Arden Point and Glenclyffe သွားတောလား...

၂၀၂၁ ဒီဇင်ဘာ ၁၉ တနင်္ဂနွေနေ့ မနက် ၉ နာရီ ဂရမ်းစင်ထရမ်ဘူတာကနေ Upstate ဖက် Poughkeepise ဆီသွားတဲ့ရထားကိုစီး တနာရီလောက်ကြာတဲ့အခါ Garrison ဘူတာမှာဆင်း။ ဆင်းတဲ့သူနည်းတယ် Good Maps၊ AllTrails ကြည့်ပြီး ထရေးလမ်းရှာ။ ဆောင်းတွင်းဆိုတော့ သစ်ရွက်တွေမရှိ ရထားလမ်းဘေးအတိုင်းလမ်းလျှောက်။ ဟိုဖက်ကမ်းက နာမည်ကျော် West Point စစ်တက္ကသိုလ်ကို ထင်ထင်ရှားရှား မြင်ရတယ်။ ဟက်ဆန်မြစ်က တငြိမ့်ငြမ့်စီးဆင်းနေတယ်။ အောက်ဖက်မှာ ဝက်ဝံတောင်၊ တံတားကို ပျပျလေး မြင်ရတယ်။ ရှူခင်းက လှတယ် နေရောင်လင်းလက်ပေမဲ့ အင်မတန်အေးတာ။ လေတိုက်ရင် ခဲသွားမလား ထင်ရတယ်။ ထရေးလမ်းရှာ မသိရင် တကယ့်တောတောင်ထဲ ရောက်သွားသလားထင်ရတယ်။ နွေရာသီ ပြန်လာချင်သေးတယ်။ မခိုင်ပြောလို့ Strava Apps သုံးတယ်။ ကိုယ်ဘယ်လျှောက်ခဲ့တယ်ဆိုတာ ပြတယ်။ ထရေးလမ်းဆုံးတော့ တခြားဘယ်နေရာသွားကြမလဲလို့ ရှာကြသေးတယ်။ မတွေ့တော့ ၅ မိုင်ပဲ လမ်းလျှောက်ပြီး ပြန်ခဲ့ကြတယ်။ အဲ့ဒီဟိုက်ကင်းကတော့ ၂၀၂၁ ရဲ့နောက်ဆုံးဟိုက်ကင်းပါပဲ။ ဇွန် ၃ ရက်နေ့က မောင်မောင်ဆုံးတာ သုံးနှစ်ပြည့် ရွှေမင်းဝံတရားစခန်းမှာ အာရုဏ်ဆွမ်း လှုဖြစ်တယ်။ သုံးနှစ်တောင်ရှိပြီ မနေ့တနေ့ကလိုပဲ။

Happy Hiking!

စန်းထွန်း

ဇွန် ၄၊ ၂၀၂၂။







Prestigious West Point Military Academy



No comments: