နာနာ‌လေးကစ်တဲ့ နာဂစ် - ၃

မုန်တိုင်းပြီးသွားပေမယ်. ဒုက္ခတွေက မပြီ:သေးပါဘူး။ ကိုယ်အိမ် အနီးအနားက တွေ့တဲ. ပစ္စည်းတွေ ကောက်။ သူများအိမ်မှာ ကိုယ့်ကစ္စည်း တွေ့ရင် ပြန်တောင်းယူ။ စားစရာ မရှိလို့ လာတောင်းရင် ရှိတဲ. အထဲက မျှဝေ။ ဝတ်စရာ မရှိလို့ လာတောင်:ရင်လည်: ရှိတဲ. အထဲက မျှဝေပေး။ အိမ်က အလုပ်သမားတယောက် ဝတ်ထားတဲ. အင်္ကျီကို တွေ့ လို့ ဘယ်ကရတာလည်: မေးတော. တံတားနားက ရွှံ့ပုံအောက်မှာ တွေ့လို့ လျှော်ဖွတ်ပြီ: ဝတ်နေတာတဲ.။ မကြီး ကန်တော.ထားတဲ. အင်္ကျီမို့ ဖေ့ခမျာ တခြားအင်္ကျီနဲ. လဲရှာတယ်။ ယောကျ်ားတွေကလည်: တဒုန်းဒုန်းနဲ. ပျက်စီးသွားတာတွေကို ပြင်နေရသလို မိန်:မတွေကလည်: တဒိုင်းဒိုင်းနဲ. လျှော်ဖွတ်နေရပါတယ်။ ပင်လယ်ရေငန် ထိသွားတာမို့လို့ မလျှော်ရင် ဆွေးမှာလေ။ အသစ်လည်: ဝယ်နိုင်မှာမဟုတ်လို့ထမင်းစားပြီ:တာနဲ. တရွာလုံးက မိန်:မတွေ ရေတွင်းဆီ ချီတက်ပြီ: အဝတ်လျှော်ပြိုင်ပွဲကြီ: ကျင်းပနေဘိအလား။ တကျွန်:လုံး မြုပ်တာဆိုတော. အကုန်လုံး ရေငန်ထိတာပါပဲ။ လက်တွေပေါက်တဲ. အထိ လျှော်ဖွတ်ရလို့ မုန်တိုင်းကြောင့် မသေဘဲ ပင်ပန်:လို့ သေမယ်လို့ ငြီးယူရတဲ. အထိပါပဲ။ အိမ်နား ရွှံ့ပုံအောက်ကတွေ့တဲ. ပုဆိုးကို သေသေချာချာ လျှော်ဖွတ်ပြီ: တယောက်ယောက်ကို ပေးမယ်လို့ ရည်ရွယ်ထားတာ။ ပေးတဲ.ဆီတောင် မရောက်လိုက်ဘူး ဗျိဗျိနဲ. ပြဲသွားလို့ လက်နှီးစုတ် လုပ်လိုက်ရပါရောလား။ ရေကို သေသေချာချာ ကြိုချက်ပြီ:မှ သောက်ရတယ်။ မုန်တိုင်းနောက်ဆက်တွဲ ဝမ်:ရောဂါ ဖြစ်မှာ စိုးလို့လေ။

မုန်တိုင်းတိုက်ပြီ : နောက်နေ့မှာပဲ နယ်စည်းမခြား ဆရာဝန်များအဖွဲ. ရောက်လာပါတယ်။ ရေတွင်းတွေကို ဆေးခတ်၊ ဒဏ်ရာရတဲ. သူတွေကို စာသင်ကျောင်းမှာ ကုပေးပါတယ်။ မုန်တိုင်းဒဏ်ခံရသူတွေက ဘာမှ မဖြစ်ဘဲ ရန်ကုန်က ဆင်းလာသူက လက်နဲ. ချက်နား တဝိုက်မှာ မီးလောင်နာလို အနာတွေ ပေါက်လာလို့ နယ်စည်းမခြား ဆရာဝန်ဆီ ပြေးပြရပါတယ်။ ဟိုင်းကြီ:တိုက်နယ်ဆေးရုံကလည်: ပြိုကျပျက်စီးနေလို့ ပြင်ဖို. အချိန်ယူရဦးမယ်။ ပုံမှန်ချိန်ဆို ရွာက ဆရာဝန်တွေကို ထမင်းကျွေးမှာပါ။ ခုလိုချိန်မှာတော . နယ်စည်းမခြားဆရာဝန်တွေလည်: ကိုယ်ရိက္ခာနဲ. ကိုယ် လာကုပေးရရှာတာ။ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်ထုပ်လေး ပြုတ်စားနေတယ်. ဆရာဝန်တွေကို မြင်တော. ဪ တကယ် အလုပ်လုပ်သူတွေပါလား။ သတင်းတွေ နားထောင်ပြီ: ဒဏ်ရာရသူများတဲ. နေရာတွေဆီ သွားကြပြန်တယ်။ မွန်မြတ်တဲ. လုပ်ရပ်မို့ သာဓုခေါ်မိပါတယ်။

ပြင်ခရိုင်ကျွန်း ဘုန်းတော်ပြည်. ရွာမှာတော. ဘုန်းကြီ:ကျောင်းပြိုလို့ မုန်တိုင်းလာခိုတယ်. လူ၂၀၀ကျော်လောက် သေတယ်လို့ ကြားတယ်။ ပြင်စလူမှာတော. အားလုံးသေတယ်လို့ ကြားတယ်။ ကမ်:နားမှာ နေကြသူတွေရဲ. အိမ်တွေက ခနော်ခနဲ. လေတချက်တိုက်ရင်တောင် ပြိုမယ်.အိမ်တွေ ဆိုတော. ဒီမုန်တိုင်းဒဏ် ဘယ်ခံနိုင်ပါ့မလဲ။ ပင်လယ်ဖက် ကပ္ပလီမှာ နေတဲ.သူတွေကတော. လှိုင်းလုံးကြီ:တွေက အိမ်တွေကို တိုက်ချသွားလို့ ကုန်းတွင်းကို အသက်လုပြီ: ပြေးရတာ အဝတ်အစား ဘယ်အချိန် ကျွတ်သွားမှန်းတောင် မသိဘူးတဲ.။ ဒါပေမယ်.လည်: အရှက်ထက် အသက်ထက် အရေးကြီးလို့ လွတ်အောင်ပဲ ပြေးခဲ.ရတယ်။ ဟိုင်းကြီ:မှာ မုန်တိုင်းတိုက်ချိန်က နေ.ဖက်မှာ တိုက်တာ။ ဒါပေမယ်.လည်: ညအလား မှောင်မဲနေတာပဲတဲ့။ ညဖက်ဆိုရင် ဟိုင်းကြီ:မှာလည်: အသေအပျောက် များနိုင်တယ်။ မှောင်မှောင်မဲမဲနဲ. ကမ်:ဖက်ဆိုပြီ: စွတ်ပြေးနေတာ ပင်လယ်ဖက် ဖြစ်နေမှ ဒုက္ခ။

ဘိုကလေး၊လပွတ္တာဖက်မှာ ညဖက်မို့ အသေအပျောက် များတာပါ။ မှောင်မှောင်မဲမဲနဲ. ဘယ်ပြေးလို့ ပြေးရမယ်မှန်:မသိ။ ပြေးလွှားရင်း သစ်တုံးတွေ့လို့ ဖက်ထားတာ ရေကျသွားတော.မှ သိတယ် အုန်းပင်ထက် ရောက်နေမှန်:။ ဒီဖက်ကမ်: သင်္ဘောပေါင်းမိုးကနေ ဝှီးကနဲ လေနဲ.ပါသွားတာ ဟိုဖက်ကမ်:ကို ရောက်သွားပုံများ အာလာဒင်ကော်ဇောပျံ စီးသွားဘိအလား။ ငိုအားထက် ရယ်အားထက် အဖြစ်တွေပါ။

စို:လင်းကျော် သင်္ဘောကြီ: ကမ်:ပေါ်တင်သွားလို့ မြေကြီ:တွေ တူးပြီ:ဆွဲချတာ သိန်:၂၀ ၃၀ ကုန်သွားပါရောလား။ တချို. အိမ်ရှေ့မှာ ချည်ထားတယ်. သင်္ဘောတွေ ဘယ်ရောက်သွားမှန်:မသိဘဲ ပျောက်ချင်းမလှ ပျောက်သွားတာတွေ၊ ကမ်:ပေါ် ဟိုးအဝေးကြီ: ထိုးတင်သွားလို့ မြေကြီ:တူးပြီ: ဆွဲချဖို. ပိုက်ဆံမတက်လို့ အဆုံ:ခံလိုက်ရတယ်. သင်္ဘောတွေ။ အိမ်မှာ ရှိတယ်. သင်္ဘော၂စီးက တော. အဝေးကို ထွက်မသွားဘဲ အိမ်နားမှာပဲ ရှိနေပါတယ်။ ဖေ့ရဲ. ပထမဆုံ: သင်္ဘောအကောင်လေးဆို အိမ်ရှေ့မှာ ကပ်ခံနေတာ။ မေက သင်္ဘော ဦးတိုင်ကို လက်ကလေးနဲ. ပွတ်ပြီ: ပြောရှာတယ် အကောင်လေးခမျာ တို.ကို လုပ်ကျွေးမလို့ အိမ်နားမှာပဲ ကပ်နေရှာသတဲ.။ ပစ္စည်း အကောက်ကောင်းကြတာ ပိုက်သူကြီ: မဟုတ်ဘဲ ပိုက်တွေပိုင်တဲ. အဖြစ် ။

နိုင်ငံတကာက ကူညီဖို. ကမ်:လှမ်:ပေမယ်. လုံခြုံရေးအရဆိုပြီ: နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ.တွေကို အဝင်မခံတာ နိုင်ငံတကာက ဝိုင်းဝန်:ရှုံ.ချ။ ကုလသမဂ္ဂ အထွေထွေအုပ်ချုပ်ရေးမှူး ဘန်:ကီးမွန်:ကိုယ်တိုင် ဖျောင်းဖျတော.မှ အဝင်ခံတော.တယ်။ မေ ၇ ၈ ရှိနေပါပြီ ။ ဒီအတောအတွင်း ငတ်လို့ ဆေးမကုသလိုက်လို့ ဘယ်လောက်များ သေသွားပြီလဲ။ အမေရိကန်လို နိုင်ငံကြီ:က ဒီလောက် ဒုက္ခရာက်နေတာကို အခွင့်အရေးယူပြီ: ဘယ်ဝင်တိုက်ပါ့မလဲ။ မဟုတ်တာတွေ တွေးပူပါဘိ ချိုကုပ်ဒူးကြီ:ရယ်။ ကိုယ်လည်: မလှူနိုင် သူများအလှူကိုလည်: ပိတ်ပင်။ အင်း ခက်တယ်။ နာဂစ်တိုက်ပြီ: ရက်ပိုင်းမှာပဲ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်တယ်။ ခေါင်းဆောင်ကိုယ်တိုင် ဆင်းလာပြီ: ကယ်ဆယ်ရေး လုပ်တယ်။ နိုင်ငံတကာ အကူအညီတွေ ချက်ချင်းတောင်းခံတယ်။ ကွာပါ့နော် တို.များ ခေါင်းရှောင်နဲ.။

ဖျာပုံမှာ မုန်တိုင်းခိုနေတယ်. သင်္ဘောတွေ ပြန်ဆင်းလာကြပြီ။ ဦးရှင်ကြီးအပိုင် မိန်:မလှကျွန်းတဝိုက်မှာ အလောင်းတွေ စီနေတာများ သင်္ဘောမောင်းလို့ မရလို့ ဝါးလုံးနဲ. ထိုး လမ်:ဖယ်ပြီး မောင်းခဲ. ရသတဲ.။ စိတ်ကြမ်:လူကြမ်: ပင်လယ်သမားတွေခမျာ ရေလည်: မသောက်နိုင် ထမင်:တောင် မြိုမကျ ဖြစ်ရပါသတဲ.။ စိတ်နှလုံး မသာယာလို့လေ။ အချင်းချင်း နှုတ်ဆက်ရင်တောင် ဘယ်လို ခံရတာ၊ ဘယ်လို လွတ်အောင် ပြေးရတာလို့ ပြောပြီ: နှုတ်ဆက်ကြတာ။

စိုးလင်းကျော်သင်္ဘောကြီ:လည်: ချောဆွဲခံရပြီ: ကယ်ဆယ်ရေးပစ္စည်းတွေ ပို့နေရပါတယ်။ တနေ့ တနေ့ လာလိုက်တဲ. ကယ်ဆယ်ရေး သင်္ဘော။ ဟိုင်းကြီ:ကို ကပ်တာနဲ. ကုန်ချ ကမ်:နားက အိမ်တွေမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ ပုံထား။ပြီ:ရင် ကားတွေနဲ. ရေတပ်ဌာနချုပ်ကို သယ်။ ပြီ:မှ ရပ်ကွက်အလိုက် ခွဲတမ်:ချပေးတာ။ ရေတပ်တတပ်လုံး သွပ်တပြောင်ပြောင် ဖြစ်နေပေမယ်. တို.တော. သွပ်တချပ်မှ မရသေးပါ။ အမိုးမရှိတယ်.အထဲ မိုးရွာလို့ ပေးလာမယ်. အကူအညီကို မစောင့်နိုင်ဘဲ မေကိုယ်တိုင် မရမ်:ကွင်းဖက်ကို ဆင်းပြီ: ဓနိလိုက်ဝယ်ပြီ: အားခြင်းမိုးလိုက်ရတယ်။ နေ့စဉ် ခွဲတမ်:ကလည်: တနေ့နဲ. တနေ့ မတူပါဘူး။ တခါတလေ ဆန်တပြည်၊ တခါတလေ ဆီအစိတ်သား၊ ထန်:ညက်ခဲတထုပ်၊ စောင်တထည် ဆိုတာမျိုး။ အလုပ်သမား ၃၀ ၄၀ ကနေ ၈၀ လောက်အထိ ရှိနေတတ်တယ်. တို.အိမ်အတွက်ကတော. ဆင်.ပါးစပ် နှမ်:ပက်သလိုပါပဲ။ ဒီအထဲ ရက်ကွက်ဥက္ကဌက ဆွေမျိုးချစ်တာ မကျေနပ်လို့ ရက်ကွက်ဥက္ကဌပြောင်းကြ။ ပိုတယ်. ပစ္စည်းကို ဆိုင်ပြန်သွင်း။ ယိုးဒယားတံဆိပ်ပါတယ်. ဆားထုပ်တွေ ဆိုင်ပေါ် ရောက်နေတာ တွေ.ရပါမယ်။ Made in Holland လို့ ရေးထားတယ်. ဝါတာပလူ: တာလာပတ်တွေကို ဟိုင်းကြီ:ကမ်:နားမှာ မြင်သာမြင်လိုက်ရပေမယ်. မကြင်လိုက်ရပါ။ ကယ်ဆယ်ရေး ပစ္စည်းတွေထဲမှာ ထူ:ခြားတာက ဗီတာမင် အားဆေးပါ။ အဲဒီဆေးသောက်လိုက်ရင် ၂ရက်လောက် အစာမစားဘဲ နေလို့ရပါသတဲ.။ သောက်ကြည့်ချင်လိုက်တာနော်။

စင်္ကာပူက မကြီ:က ငိုနေပြီ: ပြန်လာတော.မယ် လုပ်နေလို့ ရန်ကုန်တက်ပြီ: သွာ:ပြောရသေးတယ်။ အင်တာနက်က သတင်းတွေကြည့်ပြီ: စိတ်ပူနေတာလေ။ စိတ်ပူလဲ ပူစရာပဲလေ။ ရန်ကုန်ရောက်မှ ဟိုင်းကြီ:က ရလာတဲ. မီးလောင်နာကို သူငယ်ချင်းဖြိုး အကူအညီနဲ. လှည်:တန်:ကုန်းဆင်းနာ:က ဆရာဝန်ကြီ:ဆီမှာ သွားပြရတယ်။ မီးလောင်နာက တဖြည်းဖြည်း ကြီ:လာတာ နယ်စည်းမခြား ဆရာဝန်ပေးတယ်. ဆေးနဲ.လည်: မသက်သာပါဘူး။ ဆရာဝန်ကြီ:က သောက်ဆေးနဲ. သနပ်ခါးမှုန့်လိုကို လိမ်:ဖို. ပေးလိုက်ပါတယ်။ မပူမစပ်ဘဲ ချပ်ချပ်ရပ်ရပ်ဖြစ်ပြီ: ပျောက်သွားပါတယ်။ ရေမသန့်လို့ ဗက်တီးရီးယားကြောင့် ဖြစ်တာပါတ.ဲ။ ရေကလည်: ဘယ်သန့်တော.မှာလဲ။ ဒီလောက် အများကြီ: သေထားတာကို။ မကြာခင်ကဘဲ နာဂစ်တိုက်တဲ. ဒေသက အန်တီတယောက်လည်း ဒီလိုမျိုးဖြစ်လို့ လာကုသေးတယ်တဲ.။

မုန်တိုင်းတိုက်ပြီ: မကြာမှီ ပုသိမ်က အလှူရှင်တွေ ရေသန့်ဘူးတွေ လာလှူပါတယ်။ သူငယ်ချင်းအိမွန်သန်.အဖေက ဝမ်:ရောဂါတွေ ဖြစ်နေတယ် ကြားလို့ ဆိုပြီ: အလှူမခံရဘဲ ဆေးတွေ ကိုယ်တိုင် လာလှူပါတယ်။ ဘုန်းကြီ:ကျောင်းကို ဌာနချုပ်လုပ်ပြီ: ကုသနေတယ်. ဆရာဝန်ကို လှူပေးလိုက်ပါတယ်။ လိုတာ ထပ်မှာ ဆေးတွေ ထပ်လှူမယ်လို့ လှူတဲ.သူက သဒ္ဓါတရား ထက်သန်ပေမယ်. တို.ကိုယ်တိုင်က စင်္ကာပူကျောင်:ဝင်ခွင့်ရလို့အလုပ်များနေတာနဲ. အလှူခံဖို. ပျက်ကွက်ခဲ.တာပါ။ မကြီ:ကလည်: စင်္ကာပူက သူ့သူငယ်ချင်းတွေဆီက အလှူခံပြီ: ဆန်အိတ် ၂၀ လှူပါတယ်။ ဟိုင်းကြီ:တကျွန်းလုံးမှာ ရှိတဲ. ဘုန်းကြီ:ကျောင်းတွေကို လှူလိုက်ပါတယ်။ အရေးရယ်အကြောင်းရယ်ဆို ဘုန်းကြီ:ကျောင်းကိုပဲ ပြေးခိုကြတာလေ။ မုန်တိုင်းတိုက်ပြီ:တော.လည်: အိမ်မပြန်ရဲသေးတဲ. သူတွေက ဘုန်းကြီ:ကျောင်းမှာ နေကြပါတယ်။ သက်ကြီ:ရွယ်အိုတွေ၊ ဒဏ်ရာရတဲ.သူတွေကို ဘုန်းကြီ:ကျောင်းမှာပဲထားပြီ: ကုသပေးတာလေ။ စင်္ကာပူက မကြီ:သူငယ်ချင်း မြတ်သစ်မွန်ကလည်: သူ့အင်္ကျီအားလုံးကို လှူပါတယ်။ ပီနန်အိတ်နဲ. ၂ အိတ်တောင်။ မုန်တိုင်းနဲ. အတူပါသွားလို့ အဝတ်အစားက ရှားပါပါတယ်။ တကယ်လိုအပ်တဲ.အချိန်မှာ တကယ်လိုအပ်တာတွေကို သဒ္ဓါတရားထက်ထက်သန်သန်နဲ. လှူဒါန်:ကြတဲ. အလှူရှင်တွေကို သာဓုခေါ်ပါတယ်။

ပုသိမ်ကားပေါ်မှာ ကောင်မလေးတယောက် မျက်နှာက နီရဲနေလို. ဘေးကအန်တီက မေးကြည့်တာ သူ့မိသားစု၊ သူ့ဆွေမျိုးအားလုံး နာဂစ်နဲ.အတူပါသတဲ.။ သူတောင် ရန်ကုန်မှာ ကျောင်းတက်နေလို့ လွတ်တာတဲ.။ ဘယ်လိုနှစ်သိမ့်ရမှန်:တောင် မသိတော.ပါဘူး။ တို.အိမ်မှာလည်: စက်ပစ္စည်းတွေရောင်းတဲ. ဆိုင်ကို မောင့်မောင့်အတွက် ဖွင့်ပေးထားတာ။ ဆိုင်က မဆိုးပါဘူး။ ဖေ့ကကျွမ်:ကျင်၊ဆက်ဆံရေးလည်:ကောင်း၊ လိုအပ်တဲ. ပစ္စည်းတွေကို ရန်ကုန်ကနေ ၁ရက်တည်:အရောက် မှာပေးတဲ. ဝန်ဆောင်မူတွေကြောင့် ရောင်းရပါတယ်။ နောက်ပိုင်း မောင်မောင်က ဆိုင်မမြဲ၊ ဖေကလည်: သူ့စက်လှေတွေနဲ. အလုပ်များရတဲ.အထဲ ဆိုင်ပါ ထိုင်ပေးရတော. ပင်ပန်:လို့ ဆိုင်ကို ဖြုတ်ချင်နေတာ။ နာဂစ် ဖြုတ်မှပဲ ပြုတ်ပါတော.တယ်။ တချို.က ရှိတာလေးတွေ ရောင်းချပြီ: ပြန်လည်နာလန်ထူလာပေမယ်. တချို.ဘဝတွေကလည်: နာဂစ်နဲ.အတူ ပါသွားခဲ.ပါပြီ။ ဥစ္စာပစ္စည်းက ဆုံးရှုံးသွားရင် ပြန်ရှာရနိုင်ပေမယ်. အသက်ကတော. ဆုံးရှုံးသွားရင် ပြန်အစားထိုးဖို. မလွယ်ပါဘူ:။ နာဂစ်ကြောင်.ရတယ်. စိတ်ဒဏ်ရာတွေကိုလည်: ကုစားဖို. အချိန်ယူရပါဦးမယ်။

လှူတဲ.သူတွေကို သဂြိုဟ်ပေးတဲ.သူကို ဖမ်:ဆီးတာ၊ ဒုက္ခရောက်သူတွေဆီ တိုက်ရိုက်လှူခွင့်မပေးဘဲ ရဝတ၊ မရက ကနေ လှူခိုင်းတာ၊ ဒုက္ခသည်တွေကို အတင်းနေရပ်ပြန်ခိုင်းပြီ: ဒုက္ခသည်မရှိတော့ပါဘူး ဆိုပြီးကြေညာတာ၊ သတင်းအမှောင် ချထားတာ၊ နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ.တွေကို အဝင်မခံလို့ ဘန်ကီမွန်: ကိုယ်တိုင် ဝင်ဖြောင်းဖျမှ အဝင်ခံတာ စစ်အစိုးရရဲ. ယုတ်မာမှုတွေကို လယ်ပြင်မှာ ဆင်သွားသလို ကွက်ကွက်ကွင်းကွင်း မြင်ရလို့ ပြည်သူတွေမှာ အော့နလုံး နာရပါတယ်။ မြန်မာ့အတင်း သတင်းစာမှာ ဖော်ပြတယ်. သေဆုံးသူ အရေအတွက်နဲ. နိုင်ငံခြား သတင်းဌာနတွေက ဖော်ပြတယ်. သေဆုံးသူ အရေအတွက် ကွာဟနေပေမယ်. သေချာတာကတော. လူအများကြီ: သေဆုံ:သွားတယ် ဆိုတာပါပဲ။ ကြိုတင်ပြင်ဆင်ပြီ: ဘေးလွတ်တဲ.နေရာမှာ ခိုလှုံနေရရင် အသေအပျောက် ဒီထက် နည်:မှာပါ။

ဂျပန်မှာ အခုလှုပ်တဲ. ငလျင်မျိုးသာ ရန်ကုန်မှာများ လှုပ်လိုက်ရင် ဘာပြောကောင်းလိမ့်မလဲ။ ဂျပန်မှာထက် အသေအပျောက်များမှာ အသေအချာပဲ။ ထိရောက်တယ်. ကြိုတင်ပြင်ဆင်မှူ၊ မြန်ဆန်တဲ. ဆက်သွယ်ရေးစနစ်၊ ပြည်သူအကျိုးအတွက် တကယ်အလုပ်လုပ်တဲ. အစိုးရကြောင့်သာ ငလျင် အားပြင်းပေမယ်. နာဂစ်လောက် အသေအပျောက်မများတာပါ။ နာဂစ်လိုမျိုး ဘေးအန္တရာယ်နဲ. မင်းဆိုးမင်းညစ်ဒဏ်မှ မြန်မာပြည်သူပြည်သားများ ကင်းဝေးပါစေ။

စန်းထွန်း
ဧပြီ ၁၀၊ ၂၀၁၁။

No comments: