အီဂျစ်သွားတောလား - ၅

၂၀၂၅ ဇန်နဝါရီ ၅ တနင်္ဂနွေနေ့ Luxor ကိုသွားမဲ့လေယာဥ်က မနက် ၆ နာရီ ၁၅။ Luxor ကို တနာရီစီးရတော့ ၇ နာရီ ၂၀ မိနစ်ရောက်မယ်။ အာရပ်နိုင်ငံတွေမှာ သောကြာ၊ စနေ ရုံးပိတ်တယ်။ အီဂျစ်ကို လာလည်ရင် ပိရမစ်၊ Luxor ကို မဖြစ်မနေရောက်ရမယ်။ ပြည်တွင်းလေယာဥ်ဆိုတော့ ၂ နာရီလောက်ပဲ အချိန်လိုတော့ မနက် ၄ နာရီ တက္ကစီကို We Know Egypt ကနေဘွတ်ထားတယ်။ အချိန်အတိအကျ လာကြိုတယ်။ လုံခြုံရေးကောင်တာဖြတ်တော့ Luxor ဆိုတော့ တခြားဖက်ခြမ်းကို သွားခိုင်းတယ်။ အီဂျစ်မှာ လေယာဥ်လက်မှတ်ကို ပရင့်ထုတ်ထားဖို့လိုတယ်။ ပရင့်မထုတ်ထားရင် ဖုန်းကနေပြလို့ရတယ်။ ကိုယ်တန်းစီနေတာ အင်တာနေရှင်နယ်ဖက်ကိုး။ ပြည်တွင်းသွားမဲ့ဖက် လုံခြုံရေးဖြတ်တော့ ကိုယ့်စလွယ်သိုင်းအိတ် မတွေ့တော့ဘူး။ အဲ့ဒီအိတ်ထဲမှာ ဖုန်း၊ ပတ်စ်ပို့စ်၊ ပိုက်ဆံအကုန်ထည့်ထားတာ။ ဆံပင်တွေထောင် ထောင်သွားတယ်။ ဝန်ထမ်းတွေကို ပြောတော့လည်း အင်္ဂလိပ်လိုနားမလည်၊ ရဲကိုပြောတော့လည်း နားမလည်။ စကန်ဖက်တဲ့စက်ကို အဝင်၊ အထွက်အကုန် လှန်လှောကြည့်။ အော်ဟစ်ပြောဆိုနေတဲ့ကိုယ်ဟာ အရူးကြီးကျနေတာပဲ။ ဝန်ထမ်းတွေကလည်း ဘာမှမလုပ်ပေးဘူး ကြည့်နေတာ။ ငါးမိနစ်လောက်ကြာတော့မှ လက်ကေ့အိတ်တွေကို လုံခြုံရေးဖြတ်ဖို့ စီတန်းပေတဲ့ အနီရောင်အကင်္ီျဝတ်ထားတဲ့ ဝန်ထမ်းကောင်လေးက မြေကြီးပေါ်ကျနေတဲ့အိတ်ကို တင်ပေးတော့မှ ကိုယ့်အိတ်ဖြစ်နေတယ်။ အမလေး တော်ပါသေးရဲ့ ကံသီပေလို့။ ဂိတ်ဆီသွားနေတုန်း လီဗာပူးအသင်းက ဆာလာကြေငြာဆိုင်းဘုတ်ကိုတွေ့လို့ ဓာတ်ပုံရိုက်ပြီး အဖေ့ဆီပို့လိုက်တယ်။ မနက် ၆ နာရီလောက်မှ ဂိတ်ဖွင့်ပေးတယ်။ Egypt Air လေယာဥ်လေးက သေးသေးလေး။ လေယာဥ်တစီးလုံး တိုးရစ်တွေချည်းပဲ ကိုယ်ကကျောပိုးအိတ်တလုံးပဲပါတယ်။
Luxor လေဆိပ်ရောက်တော့ တိုးကုမ္ပဏီဆိုင်းဘုတ်တွေ့လို့ မေးကြည့်တော့ နင့်တိုးဂိုက် ဟိုဖက်မှာတဲ့။ စောင့်နေတဲ့ကားတွေ အကုန်လိုက်ကြည့်တော့လည်း ပို့ထားတဲ့ဓာတ်ပုံထဲကကားကိုမတွေ့။ ဖုန်းခေါ်တော့လည်း လမ်းလျှောက်လာခဲ့ဆိုတာကြီးပဲ။ ၁၅ မိနစ်လောက် ဖုန်းခေါ်လိုက်၊ ရှာကြည့်လိုက်၊ ဖုန်းခေါ်လိုက်၊ ရှာမတွေ့။ နင့်ကားရပ်ထားတဲ့နားက ဆိုင်းဘုတ်အမှတ်အသားကို ဓာတ်ပုံရိုက်ပြီးပို့ပေးပါ။ ရှာမတွေ့လို့ ဖြတ်သွားတဲ့တယောက်ကို မေးကြည့်တော့ ဟိုး ဟိုးအပြင်မှာ ၅ မိနစ်လောက်လျှောက်တဲ့။ ကိုယ့်ဓာတ်ပုံပို့ထားတော့ ဟိုးအဝေးကတိုးဂိုက်က လက်ပြပြီးလှမ်းခေါ်နေတယ်။ အဲ့လိုစနစ်တကျမရှိ အဆင်မပြေ။ ဒါတောင် private tour ဆုရထားတဲ့တိုးကုမ္ပဏီ။ ပထမဆုံးသွားလည်တဲ့နေရာက Valley of the Kings။ ဘုရင့်သခင်္ျိုင်းတွေ အများကြီးရှိတဲ့နေရာ ခုထိရှာဖွေတူးဖော်နေတုန်း။ တိုးဂိုက်က ဘယ်သခင်္ျိုင်းဂူပြီး ဘယ်သခင်္ျိုင်းဂူကိုဝင်လို့ ရှင်းပြတယ်။ သခင်္ျိုင်းဂူ ၃ ခုဝင်လည်တယ်။ တိုးဂိုက်က သခင်္ျိုင်းဂူထဲ လိုက်ပြခွင့်မရှိဘူး။ သခင်္ျိုင်းဂူအဝင်ဝတွေမှာ လက်မှတ်ပြရတယ်။ မြေအောက်အနက်ကြီးထဲမှာ လှိုဏ်ခေါင်းတွေ ဖောက်လုပ်ထားပေမဲ့ လေဝင်လေထွက်အဆင်ပြေတယ်။ နံရံပေါ်မှာ ကျောက်တုံးကို ထွင်းထုထားတဲ့ ပန်းချီကားလက်ရာတွေ အင်မတန်အနုစိတ် လက်ရာမြောက်တယ်။ ခရစ်တော်မပေါ်မှီ နှစ်ခဲ့တဲ့နှစ်ပေါင်း သုံးထောင်ကျော်ကလက်ရာတွေ ခုထိအကောင်းပတိရှိနေတုန်း။ ဒါ့ကြောင့်လည်း တကမ္ဘာလုံးက တိုးရစ်တွေလာကြတာကိုး။ ပြီးတော့ အီဂျစ်က အာဖရိကတိုက်မှာဆိုပေမဲ့ အီတလီကနေဆို ၄ နာရီလောက်ပဲ လေယာဥ်စီးရတာ။ ဥရောပနဲ့ သိပ်မဝေးတော့ အဖြူတိုးရစ်တွေချည်းပဲ။ ကျောက်တုံးကနေ မီးအုပ်၊ အရုပ်တွေထုတဲ့နေရာ လိုက်ပြတယ်။ လက်ရာအလွန်မြောက်တယ် လိုချင်ပေမဲ့ ကွဲမဲ့ဟာဆိုတော့။ ပြီးတော့ သူတို့နဲ့စျေးစစ်ရမှာလဲ မလွယ်ဘူး။ ကြည့်နေတုန်း မီးပြတ်သွားတယ် ခဏနေတော့ မီးပြန်လာတယ် ဘာမှမဝယ်ခဲ့ဘူး။
Happy Traveling!
စန်းထွန်း
သြဂုတ် ၂၃၊ ၂၀၂၅။

Liverpool အသင်းက အီဂျစ်ဘောလုံးသမား ဆာလာ

No comments: