သကြင်္န်..





သကြင်္န် သကြင်္န်.. မြန်မာတို.ရဲ. သကြင်္န်။ ငယ်ငယ်တုန်းက သကြင်္န်ကတော. ပျော်ရွှင်စရာ ကောင်းလှပါတယ်။ မနက်မိုးလင်းတာနဲ . အိမ်အနီးက ဘော်ဘော်တွေနဲ. ဟိုင်းကြီ:တခွင် ပြဲပြဲစင်အောင် ရွာရိုးကိုးပေါက် လျှောက်ပြီ: တနေကုန် ရေလိုက်လောင်းတယ်။ ခွက်စုတ်လေးနဲ. ပက်တာလောက်တော. ရယ်တာပေါ့လို့ စတဲ.သူတွေကို ပိုပက်တယ်။ တရွာလုံးပတ်ပြီ: မန်:ဒတ်တိုင်းက ကျွေးသမျှကို လိုက်စားတယ်။ အမြင်ကတ်တဲ.သူတွေကို အညှိုးနဲ. အတိုးချပြီ: အိုးမဲလိုက်သုတ်တယ်။ နှစ်ဆန်:တရက်နေ့မှာ ဘုရားတောင်သွားပြီ: ကန်တော.တယ်။ ပြီ:ရင် သောင်ပေါ် လမ်:လျှောက်မယ်။ သကြင်္န် မှာရတဲ. အိမ်:ဂျီအသစ်နဲ. ရှိုးထုတ်တယ်။ နှစ်ဆန်:တရက်နေ့မှာ နာတဲ. ပရိတ်တရားပွဲမှာတိုက်တဲ. အချိုရည်ကို နင်းကန်သောက်။ ပုသိမ်သကြင်္န် တော. နွှဲခွင့် မကြုံလိုက်ရပါ။

၁၉၉၉ မှာတော. ရန်ကုန်သကြင်္န် ၃ရက်လုံး လည်ဖူ:တယ်။ တကားလုံးက သူငယ်ချင်း ခိုင်မေ့ မောင်ဝမ်:ကွဲတွေနဲ. သူအမျိုးတွေ။ အတော်ပျော်ဖို. ကောင်းပါတယ် ။ ရှူ:ရှူ:ပေါက်ချင်ရင် ရေပက်ချိန်ထိ စောင့်ပြီ:ပေါက်ချလို့ အနံ.ရတယ်လို့ အချင်းချင်း စကြ ။ ချမ်:လို့ ဘီယာသောက်ကြပေမယ်. မောင်မောင်ကတော. အမရှေ့မှာမို့လို့ မသောက်ဘူးနဲ. တူပါရဲ.။ သူများတွေ ခုန်ပေါက်ကနေမယ်. ရှက်ပြီ:မကတဲ. မောင်မောင် ပြန်ခါနီးကြမှ ဒိုးဒိုးဒန်.ဒန်. ကတာကို ခိုင်မေ့မောင်လေးက လက်တို.ပြီ: လှမ်:ပြလို့ သူငယ်ချင်း၂ယောက်မှာ ရယ်လိုက်ကြတာ။ သူရှက်သွားမှာစိုးရသေး။ အလည်ကောင်းတာ မျက်နှာတွေ စုတ်ပြတ်သက် မဲသည်:သွားတာ တော်တော်နဲ. ပြန်မကောင်းတော.ပါဘူး။ သူငယ်ချင်း အိမွန်(အီးစုတ်)၊နွယ်ဝင်တို.နဲ.အတူ ရန်ကင်းက အီးစုတ်ရဲ.မန်:ဒတ်မှာ ရေပက်ဖူးတယ်။ ဒါလည်: မဲသည်:သွားတာပါပဲ။ သကြင်္န် ပြီ:လို့ ကျောင်းပြန်တက်တော. သူငယ်ချင်းတယောက်ကိုတွေ့တော. ရီလိုက်ကြတာ။ နှာခေါင်းလေးပဲ ကွက်မဲနေပြီ: ဂျိုကာနဲ.တူလို့လေ။ ကွန်ပျူတက္ကသိုလ်မှာတော. သကြင်္န် ကျောင်းပိတ်ရက် မတိုင်ခင် နောက်ဆုံ:ရက်မှာ သကြင်္န်အကြို ရေလိုက်လောင်းကြတယ်။

နံ့သာသွေးပြိုင်ပွဲ ကျင်းပပြီ: အပျိုလူပျိုတွေ နံ့သာရည်နဲ. ဘုရားရေသပ်ပယ်တာဟာ ရခိုင်လူမျိုးတွေရဲ. ချစ်စရာကောင်းတဲ. ဓလေ့ပါ။ မိန်:ကလေးနဲ. ယောက်ကျ်ားလေး လောင်းလှေတဖက်စီမှာ ရပ်ပြီ: လောင်းချင်တဲ. မိန်:ကလေးကို ခွင့်တောင်းပြီ: ရေလောင်းရတယ်. ရခိုင်သကြင်္န်က ချစ်စရာကောင်းသလို ပျော်စရာကောင်းတယ်လို့ ကြားဖူးတယ်။ ရခိုင်လူမျိုးဖြစ်ပေမယ်. ရခိုင်စကားမပြောတတ်၊ ရခိုင်သကြင်္န်တခါမှ မနွှဲဘူးတဲ. သူပါ။ ရခိုင်သကြင်္န်ပျော်စရာ ကောင်းမကောင်း နွှဲဖူးတဲ. သူတွေကို မေးကြည့်လိုက်ပါနော် ။ :) မွန်လူမျိုးတွေရဲ. သကြင်္န်ချိန်မှာ စားကြတဲ. သကြင်္န်န်ထမင်းက နာမည်ကြီ:ပါတယ်။

ဟိုင်းကြီးမှာ ဆိုင်ကယ် စီးတတ်ခါစ ဆိုင်ကယ်နဲ. အလည်ကောင်းတာ ဇီးဖြူချောင်းရွာ အဝင် သဲတောထဲမှာ နစ်ပြီ: စက်မနှိုးတော.လို့ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်သမားတွေကို အကူအညီတောင်းပြီ: နှိုးမှပဲ နှိုးတော်မူတော.တယ်။ နောက်ပိုင်း အသက်ကြီ:လာလို့ပဲလားမသိ ရေပက်ခံလည်: မထွက်ချင်၊ မန်:ဒပ်ထိုင်ပြီ: ရေလည်:မပက်ချင်လို့ သကြင်္န်တွင်းဆို စာအုပ်တွေ အများကြီ: ငှါးပြီ: အိမ်တွင်းအောင်းပြီ: စာဖတ်တော.တယ်။ စိတ်ကူးပေါက်ရင်တော. မေတို.နဲ. အတူ ဘုန်းကြီ:ကျောင်းလိုက်ပြီ: ဥပုပ်ယူတယ်။ သကြင်္န်ကလည်: ငယ်ငယ်တုန်းကလို ပျော်စရာ မကောင်းတော.ဘဲ မူးရူးနေတဲ.သူတွေများလို့ အပြင်ထွက်ဖို.ကို ကြောက်မိပါတယ်။ သကြင်္န်ဆိုတာကလည်: အမူးပွဲတော် ကျင်းပဘိအလား ။ တနှစ်မှတခါဆိုတော. ကဲကြပေမပေါ့ ။

၂၀၀၇ သကြင်္န်မှာ ပထမဆုံးအကြိမ် သီလရှင်ဝတ်ပြီ: ပထမဆုံးအကြိမ် တရားစခန်:ဝင်ပါတယ်။ မှော်ဘီ ဝါ:နက်ချောင်း ဗောဒိရိပ်ငြိမ်တောရမှာပါ။ ဆရာတော်ကို ကြည်ညိုလို့ ကြုံရင်ကြုံသလို ဗောဒိရိပ်ငြိမ်ရောက်ပြီ: ဘုန်းကြီ:ကျောင်းဆိုတာ ကိုယ်နဲ.မဆိုင် လူကြီ:တွေသာ သွားတဲ.နေရာလို့ မမြင်တော.ပါ။ ကြုံမှ တရားစခန်:က အတွေးအကြုံတွေကို ရေးဦးမယ်။

စင်ကာပူ သကြင်္န်တုန်းကလည်: အချိန်ပိုင်းအလုပ်လုပ်လို့ သကြင်္န်ကို မနွှဲလိုက်ရပေမယ်. စင်ကာပူကပိတောက်တွေ မြင်တော. သကြင်္န်ရနံ.ကို ခံစားမိတယ်။ Pennisula Plazaမှာ ဆိုင်တွေက လှူတဲ. မုန့်ကို မကြီ:နဲ. သူ့ သူငယ်ချင်းတွေ တန်:စီပြီ: ယူ၊ ဝိုင်းဖွဲ.စားတာ သိပ်ပျော်စရာကောင်းဆိုပဲ။

တနှစ်မှ တခါ သကြင်္န်ချိန်မှာသာ ပွင့်တဲ. သစ်စာရှိတဲ.တော်ဝင်ပိတောက်ဟာ သကြင်္န်ရဲ. အမှတ်သင်ကေတပါ။ ပိတောက်ပန်: မပွင့်ရင် သကြင်္န်က မပြည်.စုံဘိအလား။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း သကြင်္န်ချိန်မှာ အတာအိုးကို အိမ်ရှေ့မှာ ထားပြီ: နှစ်သစ်ကို ကြိုဆို၊ မုန်.လုံးရေပေါ်လုပ်ပြီ: အိမ်နီးနာ:ချင်းတွေ ဝေ၊ မြန်မာ့ရိုးရာ တရော်ခေါင်းလျှော်ရည်တွေကို ဝေ၊ ဘုန်းကြီးကျောင်းသွားပြီ: ဥပုပ်စောင့်ကြ၊ သက်ကြီ:တွေကို ခေါင်းလျှော်၊ လက်သည်:ညှပ် ပေး၊ နှစ်ဆန်:တရက်နေ့မှာ အန္တရာယ်ကင်း ပရိတ်နာပြီ: ကုသိုလ်ကောင်းမှူတွေ လုပ်ပြီ: နှစ်သစ်ကို ကြိုဆိုကြတဲ. ချစ်စရာကောင်:တဲ. ဓလေ့ကတော. ရှိနေဆဲပါ။ အပူဆုံးရာသီမှာ အေးချမ်:ပါစေ၊ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို မပါစေချင်တဲ. စိတ်စေတနာနဲ. လောင်းကြတဲ. သြင်္ကန်ရေသဘင်ပွဲတော်က အဓိက်ပယ် ရှိလှပါတယ်။

ပျော်စရာကောင်းလှတဲ. သကြင်္န်ကို ရေလောင်:မယ်.သူမရှိ၊ ပိတောက်မရှိဘဲ ဖြတ်သန်:ရတဲ.တို.ကို သူငယ်ချင်း ကောင်းကောင်:က misquote လုပ်ပြီ: စပါတယ်။ "သူများပျော်လို့ မပျော်နိုင် အမေရိကားရောက်လို့ မှိုင်" တဲ.။
ကိုယ်တိုင်ကိုယ်ကျ ရေလောင်းခွင့် မကြုံပေမယ်. ဘလော့ကနေပဲ သူငယ်ချင်းအားလုံးကို ရေလောင်းလိုက်တယ် နော် ဘွမ်:... ဘွမ်:... ဘွမ်:... ။

နှစ်သစ်မှာ ရွှင်လမ်:ချမ်:မြေ့ကြပါစေ ။

စန်းထွန်း
ဧပြီ ၁၅၊ ၂၀၁၁။

No comments: