မေ ၁၉ တနင်္ဂနွေနေ့ ညနေစောင်းမှာ ၁၁ လမ်းမကြီးနဲ့ ၃၃ လမ်းထောင့်မှာ အသစ်ဖွင့်လိုက်တဲ့ Hudson Yards Vessel ဟတ်ဆန်ရပ်မှာ ဓာတ်ပုံသွားရိုက်ကြတယ်။ ကြိတ်ကြိတ်တိုးစည်းကားတယ် ခေတ်မှီသူတိုင်း ဟတ်ဆန်ရပ်ရောက်ကြသည်။ ဒီဇိုင်းကမိုက်တယ် လေဆင်နှာမောင်းလေပွေနဲ့တူတယ်။ အပေါ်တက်ဖို့ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီး။ ဝင်ကြေးအခမဲ့ အွန်လိုင်းကနေ ဘွတ်ရတယ်။ တစ်ရက်တော့ တက်ကြည့်မယ် စိတ်ကူးနေတာ ဝိုင်းက မတက်ချင်ဘူးတဲ့။ သစ်ပင်ပန်းမာန်တွေနဲ့ ဓာတ်ပုံရိုက်ချင်ပေမဲ့ အဆောက်အဥ◌ီးနဲ့ တော့ ဓာတ်ပုံမရိုက်ချင်ဘူးတဲ့။ ပြီးတော့ ကာနယ်ဂျီဟောဆီ လမ်းလျှောက်ကြတယ်။ စန္ဒရားဖျော်ဖြေပွဲက နားထောင်လို့ တကယ်ကောင်းတယ်။ ငယ်ငယ်လေးနဲ့ တော်လိုက်ကြတာ အားကျတယ်။ မေ ၃၁ သောကြနေ့ညက မောင်မောင် မက်ဆင်ဂျာကနေ ဗွီဒီယိုကော်ခေါ်တယ် မြဝတီမှာတဲ့။ တူတော်မောင်က ကြီးလာလို့ ကျောင်းတက်ရမှာ ပျင်းလာတယ်တဲ့။ အဲ့ဒါမောင်မောင်နဲ့ နောက်ဆုံးစကားပြောလိုက်တာပဲ။ ဟုတ်ကဲ့အစ်မ အဲ့ဒါဆို ဒါပဲနော် ဖုန်းချလိုက်တော့မယ်ဆိုတဲ့ အသံလေးကို နားထဲကြားနေတုန်းပဲ။ ဇွန် ၂ စနေနေ့မနက် ဂရမ်းစင်ထရယ်ကနေ နယူးယောက်ဘော်တနစ်ဂါးဒင်းကို ရထားစီးသွားတယ်။ စနေနေ့မနက် ၉ နာရီကနေ ၁၁ မထိ ဝင်ကြေးအခမဲ့။ ဒီတော့ ဝင်ကြေးမပေးရအောင် ၁၁ မထိုးခင် အရောက်သွားကြတယ်။ ဇွန်လအစောပိုင်းက နှင်းဆီတွေပွင့်တဲ့အချိန် ဘော်တနစ်ဂါးဒင်းနှင်းဆီခင်းထဲက နှင်းဆီပန်းတွေ တအားလှလို့ ဓာတ်ပုံရိုက်လို့ အင်မတန်ကောင်းတယ်။ ဝတ်ထားတဲ့ဂါဝန်လေးကတော့ မကြီးဝယ်ပေးခဲ့တာ နှစ်နှစ်ရှိပြီ။ ဒီနှစ်နွေရာသီ အင်္ကီျရှင်းလို့ တွေ့တော့မှ ဝတ်ဥ◌ီးမှပါပဲ။ အဲ့ဒီဂါဝန်လေးကိုကြိုက်တယ် ဘာလို့စောစောက မဝတ်မိပါလိမ့်။
Happy Traveling !
စန်းထွန်း
အောက်တိုဘာ ၉၊ ၂၀၁၉။
 |
ဟက်ဆန်ရပ် Hudson Yard Vessel |
 |
လေဆင်နှာမောင်းလေပွေနဲ့တူတယ် |
 |
ကာနဂျီဟောက စန္ဒယားဖျော်ဖြပွဲ |
 |
နယူးယောက်ဘော်တနစ်ကယ်ဂါးဒင်း |
 |
ဇာရာဂါဝန်လေးကို ကြိုက်တယ် မကြီးဝယ်ပေးခဲ့တာ နှစ်နှစ်ရှိပြီ ဘာလို့မဝတ်မိပါလိမ့် |
No comments:
Post a Comment