ခဏတာလေး ဆိုပေမဲ့...

MUM ကျောင်း ဖုန်းအင်တာဗျူးတော့ မြန်မာကျောင်းသူ ရှိတယ် သူဇာဝင်းတဲ.။ နောက်တော. ဒုတိယ မြန်မာကျောင်းသူ သဲသဲအေး အီ:မေ:လိပ်စာ ပေးတော. သဲသဲနဲ. အဆက်အသွယ်ရပြီ: သူဇာဝင်းက OS သင်တယ်. တီချယ်၊ အမတို.ကိုတောင် သင်ဖူးနိုင်တယ်တဲ့။ ရုံ:က တbatchတည်: တက်ခဲ.တဲ. ဇေဖြိုးကို သိလား မေးတော. ဖြူဖြူ သေးသေး တီချယ်လေဟာ ဆိုတဲ. အထိ မမှတ်မိသေးဘူး။ သူငယ်ချင်းတယောက်က "ဒေါင်းတင် မောင်းတင် OS အဝင်၊ ဒေါကြီ:မောကြီ: OS အပြီ:" ဆိုမှပဲ မှတ်မိတော.တယ်။ တီချယ် ဝင်လာရင် စာမျက်နှာ ဘယ်လောက်ကို လှန်၊ အိပ်ငိုက်ရင် စာမေး စာဖက်ခိုင်းလို့ တီချယ်စာသင်ချိန်ကို အိပ်မငိုက်ဘဲ နှိုးကြားနေရပါတယ်။

အန်တီမြက တီချယ် MUMကို ရောက်နေတယ် ပြောကတည်:က ထမင်းစားချိန်တွေမှာ တီချယ်ကိုများ တွေ့မလားလို့ ရှာမိပါတယ်။ ကျောင်းဆင်းချိန်မှာ လှေကားရင်းမှာ တီချယ်ကို တွေ့တော. ဝမ်းသာအားရ ပြေးဖက်တာ မကြီ:ကို တွေ့ရဘိ အလား။ အမှန်က တီချယ်နဲ. ခုမှ စကား ပြောဖူးတာပါ။ ညနေကျတော. တီချယ် အဆောင်ကို လာပြီ: နားမလည်တဲ. စာကို ရှင်းပြပါတယ်။ တီချယ် ခဏနေတဲ. အိမ်ရှေ့မှာ ဂီတာ ထုတ်လာပြီး အမှတ်နည်းလို့ စိတ်ညစ်ပြီ: မှိုင်နေတဲ. တို.ကို ပျော်အောင် ဂီတာတီးပြီ: သီချင်းဆိုပြပါတယ်။ Just the way you are (Bruno Mars), Only one, ဖိုးချို ရဲ. ပိုင်စိုးမှု ဧကရီ၊ ဒီဥက္ကာ ရဲ. ပျော်ရွှင်တဲ. ကမ္ဘာမြေ၊ ပိုင်စိုးမှု ဧကရီကို တီချယ်ကိုယ်တိုင် Englishလို ရေးထားတဲ. သီချင်းတွေ ဆိုပါတယ်။ အဖိုးကြီ:အို ခါးကုန်းကုန်း မသေပါနဲ.ဦး နောက်နှစ်ခါ တန်ဆောင်းမုန်း ပွဲကြည်.ပါဦး ဆိုတော. ရယ်လိုက်ရတာ။ စိတ်လွတ်ကိုယ်လွတ် အော်ဟစ် သီချင်းဆိုရတော. စိတ်ထဲ နေသာထိုင်သာ ရှိသွားတယ်။ ဒီရောက်ပြီ: ၂လ အကြာမှ ဒီလို အားပါးတရ ရယ်တာ ပထမဆုံ:ပါ။ ထစ်ခနဲရှိ မျက်ရည်လွယ်တဲ. စန်:ထွန်း ဒီတခါ ကျတဲ. မျက်ရည်က စိတ်ချမ်:သာပြီ: ကျေနပ်လို့ ကျတဲ. မျက်ရည်ပါ။ တီချယ်က တပည်ည့်တွေနဲ. ရွယ်တူလို့ ထင်ရအောင် နုပျိုလှပ တက်ကြွဆဲပါ။

တီချယ်က ဂီတာတီး ကောင်းပါတယ်။ ရုံးက ပြန်ရောက်တာနဲ. အိတ်ချပြီ: ဂီတာတီးတော.တာတဲ.။ တယောက်တည်: နေရတဲ. အချိန်မှာ ကိုယ်ဝါသနာပါရာကို လုပ်မှ အချိန်ကုန်မှန်: မသိ။ နို.မို့ ဘာလုပ်လို့ လုပ်ရမှန်: မသိ။ သူငယ်ချင်းတယောက်ပြောသလို အခန်:သန်.ရှင်းရေးလုပ်ပြီ:ပြီ၊ ဗီရိုလည်: ရှင်းပြီ:ပြီ၊ အဝတ်လည်: လျှော်ပြီ:ပြီ၊ ဟင်းလည်: ချက်ပြီ:ပြီ၊ blog တွေ ဖတ်တာလည်: ကုန်ပြီ၊ ရုပ်ရှင်လည်: ကြည်.ရလွန်:လို့ ဇတ်တောင် နာနေပြီ၊ ကွန်ပျုတာဘေးအိပ် ကွန်ပျုတာဘေးစား ဘဝ ဖြစ်နေပြီ။ တို.ကိုပဲ ကြည်.ပါလား ဂီတာလည်: မတီးတတ်၊ ဟင်းချက်လည်: မချက်တက် စာပဲ ရေးတတ်တော. ဒီရောက်မှ ရေးလိုက်တဲ. စာတွေ။ မြှောက်ပေးတဲ. သူတွေကလည်: ရှိတော. ဖရဏပီတိ ဂွမ်:ဆီထိ ဟိဟိ။ မီးဖိုချောင်ထဲမှာ Arpon ဝတ်ပြီ: ချက်ပြုတ်နေတဲ. ယောကျ်ားလေးဟာ ချစ်စရာကောင်းသလို မိန်:ခလေးတယောက် ဂီတာတီးပြီ: သီချင်းဆိုနေတာလည်: ချစ်စရာကောင်းပါတယ်။

တီချယ်အသိတွေနဲ. မိတ်ဆက်ပေးပြီ: တို.ကို တီချယ်ကိုယ်စား စောင့်ရှောက်ခိုင်းပါတယ်။ တီချယ်လိုပဲ စောင့်ရှောက်ပေးကြပါတယ်။ တယောက်တည်: မဟုတ်ဘူး အဖော်တွေရှိတယ် ဆိုတဲ. အသိက တော်တော် အားရှိစေပါတယ်။ စာရှင်းပြရုံမက ကျွေးမွေးပေးကမ်:တဲ. တီချယ်၊ ဆောင်ရန်ရှောင်ရန်တွေကို သွန်သင်ပြတဲ. တီချယ်၊ မဖြစ်ဖြစ် ဖြစ်အောင် လုပ်မယ် ဆိုပြီ: အမြဲတက်ကြွနေတဲ. ၊ အားငယ်ချိန်မှာ အားတက်စေတဲ.တီချယ်။ တီချယ်ကို မြင်ရတာနဲ. တီချယ်ရဲ. တက်ကြွလန်:ဆန်:မူတွေက ကူ:ဆက်လာပြီ: ကျနေတဲ. စိတ်ဓာတ်တွေ တက်လာပါတယ်။ နောင်ဘယ်အချိန်မှ ပြန်တွေ့ရမလဲ မသိပေမယ်. ဆုံတွေ့ရတယ်. ခဏတာလေး အတွင်းမှာပဲ တီချယ်ဆီက ရလိုက်တဲ. စိတ်ဓာတ်ခွန်အားတွေနဲ. ရှေ့ဆက် ခရီးဆက်ရင်း ....

စန်းထွန်း
ဧပြီ ၂၃၊ ၂၀၁၁။

No comments: