ညောင်းတယ် ညာတယ်...

ခါးနာနေတဲ့ ဆူနမ်ကို မိုင်းနဲ့ ရာမားက နှိပ်ပေးနေတာ မြင်တော့ အားကျမခံ စန်းထွန်းလည်း နှိပ်ပေးလိုက်တာ နာလို့တဲ့ အော်ပါလေရော။ သူများက စေတနာနဲ့ အကောင်းနှိပ်ပေးမှာကို။

အိမ်မှာ ဖေ၊ မကြီးက အညောင်းသမားတွေ။ ကုသိုလ်ကံကောင်းတဲ့ မေကတော့ လုံးဝမညောင်းတတ်တာပါ။ စန်းထွန်းကတော့ တခါတလေ ညောင်းရင် ဇက်ချိုး၊ ပရုတ်ဆီလိမ်းလိုက်ရင် သက်သာသွားတာပဲ။ အိမ်မှာ ညတိုင်း ဖေ့ကို မောင်နှမတွေ တယောက် တလှည့် တက်နင်းပေးရတယ်။ မညောင်းတတ်တဲ့ စန်းထွန်းက ဘယ်နားနင်းရင် ဘယ်လို သက်သာမှန်းမသိ။ ဖေ ညွှန်တဲ့အတိုင်း နင်းပေးလိုက်တာပဲ။ တခါတုန်းက ဒူးခေါင်းဂျွှတ်ကို တက်နင်းလိုက်လို့ ဖေ့မှာ နာလို့ အော်လိုက်တာ။ ကြိတ်နင်းတယ်ဆိုတာ ရှိသေးတယ်။ ဖေက ညောင်းပဲ ညောင်းနိုင်လွန်းတယ်လို့ ပြောတော့ သမီးကြီးလာမှ သိမယ်တဲ့။

ဖေ့သမီး ပီသစွာ မကြီးလည်း ညောင်းတတ်ပါတယ်။ စာမေးပွဲနီးရင် ဇက်ကြောတက်နေတဲ့ မကြီးကို မေက နှိပ်ပေးရတယ်။ တခါတလေ၊ စိတ်လိုလက်ရမှ နှိပ်ပေးတတ်တဲ့ မောင့်မောင့်မတ်ဆာ့ကတော့ ထိတယ်လို့ ဆိုကြတယ်။ မလေးရှားကို သွားလည်တုန်းက ညောင်းတတ်တဲ့ သူတို့ သားအဖနှစ်ယောက် ညနေတိုင်း မတ်ဆာ့ဆီ ပြေးကြလေရဲ့။

Batam အင်ဒိုနီးရှားကို သွားလည်ကြတုန်းက ရုံးကလူတွေနဲ့ မတ်ဆာ့ဆီ သွားပါတယ်။ အဲဒီတုန်းကတော့ သက်သာသလို ခံစားရပေမဲ့ နောက်နေ့ကျတော့ တကိုယ်လုံး နာလိုက်တာ ကိုင်ရိုက်ထားသလိုပဲ။ မတ်ဆာ့ဆိုတာ ပိုက်ဆံပေးပြီး ကိုယ်ကို ကိုင်ရိုက်ခိုင်းတာလို့ ပြောတဲ့ စန်းထွန်းကို အားလုံးက အထူးအဆန်းသတ္တဝါလို ဝိုင်းကြည့်ကြလေရဲ့။ ကောင်းတဲ့ မတ်ဆာ့ကို မရဖူးလို့နဲ့ တူပါရဲ့။

ခုတော့ တချိန်လုံးထိုင်၊ ကျောင်းဆင်းရင် အဆောင်ကူး(အဆောင်ကလည်း ကျောင်းကနေ လမ်းကူးလိုက်ရင် ရောက်ပြီ)၊ အခန်းထဲမှာလည်း ဆက်ထိုင်၊ ထိုင်ပြီးရင်း ထိုင်နေတော့တာ(မထိုင်လို့ ကင်းမြီးကောက်ထောင်သလို ထောင်နေလို့မှ မရတာ)။ တချိန်လုံး အခန်းထဲမှာ ဂူအောင်းရတော့ ညောင်းညာပါတယ်။ ကိုယ်လက် လှုပ်ရှားမှုမှ မရှိတာ ညောင်းမှာပေါ့။

ခုတော့ သမီးသိပြီ ဖေ ညောင်းညာတယ် ဆိုတာကို။ ကိုယ်ချင်းလည်း စာတတ်ပါပြီ။

စန်းထွန်း
သြဂုတ် ၁၊ ၂၀၁၁။

5 comments:

ေမသိမ့္သိမ့္ေက်ာ္ said...

ခုေတာ့ သမီးကိုယ္ခ်င္းစာတတ္ျပီ ေပါ့ေလ...း)။
လူၾကီးမွ ေညာင္းတာ ဟုတ္ဘူး။ လူငယ္ေတြဆို ပိုေတာင္ေညာင္းတတ္ေသးတယ္။ အႏွိပ္ခန္းဆို လူငယ္ေတြမ်ားမယ္ ထင္တယ္ေနာ္...ဟိ။ (အလုပ္ေတြ အမ်ားၾကီးလုပ္ရေတာ့ ေညာင္းေတာ့ အေညာင္းေျဖတာေျပာပါတယ္။) :)

ခင္မင္ေလးစားလ်က္

Unknown said...

မနက္မိုးလင္းထဲက မ်က္ႏွာနဲ.ကြန္ပ်ဴတာကမခြာ၊ အခန္းက်ဥ္းေလးထဲကဘယ္မွက်ယ္က်ယ္လြင္.လြင္.သြားစရာမရွိ။တူတယ္ အၿဖစ္က။မြန္မြန္ေတာ.ညာဘက္ပုခံုးနဲ.လက္က သိပ္မေကာင္းဘူး ။ကြန္ပ်ဴတာကိုင္လြန္းလို.ေလ။ yoga လုပ္ၾကည္.ပါလား။အဲဒါသက္သာတယ္။ ဟိ အၾကံေပးတာ။

San San Htun said...

ေက်းဇူပါပဲရွင္။

စံပယ္ခ်ိဳ said...

သူငယ္ခ်င္းေရ...ကုိယ္လဲအရမ္းေညာင္းတတ္တယ္
အႏွိပ္ခံတာလဲ၀ါသနာပါတယ္...
ဒီမွာရွိတဲ႔ ထုိင္းအႏွိပ္ခန္းေတြကုိ
သြားတာခဏခဏပဲသိလား...

San San Htun said...

မေသိမ့်သိမ့်ကျော် said...
ခုတော့ သမီးကိုယ်ချင်းစာတတ်ပြီ ပေါ့လေ...း)။
လူကြီးမှ ညောင်းတာ ဟုတ်ဘူး။ လူငယ်တွေဆို ပိုတောင်ညောင်းတတ်သေးတယ်။ အနှိပ်ခန်းဆို လူငယ်တွေများမယ် ထင်တယ်နော်...ဟိ။ (အလုပ်တွေ အများကြီးလုပ်ရတော့ ညောင်းတော့ အညောင်းဖြေတာပြောပါတယ်။) :)

ခင်မင်လေးစားလျက်
August 2, 2011 at 1:31 AM
Unknown said...
မနက်မိုးလင်းထဲက မျက်နှာနဲ.ကွန်ပျူတာကမခွာ၊ အခန်းကျဉ်းလေးထဲကဘယ်မှကျယ်ကျယ်လွင်.လွင်.သွားစရာမရှိ။တူတယ် အဖြစ်က။မွန်မွန်တော.ညာဘက်ပုခုံးနဲ.လက်က သိပ်မကောင်းဘူး ။ကွန်ပျူတာကိုင်လွန်းလို.လေ။ yoga လုပ်ကြည်.ပါလား။အဲဒါသက်သာတယ်။ ဟိ အကြံပေးတာ။
August 2, 2011 at 3:53 AM
San San Htun said...
ကျေးဇူပါပဲရှင်။
August 3, 2011 at 6:20 PM
စံပယ်ချို said...
သူငယ်ချင်းရေ...ကိုယ်လဲအရမ်းညောင်းတတ်တယ်
အနှိပ်ခံတာလဲဝါသနာပါတယ်...
ဒီမှာရှိတဲ့ ထိုင်းအနှိပ်ခန်းတွေကို
သွားတာခဏခဏပဲသိလား...
August 5, 2011 at 4:36 AM