ကျူးဘားသွား တောလား - ၄


၂၀၁၉  မေ ၆ တနလာ်နေ့ မိချောင်းခြံ၊ အင်ဒီးယန်းရွာ၊ ပလရာလာဂါကမ်းခြေကနေ ဟာဗားနားကို စောစောပြန်ရောကျလို့ ညနေစောင်းမှာ ဟာဗားနားဟောင်းဖကျကို လမ်းလျှောက်ထွက်ကြတယ်။ မာလေကှမ်းလမ်းမအတိုင်းလျှောက်ပြီး ခံတပ်တွေ့တဲ့အခါ ညာဖက်ချိုး မြင်းရုပ်ကြီးစီးထားတဲ့ ရုပ်တုရှိတဲ့ အဝိုင်းနားမှာ ဓာတ်ပုံရိုက်တယ်။ ဘောလုံးကန်နေတဲ့ကောင်လေးတွေ၊ ပြေးနေတဲ့သူတွေ တွေ့တယ်။ လမ်းကူးတာ အတော်သတိထားရတယ် ဒေသခံတွေ လမ်းကူးတဲ့အခါမှ သူတို့နဲ့အတူလိုကျကူးကြတယ်။ အရင်တုန်းက အတော်ခမ်းနားခဲ့ပုံရတဲ့ အဆောက်အဦးဟောင်းတွေ တွေ့တယ်။ တိုင်းပြည်ဆင်းရဲတယ်ဆိုတာ မြင်လိုက်တာနဲ့သိတယ် ရန်ကုန်နဲ့အတော်တူတယ်။ အဆောက်အဦးတခုရှေ့မှာ လူတွေအုံခဲနေတာတွေ့လို့ ဝိုင်းကမေးကြည့်တော့ စပိန်သံရုံးတဲ့။ ဘာလို့လူတွေအုံခဲနေရတာလဲလို့ မေးကြည့်လိုက်ဆိုတော့ သူ့စပိန်စကားက အဲ့လောက်မရဘူးတဲ့။ ကယ်ပီတယ်အဆောက်အဦး၊ ခံတပ်တွေနဲ့ ဓာတ်ပုံရိုက်တယ်။ ဟိုအရင်တုန်းကကားတွေ တန်းစီရပ်ထားတာတွေ့တော့ ဓာတ်ပုံရိုက်တယ်။ မိုးရွာလာလို့ အပင်အောက်ဝင်ပြီး မိုးခိုကြတယ်။ မိုးနည်းနည်းစဲတော့မှ လာရာလမ်းအတိုင်း ပြန်ခဲ့ကြတယ်။ မေ ၇ အင်္ဂါနေ့ မနက် ၁၁ နာရီ ဟာဗားနားစကွဲမှာ လမ်းလျှောက်တိုးဘွတ်ထားတယ်။ မနေ့ကညနေ သွားလည်တုန်းက နေရာနားမှာပဲ။ ဒါတောင်ဟာဗားနားစကွဲကို မတွေ့လို့ လည်နေသေးတယ် မေးမြန်းယူရတယ်။ စကွဲကဖောင်တိန်မှာ လူတွေက အများကြီး တိုးဂိုက်က ဘယ်သူမှန်းမသိ။ ဟိုထွက်သွားတဲ့တယောက်က တိုးဂိုက်များလား ကိုယ်တို့မ‌တွေ့လိုက်တာလား။ ထွက်သွားတဲ့လူနောက်ပဲ လိုက်ရတော့မလို။ ၁၁ နာရီ စောင့်ကြည့်မယ် မ‌တွေ့ရင် ကိုယ့်ဘာသာတိုးရစ်ကြမယ်။ ဓာတ်ပုံထဲကနဲ့တူလို့သွားမေးကြည့်တော့ ဟုတ်တယ်။ နောက်ထပ်နှစ်ယောက် စောင့်ဦးမယ်တဲ့ တိုးဂိုက်နာမည်က ယန်း တရုတ်‌သွေးပါတယ်။ နောက်တော့ သြစတေးလစုံတွဲ ရောက်လာတယ်။ ဟာဗားနားမှာ ရှေးအကျဆုံးအိမ်၊ ပန်းချီပြခန်းတွေ ပြတယ်။ ဘုရားကျောင်းသမိုင်းကို ရှင်းပြတယ်။ ဘုရားကျောင်းရှေ့က မုတ်ဆိတ်မွှေးနဲ့ရုပ်ထုက ဟာဗားနားရဲ့အချစ်တော် အိမ်ခြေမဲ့လူတယောက်။ မုတ်ဆိတ်၊ ခြေထောက်၊ လက် တပြိုင်နက်တည်းကိုင်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့။ အဲ့ဒါကြောင့်မို့ အဲ့ဒီနေရာတွေက ဝင်းလက်နေတယ်။ ဟားဗားနားတက္ကသိုလ်မှာ ဂျွှန်ဟားဗတ်ရုပ်တုရဲ့ ‌ခြေထောက်ကိုကိုင်ရင် ကျောင်းဝင်ခွင့်ရတယ်လို့ ယုံကြည်ကြပြီး ကိုင်ကြလို့ ခြေထောက်နေရာလေးက ပြောင်လက်နေတယ်။

ဟာဗားနားရဲ့ ရေပေးဝေရေးစနစ်အကြောင်း ရှင်းပြတယ်။ ကျူးဘားမှာ ကျန်းမာရေးနဲ့ပညာရေးက အလကား။ အများအားဖြင့် အစိုရပိုင်ဆိုင်တွေ ပုဂ္ဂလိကဆိုင်တွေလည်း ရှိတယ်။ သေနတ်ဆိုင်ကို လိုကျပြတယ် ကျူးဘားမှာ အမေရိကန်လို တရားဝင်သေနတ်ကိုင်ခှင့် မရှိဘူး။ ဘာဖြစ်လို့ သေနတ်ဆိုင်ရှိလဲဆိုတာ ရှင်းပြ‌ပေမဲ့ မေ့သွားပြီ။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ဝန်ကြီး ဘေးနားကနေ ဖြတ်သွားလို့ သူကဘယ်သူ၊ ဘာတွေလုပ်တယ်ဆိုတာ ရှင်းပြတယ်။ ခွေးတွေမှာ နာမည်ကဒ်လေးတွေ ချိတ်ဆွဲထားတယ်။ ဘယ်သူဘယ်ဝါ၊ ဘယ်အရပ်အပိုင်၊ ဘာကာကွယ်ဆေးတွေ ထိုထားတယ်ဆိုတာပါတယ် အိုင်ဒီကဒ်ဆိုပါတော့။ အမေရိကန်စာရေးဆရာ ဟဲမင်းဝေးဟာ ကျူးဘားမှာ အတော်ကြာကြာ နေခဲ့တယ်။ ဟဲမင်းဝေးထိုင်ခဲ့ဖူးတဲ့ ဆိုင်ချည်းပဲ သူမထိုင်ဘူးတဲ့ဆိုင် မရှိဘူးနဲ့တူတယ်။ ရာသီဥတု အတော်ပူလို့ ရေကိုတငုံစီ သောက်ရတယ်။ ဆူနမ်က ကျူးဘားရိုရာ အကြော်မုန့်သားရေစာဝယ်စားတယ်။ သြစတေးလျစုံတွဲမှာ မိန်းမက တိုးဂိုက်နားကပ်နားထောင်တယ်။ ယောက်ျားက ကင်မရာသုံးလုံးနဲ့အလုပ်များ တိုးဂိုက်နောက် ပြေးလိုက်ရတယ်။ ကိုယ်တွေ့ဖူးတဲ့ ယောက်ျားထဲမှာ ကင်မရာအများဆုံး၊ ကင်မရာအရိုက်ဆုံးသူပဲ။ ဝိုင်းနဲ့ဆူနမ်တို့ကလည်း ထောက်ခံတယ်။ သုံးနာရီလမ်းလျှောက်တိုးနဲ့တင် ဟာဗားနားအကြောင်း အတော်စုံစုံလင် သိလိုက်ရတယ်။ ညဏ်စမ်းမေးခွန်းလေးတွေမေးတယ် မှန်ရင်အဖြေမှန်နဲ့နီးစပ်ရင် အကြွေစေ့လေးတွေပေးတယ်။စပိန်သံရုံးရှေ့မှာ ဘာလို့လူတအားများတာလဲလို့မေးတော့ စပိန်ကိုသွားချင်ကြလို့တဲ့။ စပိန်သွေးပါရင် စပိန်နိုင်ငံသားလျှောက်လို့ရတယ်။ စပိန်စကားပြောတာပဲဆိုတော့ ဘာသာစကားအခက်အခဲ မရှိတော့ဘူး။ တိုးဂိုက်အဘွားက စပိန်ပေမဲ့ အဘိုးက တခြားသွေးနှောလို့ စပိန်နိုင်ငံသားလျှောက်လို့ မရဘူးတဲ့။ တိုးဂိုက်ကို တစ်ဖ်ပေးတဲ့အခါ ဆူနမ်က ကိုယ်တို့နှစ်ယောက်ထက် ပိုပေးတယ်။ တိုးဂိုက်ညွှန်တဲ့ဆိုင်မှာ နေ့လည်စာစားတာ အတော်ကောင်းတယ်။ လီမွန်၊ မာလကာဖျော်ရည် အတော်လက်ဆတ်တယ်။ ဗင်းတင့်ကား စီးတီးတိုးအကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၁၉ ။

ဗင်းတေ့စ်ကားတွေနဲ့
ဟာဗားနားစကွဲက ခြင်္သေ့ရုပ်
ဟာဗားနားစကွဲ
ဟာဗားနားရှေးအကျဆုံးအိမ်တွေ
ဟာဗားနားမြို့သားတွေ ချစ်ကြတဲ့ အိမ်ခြေမဲ့သမား..
သူ့မုတ်ဆိတ်၊ လက်၊ ခြေထောက်ကိုကိုင်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့
ဘုရားရှိခိုးကျောင်း
ဟိုတယ်
လမ်းမနံရံပေါ်က ပန်းချီတွေ...ပန်းချီတွေ လက်ရာအတော်မြောက်တယ်...

၃ နာရီ ဟာဗားနား လမ်းလျှောက်တိုး ...ဘယ်ဖက်အစွန်က သြစတေးလျစုံတွဲ၊ ညာဖက်အစွန်စုံးက တိုးဂိုက်

No comments: