ဓာတ်ပုံရိုက်ခြင်း အနုပညာဆိုလို့ ပရော်ဖက်ရှင်နယ် ရိုက်ချက်တွေလို့ မထင်လိုက်ပါနဲ့။ ကင်မရာအကြီးကိုတောင် အော်တိုမုတ်နဲ့ပဲ ရိုက်တဲ့သူပါ။ အိုင်ဖုန်းအသစ်က ကင်မရာကောင်းတော့ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တာလေးတွေထဲက ကိုယ်ကြိုက်တဲ့ပုံတွေကို တင်မှာပါ။ ရုံးမှာ နေ့လည်ထမင်းစားပြီးချိန် လမ်းသွားလျှောက်လေ့ရှိတဲ့နေရာကနေ မက်ဟန်တန်စကိုင်းလမ်းကို မြင်ရတယ်။ ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာ နောက်ခံမှာ တိမ်ဖြူဖြူလွလွတွေ လွင့်မျောနေတာ အင်မတန်လှတယ်။ နေရောင်နွေးနွေးလေးတွေ ဖြာကျတဲ့အခါ၊ လှိုင်းပုတ်သံကို ကြားရတဲ့အခါ၊ ငှက်ကလေးတွေ အော်မြည်သံကို ကြားရတဲ့အခါ၊ ရေထဲငှပ်လျှိုးပြီး အစာရှာနေကြတဲ့ ငှက်ကလေးတွေကို မြင်ရတဲ့အခါ ရင်ထဲငြိမ်းချမ်းတယ်။ ဓာတ်ပုံရိုက်ချင်တဲ့အခါ stand နဲ့ အပုံတထောင်လောက်ရိုက်ပြီး အလှဆုံးပုံတပုံလောက် တင်မယ်နော်။ အိမ်ရှေ့က daffodil အဝါရောင်လေးတွေ ပွင့်ပြီဆိုတာနဲ့ နွေဦးရောက်ပြီ။
စန်းထွန်း
ဇွန် ၂၆၊ ၂၀၂၂။
No comments:
Post a Comment