Anthony Nose သွား တောလား

၂၀၂၁ ဒီဇင်ဘာ ၁၂ တနင်္ဂနွေနေ့ မနက် ၉ နာရီ ဂရမ်းစင်ထရမ်ဘူတာနေ နယူးယောက် အပ်စတိတ်ဖက်သွားတဲ့ ရထားစီး။ တနာရီကျော်လောက်စီး Cold Springs ဘူတာမှာ တော််တော်များများ ဆင်းသွားကြတယ်။ ကိုယ်တို့ဆင်းရတဲ့ဘူတာက Manitou တဲ့။ နောက်ဆုံးတွဲကနေ ဆင်းရတယ် ဘူတာလေးက တကယ့်သေးသေးလေး။ ကိုယ်ရောက်ဖူးသမျှဘူတာထဲမှာ အသေးဆုံးပဲ။ ဆင်းတဲ့သူကလည်း ကိုယ်တို့နှစ်ယောက်တည်း။ တောင်ပေါ်တက်တဲ့လမ်းမှာ ခွေးတကောင်နဲ့လမ်းလျှောက်လာတဲ့ အန်ကယ်ကြီးက ရင်းနှီးဖော်‌ရွေစွာ နှုတ်ဆက်ပြီး ကားလမ်းမပေါ်အထိ လမ်းပြပေးတယ်။ ဘေးမှာတောင် ကားလမ်းဘေး တောင်စွန်းက လူသွားလမ်းလေးက တယောက်တည်း လျှောက်လို့ရတယ်။ အောက်မှာလူနေအိမ် အပါလာချိန်းတောင်တက်လမ်းမှာ လူတွေအများကြီးတွေ့တယ်။ တံတားအထိလမ်းလျှောက်ပြီး တောင်တက်လမ်းမတွေ့လို့ ပြန်လှည့်။ ကားနဲ့လာတဲ့သူတွေကလည်း အပါလာချိန်းတောင်တက်နေရာကို ဦးတည်နေတော့ အဲ့ဒီလိုသွားလိုက်တယ်။ မေးလိုက်တော့ ဒီကနေပဲတက်ရတာတဲ့ အဖြူရောင်အမှတ်အသားလမ်းအတိုင်းလိုက်။ လမ်းအတိုင်းမဟုတ်ဘဲ ရှေးကလူတွေသွားတဲ့အတိုင်းတက်တာ ဝိုင်းကတော်တော်မတက်နိုင်ဘူး။ သူကမြေပြန့်သာ တော််တော်လျှောက်နိုင်တာ အဆင်းဆိုဒုက္ခရောက်တယ်။ ကိုယ်ကတော့ အတက်ကိုသာ နည်းနည်းမောတာ အဆင်းကျရင် တရွှတ်တိုက်ကြီး ဆင်းသွားတတ်တယ်။ မညီမညာတဲ့လမ်း ကျောက်တုံးအချွှန်တွေနဲ့လမ်း ရွှံ့တွေနဲ့ချော်နေတဲ့ကမ်းခြေဆိုလည်း ကိုယ်ကလျှောက်တတ်တယ် ဟိုင်းကြီးသူကိုး။ အတက် မိုင်ဝက်ကတော့ တော်တော်မတ်တယ် ဟိုက်နေအောင် တက်ရတယ်။ ၂၀၁၃ မေရီလန်းပြည်နယ် ရှယ်နယ်ဒိုးဝါး ၂၀၂၁ ဒီဇင်ဘာ Mt. Tammy တက်တုန်းကလိုပဲ တော်တော်တက်ယူရတယ်။ တောင်ပေါ််ရောက်တော့ ပြေပြေလေး ဗျူးဗွိုင့်မှာဓာတ်ပုံရောက်တော့ လေကတဝူးဝူး။ လူတောင်လွှင့်ထွက်သွားမလား ထင်ရတယ်။ ကိုယ်တို့ဘေးကတအုပ်က ဖိလစ်ပိုင်တွေထင်တယ် ဓာတ်ပုံအသားကုန်ရိုက်။ ရှုခင်းကလှပေးမဲ့ လေတအားတိုက်လို့ ခဏပဲနေနိုင်တယ်။ မျက်နှာချင်းဆိုင်မှာ Bear Mountain ဟတ်ဆန်ဖြစ် တံတားလေးနဲ့ အင်မတန်လှတယ်။ ဆောင်းဦးရာသီဆိုရင် တော်တော်လှမှာ ပြန်လာဦးမယ်။ 

လမ်းမှာတွေ့ခဲ့တဲ့ အန်ကယ်ကြီးက Camp Smith Trail လမ်းအတိုင်း Garrison ဘူတာအထိ ဟိုက်ကင်းကြတယ်။ ဂယ်ရီဆင်ဘူတာနားက တာကိုးဆိုင် သိပ်ကောင်းတယ်တဲ့။ Camp Smith Trail ရှာတာ All Trails Maps မှာ တွေ့ပေမဲ့ အပြင်မှာမတွေ့  အပြာရောင်အမှတ်အသားတော့တွေ့တယ်။ ဒါပေမဲ့ Camp Smith Trail လို့မတွေ့ ရှေ့ဆက်သွားလိုက် နောက်ပြန်ဆုတ်လိုက် ဘေးကိုသွားကြည့်လိုက်နဲ့။ တောင်တက်သမားတွေကို မေးကြည့်တော့ မသိဘူးတဲ့။ အဲ့ဒီဘလူးမာ့ခ်အမှတ်အသားအတိုင်း လျှောက်ကြည့်မယ်ဆိုပြီး လျှောက်ကြည့်တော့မှ Camp Smith Trail လမ်းပေါ််ရောက်တယ်။ ထရေးလမ်းက ဟက်ဆန်မြစ်ဘေးအတိုင်းလေး သာယာတယ် လူပြတ်တယ်။ ဒီနေ့က အပါလာချိန်းထရေးလမ်းအတိုင်း သွားမှာဆိုတော့ အပါလာချိန်းထရေးဆီ ဆက်သွားတယ်။ Appalachian Trail က မြောက်ဖက် မိန်း၊ နယူးဟမ်ရှိုင်းယား၊ ဗာမွန်၊ မက်ဆာချူးဆက်၊ ကွန်နက်တီကပ်၊ နယူးယော့ခ်၊ နယူးဂျာဆီ၊ ပန်ဆယ်ဗေးနီးယား၊ မေရီလန်း၊ အနောက်ဗာဂျီးနီးယား၊ ဗာဂျီးနီးယား၊ တန်နက်ဆီ၊ မြောက်ကာရိုလိုင်းနားပြည်နယ်တွေက တောင်ဖက်ဂျော်ဂျာပြည်နယ်အထိ မိုင် ၂၀၀၀ ကျော်ရှည်တယ်။ ‌တောင်တက်သမားတွေအကြား အပါလာချိန်းထရေးလမ်း အစအဆုံးပြီးတဲ့သူတွေဆို လေးစားအထင်ကြီးကြတယ်။ ‌အနောက်ဖက်မှာဆို PCT လို့ အတိုကောက်ခေါ်််် တဲ့ Pacific Crest Trail နာမည်ကြီးတယ်။ ရစ်နေးဝှစ်သာစပွန်း သရုပ်ဆောင်ထားတဲ့ PCT ရုပ်ရှင်တောင်ရှိတယ်။ အပါလာချိန်းထရေးလမ်းက အဖြူရောင်အမှတ်အသားတွေ သေချာမှတ်ထားတယ်။ တချို့နေရာတွေမှာ တောင်စောင်းတွေကို ခက်ခက်ခဲခဲဆင်းရတယ်။ လူပြတ်တော့ ကြောက်တာ‌ပေါ့ အင်တာနက်မိလို့ ‌တော််သေးတယ်။ Mt. Tammy လမ်းမှားတဲ့အကြောင်းပြောပြီး မကြာပါဘူး ဝိုင်းက အဖြူရောင်ဆိုင်းမတွေ့ဘူးနော်လို့ သတိပေးလို့ ဂူဂယ်မတ်မှာ ကြည့်လိုက်တော့မှ လမ်းမှားနေတယ်။ ဒီလောက် All Trails Maps၊ Google Maps ၂ ခုနဲ့ကြည့်နေတာတောင် လမ်းမှားလိုက်သေးတယ်။

ကြောက်နေတဲ့ဝိုင်းကို မကြာဘူးရောက်တော့မယ်လို့ အားပေးရင် တောင်တက်လမ်းမှာ လူတချို့တွေ့မှ စိတ်အေးသွားတယ်။ အပြန်လမ်းဘေးမှာ စာတိုက်ပုံးတွေ စုံပြုံထားတာတွေ့တော့ အလာစကာကို သတိရသွားတယ်။ အလာစကာမှာ အိမ်တွေက လမ်းမကြီးနဲ့အဝေးမှာဆိုတော့ စာတိုက်တွေကို လမ်းမကြီးဘေးမှာထားတယ်။ တောင်ကုန်း‌မြင့်ကအိမ်ကလေးတွေနဲ့ လူနေကျဲတိတ်ဆိတ် အေးချမ်းတယ်။ နယူးယောက်နဲ့လည်းမဝေး အငြိမ်းစားယူဖို့ကောင်းတဲ့‌နေရာလေး။ မျှော်လင့်ထားတာထက် တနာရီလောက်စောနေတော့ ရထားမှီအောင် ပြေးကြသေးတယ်။ အိုင်ဖုန်း ၁၃ ပရိုမတ်ဖုန်းအသစ်ဆိုတော့ ကင်မရာကောင်းလို့ ဓာတ်ပုံတွေကလှတယ်။ ဆောင်းဦးရာသီတုန်းက မဝယ်မိတာကို နောင်တရတယ်။ အရင်ဖုန်းက အိုင်ဖုန်း ၇ ပလပ် ၄ နှစ်ခွဲကိုင်တယ်။

Happy Hiking!

စန်းထွန်း

မေ ၂၅၊ ၂၀၂၂။

ဝက်ဝံတောင်၊ ဟက်ဆန်မြစ်
အလာစကာမှာလိုပဲ စာတိုက်ပုံးတွေ လမ်းမကြီးဘေးမှာ စုပြုံထား
အသေးဆုံးဘူတာ
၂.၂ လမ်းက အပါလာချိန်းထရေးလမ်း အဖြူရောင်ကားလမ်းကနေ
Manitou လမ်းအတိုင်းဆင်းပြီး ဘူတာအထိလျှောက်တယ်

No comments: