပ်ငှားမယ် စိတ်ကူးထားတာ ဝန်ဆောင်မှုမကောင်းတာနဲ့ ဆက်မငှားတော့ဘူး။ ဟိုတယ်နဲ့နီးတဲ့နေရာနားက စားသောက်ဆိုင်မှာ ချပေးပါလို့ပြောတော့ ‌နေရာတခုမှာခြပေးတယ်။ တိုးဂိုက်ရဲ့ ဝန်ဆောင်မှုမကောင်းတာနဲ့ ဆူနမ်တောင် တစ်ဖ်မပေးချင်ဘူး။ ဆိုင်ထဲဝင်ပြီး မီနူးကြည့်လိုက်တော့ ဘာမှမရှိလို့  ပြန်ထွက်လာကြတယ်။ စားသောက်ဆိုင်ကိုရှာရင်း မြေပုံကြည့်လိုက်တော့ ဘုရားရေ ... ဟိုတယ်နဲ့ တော်တော်ဝေးပါလား တနာရီလောက်တောင် လမ်းလျှောက်ရမယ်။

ဝိုင်းက တိုးဂိုက်ကို အင်္ဂလိပ်ရော၊ စပိန်လိုရော သေသေချာချာ နှစ်ခေါက်လောက်ပြောတာကိုတောင် လုပ်ချင်သလိုလုပ်တယ် ဝန်ဆောင်မှုအင်မတန်ညံ့တယ်။ မာလေကွမ်းလမ်းမရောက်တော့ စားသောက်ဆိုင်ရှာတာ မ‌တွေ့လို့ဟိုတယ်နားအထိ လမ်းလျှောက်ကြတယ်။ ဟိုတယ်နားက စားသောက်ဆိုင်မှာ သွားမစားချင်တော့ဘူး။ ကယ်ပီတယ်နားက စားသောက်ဆိုင်မှာစားကြတယ် စားလို့ကောင်းတယ်။ မေ ၈ ရက် ဗုဒ္ဓဟူးနေ့မနက် ၈ နာရီ လေဆိပ်ကိုသွားတယ်။ ချက်ကင်ဝင်တာ လိုင်းကအကြာကြီး စောင့်ရတယ်။ ရှေ့က ဂျာမနီပြန်မဲ့ရည်းစားကို လိုက်ပို့နေတဲ့ အမေရိကန်က ဗီယက်နမ်အလယ်ပိုင်းက Son Doong လိုဏ်ဂူကို ရောက်ဖူးတယ်။ အဲ့ဒီဂူက ကမ္ဘာပေါ်က မြေအောက်လိုဏ်ဂူတွေမှာ အကြီးဆုံး၊ လိုဏ်ဂူထဲမှာတင် eco system ရှိနေတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းမှ လိုက်နိုင်တဲ့လိုဏ်ဂူတိုးကို လိုက်နိုင်လို့ဝိုင်းက ချီးကျူးတယ်။ မြန်မာပြည်ကိုလည်း သွားလည်ချင်တယ် သာယာလှပတဲ့နိုင်ငံ။ မကြိုက်မှန်းတော့သိတယ် အနောက်ဖက်ခြမ်းက ပြသနာတွေဘယ်လိုလဲ ကြိုးစားဖြေရှင်းနေကြပါတယ်။ ချက်ကင်ဝင်ပြီးတော့ အမှတ်တရလက်ဆောင်ပစ္စည်းဝယ်ဖို့ လေဆိပ်ထဲကဆိုင်တွေမှာ လိုက်ကြည့်ကြတယ်။ ပို့စကဒ်တခု၊ ဇီးကွက်ရုပ်တခု ဝယ်လိုက်တယ်။ ဘေးလွယ်အိတ်ကြိုက်တဲ့ဝိုင်းက ကျူးဘားသားရေအိတ်၊ မက်ဂနက်၊ ဆူနမ်က ဆေးပြင်းလိပ်ရုပ်တွေဝယ်တယ်။ ပိုက်ဆံလဲတော့ အကြာကြီးတန်းစီစောင့်ရတယ်။ ကွန်မြူနစ်နိုင်ငံထုံးစံအတိုင်း အလုပ်လုပ်တာ ကြာတယ် အချိန်ဆွဲတယ်။ ဘာလို့ဒီလောက်ကြာနေမှန်း မသိတော့ဘူး။ သန့်ရှင်းရေးလုပ်နေတဲ့ မိန်းကလေးဆို ကိုယ်တို့စောင့်ကတည်းက သန့်ရှင်းရေးလုပ်နေတာ ကိုယ်တို့ပြီးတဲ့အထိ အဲ့ဒီမှန်ကလေးတချပ်ကို တိုက်နေတာ မပြီးတော့ဘူး။ ဝိုင်းပြောသလို ကျူးဘားတွေရဲ့ တွေးပုံခေါ်ပုံက တမျိုးပဲ။ ပိုက်ဆံလဲတော့ ယူရိုပေးပါဆိုတာကို အမေရိကန်ဒေါ်လာပဲ လဲပေးတယ်တဲ့။ ယူရိုလဲခထက် ပိုပေးရတာပေါ့။ ဒီတခါတော့ ပိုက်ဆံကို စစ်ယူတယ်။ ဝိုင်းနဲ့ကိုယ့်မှာ ကျန်နေတဲ့ ကျူးဘားပိုက်ဆံကို ဆူနမ်ကသူလဲတဲ့အခါ ယူလဲပေးတယ်။ ကျန်နေသေးတဲ့ ကျူးဘားပိုက်ဆံနဲ့ ပို့စကဒ်တခု ထပ်ဝယ်လိုက်တယ်။ ကျူးဘားပို့စကဒ်တခုကို ကိုယ့်ရုံးခန်းမှာ ချိတ်ထားပြီး တခုကိုတော့ ဂျမားကို လက်ဆောင်ပေးလိုက်တယ်။ ဂျမားလည်း ကျူးဘားသွားချင်စိတ်တွေ တဖွားဖွားပေါက်သွားတယ်။ ခရီးသွားချင်တဲ့ဗိုင်းရပ်စ်တွေ ဖြန့်လိုက်တယ်။ အင်တာနက်သုံးချင်တဲ့ဆူနမ်က တဒေါ်လာပေးပြီး အင်တာနက်ဝယ်သုံးတယ်။ ဟာဗားနားကနေ မီယာမီအပြန်မှာ Business class အဆင့်မြှင့်ပေးလိုက်တယ်။ ကိုယ့်တသက်မှာ ပထမဆုံးဘီးစစ်နပ်ကလပ် စီးဖူးခြင်းပဲ။ နားကြပ်လေးတွေပေးတော့ သိမ်းထားလိုက်တယ် နောက်သုံးဖို့။ ကိုယ့်အိုင်ဖုန်းနားကြပ်က အလုံးမဟုတ်တော့ ကွန်ပြူတာ၊ လေဆိပ်တွေမှာ သုံးလို့မရဘူး။ တချို့လေကြောင်းလိုင်းတွေမှာ နားကြပ်ကို အလကားမပေးဘူး ဝယ်ရတယ်။

ဝိုင်း လိုင်ဘရီကနေ ငှားလာတဲ့ ကျူးဘားစာအုပ်...ကိုယ်တို့ကတော့ အနုပညာလက်ရာမြောက်တဲ့
ဓာတ်ပုံတပုံရဖို့ အပင်ပန်းခံရတယ်ဆိုပြီး ဝိုင်းက ရှုထောင့်မျိုးစုံကနေရိုက်တဲ့ ကင်မရာမန်း၊
ကိုယ်က နေရာအနအေထား ပြောင်းလဲပေးတဲ့ art designer ၊
ဆူနမ်ကတော့ ကိုယ်တို့နှစ်‌ယောက်ကိုကြည့်ပြီး ပြုံးနေလေရဲ့...
ကျူးဘားကမ်း‌ခြေတွေ တကယ်လှတယ်...
ဗင်းတင့်ကားလေးနဲ့ လည်လည်ထွက်...
ဘာလဲ‌တော့ မသိဘူး ရိုက်လိုက်တာပဲ
လက်တင်အမေရိကသူရဲကောင်း ချေဂွေဗားရား...

ဂျမားပြောတာတော့ ကျူးဘားက အရင်တုန်းက ချမ်းသာကြွယ်ဝတဲ့နိုင်ငံ။ အမေရိကန်တွေ ကျူးဘားကိုသွားပြီး လောင်းကစားကြတယ် လပ်ဗီးဂပ်လိုပဲ ကွန်မြူနစ်နိုင်ငံဖြစ်ပြီးမှ ဆင်းရဲသွားတာ။ ကက်စထရိုမတိုင်ခင် အရင်သမ္မတက အမေရိကန်နဲ့ မဟာမိတ်တဲ့။ မီယာမီလေဆိပ်ရောက်တာနဲ့ ပီအေက ဖုန်းဝင်လာတယ် မနေ့ကတည်းက အလုပ်အော်ဖာပေးတာ အကြောင်းမပြန်လို့တဲ့။ အမလေး ... ပျော်လို့ ထတောင်ခုန်တယ်။ ဆူနမ်အကြံပေးတဲ့အတိုင်း Subway Sandwich တခုအကြီးကြီးမှာပြီး နှစ်ယောက်မျှစားကြတယ်။ ဆူနမ်က တနင်္ဂနွေနေ့မှ ဗာဂျီးနီးယားပြန် မှာမို့လို့ စနေနေ့မှာ ဘရွှတ်ကလင်းက ကိုနီအိုင်လန်ကို လိုက်ပို့တယ်။ မေရီလန်းက Ocean city နဲ့တူတယ်။ ကျူးဘားက သာယာလှပတဲ့ကမ်း‌ခြေတွေ မြင်ထားတော့ ကိုနီအိုင်လန်ကမ်းခြေက မလှဘူးဖြစ်နေတယ်။ တလတခါ ဗာဂျီးနီးယားကို သွားလည်တဲ့အကြောင်း၊ ချီကာဂို၊ ကော်လိုရာဒိုသွား တောလားပို့စ်တွေကို နောက်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၂၂၊ ၂၀၁၉ ။

ဟာဗားနားတက္ကသိုလ်
မာလေကွမ်းလမ်းမ ညနစောင်း ငါးမျှားနေသူများ
နေဝင်ချိန် တိမ်တောက်တဲ့အချိန်
ကျူးဘားက အနုပညာတွေ တကယ်လက်ရာမြောက်တယ်...နံရံပန်းချီ..
ဟိုတယ်ပေါ်ကနေ မြင်ရတဲ့ မာလေကွမ်းလမ်းမ...
ဟိုတယ်ရှေ့ မာလေကွမ်းလမ်းမပေါ်မှာ ချထားတဲ့ ဘလောက်တုံးနဲ့

ကျူးဘားသွား တောလား - ၄


၂၀၁၉  မေ ၆ တနလာ်နေ့ မိချောင်းခြံ၊ အင်ဒီးယန်းရွာ၊ ပလရာလာဂါကမ်းခြေကနေ ဟာဗားနားကို စောစောပြန်ရောကျလို့ ညနေစောင်းမှာ ဟာဗားနားဟောင်းဖကျကို လမ်းလျှောက်ထွက်ကြတယ်။ မာလေကှမ်းလမ်းမအတိုင်းလျှောက်ပြီး ခံတပ်တွေ့တဲ့အခါ ညာဖက်ချိုး မြင်းရုပ်ကြီးစီးထားတဲ့ ရုပ်တုရှိတဲ့ အဝိုင်းနားမှာ ဓာတ်ပုံရိုက်တယ်။ ဘောလုံးကန်နေတဲ့ကောင်လေးတွေ၊ ပြေးနေတဲ့သူတွေ တွေ့တယ်။ လမ်းကူးတာ အတော်သတိထားရတယ် ဒေသခံတွေ လမ်းကူးတဲ့အခါမှ သူတို့နဲ့အတူလိုကျကူးကြတယ်။ အရင်တုန်းက အတော်ခမ်းနားခဲ့ပုံရတဲ့ အဆောက်အဦးဟောင်းတွေ တွေ့တယ်။ တိုင်းပြည်ဆင်းရဲတယ်ဆိုတာ မြင်လိုက်တာနဲ့သိတယ် ရန်ကုန်နဲ့အတော်တူတယ်။ အဆောက်အဦးတခုရှေ့မှာ လူတွေအုံခဲနေတာတွေ့လို့ ဝိုင်းကမေးကြည့်တော့ စပိန်သံရုံးတဲ့။ ဘာလို့လူတွေအုံခဲနေရတာလဲလို့ မေးကြည့်လိုက်ဆိုတော့ သူ့စပိန်စကားက အဲ့လောက်မရဘူးတဲ့။ ကယ်ပီတယ်အဆောက်အဦး၊ ခံတပ်တွေနဲ့ ဓာတ်ပုံရိုက်တယ်။ ဟိုအရင်တုန်းကကားတွေ တန်းစီရပ်ထားတာတွေ့တော့ ဓာတ်ပုံရိုက်တယ်။ မိုးရွာလာလို့ အပင်အောက်ဝင်ပြီး မိုးခိုကြတယ်။ မိုးနည်းနည်းစဲတော့မှ လာရာလမ်းအတိုင်း ပြန်ခဲ့ကြတယ်။ မေ ၇ အင်္ဂါနေ့ မနက် ၁၁ နာရီ ဟာဗားနားစကွဲမှာ လမ်းလျှောက်တိုးဘွတ်ထားတယ်။ မနေ့ကညနေ သွားလည်တုန်းက နေရာနားမှာပဲ။ ဒါတောင်ဟာဗားနားစကွဲကို မတွေ့လို့ လည်နေသေးတယ် မေးမြန်းယူရတယ်။ စကွဲကဖောင်တိန်မှာ လူတွေက အများကြီး တိုးဂိုက်က ဘယ်သူမှန်းမသိ။ ဟိုထွက်သွားတဲ့တယောက်က တိုးဂိုက်များလား ကိုယ်တို့မ‌တွေ့လိုက်တာလား။ ထွက်သွားတဲ့လူနောက်ပဲ လိုက်ရတော့မလို။ ၁၁ နာရီ စောင့်ကြည့်မယ် မ‌တွေ့ရင် ကိုယ့်ဘာသာတိုးရစ်ကြမယ်။ ဓာတ်ပုံထဲကနဲ့တူလို့သွားမေးကြည့်တော့ ဟုတ်တယ်။ နောက်ထပ်နှစ်ယောက် စောင့်ဦးမယ်တဲ့ တိုးဂိုက်နာမည်က ယန်း တရုတ်‌သွေးပါတယ်။ နောက်တော့ သြစတေးလစုံတွဲ ရောက်လာတယ်။ ဟာဗားနားမှာ ရှေးအကျဆုံးအိမ်၊ ပန်းချီပြခန်းတွေ ပြတယ်။ ဘုရားကျောင်းသမိုင်းကို ရှင်းပြတယ်။ ဘုရားကျောင်းရှေ့က မုတ်ဆိတ်မွှေးနဲ့ရုပ်ထုက ဟာဗားနားရဲ့အချစ်တော် အိမ်ခြေမဲ့လူတယောက်။ မုတ်ဆိတ်၊ ခြေထောက်၊ လက် တပြိုင်နက်တည်းကိုင်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့။ အဲ့ဒါကြောင့်မို့ အဲ့ဒီနေရာတွေက ဝင်းလက်နေတယ်။ ဟားဗားနားတက္ကသိုလ်မှာ ဂျွှန်ဟားဗတ်ရုပ်တုရဲ့ ‌ခြေထောက်ကိုကိုင်ရင် ကျောင်းဝင်ခွင့်ရတယ်လို့ ယုံကြည်ကြပြီး ကိုင်ကြလို့ ခြေထောက်နေရာလေးက ပြောင်လက်နေတယ်။

ဟာဗားနားရဲ့ ရေပေးဝေရေးစနစ်အကြောင်း ရှင်းပြတယ်။ ကျူးဘားမှာ ကျန်းမာရေးနဲ့ပညာရေးက အလကား။ အများအားဖြင့် အစိုရပိုင်ဆိုင်တွေ ပုဂ္ဂလိကဆိုင်တွေလည်း ရှိတယ်။ သေနတ်ဆိုင်ကို လိုကျပြတယ် ကျူးဘားမှာ အမေရိကန်လို တရားဝင်သေနတ်ကိုင်ခှင့် မရှိဘူး။ ဘာဖြစ်လို့ သေနတ်ဆိုင်ရှိလဲဆိုတာ ရှင်းပြ‌ပေမဲ့ မေ့သွားပြီ။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ဝန်ကြီး ဘေးနားကနေ ဖြတ်သွားလို့ သူကဘယ်သူ၊ ဘာတွေလုပ်တယ်ဆိုတာ ရှင်းပြတယ်။ ခွေးတွေမှာ နာမည်ကဒ်လေးတွေ ချိတ်ဆွဲထားတယ်။ ဘယ်သူဘယ်ဝါ၊ ဘယ်အရပ်အပိုင်၊ ဘာကာကွယ်ဆေးတွေ ထိုထားတယ်ဆိုတာပါတယ် အိုင်ဒီကဒ်ဆိုပါတော့။ အမေရိကန်စာရေးဆရာ ဟဲမင်းဝေးဟာ ကျူးဘားမှာ အတော်ကြာကြာ နေခဲ့တယ်။ ဟဲမင်းဝေးထိုင်ခဲ့ဖူးတဲ့ ဆိုင်ချည်းပဲ သူမထိုင်ဘူးတဲ့ဆိုင် မရှိဘူးနဲ့တူတယ်။ ရာသီဥတု အတော်ပူလို့ ရေကိုတငုံစီ သောက်ရတယ်။ ဆူနမ်က ကျူးဘားရိုရာ အကြော်မုန့်သားရေစာဝယ်စားတယ်။ သြစတေးလျစုံတွဲမှာ မိန်းမက တိုးဂိုက်နားကပ်နားထောင်တယ်။ ယောက်ျားက ကင်မရာသုံးလုံးနဲ့အလုပ်များ တိုးဂိုက်နောက် ပြေးလိုက်ရတယ်။ ကိုယ်တွေ့ဖူးတဲ့ ယောက်ျားထဲမှာ ကင်မရာအများဆုံး၊ ကင်မရာအရိုက်ဆုံးသူပဲ။ ဝိုင်းနဲ့ဆူနမ်တို့ကလည်း ထောက်ခံတယ်။ သုံးနာရီလမ်းလျှောက်တိုးနဲ့တင် ဟာဗားနားအကြောင်း အတော်စုံစုံလင် သိလိုက်ရတယ်။ ညဏ်စမ်းမေးခွန်းလေးတွေမေးတယ် မှန်ရင်အဖြေမှန်နဲ့နီးစပ်ရင် အကြွေစေ့လေးတွေပေးတယ်။စပိန်သံရုံးရှေ့မှာ ဘာလို့လူတအားများတာလဲလို့မေးတော့ စပိန်ကိုသွားချင်ကြလို့တဲ့။ စပိန်သွေးပါရင် စပိန်နိုင်ငံသားလျှောက်လို့ရတယ်။ စပိန်စကားပြောတာပဲဆိုတော့ ဘာသာစကားအခက်အခဲ မရှိတော့ဘူး။ တိုးဂိုက်အဘွားက စပိန်ပေမဲ့ အဘိုးက တခြားသွေးနှောလို့ စပိန်နိုင်ငံသားလျှောက်လို့ မရဘူးတဲ့။ တိုးဂိုက်ကို တစ်ဖ်ပေးတဲ့အခါ ဆူနမ်က ကိုယ်တို့နှစ်ယောက်ထက် ပိုပေးတယ်။ တိုးဂိုက်ညွှန်တဲ့ဆိုင်မှာ နေ့လည်စာစားတာ အတော်ကောင်းတယ်။ လီမွန်၊ မာလကာဖျော်ရည် အတော်လက်ဆတ်တယ်။ ဗင်းတင့်ကား စီးတီးတိုးအကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၁၉ ။

ဗင်းတေ့စ်ကားတွေနဲ့
ဟာဗားနားစကွဲက ခြင်္သေ့ရုပ်
ဟာဗားနားစကွဲ
ဟာဗားနားရှေးအကျဆုံးအိမ်တွေ
ဟာဗားနားမြို့သားတွေ ချစ်ကြတဲ့ အိမ်ခြေမဲ့သမား..
သူ့မုတ်ဆိတ်၊ လက်၊ ခြေထောက်ကိုကိုင်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့
ဘုရားရှိခိုးကျောင်း
ဟိုတယ်
လမ်းမနံရံပေါ်က ပန်းချီတွေ...ပန်းချီတွေ လက်ရာအတော်မြောက်တယ်...

၃ နာရီ ဟာဗားနား လမ်းလျှောက်တိုး ...ဘယ်ဖက်အစွန်က သြစတေးလျစုံတွဲ၊ ညာဖက်အစွန်စုံးက တိုးဂိုက်

ကျူးဘားသွား တောလား - ၃

၂၀၁၉  မေ ၆ တနင်္လာနေ့ ဟိုတယ်ပိုင်ရှင် အန်တီကြီးက သဘောကောင်းတယ်။ ဒါပေမယ့် အင်္ဂလိပ်လို မပြောတတ်ဘူး။ စပိန်စကားနည်းနည်း ပြောတတ်တဲ့ ဝိုင်းပါလို့ နို့မို့မလွယ်ဘူး။ ရေဘူးကုန်နေလို့ ဟိုတယ်နားက စတိုးဆိုင်မှာ သွားဝယ်တာ ဆိုင်အဝင်မှာ လူတွေအုံနေလို့ တန်းစီနေတာလား မသိဘူးဆိုပြီး တန်းစီနေတာ။ နောက်မှ မဟုတ်ဘူး စောင့်နေတာတဲ့ ဆိုင်ထဲဝင်တော့ အိတ်တွေကို အိတ်ထားတဲ့နေရာမှာ ထားခိုင်တယ်။ ဆက်ဆံရေးမကောင်းလို့ ဆူနမ်ကိုပဲ ဝင်ခိုင်းလိုက်ပြီး ကိုယ်တို့နှစ်ယောက်က အပြင်မှာစောင့်နေလိုက်တယ်။ စတိုးဆိုင်ကလည်း ခြောက်တီးခြောက်ချက် ဘာမှမရှိဘူး။ မနက်စောစော မဖွင့်ဘူး ည ၆ နာရီမထိုးခင်ကတည်းက ပိတ်နေပြီ။ ဒီနေ့ ကားဆရာက သူ့အင်္ဂလိပ်စကား မကောင်းဘူး ဝိုင်းက စပိန်စကားနည်းနည်း ပြောတတ်တယ် ဆိုတာနဲ့ စပိန်လိုပဲ ပြောတော့တာပဲ။ ဈေးကြီးတဲ့ အင်္ဂလိပ်တိုးဂိုက်ကို ငှားပါတယ်ဆိုနေမှ စပိန်တိုးဂိုက်ပဲ ဖြစ်နေတယ်။ မိကျောင်းခြံကို ၂ နာရီလောက် မောင်းရတယ်။ ကြာကန်ကြီးကိုဖြတ်၊ အုန်းပင်ပေါ် တက်ထိုင်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ပါးစပ်ကြိုးတုပ်ထားတဲ့ မိကျောင်းသေးသေးလေးကို ကိုင်ပြီးဓာတ်ပုံရိုက်လို့ရတယ်။ သုံးနှစ်သားဆိုပေမဲ့ သွားတွေက လူကိုအန္တရာယ် ပေးနိုင်တယ်တဲ့။ ဝိုင်းက ဘာသာပြန်ပေးတယ် ပြင်သစ်တိုးရစ်တွေ အများကြီး။ မိကျောင်းတကောင် ပေါက်ဖွားလာပုံ အဆင့်ဆင့်ကို ပြထားတယ်။ မိကျောင်းအကြီးကြီးတကောင်ကို လူတယောက်က ဓာတ်ပုံအသေအချာ ရိုက်နေတယ်။ အဲ့ဒီမိကျောင်းက မော်ဒယ်ပို့စ်ပေးနေတဲ့အတိုင်း သေချာကြည့်ပြီး ဓာတ်ပုံအရိုက်ခံနေလို့ မော်ဒယ်ဂဲလ်မိကျောင်းဟ။ မိကျောင်းအရိုးနဲ့ လုပ်ထားတဲ့ လက်ကောက်၊ ဆွဲကြိုးတွေကို ဝိုင်းက အမှတ်တရဝယ်တယ်။ ဝိုင်းက အရောင်တောက်တောက် ကြီးကြီးမားမား လည်ဆွဲတွေကြိုက်တယ်။ သူ့မျက်နှာကကြီးလို့ လည်ဆွဲကြီးကြီးမှ ပေါ်လွင်တယ်တဲ့။ ကိုယ်က သေးသေးလေးတွေ သဘောကျတယ်။ ကိုစရာရီကာက ဝယ်လာတဲ့ အာဂျင်တီနားဆွဲကြိုး၊ အလာစကာကဝယ်လာတဲ့ လက်ကောက်ကွင်းတွေကို ကြိုက်လို့အမြဲဝတ်တယ်။ ကျူးဘားရဲ့ အိမ်သာတွေထဲမှာ တစ်ရှူးမရှိတတ်လို့ တစ်ရှူးဆောင်ရတယ်။ ဗီဇာကဒ်သုံးလို့မရလို့ ငွေသားဆောင်ရတယ်၊ တကိုယ်ရေသုံးပစ္စည်းတွေ ရှားပါးလို့ လုံလုံလောက်လောက် သယ်ရတယ်။ လက်တင်အမေရိကရဲ့ အိမ်သာအများစုဟာ စုပ်ယူအားစနစ်မကောင်းလို့ စက္ကူတွေမထည့်ရဘူး။ ဝိုင်းကမေ့ပြီး ထည့်လိုက်တာ စက္ကူကဆင်းမသွားလို့ ဒီအတိုင်းထားခဲ့ရတာ စိတ်စနိုးစနောင့်ဖြစ်နေလို့ တုတ်တချောင်းကောက်သွားပြီး သွားရှင်းတယ်။ ဝိုင်းက အဲ့ဒီလိုသူ့ကြောင့် သူများစိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။

စိန်ပန်းပင်နီနီရဲရဲတွေ သိပ်လှတယ်။ မြန်မာပြည်ရဲ့နွေရာသီမှာ စိန်ပန်းနီနီရဲရဲတွေ၊ ငုဝါပန်းဝါဝါတွေ ပွင့်တယ်လို့ပြောတော့ ဝိုင်းက ဗီယက်နမ်မှာလည်း အဲ့ဒီအတိုင်းပဲတဲ့။ နီပေါနိုင်ငံသူဆူနမ်က စိန်ပန်းငုဝါပန်းတွေ မမြင်ဖူးဘူး။ ကားမောင်းပြီး ခဏနေတော့ ဝိုင်းက ဘယ်ကိုသွားမှာလဲလို့မေးတော့ ကမ်းခြေတဲ့။ ကမ်းခြေသွားမှာမဟုတ်ဘူး အင်ဒီယန်းကျေးရွာကို သွားမှာလို့ပြောတော့ အင်ဒီယန်းကျေးရွာက မိချောင်းခြံဘေးမှာတဲ့။ လက်မှတ်ဝယ်ပြီး စက်လှေကိုစောင့် ခဏနေတော့ စက်လှေလာတယ်။ မြစ်ချောင်းတလျှောက် စိမ်းလန်းနေပြီး သာယာတယ်။ ကိုယ်က အင်းအိုင်လား၊ မြစ်ချောင်းလား သိချင်တယ်။ ဂူဂယ်မတ်မရတော့ ဘယ်ရောက်နေမှန်း၊ ဘာမှန်းမသိဘူး။ တနာရီအချိန်ပေးတယ် အင်ဒီယန်းရိုးရာအိမ်လေးတွေ တွေ့ရတယ်။ အိမ်တခုထဲဝင်လိုက်တော့ လူရိုင်းပုံဝတ်ဆင်ထားတဲ့ မိန်းကလေး၊ ယောကျာ်းလေးတွေက သစ်ရွက်တွေနဲ့ပုတ်ပြီး ကြိုဆိုတယ်။ မျက်နှာပေါ်ပြာနဲ့ ဆေးခြယ်ပေးတယ်။ ပြီးတော့ ပိုက်ဆံတောင်းတယ် ဝိုင်းက ပိုက်ဆံတကျပ်ပေးလိုက် ဆူနမ်က သုံးကျပ်ပေးလိုက်တဲ့။ သုံးကျပ်ပေးလိုက်တော့ ဝိုင်းကသိပ်မကြိ က်ဘူး အလုပ်မလုပ်ဘဲ အဲ့ဒီလိုတိုးရစ်တွေဆီက အလွယ်တကူ တောင်းစားတဲ့အလုပ်မို့လို့ မပေးချင်တာတဲ့။ သူ အင်ဒိုနီးရှားကိုသွားတုန်းက အင်ဒိုနီးရှားလေဒီပြောတဲ့ စကားကြောင့် တစ်ပေးတဲ့သူ့အမြင် ပြောင်းသွားတယ်။ နေ့လည်စာစားပြီးလို့ တစ်ပေးတဲ့အခါ ဒီလိုနိုင်ငံခြားသားကြောင့် ဝန်ထမ်းတွေက ဒေသခံတွေကို ဝန်ဆောင်မှုမပေးချင်ဘူး။ တစ်ပေးတဲ့နိုင်ငံခြားသားကိုပဲ ဝန်ဆောင်မှုပေးချင်တယ်။ အမှန်က တစ်ပေးပေးမပေးပေး လူတိုင်းကို ဝန်ဆောင်မှုအကောင်းဆုံး ပေးရမှာ။ အမေရိကန်မှာတော့ စားသောက်ကုန်လုပ်ငန်းဝန်ထမ်းတွေဟာ အခြေခံလစာနည်းတော့ တစ်ကိုပဲမျှော်ကိုးကြတယ်။ အစားအသောက်ရွေး fast food ကြိုက်တဲ့ဆူနမ်၊ fast food မစား ကျန်းမာရေးနဲ့ ညီညွှတ်တာစား အားမနားတတ်တဲ့ဝိုင်း၊ ဒီနှစ်ယောက်ကြားထဲမှာ သူများနဲ့လိုက်လျောညီထွေ နေတတ်တဲ့ကိုယ်က ဘာလာလာအိုကေ။ ကိုယ်က ဘာမဆိုအကုန်စားနိုင်၊ အကုန်ကြိုက်တဲ့ ကောင်းတဲ့ညဉ်ကလေးကို အမေ့ဆီက ရထားတယ်။ Playa Larga ကမ်းခြေဟာ အင်မတန်လှတယ်။ စိမ်းပြာနေတဲ့ရေပြင်၊ ပင်လယ်နံ့၊ လှိုင်းပုတ်သံ၊ ကျောက်ဆောင်တွေရှိတဲ့သဲသောင်။ အိုး ... ဟိုင်းကြီးနဲ့ သိပ်တူတာပဲ။ ဆူနမ်က ပင်လယ်နံ့ကို ခေါင်းမူးတယ်တဲ့။ ကိုယ်က ရွှံ့ဗွက်၊ ကျောက်ဆောင်တွေပေါ်မှာ မယိုင်မလဲ ခပ်မြန်မြန် လျှောက်နိုင်တယ် ဟိုင်းကြီးကျွှန်းသူကိုး။

မိချောင်းခြံ
ကြာကန်
ကြာပန်းလေးတွေ သဘောကျတယ်...အိုးအကြီးကြီးနဲ့ ကြာပန်းစိုက်ချင်တယ်...
တို့များငယ်ငယ်တုန်းက အုန်းပင်ပေါ်တက်ပြီး ခုန်နေတော့တာ...
သုံးနှစ်သား သေးသေးလေးပေမဲ့ အထင်မသေးနဲ့...ပါးစပ်ကြိုးတုပ်ထားရတယ် ကိုက်မှာစိုးလို့....

ဝိုင်းနဲ့ကိုယ်က ယောဂပို့စ်တွေ လုပ်ကြတယ်။ ဝိုင်းက သူသိတဲ့ ခက်တဲ့ယောဂပို့စ်တွေ လုပ်ပြတယ်။ ကိုယ် တနေ့ကို ဆယ်မိနစ်အကြောလျှော့ ယောဂလေ့ကျင့်ခန်းလုပ်တယ်၊ တနေ့တနာရီ လမ်းလျှောက်တယ်။ အရင်တုန်းက အပြေးလေ့ကျင့်ပေမဲ့ ခုတော့ မလေ့ကျင့်နိုင်သေးဘူး။ ဝိုင်းက အားရင် ပိတ်ရက်တွေဆို အားကစားရုံသွားတယ်။ ဇွမ်းဘား၊ အက၊ ယောဂသင်တန်းတွေ တက်တယ်။ သူတက်ချင်တာက သံတိုင်ကို ဖက်တွယ်ပြီးကတဲ့ အားကစားလုပ်ချင်တာတဲ့။ ဆူနမ့်အိမ်မှာတုန်းက ကိုယ်တို့နှစ်ယောက် prunk လက်နှစ်ဖက် ခြေနှစ်ဖက်ထောက်ပြီး တကိုယ်လုံးကိုထိန်းတဲ့ လေ့ကျင့်ခန်းလုပ်တာ ပြိ ုင်ကြတယ်။ ဆူနမ်က ကိုယ့်ခန္ဓာကိုယ်အနေအထားက ပိုမှန်တယ်တဲ့။ ဆူနမ့်မှာ လှေလှော်တဲ့စက်၊ စက်ဘီးစက်၊ ဝိတ်ပြားကလေးတွေ၊ စက်ဘီးရှိတယ်။ မြေအောက်ထပ်က အားကစားရုံအငယ်စားလေးပဲ။ သူ့အိမ်ပတ်လည်မှာ ဟိုက်ကင်းထွက်ဖို့၊ စက်ဘီးစီးဖို့ နေရာတွေမှ အများကြီး။ ကိုယ်တွေဆိုရင် အဲ့ဒီလိုသာယာအေးချမ်း စိမ်းလန်းတဲ့နေရာကို နေ့တိုင်းသွားနေတော့မှာ။ သစ်ပင်အောက်မှာ အေးအေးဆေးဆေး ထိုင်နားကြတယ်။ အဲဒီလို လေတဟူးဟူးတိုက်တဲ့နေရာဆိုရင် လဲလျောင်းပြီးစာဖတ် မျက်စိညောင်းရင် အိပ်ချင်နေမိတော့တာပဲ။ အတော်လေးကြာတော့ တခြားဖက်ခြမ်းကို လမ်းလျှောက်ကြတယ်။ အဲ့ဒီဖက်ခြမ်းက သဲသောင်တွေနဲ့ လမ်းလျှောက်လို့ ပိုကောင်းတယ်။ မနေ့ကစားတဲ့ ဟိုတယ်နားက စားသောက်ဆိုင်မှာပဲ ညနေစာသွားစားတယ်။ မီးပျက်နေလို့ ညနေစာမရသေးဘူးတဲ့။ ကမ်းခြေက ထိုင်ခုံလေးတွေမှာထိုင်ပြီး စောင့်နေတာ မီးလာလို့ ဟေးခနဲအော်ကြတယ်။ သြော် ... မြန်မာပြည်အတိုင်းပါလား မီးလာရင် ပျော်ရတယ်။ ကိုယ်တို့ဝိုင်းမှာ သီချင်းလာဆိုပြီး တစ်ဖ်မပေးလို့ မျက်နှာထိမျက်နှာထားပြတယ်။ ကိုယ်တို့ကို ဆိုရမလားလို့လည်းမမေး အတင်းဆိုအတင်းတောင်းတာကို မကြိုက်လို့ကို မပေးတာတဲ့။ ဆူနမ်က ပေးချင်ပေမဲ့ ဝိုင်းက မပေးချင်ဘူး ဝိုင်းက မလုပ်သင့်ဘူးထင်ရင် ပြတ်ပြတ်သားသားပြောတယ်။ သူတို့ဆိုသွားတဲ့သီချင်းက ကျူးဘားရဲ့ နာမည်ကျော် Guantanamera ကွမ်တာနာမယ်ရာသီချင်း။ ဒီသီချင်းကို ခဏခဏကြားဖူးပေမဲ့ ဘာအဓိပ္ဗာယ်မှန်း မသိဘူး။ နယူးယောက်ရောက်မှ ပြန်ရှာကြည့်ဦးမယ်။ နာမည်အကြီးဆုံး ကျူးဘားသီချင်း ကျူးဘားကဗျာဆရာ ဟိုဆေးမာတီရဲ့ ကဗျာ။ ကွမ်တာနာမိုဒေသရဲ့ မိန်းကလေးတယောက်အကြောင်း ရေးဖွဲ့ထားတာ။ ၁၉၆၃ ကာနေဂျီဟောမှာ အမေရိကန်အဆိုအဖွဲ့ The Sandpipers ဆိုရာက အင်တာနေရှင်နယ်မှာ ဟစ်ဖြစ်ခဲ့တဲ့သီချင်းပါတဲ့။ ကျူးဘားက ပြန်လာတော့မှ တယောသင်တန်းဘေးက ကျူးဘားစားသောက်ဆိုင်နာမည်က ကွမ်တာနာမယ်ရာမှန်း သတိထားမိတယ်။ နောက်နေ့ ဟာဗားနားအရှေ့ဖက်ကမ်းခြေ၊ ညနေစောင်းမှာ ဟာဗားနားမြိ ု့စီးတီးတိုးအကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန်ဆိုရင် သုံးရက်ခရီးထွက်ဖို့အတွက် ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ကို ရောက်နေပါပြီ။ ကော်လိုရာဒိုသွား တောလားပို့စ်တွေ နောက်မှပဲတင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၁၄၊ ၂၀၁၉ ။

စိန်ပန်းနီနီရဲရဲ
ကောင်းကင်ပြာနဲ့ စိန်ပန်းနီနီရဲရဲ ...အိုင်ဖုန်း  Portrait နဲ့ရိုက်တာ...
အင်ဒီယန်းကျေးရွာ...