နယူးအော်လင်းသွား တောလား - ၁

ပန်းချီကားတွေ မြင်ရတာ စိတ်နှလုံး ငြိမ်းချမ်းစေတယ်

၂၀၁၃ ဇန်နဝါရီ ၁ ရက်နေ့ တောင်ပိုင်းက လူဝီဇီယားနားပြည်နယ် နယူးအော်လင်းမြို့ကို သွားလည်ဖြစ်တယ်။ ပြင်သစ်ကိုလိုနီ ဥရောပပုံစံမြို့လေး၊ jazz music ၊ Mardi Gras ပွဲတော်၊ အစားအသောက်လက်ရာကောင်းတွေကြောင့် တစ်နှစ်ကို တိုးရစ် သန်း ၂၀ ကျော် လာကြတဲ့မြို့လေး။ ကက်ထရစ်နာမုန်တိုင်း အကြီးအကျယ်ခံခဲ့ရတဲ့မြို့လေး။ နာဂစ်မုန်တိုင်း ခံစားဖူးလို့ ကိုယ်ချင်းစာ နားလည်ပါတယ်။ သက်သာတဲ့လေယာဥ်ကို အမြဲရှာဖွေနေတဲ့ဝိုင်းက တွေ့ပြီဆိုတာနဲ့ သွားမလားမေးတာနဲ့ ရက်စ်ပဲ။ တိုးတွေလိုက်ရှာ ဟိုတယ်တွေဘွတ်နဲ့ တပတ်အတွင်းအကုန်အပြီးဘွတ်။ ကြည့်တုန်းကထက် ဟိုတယ်ခက ၂၀ ကျော်တက်သွားလို့ ရင်ထုမနာ ဖြစ်လိုက်ကြသေးတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ သွားမလို့ဟာ လေယာဥ်ခက စျေးမတက်ပေမဲ့ ဟိုတယ်ခက နယူးရီယားကြောင့် တည ၃၀၀ ကျော်ဖြစ်တော့ ဇန်နဝါရီ ၁ ရက်နေ့မှပဲ သွားဖြစ်တော့တယ်။ မနက် ၆ နာရီ အိမ်နားက ဂျက်ဆင်ဟိုက်မှာ လာဂွါရီယာလေဆိပ်ကို ဘတ်စ်ကားစီး။ နယူးရီးယားမို့လို့ ဘတ်စ်ကားခက ဖရီး။ နယူးယောက်မှာ ချမ်းနေတုန်း နယူးအော်လင်းမှာပူတယ်။ ၂၀၂၂ အောက်တိုဘာ အော်ရီဂွန်ပြည်နယ်သွားတုန်းကလည် ပူနေတယ်လို့ပြပေမဲ့ တောတောင်ထဲမှာ ချမ်းလိုက်တာ။ ဘယ်သွားသွား မိုးကာဂျက်ကဒ်အပါးလေးတော့ ဆောင်ထားမှ။ တောင်ပိုင်းဆိုတော့ မြေကပြန့်ပြူး ရာသီဥတုက စွတ်စိုထိုင်းမှိုင်း ပူတယ်။ တက္ကစီသမားက အိန္ဒိယသားလေး သူ့မိန်းမက ဂျမေကာအဆက်အနွှယ် နယူးယောက်သူ။ သူ့မိဘတွေ လာလည်တုန်းက အကြောင်းတွေပြောပြတယ်။ မြို့က ပင်လယ်ရေအောက် ၂၅ ပေနိမ့်တော့ မိုးရွာတာနဲ့ ရေတွေကို ပိုက်လုံးအကြီးကြီးတွေနဲ့ ပင်လယ်ထဲထုတ်ရတယ်။ ကက်ထရီနာမုန်တိုင်းတုန်းက အကြောင်းတွေ ပြောပြတယ်။ အားကစားရုံအကြီးကြီး ၂ ခုက အားကစားဝါသနာပါတဲ့မြို့မှန်း သိသာစေတယ်။

ဟိုတယ်ကို ချက်ကင်ဝင်ပြီး အာရှစားသောက်ဆိုင်ရှာပြီး မေးကြည့်တော့ နာရီဝက်စောင့်ရမယ်တဲ့။ အနီးအနားက ပန်းချီပြခန်းဝင်ပြီး ဝင်ကြည့်ပြီး အချိန်ဖြုန်းတယ်။ ပန်းချီကားတွေမြင်ရတာ စိတ်ချမ်းသာတယ်။ မြို့တော်ခန်းမနား တိုးရစ်အုပ်စုတွေ့လို့ မေးကြည့်တော့ ghost tour တဲ့။ ကိုယ်က တခါလောက်တော့ လိုက်ကြည့်ချင်တယ်။ အချိန်နဲ့ရက်ကို တွက်ကြည့်လိုက်တော့ ဒီနေ့မှမသွားရင် နောက်နေ့သွားဖို့အချိန်မရှိဘူး။ ည ၈ နာရီတိုးဘွတ်လိုက်တယ်။ တရုတ်ဆိုင်က xiao long bao လို့ခေါ်တဲ့ အထဲမှာ soup ပါတဲ့ ပေါက်စီအသေးလေး အတော်စားကောင်းတယ်။ နယူးယောက်က နာမည်ကြီး ဂျိုးရှန်ဟိုင်းဆိုင်ကထက် အများကြီးစားကောင်းတယ်။ စားပွဲထိုးတရုတ်ကောင်လေးက ဘယ်ကလာတာလဲ၊ ဘယ်လူမျိုးတွေလဲလို့ စပ်စုတယ်။ မြို့ထဲအထိ လျှောက်သွားပြီး ဟိုတယ်ပြန်နားတယ်။ ည ၇ နာရီလောက် ဟိုတယ်ကနေ ထွက်လာပြီး စုရပ်မှာစောင့်တယ်။ သရဲတိုးသွားတဲ့လူတွေ အများကြီ နာမည်ကြီးလူသတ်မှုတွေ၊ ဗူးဒူးအကြောင်းတွေ ပြောပြတယ်။ ကြောက်စရာကြီး ဝိုင်းကတော့ လုံးဝမကြိုက်။ ကိုယ်ကတော့ သရဲတိုးသွားဖူးသွားပြီး နောက်တခေါက် မသွားချင်တော့ဘူး။ ၂၀၂၃ ဇန်နဝါရီ ၂ ရက် တိုးက နေ့လည် ၁၁ နာရီမှ ဟိုတယ်ကနေ မနက် ၇ နာရီလောက် ထွက်လာပြီး နယူးအော်လင်းရဲ့ အမှတ်အသား စိန့်ပက်ထရစ်ဘုရားရှိခိုးကျောင်းနဲ့ ဓာတ်ပုံရိုက်၊ ဘုရားကျောင်းထဲဝင်ကြည့်။ ရာသီဥတုက မိုးအုံ့နေပြီး မစ်စစ်စပီမြစ်ကမ်းတလျှောက်မှာ မြူမှုန်ဆိုင်းနေတယ်။ နာမည်ကြီး Cafe Du Monde ဆိုင်မှာ ကော်ဖီနဲ့မုန့်စားတယ်။ မုန့်က အင်မတန်စားကောင်းတယ်။ ရှေ့မှာ ဂျက်ဇ်သီချင်းတွေ တီးနေတာ နားညည်းလို့ ခေါင်းကိုက်တယ်။ မနေ့ကလည်း လမ်းမကြီးတလျှောက် သီချင်းသံတွေနဲ့ ဆူညံနေတာ ခေါင်းကွဲမတတ်ပဲ။

လုပက်စ်သမားတွေက အသံမခံနိုင်ဘူး။ ဟိုရေချိုးခန်းထဲက ရေတစက်စက်ကျနေတာကို အိပ်ခန်းထဲကနေ ခေါင်းကိုက်တာ။ အရင်ကတည်းက ဆူညံသံတွေမကြိုက် ခုလုပက်စ်ဖြစ်တော့ ပိုဆိုး။ အသက်ကြီးလာတာနဲ့ တိတ်တိတ်ဆိတ်ဆိတ် နားအေးပါးအေးပဲ နေချင်တော့တယ်။ နေ့လည် Plantation ကိုသွားလည်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲတင်ပါတော့မယ်။ နယူးအော်လင်းရောက်တော့ မမအိုင်အိုရာကို သတိရမိသား။ ဒီနားနေတယ်လို့ ထင်တာပဲ။

စန်းထွန်း

Happy Travelling!

ဇူလှိုင် ၁၅၊ ၂၀၂၃။


ကိုယ်ဘွတ်ခဲ့တဲ့ Ghost Tour

https://witchesbrewtours.com/haunted-ghost-tours-new-orleans/

လူတွေစည်ကား သီချင်းသံလေးတွေ ထွက်လာနေတော့ ရိုက်လိုက်တာပဲ..
နယူးအော်လင်းရဲ့ St. Paul Church
အေဗရာဟမ်လင်ကွန်း ထင်နေတာ Andrew Jackson တဲ့
တက်နက်စီပြည်နယ် ဂရိတ်စမုတ်ကီတောင်တန်းမှာ မြင်းစီးခဲ့ပေမဲ့ ဒီလိုအတွဲလိုက်ကြီးတော့ မစီးချင်ဘူး
ဆွဲရတဲ့မြင်းတွေကို သနားလို့
နာမည်ကျော် Cafe Du Monde က ကော်ဖီနဲ့ Beignets..တပွဲမှာရင် သုံးခုပါတယ်..နူးညံ့တဲ့ ဒိုးနတ်မုန့်..
ငါးပိသံနဲ့ ကဖေးဒူမွန်လို့ အသံထွက်နေတာကို ပြင်သစ်စကား ကျွှမ်းကျင်စွာပြောတတ်တဲ့ ဝိုင်းက ဘာပြောနေတာပါလိမ့်လို့ တွေးနေတာတဲ့...ပြင်သစ်စကားလုံးတွေကို အမေရိကန်အသံထွက်နဲ့ ထွက်နေတာ သိပ်ရယ်ရတာပဲတဲ့..
စိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်း..လှပခမ်းနားတယ်...ဘုရားကျောင်းထဲရောက်ရင်
ငြိမ်းချမ်းအေးမြခြင်းတွေ ခံစားရလို့ ဝင်လို့ရရင် ဝင်လည်တော့တာပဲ
နာမည်ကျော် Cafe Du Monde
မှုန်ရီဝေဝိုးဝါးနေတဲ့ Mississippi မြစ်..ခရူသဘေင်္ာတော့ မစီးခဲ့ဘူး..

No comments: