၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၆

၂၀၂၃ မေ ၁၃ ပင်ဆဗေးနီးယားပြည်နယ် ဘတ်သလေဟမ်မြို့ ပါချုပ်ကျောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် သွားကြတယ်။ အိမ်ကနေ နယူးယောက်ပန်စတေရှင်းကို မြေအောက်ရထားနဲ့ တနာရီ၊ နယူးဂျာဆီပြည်နယ် အက်ဒီဆင်အထိ NJ Transit ရထားနဲ့ တနာရီ၊ နောက်ထပ်တနာရီခွဲ ကားစီးရတယ်။ သွားရတာ ပင်ပန်းလို့ နောက်ထပ် မသွားဖြစ်တော့ဘူး။ မေ ၂၈ ရုံးအသစ် ဝေါထရိတ်စင်တာ ၄ နဲ့ ရုံးအဟောင်း နယူးဂျာစီရုံးကို လိုက်ပို့တယ်။ ရုံးအဟောင်းနဲ့ ရုံးအသစ်က မြစ်တဖက်ခြားရုံပဲ။ ဝေါထရိတ်စင်တာ၊ ရေကန်တို့ကို လိုက်ပြတယ်။ မျက်တောင်လို့ ကိုယ်တို့ခေါ်ကြတဲ့ Oculus။ ၂၀၁၇ နယူးဂျာစီမှာနေတုန်းက PATH ရထားစီးပြီး ဝေါထရိတ်စင်တာကိုလာ။ ပြီးရင် Apple Center မှာ ကိုယ်ရုံးဆင်းလာတာ စောင့်နေကြဆိုတော့ လမ်းကျွှမ်းပြီးသား။ နယူးဂျာစီရုံးကိုလည်း ၂၀၁၇ တုန်းက ရောက်ဖူးပြီးသားဆိုတော့ မှတ်မိကြတယ်။ အဲ့ဒီမြစ်ကမ်းဘေးက အရမ်းသာယာတယ်။ နေ့လည်ထမင်းစားပြီးတိုင်း လမ်းသွားလျှောက်တဲ့ နေရာလေး။ မက်ဟန်တန်စကိုင်းလိုင်းကို မြင်ရတယ်။ ကိုယ့်အကြိုက်ဆုံးနေရာထဲကတခု။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၂၁၊ ၂၀၂၃။


No comments: