ဘဝဆိုတာ ရထားတစီးလိုပါပဲ။ ကိုယ်နဲ. ရေစက်ရှိသူတွေက ဘူတာကနေ တက်လာလို့ ဆုံလိုက်ကြ၊ ရေစက်ကုန်လို့ ဘူတာရောက်ရင် ဆင်းသွားလို့ ခွဲခွါလိုက်ကြ။ ဒီသူငယ်ချင်းကို ချစ်လို့ အတူခရီးသွားမယ်လို့မှ မရတာ။ ကိုယ်ခရီးကိုယ်သွား သူ့ခရီးသူသွား။ ကြုံဆုံတုန်း စကားလက်ဆုံကြပြီ: အဆင်ပြေတာတွေးလည်: ရှိသလို တက်နင်းမိလို့ ယိုင်သွားလို့ ထိမိသွားရာကနေ ကတောက်ကဆလေးတွေလည်: ရှိနေနိုင်ပါတယ်။ဒီလိုရှိရင်လည်: တွေးလိုက်ပါ ရေစက်ရှိလို့ တွေ့ဆုံရခိုက် ခဏတာလေးပါ။ အချိန်တန်ရင် ခွဲခွါရမှာလို့။ တွေ့ဆုံရခိုက် ကိုယ်.ကို ချစ်တဲ. ကောင်းတဲ.သူလည်:ရှိသလို ကိုယ်.ကို မနှစ်သက် မကောင်းတဲ.သူလည်: ရှိမှာပါ။ လက်ခံလိုက်ပါ။ ကိုယ်တတ်နိုင်သလောက် စိတ်ကောင်းစေတနာထားပြီ: နှုတ်ရဲ. ဆောင်မခြင်း၊ ကိုယ်ရဲ. ဆောင်မခြင်းနဲ. ကူညီစရာ ရှိတာ ကူညီလိုက်ပါ။ လောကကြီ:မှာ လူနှစ်ယောက် စတွေ့တာနဲ. အကဲခတ်မယ်။ ကိုယ်.ထက်နိမ့်ရင် သနားမယ်။ တန်:တူရင် ပြိုင်မယ်။ ကိုယ်.ထက် သာရင်တော. အားကျမယ်။ ဒါ သဘာဝပါပဲ။ရှေ့မှာ ဘာတွေ ဆက်ဖြစ်မယ်မှန်: မသိနိုင်ပေမယ်. ဘဝရထားကြီ:ကတော. ခုတ်မောင်းဆဲ။
စန်းထွန်း
ဧပြီ ၂၈၊ ၂၀၁၁။
2 comments:
Anonymous said...
ကျွတ်တန်းမဝင်ခင်ထိတော့ ဘဝရထားကြီး မောင်းနှင်ရာ ဆက်လက်ပြီး လိုက်ပါ စီးနင်းနေရ ဦးမှာပေါ့ဗျာ။ အားလုံးကတော့ ကိုယ်ပြုသည့်ကံတရား အတိုင်း ဖြစ်တည်နေကြတာပါပဲ။
Post a Comment