စင်္ကာပူ စံတော်ချိန် မနက် ခြောက်နာရီတွင် စတင်တွက်ခွါလာသော Tiger Airways လေယာဉ်လေးသည် မကာအို စံတော်ချိန် မနက် ကိုးနာရီ ဆယ်.ငါးမိနစ်တွင် ဆိုက်ရောက်သည်၊၊ လေယာဉ်လေးဟု ခေါ်ရခြင်းမှာ ဘက်ဂျက်လေကြောင်းလိုင်းဖြစ်သောကြောင့် ၇ ကီလိုသာ သယ်ခွင်.ရသည်၊၊ ဘာဆိုဘာမှ မကြွေးပါ၊၊ ဗိုက်ဆာရင်တော. လေယဉ်ပေါ်မှာ ဝယ်လို့ရတယ်၊၊ လေယဉ်မယ်၊ လေယဉ်မောင်တွေက တွန်းလှည်:လေးနဲ. ရောင်းသကိုး၊၊ စဂ်ကာပူ စံတော်ချိန်နဲ. မကာအို စံတော်ချိန် ကွာခြားမူ မရှိပါ၊၊ မကာအို၊ ဟောင်ကောင် လေယဉ်ကွင်းက တခြားကျွန်းမှာ ရှိပါတယ်။ လေယဉ်ပေါ်က ဆင်းတာနဲ. "အား ချမ်:လိုက်တာ" လို. အော်ပြီး အနွေးထည် ဆွဲဝတ်ရတယ်။ အပူချိန်က 20 C ။ နေရောင်ကို မမြင်တွေ့ရဘူး။ အာ:လုံးက ဆိုက်ရောက်ဗီဇာလျှောက်ဖို. တန်းစီနေချိန်မှာ ရွှေမြန်မာတွေက မကာအို၊ ဟောင်ကောင် ဒေါ်လာ တစ်ရာ ပေးမှ တန်းစီစရာ မလိုဘဲ ဝင်ခွင်.ရတယ်။ တခြားနိုင်ငံသားများက ပိုက်ဆံပေးစရာ မလိုပါ။ ရွှေမြန်မာများသာ လိုပါသည်။ လေဆိပ်မှ ဟိုတယ်ကြီးများဆီ ဖယ်ရီကြိုပို. ရှိပါတယ်။ ပထမဆုံး ရောက်တဲ. နေရာကတော. Ventian ဟိုတယ်ပါ။ မကာအိုရဲ. အဓိက ဝင်ငွေက ကာစီနိုဝင်တာပါ။ မကာအိုရဲ. ဟိုတယ်တွေက အတော်.ကို ကြီ:ပြီး ဟိုတယ်တိုင်းမှာ ကာစီနိုရှိတာပါ။


အဆောက်အဦး ဒီဇိုင်းကတော. လက်ဖျားခါလောက်ကို လှတယ်။ အီတလီ နိုင်ငံ ဗင်:နစ်မြို.ကို ရောက်သွားသလားတောင် ထင်မိတယ်။ ဥရောပ စတိုင်သုံးထပ် အဆောက်အဦး၊ ပြာလဲ.နေတဲ. ကောင်းကင်(အစစ် မဟုတ်ပါ၊ ဟိုတယ်ထဲမှာပါ)၊ လှေလေးတွေ လှော်ခက်နေတဲ. တူ:မြောင်း။ အကြွေစေ့ကို ရေထဲ ပစ်ပြီး ဆုတောင်းကြတယ်။




စမြင်မြင်ခြင်:တော. အရုပ်လို့ ထင်မိတယ်။ ပိုက်ဆံသွားထည်. ရင်တော. စက်ရုပ်လို လှုပ်ပြီး အော်ပါတယ်။ တောင်းစားခြင်း တစ်မျိုးပါ။

မကာအိုက ပေါ်တူဂီလက်အောက် ကျရောက်ခဲ.တာ။ ပေါ်တူဂီဘာသာက အဂ်လိပ်ဘာသာနဲ.တူပေမဲ. ဘယ်လိုမှ မဖတ်တတ်ဘူ:လေ။ ဟုတ်မဟုတ် သိရအောင် အောက်က ဆိုင်းဘုတ်လေးကို ဖတ်ကြည့်လိုက်ပါ။

လောင်းကစား မြို.တော်မို့လို့ အလုအယက်၊ ခါးပိုက်နှိုက်တာတွေ များတယ်နဲ. တူတယ်။ တစ်ယောက်က အထုပ်တွေကို စောင်.၊ စန်းထွန်းတို.တွေ က ထမင်းသွားမှာကျတုန်း၊ လုံခြုံရေးအစောင့်က အထုပ်တွေကို သေသေချာချာစောင့်ကြည့်ဖို. မှာသွားတယ်တဲ.။ ဘတ်စ်ကားပေါ်မှာလည်: ခါးပိုက်နှိုက်ပုံ ခါးပိုက်နှိုက်နည်:တွေကို ပြပြီး သတိတားဖို. ရေ:ထားတယ်။
မကာအိုရဲ. အထင်ကရ St.Paul ဘုရားကျောင်းကို အသွားလမ်:တလျှောက် မုန့်ဆိုင်တန်းတွေပဲ။ ကြိုက်သလောက် မြည်းလို့ ရတယ်။ မြည်းလွန်းလို့ ပါးစပ်တောင် ခါးပြီး ဘယ်ဆိုင်က ဘယ်အရသာဆိုတောင် မမှတ်မိအောင် အထိကို မြည်းတာပါ။

မည်းကြမယ်ဟေ. ကောင်းကောင်း :)
Egg Tart လို့ နာမည်တွင်တဲ့ ကြက်ဥမုန့်ကို နာမည်အကြီ:ဆုံး ဆိုင်မှာ ကျူရှည်လွန်:လို့ မစောင့်နိုင်ဘဲ တခြားဆိုင်ကပဲ ဝယ်စာ:ခဲ.ရတယ်။ အောက်က ပုံလေးတွေ ကြည်.ပြီး သားရေမကျကြပါနဲ.နော်။ :P

CurryFish လို့ ခေါ်တဲ. Fishball နဲ. တူတဲ. အစားအစာက အတော်.ကို စားကောင်းတာပါ။




ရောက်ပါပြီ ခင်ဗျ St.Paul ဘုရားကျောင်းကို


အကြွေစေ့တွေ ပစ်ပြီး ဆုတောင်းကြတယ်။

မီးလောင်လို့ မျက်နှာစာဖက်ပဲ ကျန်ခဲ့တာ။

St.Paul ဘုရားကျောင်းနဲ. ကပ်ရပ်ရှိတယ်. Monte Forte ခံတပ်ကို ချီတက်ခဲ.ကြတယ်။ လမ်:လျှောက်ရင်း တက်လို့ရသလို လမ်:မလျှောက်ချင်သူများအတွက်လည်: စက်လှေကား စီစဉ်ပေးထားပါတယ်။ တောင်ထိပ်ပတ်ပတ်လည်မှာ အမြောက်တွေ ရှိပြီး အပင်လေးတွေနဲ. သာသာယာယာ ရှိလှပြီ: မကာအိုတမြို.လုံး အလှကို ခံစားနိုင်ပါတယ်။ အင်ဒိုနီ:ရှားက ဝင်နာတိုက သူတို.နိုင်ငံမှာဆို အစိုးရက ဒီလို နေရာမျိုးကို ဝင်ကြေးမတောင်းဘဲ ဘယ်နေလိမ်.မလဲ၊ နိုင်ငံခြားသားတွေက ဝင်ကြေးပေးရမယ် ဆိုတော. တွန့်သွားရော ဆိုတော. တို.မြန်မာပြည်မှာရော ဝင်ကြေး မပေးရတယ်. နေရာရှိသလားလို့ စဉ်းစားမိတယ်။





တောင်အောက်ကို ရောက်တာနဲ. Macau Fisherman Wharf ကို ဝင်လည်ကြပြန်တယ်။


ဗိုက်ကဆာ၊ ညောင်းလာပြီမို့ ရေမိုးချိုးဖိုး. Rio ဟိုတယ်ဆီ ပြန်ခဲ.တော.တယ်။ မကာအိုက ကျဉ်:ကျဉ်:လေးမို့ ၂ရက်လောက် အချိန်ပေးရင်ပဲ မကာအိုတခွင် ပြဲပြဲစင်ပါတယ်။
Happy Traveling!
စန်းထွန်း
မေ ၁၆၊ ၂၀၁၀။
2 comments:
ခင်မင်လျှက်
ဆောင်းနှင်းရွက်
Anonymous said...
F4 ကြည့်ပြီးကတည်းက အဲ့ကို သွားချင်နေတာ . :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
September 27, 2012 at 9:59 PM
Post a Comment