လိုင်စင်ရပြီး ကျောင်းကနေ မကြာခင် ထွက်ခွာကြတော့မဲ့ ဆူနမ်တို့ဆီကနေ အတင်းလည်ပင်းညှစ် ဈေးလျော့ခိုင်းပြီး ဟွန်းကလွဲရင် ကျန်တာအကုန်မြည်တဲ့ ဖွတ်ချက် ဖွတ်ချက်ကားလေးတစီး ဝယ်ထားရပါတယ်။ ဆူနမ်တို့ကတော့ "ကားက အပြင်ပန်းသာ မကောင်းတာ စက်က အတော်ကောင်းတယ်" ဆိုပြီး ဈေးသည်အိုက်တင်နဲ့ ပြောလေ့ရှိပါတယ်။ နိုဝင်ဘာလလယ်လောက်ဆိုရင် နှင်းထုက ၈လက်မလောက်ရှိမှာမို့ ကားမောင်းကျင့်ဖို့ မလွယ်တော့ပါဘူး။ ဒီတော့လည်း " နိုဝင်ဘာလလယ် နှင်းမကျမှီ လိုင်စင်ရရေး ဒို့အရေး..." လို့ ကြွေးကြော်ရင်း နေ့တိုင်း အားရင်အားသလို ကားမောင်းသင်နေရပါတယ်။ ဆရာကတော့ ဆူနမ်ပေါ့။
ကားကို ကျွှမ်းကျင်စွာ မောင်းတတ်ဖို့လိုသလို လမ်းမှာရှိတဲ့ ဆိုင်းဘုတ်တွေ ညွှန်တဲ့အတိုင်း အတိအကျလိုက်နာဖို့လည်း လိုအပ်ပါတယ်။ ကားမောင်းတော့မယ်ဆိုရင် ပြည်နယ်ဥပဒေနဲ့ လမ်းအညွှန်းဆိုင်းဘုတ်တွေ သိဖို့ လိုအပ်ပါတယ်။
အနီရောင်၊ လိမ္မော်ရောင်က သတိပေးဆိုင်ဘုတ်၊ အဝါရောင်က ရှေ့ကလမ်းအခြေအနေကို သတင်းပေးတာ၊ အပြာရောင်က ရှေ့မှာ ဓာတ်ဆီဆိုင်၊အစားအစာရှိတယ်ဆိုတာ သတိပေးတာ၊ အစိမ်းရောင်ကတော့ ဘယ်မြို့ မိုင်ဘယ်လောက်။
ပုံ ၉ - လမ်းဆုံလမ်းခွတွေမှာ STOP ဆိုင်းတွေ့ရင် ကားကို လုံးဝရပ်။ အရင်ရောက်တဲ့သူ အရင်ထွက်။
ပုံ ၂ - ကတော့ ဟိုင်းဝေးလမ်းမကြီး။
ပုံ ၄ -SPEED LIMIT 50 တွေ့ရင် ၄၅နဲ့ ၅၀ ကြား မောင်းရပါတယ်။ ၅၀ထက် ကျော်လို့မရ။
ပုံ ၁၁ -YIELD ဆိုင်းတွေ့ရင် အရှိန်လျော့ပြီး ရပ်ဖို့အသင့်ပြင်။
ပုံ ၃၈ - SCHOOL ZONE ဆိုင်းတွေ့ရင် အရှိန်လျော့ပြီး သတိထား ရပ်ဖို့ ရယ်ဒီပြင်။

ပုံ ၂၃၊ ၄၁ - လိမ်း(LANE)ချိန်းချင်ရင် အလယ်လိမ်းကို အသုံးပြ ု။
လိမ်းချိန်းတော့မယ်ဆိုမယ်ဆိုရင် မှန်တွေကနေ နောက်ကားကို ကြည့်။ တခါတလေ နောက်ကားက အရမ်းကပ်နေရင် မှန်မှာ မမြင်ရဘူး BLIND SPOT လို့ ခေါ်ပါတယ်။ နောက်ကို လှည့်ကြည့်ဖို့လည်း လိုပါတယ်။
ပုံ ၁၈ - မိန်းလမ်းမကြီးပေါ် တက်လာမဲ့ ကားတွေရှိတော့ သတိပြ ု။ ကွေ့တိုင်း SIGNALပြဖို့ လိုပါတယ်။

NO PASSING ZONE ဆိုင်းတွေ့ရင် ကွေ့လို့ မရတော့ပါဘူး။ ပုံ ၄၆ - အဝါရောင်တုံးလေးတွေဆိုရင် ကွေ့လို့ရပြီး အဝါရောင်လိုင်းဆိုရင် ကွေ့လို့ မရပါ။
SCHOOL BUS က STOP ဆိုင်းပြထားရင် မီတာ ၁၀၀ လောက်ကနေ ရပ်ရပါမယ်။ SCHOOL BUS ကို ကျော်တက်လို့ မရပါဘူး။ လူနာတင်ယာဉ်၊ရဲကားတွေ ဥသြဆွဲပြီး လာရင် ညာကပ် လမ်းရှင်းပေးပြီး ရပ်ပေးရပါတယ်။
လိုင်စင်ရအောင် ကြိုးစားကြတဲ့အခါ တခေါက်တည်းနဲ့ ရသွားတဲ့သူက အရမ်းရှားပါတယ်။ အနည်းဆုံး ၃၊၄ ခေါက်တော့ ဖြေကြရပါတယ်။ ဒီလို ကြိုးစားကြရင်း ကြံကြုံရတဲ့ အလွဲလေးတွေကတော့...
တရုတ်ပြည် ဝူဟန်ပြည်နယ်မှာ ကားမောင်းခဲ့တဲ့ ကျုံန်းချီးတယောက် လိုင်စင် သွားဖြေတော့ ၂ လ ဖြေဆိုခွင့် ဘမ်းလိုက်ပါတယ်။ များသောအားဖြင့် ၂ ပတ်၊ ၃ ပတ် ပဲ ဘမ်း(၃ပတ်ကြာမှာ လာဖြေဆိုခွင့် ပြုခြင်း)တာ သူ့ကျမှ ဘာလို့ ၂ လ ဘမ်းတာပါလိမ့်လို့။ သူများလမ်းကြောင်းဆီကို မှားဝင်သွားလို့တဲ့။ ဘမ်းလည်း ဘမ်းချင်စရာပါပဲ။ critical error မကပဲ fatal error ဖြစ်နေလို့ပါ။
အကွေ့မှာ စစ်ကနယ်ပြဖို့ မေ့သွားတဲ့ ဆူနမ်ကတော့ ၃ ကြိမ်မြောက်နဲ့ လိုင်စင်ရခွင့်ကို လက်လွတ်ခဲ့ပါတယ်။
မိန်းလမ်းမကြီးပေါ်ကနေ ရှေ့မှာ STOP ဆိုင်းလည်း မရှိဘဲ လမ်းသွယ်လေးတွေမှာ STOP ဆိုင်းရှိလို့ ရပ်နေတဲ့ ကားတွေကို လက်ကလေးပြကာ အရင်သွားလို့ ဦးစားပေးလိုက်တဲ့ ယောင်းချန်ခမျာ ၃ ပတ် ဘမ်းခံလိုက်ရပါတယ်။ လမ်းသွယ်က STOP ဆိုင်းမှာ ရပ်ပြီး မိန်းလမ်းက ကားရှင်းအောင် စောင့်နေတဲ့ ကားတွေခမျာ မိန်းလမ်းက ကားက ရုတ်တရတ် လက်လေးပြကာ ဦးစားပေးတော့ ဘယ်နဲ့ဟာပါလိမ့်ဆိုပြီး အူကြောင်ကြောင်တွေ ဖြစ်လို့။ ယောင်းကို တွေ့တိုင်း "You are so kind."လို့ စကြတော့တာပါပဲ။
မလေးရှားလေး ဂျွှန်နဲ့ ရုရှားရှားလေး အီလီယာ၊ ဆာကေး ၊ ဗလာဒီမာ တို့ အဖြစ်ကတော့ ဒီလို..။ ဂျွှန့်မှာ သင်မောင်းလိုင်စင်ရှိပြီး အီလီယာမှာတော့ ရုရှကားမောင်းလိုင်စင် ရှိပါတယ်။ လိုင်စင်ဖြေပြီးပြန်လာရင် ဂျွှန်က လိုင်စင်ရ၊ အီလီယာက သင်မောင်းလိုင်စင်ရလို့ လိုင်စင်ရသူ ဂျွှန်က ကားကို မိန့်မိန့်ကြီး မောင်းလို့.... သူတို့အတွေးက ဒီလို။ အလာတုန်းက လိုင်စင်ရှိသူကတယောက်က မောင်းလာပြီး ဂဂျွှန်က သူလိုင်စင်ရမှာလို့ တထစ်ချ ယုံကြည်ပြီး ပြန်ခိုင်းလိုက်ပါတယ်။ လိုင်စင်ဖြေပြီးချိန်မှာတော့ ဂျွှန်က လိုင်စင်မရ၊ အီလီယာကလည်း သင်မောင်းလိုင်စင်မရတော့ ပြန်ဖို့ အခက်ကြုံပါတယ်။ ရာမားလိုင်စင်ဖြေတာကို လိုက်ပို့ပေးတဲ့ ဆူနမ်ခမျာ ကံထူးသွားပါတယ်။
ဂျွှန်က သူလိုင်စင်မအောင်တာကို မခံမရပ်နိုင်ဖြစ်လို့။ လိုင်စင်ရမှာလို့ တထစ်ချ ယုံကြည်ထားတာ။ မလေးရှားမှာ ကားကို ကျွှမ်းကျွှမ်းကျင်ကျင် မောင်းနိုင်ပေမဲ့ မလေးရှားက စင်္ကာပူလို ဘယ်မောင်း။ STOP ဆိုင်းကျော်မှ ကားကို ရပ်လို့ဆိုင်းဘုတ်မတိုင်ခင် ရပ်ရကြောင်း၊ SPEED LIMIT 45 ဆိုင်းတွေ့တာ ၂၅ မိုင်နှုန်းနဲ့ မောင်းနေလို့၄၀ ကနေ ၄၅ ကြား မောင်းရကြောင်း ဆူနမ်က သင်ပေးခဲ့ရပါတယ်။ ဥပဒေကို နားမလည်ဘဲ ဘယ်လိုများ ကားမောင်းလိုင်စင် လာဖြေပါလိမ့်၊ လိုင်စင် တခါတည်းနဲ့ ရမယ်လို့ ဘာဖြစ်လို့တထစ်ချ ယုံကြည်နေပါလိမ့်လို့ ဆူနမ်ခမျာ အံ့တွေ သြလို့။ ကားကို ကျွှမ်းကျွှမ်းကျင်ကျင် မောင်းနိုင်ပေမဲ့ ဥပဒေကို နားမလည်လို့ ကျတာလို့ တို့တွေ သဘောပေါက်ပေမဲ့ လက်မခံနိုင်တဲ့ ဂျွှန့်ကို မြင်ရတော့ over confident လို့ မှတ်ချက်ပြုကြတယ်။
STOP ဆိုင်းတွေ့ပေမဲ့ GO လို့ ပြောတဲ့ လိုင်စင်စစ်တဲ့ အန်တီကြီးရဲ့ စကားကို နားယောင်မိတဲ့ မိုင်းခမျာ ကျတော့တာပဲ။ ဒါကြောင့် STOP ဆိုင်းတွေ့လို့ မိုင်းကို စချင်တိုင်း လက်ကလေးကို ရှေ့ထုတ်ကာပြပြီး "STOP means full stop." လို့ စလေ့ရှိပါတယ်။
မီးပွိုင့်မှာ မီးစိမ်းပေမဲ့ မီးနီနေလို့ ရပ်နေတဲ့ မော်တော်ဆိုင်ကယ်ကို လက်ကလေးပြကာ ဦးစားပေးရှာတဲ့ ရာဂျက်ကို လိုင်စင်စစ်သူ အန်တီကြီးက မီးစိမ်းလေးကို ညွှန်ပြရင်း "Green means go." လို့ သတိပေးကာ ၃ပတ် ဘမ်းလိုက်ပါတယ်။ ရာဂျက်ကို တွေ့တိုင်း "Green means go. Red means stop." လို့ ဟားလေ့ရှိပါတယ်။ မခံချင်စိတ်နဲ့ ကြိုးစားလိုက်တော့လားမသိ နောက်တကြိမ်မှာ လိုင်စင်ရပါတယ်။ လိုင်စင်ရသွားပြန်တော့လည်း ရာဂျက်တယောက် "Green means go. Red means stop." ဆိုတာ တကယ်သဘောပေါက်သွားပြီနဲ့တူတယ်လို့ ဟားကြပြန်တယ်။ ရာဂျက်လိုင်စင်ရတော့ တို့တွေမှာ ဝမ်းနည်းပက်လက်တွေ ဖြစ်လို့ စရမဲ့သူ မရှိတော့လို့လေ။
လိုင်စင်ရပြီးသားသူတွေနဲ့ လိုင်စင်မဖြေရသေးတဲ့သူတွေက ဟားနိုင်ပေမဲ့ လိုင်စင်ဖြေနေဆဲသူတွေကတော့ မချိသွားဖြဲ။ နောက်ဆို စန်းထွန်းလည်း မချိသွားဖြဲ ရတော့မှာ...:D ။ ကိုင်း...ကြိတ်လိုက်စမ်း...စန်းထွန်းရေ.... အလှည့်ကျရင် မနွဲ့မတမ်း....:P ။
စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၁၁။
14 comments:
ကားေမာင္းတတ္တယ္ဆိုေပမဲ႔
စည္းကမ္းတက် ေမာင္းတတ္ဖို႕က အေရးၾကီးေသးတာကိုးေနာ္။
တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ယာဥ္စည္းကမ္းလမ္းစည္းကမ္းေတြ မတူေတာ႔ ကိုယ္႔ႏိုင္ငံမွာ ကၽြမ္းက်င္ေပမဲ႔ သူမ်ားဆီေရာက္ေတာ႔ လိုင္စင္ေတာင္မရ။
စန္းထြန္းေလးအလွည္႔မွာ မခ်ိျပံဳးနဲ႔ ျပန္မလာရဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလး ျပန္လာရပါေစေနာ္။ လုိင္စင္လည္း အျမန္ဆံုးရပါေစလို႔။
ခင္တဲ႔
မေခ်ာ
အဲလို ကားက ဘယ္ေလာက္ေပးရတုန္း ဗဟုသုတ အေနနဲ႔ သိခ်င္တာပါ။
အနည္းဆံုး ၈၀၀ ကေန ေသာင္းေက်ာ္တန္အထိ ရိွတယ္...
ေမာင္းေတာ့ မေမာင္းတတ္ေပမယ့္ ၈၀၀တန္ကားေတာ့ ၀ယ္စမ္းၾကည့္ခ်င္တယ္... ျမန္မာျပည္မွာ ဆိုရင္ ရီစရာၾကီးေနာ္.. ၈၀၀တန္ကားတဲ့ :D
ဒီမွာဘာ္ေလာက္ ကားေမာင္းတတ္တတ္ ဟိုေရာက္ရင္ ျပန္ေျဖရတယ္လို႔ သိထားဘူးတယ္။ သူတို႔ႏိုင္ငံရဲ႕ စံနစ္တက် ေဆာင္ရြက္ပံုေတြ၊ ယာဥ္ေမာင္းသူအတြက္ အႏၱရာယ္မျဖစ္ေစဖို႔၊ ယာဥ္ေမာင္းသူကိုယ္တိုင္ သိထားသင့္တဲ့ အခ်က္ျပေတြကို ကၽြမ္းက်င္သိနားလည္ေစဖို႔ ေသခ်ာစစ္ေဆးၿပီးမွ လိုင္စင္ထုတ္ေပးတာကို သေဘာက်မိတယ္။
သူမ်ားေတြမ်ားစည္းကမ္းရွိလိုက္ၾကတာ .
မဒိုးကန္တို႕ကေတာ႕ တိုက္မယ္ဆိုလာထားပဲ
ကံေကာင္းလို႕မေသတာ း)
ႀကိတ္ထား စန္းထြန္းေရ....ေအာင္ျမင္ပါေစဗ်ား....၊
၈၀၀တန္ကားဆိုေတာ့ အေတာ္စိတ္ဝင္စားသြားတယ္...၊
ခက္တာကညန္မာျပည္ေရာက္ရင္ သိန္းရာခ်ီသြားမယ္
ထင္ရဲ့.....:(((
အဲဒီကစစ္သလိုသာ က်က်နနစစ္ၿပီးမွ လိုင္စင္ထုတ္ေပးရင္ ဒီကေမာင္ေတြ တစ္ေယာက္မွေတာင္ ေအာင္မွတ္ရမွာမဟုတ္ဘူး...မေန႔ကပဲ ေရွ႕ကေမာင္မင္းႀကီးသားတစ္ေယာက္က ဆစ္ဂနယ္ ဘယ္ျပၿပီး ညာဘက္ကို ခပ္တည္တည္နဲ႔ေကြ႕ခ်သြားတာ ေဘာလံုးသမားမ်ား ဘယ္ဘက္ကိုအေယာင္ျပၿပီး ညာဘက္ကို ဆြဲသြားတာနဲ႔ေတာင္ တူေသးေတာ့...သူမွားလို႔ ကိုယ္က ၀င္တိုက္မိျပန္ရင္လည္း ကိုယ့္ကို မိုးမႊန္ေနေအာင္ဆဲျပန္ဦးမွာ ေသခ်ာေနတာေၾကာင့္ ကိုယ့္ေဒါသေလးကို ျပန္ၿမဳိခ်လိုက္ရရွာတယ္...အဲဒီမွာ ကားေမာင္းရင္ေတာ့ ကားေသးေသးေလးပဲေမာင္းေပါ့ေလ...ေရႊျပည္ကို ျပန္လာရင္ေတာ့ ဘီးတစ္လံုးတစ္လံုးကို လူတစ္ရပ္ျမင့္တဲ့ စတန္႔ကားႀကီးေတြသာေမာင္းေပေတာ့...အဲဒါမွ အႏၲရာယ္ကင္းမယ္...စိတ္မထင္လို႔ ၀င္ႀကိတ္လိုက္ရရင္လဲ ကိုယ္မနာေတာ့ဘူးေပါ့ း)
ဦးဟန္ၾကည္ၾကီး ေနာက္တခါဆို ကစ္ခ္(kick)ထည့္လို္က္... :)
စန္းထြန္းေရ ကားေမာင္းအေတြ႕အႀကဳံေလး လာဖတ္ပါတယ္။ ေက်းဇူးပါ။ ဆူနမ္က ဘာလူမ်ဳိးလည္းဟင္။
Sunam Gurung နဲ ့ Rama Khanal က နီေပါ၊ Mai Pham က ဗီယက္နမ္လူမ်ိဳးပါ ဘုရား။ တပည့္ေတာ္မတို ့ အတန္းမွာ တကမၻာလံုးက ေက်ာင္းသားေတြ လာဆံုၾကတယ္ ဘုရား။ တရုတ္၊အိႏိၵယ၊ပါကစၥတန္၊ဘဂၤလားေဒ့ရွ္၊နီေပါ၊တရုတ္၊ဗီယက္နမ္၊ကေမၻာဒီးယား၊မေလးရွား၊ဖိလစ္ပိုင္၊မြန္ဂိုလီးယား၊ေဂ်ာ္ဒန္၊အီဂ်စ္၊အီရန္၊ပါလက္စတိုင္း၊ဘာရိန္း၊ယီမင္၊ရုရွ၊အီသီယိုးပီးယား၊တန္ဇနီးယား၊အီတရီယာ၊ကြန္ဂို၊ႏိုင္ဂ်ီးရီးယား၊ကိုလံဘီယာ။
ကိုရင္လည္း မခ်ိသြားၿဖဲပဲဗ် ကပၸိယၾကီး စံထြန္းရဲ့ ဟီးဟီး..
မမေခ်ာေပးတဲ့ဆု အၿမန္ဆံုး ၿပည့္ေစဗ်ား... း)
MGTHANT လိုင္စင္ရၿပီးလွ်င္ ကားကို ဒီေကာင့္ႏွင့္ ၿပန္ေရာင္းပါမည္...(ၾကံ ုတုန္း ေၾကၿငာထားမွ)
ၿမေသြး လာလည္တာ ေက်းဇူးပါ ခင္ည...
မဒိုးကန္ မီးမီးေၾကာက္ေၾကာက္...
ကိုညိမ္း မွန္သဗ်ိဳ ့...
ဦးဟန္ၾကည္ၾကီး ေနာက္တခါဆို ကစ္ထည့္လိုက္..
ဘုန္းဘုန္းေတာက္ လာလည္တာ ေက်းဇူး ဘုရာ့...
ကိုရင္နဲ ့ကပိၸယက ဘဝတူေနပါလားဗ်ိဳ ့....
ချော(အစိမ်းရောင်လွင်ပြင်) said...
ကားမောင်းတတ်တယ်ဆိုပေမဲ့
စည်းကမ်းတကျ မောင်းတတ်ဖို့က အရေးကြီးသေးတာကိုးနော်။
တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေ မတူတော့ ကိုယ့်နိုင်ငံမှာ ကျွမ်းကျင်ပေမဲ့ သူများဆီရောက်တော့ လိုင်စင်တောင်မရ။
စန်းထွန်းလေးအလှည့်မှာ မချိပြုံးနဲ့ ပြန်မလာရဘဲ ပျော်ပျော်ရွှင်ရွှင်လေး ပြန်လာရပါစေနော်။ လိုင်စင်လည်း အမြန်ဆုံးရပါစေလို့။
ခင်တဲ့
မချော
September 18, 2011 at 10:45 PM
TZH1985 said...
အဲလို ကားက ဘယ်လောက်ပေးရတုန်း ဗဟုသုတ အနေနဲ့ သိချင်တာပါ။
September 18, 2011 at 11:54 PM
San San Htun said...
အနည်းဆုံး ၈၀၀ ကနေ သောင်းကျော်တန်အထိ ရှိတယ်...
September 18, 2011 at 11:58 PM
TZH1985 said...
မောင်းတော့ မမောင်းတတ်ပေမယ့် ၈၀၀တန်ကားတော့ ဝယ်စမ်းကြည့်ချင်တယ်... မြန်မာပြည်မှာ ဆိုရင် ရီစရာကြီးနော်.. ၈၀၀တန်ကားတဲ့ :D
September 19, 2011 at 10:35 AM
မြသွေးနီ said...
ဒီမှာဘာ်လောက် ကားမောင်းတတ်တတ် ဟိုရောက်ရင် ပြန်ဖြေရတယ်လို့ သိထားဘူးတယ်။ သူတို့နိုင်ငံရဲ့ စံနစ်တကျ ဆောင်ရွက်ပုံတွေ၊ ယာဉ်မောင်းသူအတွက် အန္တရာယ်မဖြစ်စေဖို့၊ ယာဉ်မောင်းသူကိုယ်တိုင် သိထားသင့်တဲ့ အချက်ပြတွေကို ကျွမ်းကျင်သိနားလည်စေဖို့ သေချာစစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးတာကို သဘောကျမိတယ်။
September 19, 2011 at 11:51 PM
မဒမ်ကိုး said...
သူများတွေများစည်းကမ်းရှိလိုက်ကြတာ .
မဒိုးကန်တို့ကတော့ တိုက်မယ်ဆိုလာထားပဲ
ကံကောင်းလို့မသေတာ း)
September 20, 2011 at 1:06 AM
ညိမ်းနိုင် said...
ကြိတ်ထား စန်းထွန်းရေ....အောင်မြင်ပါစေဗျား....၊
၈၀၀တန်ကားဆိုတော့ အတော်စိတ်ဝင်စားသွားတယ်...၊
ခက်တာကညန်မာပြည်ရောက်ရင် သိန်းရာချီသွားမယ်
ထင်ရဲ့.....:(((
September 20, 2011 at 7:55 AM
ဟန်ကြည် said...
အဲဒီကစစ်သလိုသာ ကျကျနနစစ်ပြီးမှ လိုင်စင်ထုတ်ပေးရင် ဒီကမောင်တွေ တစ်ယောက်မှတောင် အောင်မှတ်ရမှာမဟုတ်ဘူး...မနေ့ကပဲ ရှေ့ကမောင်မင်းကြီးသားတစ်ယောက်က ဆစ်ဂနယ် ဘယ်ပြပြီး ညာဘက်ကို ခပ်တည်တည်နဲ့ကွေ့ချသွားတာ ဘောလုံးသမားများ ဘယ်ဘက်ကိုအယောင်ပြပြီး ညာဘက်ကို ဆွဲသွားတာနဲ့တောင် တူသေးတော့...သူမှားလို့ ကိုယ်က ဝင်တိုက်မိပြန်ရင်လည်း ကိုယ့်ကို မိုးမွှန်နေအောင်ဆဲပြန်ဦးမှာ သေချာနေတာကြောင့် ကိုယ့်ဒေါသလေးကို ပြန်မြိုချလိုက်ရရှာတယ်...အဲဒီမှာ ကားမောင်းရင်တော့ ကားသေးသေးလေးပဲမောင်းပေါ့လေ...ရွှေပြည်ကို ပြန်လာရင်တော့ ဘီးတစ်လုံးတစ်လုံးကို လူတစ်ရပ်မြင့်တဲ့ စတန့်ကားကြီးတွေသာမောင်းပေတော့...အဲဒါမှ အန္တရာယ်ကင်းမယ်...စိတ်မထင်လို့ ဝင်ကြိတ်လိုက်ရရင်လဲ ကိုယ်မနာတော့ဘူးပေါ့ း)
September 20, 2011 at 8:52 AM
San San Htun said...
ဦးဟန်ကြည်ကြီး နောက်တခါဆို ကစ်ခ်(kick)ထည့်လိုက်... :)
September 20, 2011 at 9:13 AM
တောက်ပကြယ်စင် said...
စန်းထွန်းရေ ကားမောင်းအတွေ့အကြုံလေး လာဖတ်ပါတယ်။ ကျေးဇူးပါ။ ဆူနမ်က ဘာလူမျိုးလည်းဟင်။
September 20, 2011 at 2:13 PM
San San Htun said...
Sunam Gurung နဲ့ Rama Khanal က နီပေါ၊ Mai Pham က ဗီယက်နမ်လူမျိုးပါ ဘုရား။ တပည့်တော်မတို့ အတန်းမှာ တကမ္ဘာလုံးက ကျောင်းသားတွေ လာဆုံကြတယ် ဘုရား။ တရုတ်၊အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊နီပေါ၊တရုတ်၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊မလေးရှား၊ဖိလစ်ပိုင်၊မွန်ဂိုလီးယား၊ဂျော်ဒန်၊အီဂျစ်၊အီရန်၊ပါလက်စတိုင်း၊ဘာရိန်း၊ယီမင်၊ရုရှ၊အီသီယိုးပီးယား၊တန်ဇနီးယား၊အီတရီယာ၊ကွန်ဂို၊နိုင်ဂျီးရီးယား၊ကိုလံဘီယာ။
September 20, 2011 at 11:21 PM
ကိုရင် said...
ကိုရင်လည်း မချိသွားဖြဲပဲဗျ ကပ္ပိယကြီး စံထွန်းရဲ့ ဟီးဟီး..
September 21, 2011 at 7:02 PM
San San Htun said...
မမချောပေးတဲ့ဆု အမြန်ဆုံး ပြည့်စေဗျား... း)
MGTHANT လိုင်စင်ရပြီးလျှင် ကားကို ဒီကောင့်နှင့် ပြန်ရောင်းပါမည်...(ကြံ ုတုန်း ကြေငြာထားမှ)
မြသွေး လာလည်တာ ကျေးဇူးပါ ခင်ည...
မဒိုးကန် မီးမီးကြောက်ကြောက်...
ကိုညိမ်း မှန်သဗျို့...
ဦးဟန်ကြည်ကြီး နောက်တခါဆို ကစ်ထည့်လိုက်..
ဘုန်းဘုန်းတောက် လာလည်တာ ကျေးဇူး ဘုရာ့...
ကိုရင်နဲ့ကပ္ပိယက ဘဝတူနေပါလားဗျို့....
September 22, 2011 at 10:37 PM
Post a Comment