ဆူနမ်က မြန်မာစာစားဖူးချင်တာ ကိုယ်က ဘရွှတ်ကလင်းက မြန်မာဆိုင်မှာ တခါမှမစားဖူးဘူး။ တနင်္ဂနွေနေ့ အိုင်အိုဝါပြည်နယ်က ပုံ့ပုံ့ နယူးယောက်လာမယ်။ ကိုယ်တို့မြန်မာဆိုင်မှာ သွားစားမှာမဟုတ်ဘူး အဲ့ဒါကိုဆူနမ်က အံ့သြလို့တဲ့။ ဝိုင်းကလည်း သူ့ဗီယက်နမ်သူငယ်ချင်းလာရင် ဗီယက်နမ်ဆိုင်မှာ သွားမစားဘူးတဲ့။ မြန်မာအစားအစာတွေ နေ့တိုင်းစားနေတာ တခြားအစားအစာတွေ စားမှာပေါ့ မဟုတ်ဘူးလား။ ကိုယ်အိမ်နဲ့ သုံးဘူတာအဝေးမှာ မြန်မာဆိုင်အသစ်ဖွင့်တယ်။ စားကောင်းတယ်လို့ပြောကြတာနဲ့ ဆူနမ်လာရင် သွားစားမယ်လို့ စိတ်ကူးထားတယ်။ ဆူနမ်က ဆောင်းတွင်းဆို ဟိုက်ပါနိတ်မုဒ် ဘယ်မှမသွားချင်ဘူး အိမ်မှာပဲနေချင်တာတဲ့။ ကျေးဇူးတော်ပိတ်ရက်ကျရင် နယူးယောက် လာဖြစ်မလား မသိဘူးလို့တော့ ဝိုင်းကိုပြောနေတယ်။ ဆူနမ်က ဂျက်ဆင်ဟိုက်နီပေါဆိုင်မှာ မှာထားတယ် ကိုယ်ကရုံးကအပြန် ဝင်ယူတယ်။ နယူးယောက်မှာ ဆူနမ်က နီပေါစာပဲစားတယ်။ တခြားအစားအစာ မစားဘူး ဝိုင်းက အံ့သြလို့။ တနင်္ဂနွေနေ့မနက်စာကို နီပေါဆိုင်မှာစားပြီး ဘတ်စ်ကားဂိတ် လိုက်ပို့တယ်။ ဝိုင်းက ဆူနမ့်ကို လာတွေ့တယ်။ ပြီးတာနဲ့ ဂရမ်းစင်ထရမ်ဆီ လမ်းလျှောက်ပြီး ပုံပုံ့ကို သွားကြိုတယ်။ အဲ့ဒီနေ့က မိုးတွရွာနေတာနဲ့ ဘယ်မှမသွားတော့ဘဲ အိမ်ကိုတန်းပြန်ကြတယ်။ တရုတ်ဆိုင်မှာ စေ◌ျးဝင်ဝယ်ပြီး ဧည့်သည်ပုံ့ပုံ့က အိမ်ရှင်ကိုယ့်ကို ဖွယ်ဖွယ်ရာရာ ချက်ကျွှေးတယ်။ နောက်နေ့ ယူအန်ကိုသွားလည်တယ် ယူအန်မှာလုပ်နေတဲ့ ပုံ့ပုံ့အစ်မသူငယ်ချင်းက လိုက်ပြတယ်။ ပုံ့ပုံ့နဲ့ကိုယ့်ကို တူတယ်ညီအစ်မလားလို့ မေးကြပြောကြတာ လေးယောက်ရှိပြီ။ ယူအန်ရောက်မှတော့ ဦးသန့်နဲ့ ဓာတ်ပုံမရိုက်ဘဲ ဘယ်နေပါ့မလဲ။ မကြီးလာတုန်းက ယူအန်တိုးနဲ့သွားလည်ဖူးတယ်။ ကိုယ်က ယူအန်ကို ဒုတိယအကြိမ်မြောက်ရောက်တာ။ ရှေ့နှစ် အဖေတို့လာလည်ရင် ယူအန်လိုက်ပို့ဦးမယ်။ နောက်နေ့ Met လို့အတိုကောက်ခေါ်ကြတဲ့ မက်ထရိုပိုလစ်တန်ပြတိုက်ကို သွားလည်ကြတယ်။ ဝင်ကြေးက ၂၅ ကျပ် နယူးယောက်သားတွေဆို အလကား။ မနက်ပြတိုက်ဖွင်င့်တဲ့အချိန်ကနေ ညနေပြတိုက်ပိတ်တဲ့အထိ နေ့လည်စာဆန်းဒွတ်လေးပဲစားပြီး တနေကုန်ကြည့်တာတောင် ဂရိနဲ့ဗုဒ္ဓ နှစ်ခန်းပဲပြီးတယ်။ အတော်ကောင်းတဲ့ပြတိုက် ဆောင်းတွင်းရောက်ရင် ထပ်သွားဦးမယ်။ အဲ့ဒီပြတိုက်မှာ နာမည်ကြီးမင်းသားမင်းသမီးတွေ ထူးခြားဆန်းပြား အဝတ်အစားတွေဝတ်ပြီး ပွဲတက်ကြတဲ့ Met Gala ဆိုတာနာမည်ကြီးပဲ။ ပုံ့ပုံ့နယူးယောက်မှာရှိနေတုန်း ကိုရီးယားဆိုင်၊ တရုတ်ဆိုင်မှာ သွားစားတယ်။ မြန်မာဆိုင်မှာ သွားမစားဘူးဆိုတာကို ဆူနမ်က အံ့တွေ◌ြသလို့။ ကိုယ်တို့ကလည်း နယူးယောက်မှာရှိနေတုန်း ဆူနမ် နီပေါစာပဲစားတာကို အံ့တွှေ◌ြသလို့။
Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၂၈၊ ၂၀၁၉ ။
ကိုနီအိုင်လန် ကျူးဘားကမ်းခြေတွေလို မလှဘူး |
ပန်းလေးတွေမြင်တိုင်း ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဘူး |
ကိုနီအိုင်လန်ဟာ မေရီလန်းပြည်နယ် အိုရှင်းစီးတီးနဲ့တူတယ် |
တိမ်အုပ် နေရောင်ပျောက် လေတိုက်တာနဲ့ အေးတော့တာပဲ |
စင်ယော်ငှက်တွေက အကြီးကြီးပဲ |
ကိုယ်တို့နှစ်ယောက်ကို ရုပ်ဆင်တယ် ညီအစ်မလားလို့မေးတာ လေးယောက်ရှိပြီ |
ယူအန်ရောက်မှတော့ ဦးသန့်နဲ့မရိုက်ဘဲ ဘယ်နေပါ့မလဲ |
လိုက်ပို့ပေးတဲ့ အစ်မကြီးနဲ့ |
အစည်းအဝေးခန်းမ |
တပတ်တခါ တနာရီ ကြားရက်တွေမှာ အားရင်အားသလို ဖုန်းပြောကြတယ် |
ချယ်ရီပင်တွေနဲ့ |
No comments:
Post a Comment