Bronx River Pathway - 2 …

 ၂၀၂၁ နိုဝင်ဘာ ၂၁ တနင်္ဂနွေနေ့ နယူးယောက်ပြည်နယ် Upstate ဖက်က Bronx River Pathway ထရေးလမ်းမအတိုင်း ဒုတိယပိုင်းအဖြစ် Hartsdale ကနေ Kensico Reservior အထိ ၉ မိုင် လမ်းလျှောက်ဖြစ်တယ်။ အင်မတန်လှတယ် ဝိုင်း ဓာတ်ပုံဆရာ မြင်သမျှရိုက်တယ် သူ့ဘာသာရိုက်ပြီး သူ့ဘာသာ သဘောကျ။ ကိုယ်က လမ်းကြောင်းမှန်မမှန် ဂူဂယ်မတ်မှာရှာ စကားတွေပြော ဝိုင်းကနားထောင်သမား။ စကားပြောလိုက် မောရင်နားလိုက် မုန့်စားလိုက်နဲ့ ဟိုက်ကင်းထွက်နေရရင်ကို ပျော်နေတာ။ ထရေးလမ်းအသစ် ဟိုက်ကင်းထွက်ရင် ရှာဖွေရ စူးစမ်းရနဲ့ အမြဲတမ်းတက်ကြွလန်းဆန်းနေတယ်။ ခရစ်စမတ်မတိုင်ခင်ကနေ နယူးရီးယားအထိ ခွင့် ၂ ပတ်ယူပေမဲ့လည်း တိုးဂိုက်၊ ဗော်လန်တီယာအလုပ်နဲ့ ဘီးစီး။ ပို့စ်အသစ်တွေလည်း မတင်နိုင် ခုရုံးတက်မှပဲ နားရတော့တယ် ဟမ်…။  ဓာတ်ပုံတွေကတော့ လာမယ် ကြာမယ် ခင်ည။


Happy Hiking!
စန်းထွန်း
ဇန်နဝါရီ ၃၊ ၂၀၂၂။

1 comment:

Anonymous said...

Beautiful pictures!
Love them all.
Ma Ma Iora