Necessary Evil...

Exam is the necessary evil.
စာမေးပွဲ...စာမေးပွဲ...စာမေးပွဲ...
သူငယ်တန်းကတည်းက ဖြေလာလိုက်တာ ခုထိလည်း ဖြေနေဆဲ။ နောင်လည်း ဖြေလတ္တံ့။

မြန်မာပြည်က စာမေးပွဲတွေကတော့ လွယ်တယ် ဆိုရမယ်။ စာမေးပွဲနီးရင် တီချယ်တွေ ရွေးပေးတာတွေ၊ စတားသုံးလုံးလောက်ပြထားတဲ့ ဟာတွေကျက်လို့ကတော့ အောင်မှတ်ကတော့ ပြေးမလွတ်ဘူး။ အလွတ်ကျက်နိုင်ရင် အောင်ပြီ။ ဒါကိုတောင် စပေါ့ရိုက်(ရွေးကျက်သေးတာ)။

IDCS တက်တုန်းကတော့ မေးခွန်းကို အင်္ဂလန်က ထုတ်တာ။ တီချယ်တွေက ရှေ့အပိုင်းတွေ သင်ထားတာ မေးခွန်းက နောက်ပိုင်းတွေ မေးတော့ ကျလိုက်ကြတာ သောက်သောက်လဲ။ ဒေါ်လာ ၁၀၀ကျော် ပြန်သွင်းမှ ပြန်ဖြေလို့ရတယ်။ မအောင်ရင် certificate မပေးဘူးလေ။ အဲဒီတုန်းက ဒီလိုကြွှားတာ။ "လူကသာ အင်္ဂလန် မရောက်သေးတာ။ ငါ့အဖြေလွှာစာရွက်ကတော့ အင်္ဂလန်ကို ရောက်နှင့်နေပြီ" လို့။

NUS မှာတော့ စာမေးပွဲက open book ။ ကြိုက်တဲ့စာအုပ်၊ ကြိုက်သလောက်သယ် အဖြေက တခုမှ စာအုပ်ထဲမှာ မရှိဘူး။ ခေါင်းထဲမှာပဲ ရှိတယ်။ နိုင်ငံခြားက မေးခွန်းထုတ်တဲ့ ACCA ၊ IDCS တို့လည်း open book နီးနီးပဲ။ ဘာမေးမယ်မှန်း မသိဘူးလေ။ ဆရာတွေ သင်တဲ့ဟာပဲ ကြည့်လို့ကတော့ မလုံလောက်ဘူး။ မြန်မာပြည်က closed book ကတော့ အပုဒ် ၂၀ ကျက်ရင် ၁ပုဒ်လောက်က ပြေးမလွှတ်ဘူး။

ခုလည်း ဒီအတိုင်းပါပဲ။ closed book ပေမဲ့ အဖြေက စာအုပ်ထဲမှာ မရှိဘူး။ ခေါင်းထဲမှာပဲ။ ဆရာသင်တာနဲ့တင် မလုံလောက်ဘဲ တခြားစာအုပ်တွေ ဖတ်ထားတော့မှ တန်ရုံကြတာ။ Practice makes perfect. ဆိုတာ အမှန်ပါပဲ။ မြန်မာပြည်မှာလို ကြက်တူရွေး နှုတ်တိုက်ကျက်လို့ မရပါဘူး။ တကယ် နားလည် သဘောပေါက်မှ ဖြေနိုင်တာပါ။ မြန်မာပြည်က ပညာရေးနဲ့ နိုင်ငံခြားက ပညာရေး တော်တော်ကွာပါတယ်။ မြန်မာပြည်မှာ အချိန်တွေကုန်၊ ပိုက်ဆံတွေ ကုန်တာခြင်း အတူတူ နိုင်ငံခြားမှာ ကျောင်းတက်တာက တကယ်တတ်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားက ဘွဲ့၊ နိုင်ငံခြားကကျောင်းတက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ UCSY မှာ ၅နှစ်တက်တာထက် NUS မှာ ၁နှစ်တက်တာက ပညာတွေ အများကြီးရပြီး ပိုတတ်ပါတယ်။

ဒီမှာတော့ exam လို့ မခေါ်ပါဘူး Opportunity to Integrate and Stabilize the Knowledge တဲ့။ ကိုယ့်ရဲ့ ညဏ်ပညာတွေကို ပေါင်းစပ်အသုံးချပြီး အရည်အချင်းပြနိုင်တဲ့ အခွင့်အရေးပါတဲ့။ တို့တွေကတော့ အရည်အချင်းလည်း မပြချင်ပါဘူး (ပြစရာလည်း မရှိလို့)။ ဒီလို အခွင့်အရေးမျိုးလည်း မလိုချင်ပါဘူး း)။

အရက်ကြိုက်တဲ့ လူတယောက်က ပြောတယ်။ အရက်သောက်တာကို မတားမြစ်တဲ့ ဘာသာတရားရှိရင် ပြော။ အဲဒီဘာသာကို သူပြောင်းမယ်တဲ့။ ခု စန်းထွန်းလည်း စာမေးပွဲမရှိတဲ့ ကျောင်းရှိရင်ပြော။ အဲဒီကျောင်းကို ပြောင်းမယ်လို့။

စန်းထွန်း
သြဂုတ် ၄၊ ၂၀၁၁။

7 comments:

ညီလင္းသစ္ said...

အရည္အခ်င္း ျပႏိုင္တဲ့ အခြင့္အေရး တဲ့လား..၊ ဒီစကား တယ္မွန္တာပဲ၊ အရည္အခ်င္းအတြက္ အမွန္တကယ္ သင္ၾကတဲ့ တိုင္းျပည္ေတြမွာေပါ့...၊ စာေမးပြဲ ေတြကေတာ့ ဆံုးတယ္ရယ္လို႔ ႐ွိမွာ မဟုတ္ပါဘူးဗ်ာ..။

Anonymous said...

ကုုိယ္ကစာေမးပဲြေျဖရတုုိင္း စာေမးပဲြကိုုမုုန္းတယ္။ အမွတ္ေကာင္းေကာင္းရျပန္ရင္ေတာ့ အဲဒီအမွတ္ကိုုသေဘာက်တယ္။း) ကုုိယ္တက္တုုန္းက take home exam ကုုိအိမ္မွာ စာအုုပ္ၾကည့္ေျဖတာ အေျဖရွာလိုု ့မေတြ ့ဘူး။ အြန္လိုုင္းမွာရွာလည္းမေတြ ့ဘူး။ ေနာက္မွ topic ေပါင္းမ်ားစြာဖတ္ျပီးေတာ့မွ ကုုိယ့္ရဲ ့ေတြးယူတာေပါင္းလိုုက္မွ အေျဖရတယ္။ ဒီေတာ့မွ ပေရာ္ဖက္ဆာက ဒါေၾကာင့္ အိမ္ယူေျဖခြင့္ျပဳတာကိုုးလိုု ့သေဘာေပါက္ေတာ့တယ္။ စာတအုုပ္လံုုးမက အကုုန္လိုုက္ဖတ္ရတာကိုုး။
အိုုင္အိုုရာ

စံပယ္ခ်ိဳ said...

အရက္ၾကိဳက္သူရယ္
စာေမးပဲြ မၾကိဳက္သူရယ္ေလ
ေအာက္ဆုံးမွာေရးထားတာ
အဲဒီ စာ ေၾကာင္းကုိအၾကိဳက္ဆုံးပဲ.....

ေန၀သန္ said...

မာစတာတန္းေတြမွာ Exams ဆိုတာသိပ္မရွိေတာ့ပါဘူး... ဒီမွာေတာ့ မ်ားေသာအားျဖင့္ Report ေတြကို ေခါင္းေျခာက္ခံလုပ္ရင္ အဆင္ေျပပါတယ္...

ခင္မင္လ်က္
ေန၀သန္

San San Htun said...

ဒီက မာစတာနဲ ့မ်ား ကြာပါ့။ dessertion၊ thesis ဆိုတာလည္း မရိွဘူး။ သူမ်ားေက်ာင္းေတြက ၂၊၃၊၄ လ တဘာသာ သင္တာကို ဒီမွာ တလ တဘာသာဆိုေတာ့ ဒံုးက်ဥ္ဖက္လိုက္မွ မွီမယ္။ ၂ပတ္ တခါ exam ။ individual project၊ group project၊ homework ။ ရွင္ခ်င္တယ္၊ ရွင္ခ်င္တယ္။ ေက်ာင္းလည္းၿပီးေရာ ေတာ္ရံုတန္ရံု stress ေလာက္ေတာ့ လာထား အေပ်ာ့ပဲ ။ စန္းထြန္းလည္း ဒီေရာက္မွ သာလိကာလို စကားမ်ားၿပီး ခိုလို ညည္းတတ္ေနၿပီ။ လူစင္စစ္ကေန ငွက္ဘဝ ေရာက္ေနပါလား း)။

ေတာက္ပႀကယ္စင္ said...

ေနာက္ဆုံး၀ါက်က ဥပမာေလးကို သေဘာက်မိတယ္။ ဟုတ္ပါ့ ျမန္မာျပည္က ပညာေရးေတြက အခ်ိန္ကုန္၊ ပိုက္ဆံကုန္ရုံရယ္။ ႏုိင္ငံျခားမွာ သင္ရတာက ပုိၿပီး ေလးနက္ပါေပတယ္။ က်န္းမာေပ်ာ္ရႊင္ပါေစ...

San San Htun said...

ညီလင်းသစ် said...
အရည်အချင်း ပြနိုင်တဲ့ အခွင့်အရေး တဲ့လား..၊ ဒီစကား တယ်မှန်တာပဲ၊ အရည်အချင်းအတွက် အမှန်တကယ် သင်ကြတဲ့ တိုင်းပြည်တွေမှာပေါ့...၊ စာမေးပွဲ တွေကတော့ ဆုံးတယ်ရယ်လို့ ရှိမှာ မဟုတ်ပါဘူးဗျာ..။
August 4, 2011 at 6:27 PM
Anonymous said...
ကိုယ်ကစာမေးပွဲဖြေရတိုင်း စာမေးပွဲကိုမုန်းတယ်။ အမှတ်ကောင်းကောင်းရပြန်ရင်တော့ အဲဒီအမှတ်ကိုသဘောကျတယ်။း) ကိုယ်တက်တုန်းက take home exam ကိုအိမ်မှာ စာအုပ်ကြည့်ဖြေတာ အဖြေရှာလို့မတွေ့ဘူး။ အွန်လိုင်းမှာရှာလည်းမတွေ့ဘူး။ နောက်မှ topic ပေါင်းများစွာဖတ်ပြီးတော့မှ ကိုယ့်ရဲ့တွေးယူတာပေါင်းလိုက်မှ အဖြေရတယ်။ ဒီတော့မှ ပရော်ဖက်ဆာက ဒါကြောင့် အိမ်ယူဖြေခွင့်ပြုတာကိုးလို့သဘောပေါက်တော့တယ်။ စာတအုပ်လုံးမက အကုန်လိုက်ဖတ်ရတာကိုး။
အိုင်အိုရာ
August 5, 2011 at 4:31 AM
စံပယ်ချို said...
အရက်ကြိုက်သူရယ်
စာမေးပွဲ မကြိုက်သူရယ်လေ
အောက်ဆုံးမှာရေးထားတာ
အဲဒီ စာ ကြောင်းကိုအကြိုက်ဆုံးပဲ.....
August 5, 2011 at 4:32 AM
နေဝသန် said...
မာစတာတန်းတွေမှာ Exams ဆိုတာသိပ်မရှိတော့ပါဘူး... ဒီမှာတော့ များသောအားဖြင့် Report တွေကို ခေါင်းခြောက်ခံလုပ်ရင် အဆင်ပြေပါတယ်...

ခင်မင်လျက်
နေဝသန်
August 6, 2011 at 12:33 AM
San San Htun said...
ဒီက မာစတာနဲ့များ ကွာပါ့။ dessertion၊ thesis ဆိုတာလည်း မရှိဘူး။ သူများကျောင်းတွေက ၂၊၃၊၄ လ တဘာသာ သင်တာကို ဒီမှာ တလ တဘာသာဆိုတော့ ဒုံးကျဉ်ဖက်လိုက်မှ မှီမယ်။ ၂ပတ် တခါ exam ။ individual project၊ group project၊ homework ။ ရှင်ချင်တယ်၊ ရှင်ချင်တယ်။ ကျောင်းလည်းပြီးရော တော်ရုံတန်ရုံ stress လောက်တော့ လာထား အပျော့ပဲ ။ စန်းထွန်းလည်း ဒီရောက်မှ သာလိကာလို စကားများပြီး ခိုလို ညည်းတတ်နေပြီ။ လူစင်စစ်ကနေ ငှက်ဘဝ ရောက်နေပါလား း)။
August 6, 2011 at 1:19 AM
တောက်ပကြယ်စင် said...
နောက်ဆုံးဝါကျက ဥပမာလေးကို သဘောကျမိတယ်။ ဟုတ်ပါ့ မြန်မာပြည်က ပညာရေးတွေက အချိန်ကုန်၊ ပိုက်ဆံကုန်ရုံရယ်။ နိုင်ငံခြားမှာ သင်ရတာက ပိုပြီး လေးနက်ပါပေတယ်။ ကျန်းမာပျော်ရွှင်ပါစေ...
August 6, 2011 at 5:07 AM