အန်တာမေရာသွား တောလား ...

မေ ၁၈ ရက်နေ့စ‌နေ့မှာ ဂျွှန်လမ်း‌လျှောက်အဖွဲ့နဲ့ နယူးယောက် အပ်စတတိတ်ဖက်က အန်တာမေရာပန်းခြံကို ဟိုက်ကင်းထွက်ခဲ့ပါတယ်။ ဝိုင်းက ရောက်ဖူးတယ် သာယာလှပတဲ့နေရာလေးပဲတဲ့။ ဂျွှန်လမ်းညွန်ချက်အတိုင်း ၁ ရထားအဆုံးစီး ဘတ်စ်ကားဂိတ်ဆုံးစီးမလို့ကို ၁ ရထားက လမ်းပြင်နေလို့ ဂိတ်ဆုံးအထိ မ‌ပြေးဘူး။ ဘူတာတခုကနေ ရှယ်တယ်ဘတ်စ် ဆွဲပေးတယ်။ ဘတ်စ်ကားနဲ့ဆိုရင် ဘယ်လိုမှမမှီနိုင်တော့လို့ အူဘာငှားစီးတယ်။ အူဘာခ ၃၀ ကျော်တောင် ပေးရလို့ ဝိုင်းက ရင်ထုမနာ။ အဲဒါ တို့တွေ သေချာမပြင်ဆင်လို့ ဂရမ်းစင်ထရယ်ကနေ ရထားစီးရင် ၁၀ တောင် မကျဘူး။ နောက်ဆို ဘာမဆိုပြင်ဆင်ရမယ် သင်ခန်းစာယူရမယ်။ ဂျွှန်က နေ့လည် ၁၂ နာရီဆိုပေမဲ့ ၁၂ နာရီခွဲအထိ စောင့်ပေးလို့ တော်သေးတယ်။ ကိုယ်တို့ရောက်တာနဲ့ စထွက်တော့တာပဲ မှီရုံလေးပဲ။ ဂျွှန်နဲ့ မာရီယာက မလာတာနှစ်ချီနေတဲ့ ကိုယ်တို့ကို မှတ်မိတယ်။ waiting list ထဲပေမဲ့ အချိန်မ‌‌ရွေး ဝဲကမ်းပဲတဲ့ ကိုယ်တို့ကို ကြိတ်မှာထားတယ်။ လမ်းလျှောက်အဖွဲ့မှာ ကိုယ်တို့နှစ်ယောက်က အငယ်ဆုံး အများစုက အငြိမ်းစားတွေ။ ဂျွှန်က ထုံးစံအတိုင်း သိမှတ်ဖွယ်ရာတွေ သမိုင်းကြောင်းတွေ ရှင်းပြတယ်။ အဲဒါ‌တွေတော့ မမှတ်မိတော့ဘူး ဓာတ်ပုံရိုက်ရဖို့က အဓိကမဟုတ်လား။ အန်တာမရောပန်းခြံရောက်တော့ နေ့လည်စာစားကြတယ်။ လွန်ခဲ့တဲ့နှစ်နှစ် ဝိုင်းလာတုန်းက ရေတံခွန်မရှိသေးဘူး။ အတော်ပြောင်းလဲသွားတယ် ပိုလှသွားတယ်။ ဆယ်လ်ဖီရိုက်ပြီး ဆူနမ့်ဆီ ပို့လိုက်တယ် ဘာတွေလုပ်နေလဲမေးတော့ အိမ်မှာ တီဗွီကြည့်နေတယ်တဲ့။ ဝိုင်းက ဖေ့ဘွတ်မှာ ကိုယ်ဘယ်လိုဓာတ်ပုံ‌တွေ တင်တာလဲလို့မေးတယ်။ ကိုယ်က အယ်လ်ဘမ်တခု အရင်ဖွဲ့ပြီးမှ ဓာတ်ပုံတွေတင်တာ။ သူလည်း အဲ့လိုတင်တာပဲ ကိုယ့်လိုမဖြစ်ဘူးတဲ့။ စမ်းသပ်ကြတာ နောက်ဆုံးတော့ အယ်လ်ဘမ်အသစ်ဆောက်ပြီး ဓာတ်ပုံတွေကို တပုံချင်းစီမတင်ဘဲ တခါတည်းစုပြုံတင်တာကမှ သူလိုချင်တာမှန်း သိသွားတယ်။ ပန်းခြံတပတ်ပြန်ပြီးတော့ ရထားစီးမဲ့သူ၊ ကားစီးမဲ့သူတွေ အသီးသီးပြန်ကြတော့ ကိုယ်တို့က ရထားစီးမဲ့အဖွဲ့။ ဝိုင်းက ဒီလောက်အဝေးကြီးလာပြီး ဓာတ်ပုံစိတ်ကြိုက်မရိုက်ရသေးလို့ ပြန်ရိုက်ဦးမယ်တဲ့။ ကိုယ်ကနေသိပ်မကောင်း လှုပ်လီလှုပ်လဲ့ပေမဲ့ သူသွားချင်တယ်ဆိုတော့လည်း လိုက်ရတာပေါ့ ကျန်နေခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။ တောင်စောင်းမတ်မတ်ကြီးကိုတက်ရတာ မောလွန်းလို့ ခဏခဏနား ကိုယ်ဆိုစကားတောင် မ‌ပြောနိုင်ဘူး။ ဝိုင်းက အသက်တနှစ်ကြီးလာတာနဲ့ ကြံ့ခိုင်မှုတွေကျလာတာ ကိုယ်တွေ့ပဲတဲ့။ ဓာတ်ပုံရိုက်ပြီးတော့ ရထားဆီကိုသွားတဲ့ တောလမ်းလေးက သစ်ပင်ရိပ်တွေနဲ့ စိမ်းစိုနေတာပဲ။ လေကလည်း သန့်ရှင်းတယ်။ ရထားဆီကို ၁၅ မိနစ်တောင် မ‌လျှောက်ရဘူး။ ရထားပေါ်မှာ ဓာတ်ပုံတွေဖလှယ်ရင်း၊ အိပ်ငိုက်ရင်းနဲ့ တနေ့တာကုနfပြန်ပြီ။ ၂၀၁၉  ခုနှစ်ရဲ့ ပထမဆုံးဟိုကင်းထွက်ခြင်း။

Happy Hiking !
စန်းထွန်း
အောက်တိုဘာ ၂ ၊ ၂၀၁၉ ။

ဆံပင်တွေကျွှတ်လွန်းလို့ ခပ်တိုတိုလေး ညှပ်လိုက်တယ်...
ဆိုင်က လေမှုတ်ပေးလိုက်တုန်းကတော့ အဟုတ်သား
နောက်နေ့ကျတော့ ကြွက်စုတ်ပုံစံ ဖြစ်နေတယ်..
Before & After ဓာတ်ပုံကြည့်ပြီး ရယ်လိုက်ရတာ...
အဲ့ဒီရေတံခွန်လေးက လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မရှိသေးဘူး
ဟမ်မလေး မတ်မတ်ကြီးကို ဟိုက်‌နေအောင် တက်ရတယ်
ကိုယ်တို့နှစ်ယောက် ဓာတ်ပုံတွေရိုက်ပြီး ဘယ်သူပုံက ပိုလှတယ်ဆိုပြီး
တယောက်ဆီက‌နေတ‌ယောက် သင်ယူကြတယ်
ဆူနမ်ဆီပို့ဖို့ နှစ်ယောက်ပုံ ... ဝိုင်းက ပန်းဆီရောင်ကြိုက်တယ် ဓာတ်ပုံထဲမှာ ပေါ်လို့တဲ့ ... ပန်းဆီရောင်မမ

No comments: