သွေးလှုချင်တာ စင်္ကာပူHSAမှာ သွေးလှုပြီးကတည်းက အိမ်ကသွေးလှုဖို့ ခွင့်မပြုသလို ကိုယ်တိုင်ကလည်း သွေးလှုဖို့ မဖြစ်ဘူးဆိုတာသိတယ်။ သေရင် ကိုယ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှုဖို့ organ donor လုပ်ထားတယ်။ စတိတ်မှာတော့ organ donor လုပ်ဖို့လွယ်တယ်။ ကားမောင်းလိုင်စင် သက်တမ်းတိုးတော့ organ donor မှာ yes လို့ဖြေလိုက်တယ်။ ကားမောင်းလိုင်စင်မှာ organ donor အသည်းပုံလေးပါတယ်။ မိသားစုကိုလည်း ပြောထားတယ်။ ကိုယ်သေတဲ့အချိန် လှုလို့ရတဲ့ ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေများ ကျန်ပါ့မလားမသိ။ ABC News မှာ bone marrow transplant အကြောင်းတွေမြင်ရရင် သိပ်လှုချင်တာ။ ကိုယ့်ကိုကိုယ်တောင် ကျန်းမာအောင် မနည်းကြိုးစားနေရတာဆိုတော့ လက်လျှော့ထားရတယ်။ ဒီပို့လေးကိုမြင်ပြီး ဆံပင်လှုချင်တဲ့သူတွေ လှုနိုင်ပါစေ။
ပို့စ်အသစ်တင်တာမတွေ့လို့ နေကောင်းရဲ့လားလို့ CBox ကနေ သတင်းမေးတဲ့ Joker ရေ သတိတရ သတင်းမေးတဲ့အတွက် ကျေးဇူးပဲနော်။ နေကောင်းပါတယ် မထင်မှတ်ဘဲ ဘန်ကောက်၊ အယုဒ္ဒယ၊ ဖူးခက် သွားဖြစ်၊ အခုတလော အိမ်ကိစ္စတွေ၊ ဗော်လန်တီယာကိစ္စတွေအတွက် အလုပ်များနေလို့ အရင်လို့တပတ်တခါ ပို့စ်မတင်ဖြစ်ဘူး။ ဘန်ကောက်၊ အယုဒ္ဒယ၊ ဖူးခက် သွား တောလားပို့စ်တွေကတော့ လာမယ်ကြာမယ်ပေါ့။ ပို့အသစ်မတင်ဖြစ်တဲ့အခါ ပို့စ်အဟောင်းတွေ ဖတ်ပါနော်။
Happy Mother's Day!
စန်းထွန်း
No comments:
Post a Comment