အရင်တုန်းက စန်းထွန်းတယောက် စိတ်ကောက်ရင်ဖြင့် မျက်နှာက ရှစ်ခေါက်ချိုး၊ စိတ်ထဲ မတွေ့ရင်ဖြင့် မျက်နှာမှာ ပေါ်တာ တန်းခနဲပဲ။ တကယ့်ကို ဟန်ဆောင်မှု ကင်းခဲ့တာပါ။
နေထိုင်မှုစရိတ် ကြီးမြင့်လှတဲ့ စလုံးမှာ အတူနေထိုင်ကြသူချင်း စရိုက်လေးတွေ မတူညီတဲ့အခါ၊ သူတပါးအတွက် စဉ်းစားမပေးတဲ့သူတွေနဲ့ ကြုံရတဲ့အခါ အစာမကြေတာတွေကို အတင်းကြိတ်မှိတ်ဝါးပြီး မျိုချရတာပေါ့။ မမျိုချနိုင်ရင်တော့ဖြင့် အိမ်အသစ်ရှာပေါ့။
အလုပ်ထဲမှာ စီနီယာ အနိုင်ကျင့်ရင်၊ အတူအလုပ်လုပ်သူချင်း ပညာပြရင် ဘာမှမဖြစ်သရောင် မျက်နှာကို ပြုံးဖြီးဖြီး(အတင်း ပါးစပ်ကို ဖြဲထားရတာ..)လုပ်ပြီး မခံချင်စိတ်တွေကို မျိုချခဲ့ရတာပေါ့။ မမျိုချနိုင်ရင်တော့ဖြင့် အလုပ်ပြောင်းပေါ့။
စွာတတ်၊ နှက်တတ်၊ မျက်နှာဖြီးထားတတ်၊ ရင်ထဲရှိတာတွေ မျိုသိပ်တတ်အောင်၊ အစာမကြေတာတွေ မျိုချတတ်အောင် စလုံးက သင်ပေးခဲ့ပါတယ်။
ခု Principals of Success(FOREST Academy) two weeks course ကို တက်နေရပါတယ်။ FOR-REST ဆိုတဲ့အတိုင်း တကယ့်ကို REST ရတာပါ။ အတန်းစလို့ ၁၅မိနစ်လောက်ဆို မျက်လုံးကစင်းပြီး ခေါင်းစိုက်နေပြီ။ ကမ္ဘာပေါ်မှာ အလေးလံဆုံးက မျက်ခွံဆိုတာ အဟုတ်..တကယ်..။ သင်တဲ့ဆရာကလည်း နားမလည်တဲ့ စီးပွားရေးအကြာင်းတွေကို ဥပမာပေးပြီး ရှင်းပြတော့ ပိုပြီး ချော့သိပ်နေသလို။ Transcendental Meditation ဆိုတဲ့ တရားထိုင်နည်း ဘယ်လိုကောင်းကြောင်း၊ ဘယ်သုတေသနက ဘယ်လို ထောက်ခံကြောင်း၊ နာမည်ကြီး ဘယ်သူတွေက TM ကို လေ့လာနေတယ်ဆိုတာကို မားကတ်တင်းဆင်းသလို ဆင်းတဲ့အခါ၊ TM စတင်တည်ထောင်သူ မဟာရီချီယောကီ တရားတိတ်ခွေကို ဖွင့်ပြတဲ့အခါ ကျောင်းသားအားလုံးက အိပ်ငိုက်တော့တာပဲ။ မြန်မာလိုတရားဟောရင်တောင် ပါဋ္ဌိတွေပါရင် နားမလည်တာ ခုလို unawareness၊ consciousness၊ unboundedness၊ unifined field ဆိုပြီး အင်္ဂလိပ်တရား နာရတော့ စန်းထွန်းတယောက် ရွာလည်တော့တာပေါ့ (ကျောင်းသားအများစု)။ TMက တကယ်လည်း ကောင်းမှာပါ။ တချိန်ချိန်မှာတော့ TM ကောင်းတယ်လို့ တွေးချင်တွေးလာမှာပါ။ ခုချိန်မှာတော့....
ကျောင်းက ကွန်ပျူတာဘာသာရပ်တွေကတော့ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ခုလို SCI၊ Forest course တွေကတော့ ... း)။ ခက်တဲ့ဘာသာရပ်တွေကို သင်ယူပြီး ခုလို အနားရတဲ့ ဘာသာတွေကို သင်ရတော့ အတော့်ကိုပျင်းသား။ ဆရာတွေက လိုအပ်တယ်၊အရမ်းကောင်းတယ်လို့ တွေးပေမဲ့ ကျောင်းသားတွေက မတွေးတဲ့အခါ...မိဘက အာဟာရရှိစေဖို့ အတင်းကျွှေးလို့ အော်ဟစ်ငိုယိုပြီး မကြိုက်တဲ့ အစားအစာကို အတင်းမျိုချ စားရတဲ့ ကလေးလို...ဗြဲ...ဗြဲ။
ခုလို အားရားလိုက်၊ ယားလို့ မကုတ်အားနိုင်အောင် ဘီးစီးလိုက်နဲ့ စန်းထွန်းတယောက် အစာမကြေတာတွေကို ကြိတ်မှိတ်မျိုချပြီး ဝါးနေကြောင်း...။
စန်းထွန်း
သြဂုတ် ၂၉၊ ၂၀၁၁။
11 comments:
ေသာကမ်ားေျမာင္လူတို႔ေဘာင္ရဲ႕ ခက္ခဲ ၾကမ္းတမ္းတဲ့ ခရီးလမ္းေၾကာင္းမွာ ဘဝရဲ႕တစ္စိတ္တစ္ေဒသကို ရင္ဆိုင္ရင္း ျဖတ္သန္းေနရတဲ့ စန္းထြန္းေလး တစ္ေယာက္ အစစအရာရာ အဆင္ေျပေခ်ာေမြ႔ပါေစလို႔။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။
ေမတၱာျဖင့္
အန္တီတင့္
အစာေၾကေဆးေလးေဆာင္ထား စန္းထြန္းေရ....:)
စလံုးက အစာမေၾကတာေတြကို ႀကိတ္မွိတ္ျပီးမ်ဳိခ်တတ္
ေအာင္သင္ၾကားေပးေနတာကေတာ့အဟုတ္.....:(
မ်က္စိကို ေမွးမွိတ္ၿပီး တရားထိုင္ေနတယ္ေပါ့ေလ..၊ း) အစာမေၾကျခင္းေတြနဲ႔ စိတ္အခ်ဥ္ေပါက္ျခင္း ေတြကေတာ့ အၿမဲပဲ ႐ွိေနဦးမွာ ပါပဲဗ်ာ..။
အမေလး ဒါမ်ား လိပ္စာေၿပာ
ဦးခ်ိန္တီ ထဲ႔ေပးမယ္....
ခ်စ္ခင္တဲ႔ jas
အာဘြား...
ဦးခ်ိန္တီေရာ၊ ဇာပ်ံကေလးပါ သယ္လာေပးရင္း အားေပးသြားပါတယ္ဗ်ာ။။။
အစာေၾကေဆး ၀ယ္ရင္ ပိုက္ပုိက္ ကုန္ေနဦးမယ္။ ဒါေလးမ်ား လြယ္လြယ္ေလး။ ဒီလုိလုပ္။
ဘာမွ မစားဘဲ ေနလုိက္။ ဟာ ဟ။
ခင္မင္လုိ႔ စသြားသည္။
အစာေက်လိုက္ပါ စန္းထြန္းရယ္...အစာမေၾကလို႔လည္း ရမွမရဘဲ...ေလာေလာဆယမွာ အစာမေၾကေပမယ့္ အလုပ္ထဲကိုေရာက္ရင္ေတာ့ အစာေၾကသြားပါလိမ့္မဗ်ား...အဲဒီအခ်ိန္က်ရင္လည္း အရင္က အစာမေၾကခဲ့တာေလးေတြက လြမ္းစရာေလးေတြ ျဖစ္ကုန္မွာ ေသခ်ာပါရဲ႕...
ဟိ... ဘဝတူတယ္။ ဆရာအိမ္စာစစ္လြန္းလို႔ အဲဒီဆရာအတန္းမတက္ေတာ့တာ ျဖစ္ဖူးတယ္။ စိတ္မပါဘဲ ဘယ္ေတာ့မွ အိမ္စာမလုပ္ဘူး။ စိတ္ပါတဲ့အခ်ိန္ကလည္း စာေမးပြဲနီးမွဆိုေတာ့ မလုပ္ခ်င္ေတာ့ဘူး။ ဒီလိုနဲ႔ စိတ္ညစ္ျပီး ဆရာေျပာင္းတယ္။ အိမ္မွာလည္း အဆင္မေျပလို႔ ေျပာင္းတာ ၆ အိမ္ရွိျပီ။ ဟီး။ စိတ္ခ်င္းမတူရင္ မေနခ်င္ဘူးေလ။ း) ဘဝတူေတြမို႔ ျပံဳးမိပါတယ္။
ခင္တဲ့
ေမသိမ့္
အစာမေၾကရင္ သတိထား စန္းထြန္း ေတာ္ၾကာ လဲသြားမွ :) စတာပါ စန္းထြန္းေရ ဘဝဆိုတာ အဲလိုပါပဲ ...တစ္ခါတစ္ခါေလ ၿဖစ္ရပ္ေတြက ရင္နာနာနဲ႕ ေခါင္းငံု႕ခံရတက္တယ္ေလ...
ကမၻာေပၚမွာ အေလးလံဆံုးက မ်က္ခြံဆိုတာေတာ႔ ေထာက္ခံတယ္။ အရင္အလုပ္လုပ္တံုးက ရံုးမွာ သင္တန္းရွိၿပီဆို အၿမဲအိပ္ငိုက္လြန္းလို႔ သိသြားတာ။
mstint said...
သောကများမြောင်လူတို့ဘောင်ရဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ ခရီးလမ်းကြောင်းမှာ ဘဝရဲ့တစ်စိတ်တစ်ဒေသကို ရင်ဆိုင်ရင်း ဖြတ်သန်းနေရတဲ့ စန်းထွန်းလေး တစ်ယောက် အစစအရာရာ အဆင်ပြေချောမွေ့ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
August 30, 2011 at 12:04 AM
ညိမ်းနိုင် said...
အစာကြေဆေးလေးဆောင်ထား စန်းထွန်းရေ....:)
စလုံးက အစာမကြေတာတွေကို ကြိတ်မှိတ်ပြီးမျိုချတတ်
အောင်သင်ကြားပေးနေတာကတော့အဟုတ်.....:(
August 30, 2011 at 12:42 AM
ညီလင်းသစ် said...
မျက်စိကို မှေးမှိတ်ပြီး တရားထိုင်နေတယ်ပေါ့လေ..၊ း) အစာမကြေခြင်းတွေနဲ့ စိတ်အချဉ်ပေါက်ခြင်း တွေကတော့ အမြဲပဲ ရှိနေဦးမှာ ပါပဲဗျာ..။
August 30, 2011 at 5:08 AM
စံပယ်ချို said...
အမလေး ဒါများ လိပ်စာပြော
ဦးချိန်တီ ထဲ့ပေးမယ်....
ချစ်ခင်တဲ့ jas
အာဘွား...
August 30, 2011 at 6:57 AM
အလင်းသစ် said...
ဦးချိန်တီရော၊ ဇာပျံကလေးပါ သယ်လာပေးရင်း အားပေးသွားပါတယ်ဗျာ။။။
August 30, 2011 at 3:38 PM
သူကြီးမင်း (တုံးဖလား) said...
အစာကြေဆေး ဝယ်ရင် ပိုက်ပိုက် ကုန်နေဦးမယ်။ ဒါလေးများ လွယ်လွယ်လေး။ ဒီလိုလုပ်။
ဘာမှ မစားဘဲ နေလိုက်။ ဟာ ဟ။
ခင်မင်လို့ စသွားသည်။
August 30, 2011 at 8:29 PM
ဟန်ကြည် said...
အစာကျေလိုက်ပါ စန်းထွန်းရယ်...အစာမကြေလို့လည်း ရမှမရဘဲ...လောလောဆယမှာ အစာမကြေပေမယ့် အလုပ်ထဲကိုရောက်ရင်တော့ အစာကြေသွားပါလိမ့်မဗျား...အဲဒီအချိန်ကျရင်လည်း အရင်က အစာမကြေခဲ့တာလေးတွေက လွမ်းစရာလေးတွေ ဖြစ်ကုန်မှာ သေချာပါရဲ့...
August 31, 2011 at 8:14 AM
မေသိမ့်သိမ့်ကျော် said...
ဟိ... ဘဝတူတယ်။ ဆရာအိမ်စာစစ်လွန်းလို့ အဲဒီဆရာအတန်းမတက်တော့တာ ဖြစ်ဖူးတယ်။ စိတ်မပါဘဲ ဘယ်တော့မှ အိမ်စာမလုပ်ဘူး။ စိတ်ပါတဲ့အချိန်ကလည်း စာမေးပွဲနီးမှဆိုတော့ မလုပ်ချင်တော့ဘူး။ ဒီလိုနဲ့ စိတ်ညစ်ပြီး ဆရာပြောင်းတယ်။ အိမ်မှာလည်း အဆင်မပြေလို့ ပြောင်းတာ ၆ အိမ်ရှိပြီ။ ဟီး။ စိတ်ချင်းမတူရင် မနေချင်ဘူးလေ။ း) ဘဝတူတွေမို့ ပြုံးမိပါတယ်။
ခင်တဲ့
မေသိမ့်
September 2, 2011 at 1:28 AM
Angelhlaing(May everybody be happy and healthy! said...
အစာမကြေရင် သတိထား စန်းထွန်း တော်ကြာ လဲသွားမှ :) စတာပါ စန်းထွန်းရေ ဘဝဆိုတာ အဲလိုပါပဲ ...တစ်ခါတစ်ခါလေ ဖြစ်ရပ်တွေက ရင်နာနာနဲ့ ခေါင်းငုံ့ခံရတက်တယ်လေ...
September 3, 2011 at 1:55 AM
T T Sweet said...
ကမ္ဘာပေါ်မှာ အလေးလံဆုံးက မျက်ခွံဆိုတာတော့ ထောက်ခံတယ်။ အရင်အလုပ်လုပ်တုံးက ရုံးမှာ သင်တန်းရှိပြီဆို အမြဲအိပ်ငိုက်လွန်းလို့ သိသွားတာ။
September 11, 2011 at 7:43 PM
Post a Comment