ကျူးဘားသွား တောလား - ၅

ဟာဗားနား ၃ နာရီ လမ်းလျှောက်တိုးကနအေပြန် လမ်းမလျှောက်နိုင်တော့လို့ တက္ကစီတာငှားမလားလို့ မေးတဲ့တယောက်ကိုရက်စ်လို့ဖြေလိုက်တော့ အိမ်တအိမ်ရှေ့သွားပြီး မေးနေတယ်။ ဟုတ်ဟန်မတူဘူး မငှားတော့ဘူးလို့ ပြောလိုက်ပြီး လမ်းမကြီးဖကျကို လမ်းလျှောက်တော့မှ တကျကစီတွေ့တယ်။ ငါးကျပ်ဆိုတာ့ စေ◌ျးမစစ်တော့ဘူး ကားခအကြွေမရှိလို့ အပိုပေးခဲ့ရတယ်။ ညနေ ၃ နာရီ အရှေ့ဖက်ကမ်းခြေကိုသွားဖို့ စောင့်နေတဲ့တက္ကစီက ဗင်နာလပ်ကိုသွားတုန်းက စက်ထိုးရပ်သွားတဲ့တက္ကစီ။ ဗင်နာလပ်သွားတုန်းကလို စက်ထိုရပ်သွားမှဒုက္ခ။ အ ရှေ့ဖက်ကမ်းခြေကို တနာရီလောက်ပဲ မောင်းရတယ် ကမ်းခြေက အတော်လှတယ်။ နေအတော်ပူနေလို့ ထီးအမိုးအောက် ဝင်ခိုမယ်လုပ်နေတာ အဲ့ဒီထီးတွေက အလကားမဟုတ်ဘူးတဲ့။ နေနည်းနည်းရိပ်တဲ့နေရာမှာထိုင် အုန်းရည်ဝယ်သောက်ကြတယ်။ ရမ်ထည့်မလားဆိုတော့ ဆူနမ်ကထည့်မယ်တဲ့။ ဝိုင်းယူလာတဲ့ ကျူးဘားစာအုပ်၊ ဦးထုပ်၊ နေကာမျက်မှန်၊ အုန်းသီးတွေကို ဓာတ်ပုံရိုက်တယ်။ ကိုယ့်‌ခြေထောက်က ရေထိရင်အတော်မဲသွားတယ်။ ဆူနမ်က စန်းစန်း နင့်‌ခြေထောက်တွေ ‌နေလောင်နေပြီ ‌နေလောင်ခံခရမ်လိမ်းဦး။ လိမ်းထားတယ် လုပက်စ်ကြောင့် ခြေထောက်‌တွေယောင်။ ယောင်ပြီးရင်မဲကျန်ခဲ့တော့ ‌ခြေထောက်အသားအရည်က အတော်ညစ်တယ်။ ပုံမှန်ဆိုမသိသာပေမဲ့ ရေထိရင် မည်းတူးနေတာပဲ။ အဲ့ဒါကို ပေါ်တိုရီကိုသွားတုန်းကမှ သတိထားမိတာ။ ဝိုင်းက နင့်‌ခြေထောက်က အမဲမခြေထောက်ကျနေတာပဲတဲ့။ အစကတော့ ဘာဖြစ်တာပါလိမ့်ပေါ့ နေလောင်ခံခရမ်လည်း လိမ်းရဲ့သားနဲ့။ နောက်တော့မှ လုပက်စ်ကြောင့်မှန်း သိတော့တယ်။ ကမ်းခြေမှာ နှစ်နာရီလောက်နေပြီးတော့ ဟာဗားနားပြန်တယ်။ ညနေ ၆ နာရီခှဲမှာ စီးတီးတိုးကား လာခေါ်တယ်။ သူ့အင်္ဂလိပ်စာမကောင်းဘူး ဝိုင်းကစပိန်လိုပြောတတျတယ်ဆိုတာနဲ့ စပိန်လိုချည်းပဲပြောတော့တယ်။ ဟာဗားနားရဲ့ အထင်ကရ‌နေရာတွေကို လိုက်ပြတယ်။ ဘားတိုင်း အမေရိကန်စာရေးဆရာ ဟဲမင်းဝေး ထိုင်ခဲ့ဖူးတာချည်းပဲ။ ကားကိုတနာရီပဲ ငှားထားတယ် ကြိုက်ရင်ထပ်ငှားမယ် စိတ်ကူးထားတာ ဝန်ဆောင်မှုမကောင်းတာနဲ့ ဆက်မငှားတော့ဘူး။ ဟိုတယ်နဲ့နီးတဲ့နေရာနားက စားသောက်ဆိုင်မှာ ချပေးပါလို့ပြောတော့ ‌နေရာတခုမှာခြပေးတယ်။ တိုးဂိုက်ရဲ့ ဝန်ဆောင်မှုမကောင်းတာနဲ့ ဆူနမ်တောင် တစ်ဖ်မပေးချင်ဘူး။ ဆိုင်ထဲဝင်ပြီး မီနူးကြည့်လိုက်တော့ ဘာမှမရှိလို့  ပြန်ထွက်လာကြတယ်။ စားသောက်ဆိုင်ကိုရှာရင်း မြေပုံကြည့်လိုက်တော့ ဘုရားရေ ... ဟိုတယ်နဲ့ တော်တော်ဝေးပါလား တနာရီလောက်တောင် လမ်းလျှောက်ရမယ်။

ဝိုင်းက တိုးဂိုက်ကို အင်္ဂလိပ်ရော၊ စပိန်လိုရော သေသေချာချာ နှစ်ခေါက်လောက်ပြောတာကိုတောင် လုပ်ချင်သလိုလုပ်တယ် ဝန်ဆောင်မှုအင်မတန်ညံ့တယ်။ မာလေကွမ်းလမ်းမရောက်တော့ စားသောက်ဆိုင်ရှာတာ မ‌တွေ့လို့ဟိုတယ်နားအထိ လမ်းလျှောက်ကြတယ်။ ဟိုတယ်နားက စားသောက်ဆိုင်မှာ သွားမစားချင်တော့ဘူး။ ကယ်ပီတယ်နားက စားသောက်ဆိုင်မှာစားကြတယ် စားလို့ကောင်းတယ်။ မေ ၈ ရက် ဗုဒ္ဓဟူးနေ့မနက် ၈ နာရီ လေဆိပ်ကိုသွားတယ်။ ချက်ကင်ဝင်တာ လိုင်းကအကြာကြီး စောင့်ရတယ်။ ရှေ့က ဂျာမနီပြန်မဲ့ရည်းစားကို လိုက်ပို့နေတဲ့ အမေရိကန်က ဗီယက်နမ်အလယ်ပိုင်းက Son Doong လိုဏ်ဂူကို ရောက်ဖူးတယ်။ အဲ့ဒီဂူက ကမ္ဘာပေါ်က မြေအောက်လိုဏ်ဂူတွေမှာ အကြီးဆုံး၊ လိုဏ်ဂူထဲမှာတင် eco system ရှိနေတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းမှ လိုက်နိုင်တဲ့လိုဏ်ဂူတိုးကို လိုက်နိုင်လို့ဝိုင်းက ချီးကျူးတယ်။ မြန်မာပြည်ကိုလည်း သွားလည်ချင်တယ် သာယာလှပတဲ့နိုင်ငံ။ မကြိုက်မှန်းတော့သိတယ် အနောက်ဖက်ခြမ်းက ပြသနာတွေဘယ်လိုလဲ ကြိုးစားဖြေရှင်းနေကြပါတယ်။ ချက်ကင်ဝင်ပြီးတော့ အမှတ်တရလက်ဆောင်ပစ္စည်းဝယ်ဖို့ လေဆိပ်ထဲကဆိုင်တွေမှာ လိုက်ကြည့်ကြတယ်။ ပို့စကဒ်တခု၊ ဇီးကွက်ရုပ်တခု ဝယ်လိုက်တယ်။ ဘေးလွယ်အိတ်ကြိုက်တဲ့ဝိုင်းက ကျူးဘားသားရေအိတ်၊ မက်ဂနက်၊ ဆူနမ်က ဆေးပြင်းလိပ်ရုပ်တွေဝယ်တယ်။ ပိုက်ဆံလဲတော့ အကြာကြီးတန်းစီစောင့်ရတယ်။ ကွန်မြူနစ်နိုင်ငံထုံးစံအတိုင်း အလုပ်လုပ်တာ ကြာတယ် အချိန်ဆွဲတယ်။ ဘာလို့ဒီလောက်ကြာနေမှန်း မသိတော့ဘူး။ သန့်ရှင်းရေးလုပ်နေတဲ့ မိန်းကလေးဆို ကိုယ်တို့စောင့်ကတည်းက သန့်ရှင်းရေးလုပ်နေတာ ကိုယ်တို့ပြီးတဲ့အထိ အဲ့ဒီမှန်ကလေးတချပ်ကို တိုက်နေတာ မပြီးတော့ဘူး။ ဝိုင်းပြောသလို ကျူးဘားတွေရဲ့ တွေးပုံခေါ်ပုံက တမျိုးပဲ။ ပိုက်ဆံလဲတော့ ယူရိုပေးပါဆိုတာကို အမေရိကန်ဒေါ်လာပဲ လဲပေးတယ်တဲ့။ ယူရိုလဲခထက် ပိုပေးရတာပေါ့။ ဒီတခါတော့ ပိုက်ဆံကို စစ်ယူတယ်။ ဝိုင်းနဲ့ကိုယ့်မှာ ကျန်နေတဲ့ ကျူးဘားပိုက်ဆံကို ဆူနမ်ကသူလဲတဲ့အခါ ယူလဲပေးတယ်။ ကျန်နေသေးတဲ့ ကျူးဘားပိုက်ဆံနဲ့ ပို့စကဒ်တခု ထပ်ဝယ်လိုက်တယ်။ ကျူးဘားပို့စကဒ်တခုကို ကိုယ့်ရုံးခန်းမှာ ချိတ်ထားပြီး တခုကိုတော့ ဂျမားကို လက်ဆောင်ပေးလိုက်တယ်။ ဂျမားလည်း ကျူးဘားသွားချင်စိတ်တွေ တဖွားဖွားပေါက်သွားတယ်။ ခရီးသွားချင်တဲ့ဗိုင်းရပ်စ်တွေ ဖြန့်လိုက်တယ်။ အင်တာနက်သုံးချင်တဲ့ဆူနမ်က တဒေါ်လာပေးပြီး အင်တာနက်ဝယ်သုံးတယ်။ ဟာဗားနားကနေ မီယာမီအပြန်မှာ Business class အဆင့်မြှင့်ပေးလိုက်တယ်။ ကိုယ့်တသက်မှာ ပထမဆုံးဘီးစစ်နပ်ကလပ် စီးဖူးခြင်းပဲ။ နားကြပ်လေးတွေပေးတော့ သိမ်းထားလိုက်တယ် နောက်သုံးဖို့။ ကိုယ့်အိုင်ဖုန်းနားကြပ်က အလုံးမဟုတ်တော့ ကွန်ပြူတာ၊ လေဆိပ်တွေမှာ သုံးလို့မရဘူး။ တချို့လေကြောင်းလိုင်းတွေမှာ နားကြပ်ကို အလကားမပေးဘူး ဝယ်ရတယ်။

ဝိုင်း လိုင်ဘရီကနေ ငှားလာတဲ့ ကျူးဘားစာအုပ်...ကိုယ်တို့ကတော့ အနုပညာလက်ရာမြောက်တဲ့
ဓာတ်ပုံတပုံရဖို့ အပင်ပန်းခံရတယ်ဆိုပြီး ဝိုင်းက ရှုထောင့်မျိုးစုံကနေရိုက်တဲ့ ကင်မရာမန်း၊
ကိုယ်က နေရာအနအေထား ပြောင်းလဲပေးတဲ့ art designer ၊
ဆူနမ်ကတော့ ကိုယ်တို့နှစ်‌ယောက်ကိုကြည့်ပြီး ပြုံးနေလေရဲ့...
ကျူးဘားကမ်း‌ခြေတွေ တကယ်လှတယ်...
ဗင်းတင့်ကားလေးနဲ့ လည်လည်ထွက်...
ဘာလဲ‌တော့ မသိဘူး ရိုက်လိုက်တာပဲ
လက်တင်အမေရိကသူရဲကောင်း ချေဂွေဗားရား...

ဂျမားပြောတာတော့ ကျူးဘားက အရင်တုန်းက ချမ်းသာကြွယ်ဝတဲ့နိုင်ငံ။ အမေရိကန်တွေ ကျူးဘားကိုသွားပြီး လောင်းကစားကြတယ် လပ်ဗီးဂပ်လိုပဲ ကွန်မြူနစ်နိုင်ငံဖြစ်ပြီးမှ ဆင်းရဲသွားတာ။ ကက်စထရိုမတိုင်ခင် အရင်သမ္မတက အမေရိကန်နဲ့ မဟာမိတ်တဲ့။ မီယာမီလေဆိပ်ရောက်တာနဲ့ ပီအေက ဖုန်းဝင်လာတယ် မနေ့ကတည်းက အလုပ်အော်ဖာပေးတာ အကြောင်းမပြန်လို့တဲ့။ အမလေး ... ပျော်လို့ ထတောင်ခုန်တယ်။ ဆူနမ်အကြံပေးတဲ့အတိုင်း Subway Sandwich တခုအကြီးကြီးမှာပြီး နှစ်ယောက်မျှစားကြတယ်။ ဆူနမ်က တနင်္ဂနွေနေ့မှ ဗာဂျီးနီးယားပြန် မှာမို့လို့ စနေနေ့မှာ ဘရွှတ်ကလင်းက ကိုနီအိုင်လန်ကို လိုက်ပို့တယ်။ မေရီလန်းက Ocean city နဲ့တူတယ်။ ကျူးဘားက သာယာလှပတဲ့ကမ်း‌ခြေတွေ မြင်ထားတော့ ကိုနီအိုင်လန်ကမ်းခြေက မလှဘူးဖြစ်နေတယ်။ တလတခါ ဗာဂျီးနီးယားကို သွားလည်တဲ့အကြောင်း၊ ချီကာဂို၊ ကော်လိုရာဒိုသွား တောလားပို့စ်တွေကို နောက်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၂၂၊ ၂၀၁၉ ။

ဟာဗားနားတက္ကသိုလ်
မာလေကွမ်းလမ်းမ ညနစောင်း ငါးမျှားနေသူများ
နေဝင်ချိန် တိမ်တောက်တဲ့အချိန်
ကျူးဘားက အနုပညာတွေ တကယ်လက်ရာမြောက်တယ်...နံရံပန်းချီ..
ဟိုတယ်ပေါ်ကနေ မြင်ရတဲ့ မာလေကွမ်းလမ်းမ...
ဟိုတယ်ရှေ့ မာလေကွမ်းလမ်းမပေါ်မှာ ချထားတဲ့ ဘလောက်တုံးနဲ့

1 comment:

JeePay said...

ကျူးဘားကို မီးကြိုက်တဲ့ ကိုရီးယားမင်းသားတွေသွားလည်တဲ့ရှိုးကြည့်ပီး အင်တာနက်လဲမရ . . ရန်ကုန်ထက်တောင် စုတ်သေးတယ်ဟလို့ခံစားမိပြီး သွားမလည်ချင်ဘဲဖြစ်သွားရော . . အဲ့ထဲမှာ သူတို့ကလဲ မလည်မ၀ယ်တွေဆိုတော့ လူလိမ်ကခံရသေးတာ . . ရောက်ဖို့လဲသိပ်မဖြစ်နိုင်ပေမယ့် ရောက်နိုင်ရင်သွားမယ့်ထဲက ဖယ်ထားပီ ဟီး