Blessing in disguise !

အခက်အခဲတွေနဲ.ကြုံပြီ: စိတ်ဓာတ်တွေ လုံ:ဝကျဆုံ:ကာ ငါတော. သွားပြီလို့တောင် တွေးမိတယ်. အချိန်တွေ ရှိပါတယ်။ ဒီလို အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ရမှာပါလိမ့်။ အားရပါးရ ငိုပြီ:ချိန်မှာ လမ်:လျှောက်ထွက်လိုက်ပါ။

သာယာလှတဲ.ကျေးငှက်သံတွေ၊ တသွင်သွင်စီးဆင်းနေတဲ. စမ်:ချောင်းလေ:တွေ၊ စိမ်:လန်:တဲ. သစ်ပင်တွေ၊ နွေဦးမှာ အစွမ်:ကုန် ဖူးပွင့်နေတဲ. ပန်:ပင်တွေ၊ တိမ်ရောင်စုံ တောက်နေတဲ. ကောင်းကင်နဲ. လောကကြီ:ကတော. လှပနေဆဲ။ ကိုယ်အပူနဲ. ကိုယ်မို့ လောကကြီ: လှပနေတာကို မမြင်မိတာပါ။ စိတ်ပင်ပန်:စေတဲ. အရာတွေနဲ. တရက် နှစ်ရက်လောက် အဝေးမှာ နေပြီ: စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်ပါ။ ပြီ:မှ ဘာဆက်လုပ်ရမယ် ဆိုတာ အေးအေးဆေးဆေး ဆုံ:ဖြတ်လိုက်ပါ။

ကိုယ် ဘယ်လို ရှုံးနိမ့်နေမစေ အမြဲ အစွမ်:ကုန် အားထုတ်တယ်လို့ ကိုယ်ကို ယုံပြီ: ကိုယ်ဖက်မှာ ရှိနေတတ်တဲ. မိသာ:စု၊ အမြဲ အားပေ:နေတဲ. သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်:တွေရှိနေတာက ကံကောင်းခြင်းပါ။ အရှုံးဆိုတာ မကြုံဖူးတဲ. သူအတွက်တော. ပထမဆုံ:အရှုံးဆိုတာ တော်တော်ကို ခံရခက်ပါတယ်။ လောကမှာ မရှုံးနိမ့်ဖူးတဲ.သူ၊ မလဲကျဖူးတဲ.သူ မရှိပါဘူး။ လဲကျရင် ဘယ်လို ပြန်ထမလဲပေါ်ပဲ မူတည်ပါတယ်။ ငိုပြီ: ညည်းညူနေလို့ကတော. ပြန်မတ်တပ်ရပ်နိုင်မှာ မဟုတ်ပါဘူး။ ရှုံးနိမ့်ရတာ ရှက်စရာမဟုတ်ပါ။ ထပ်ပြီ: မကြိုးစားဘဲ လက်လျှော.တာကမှ ရှက်စရာပါ။ အရှုံးထဲက သင်ခန်:စာ ယူပြီ: ဘယ်လို အောင်မြင်အောင် ထပ်ကြိုးစားရမလဲ သိလာပါတယ်။ နောက်ကိုတလှမ်:ဆုတ်တာဟာ ရှေ့တိုးဖို. အားယူတာပါ။

ဖေမြင့်ရဲ. "မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား" စာအုပ်က ကြိုက်တဲ. စာသားလေးတွေ ကူးယူဖော်ပြ လိုက်ပါတယ်။

ရှာတတ်မှ လမ်:တွေ့မည်။
"သေသေချာချာကြည့်သမီး၊ မြို.လယ်ကွက်လပ်ကိုရောက်အောင် သွားနိုင်တဲ.လမ်:ဟာ တစ်လမ်းတည်: မဟုတ်ဘူး၊ အများကြီ: ရှိတယ်။ လူ့ဘဝမှာလည်: ထိုနည်းလည်:ကောင်းပဲ၊ သမီးရည်မှန်:ထားတဲ. ပန်:တိုင်ကို ဒီလမ်:က သွားလို့မရရင် နောက်တစ်လမ်:က ကွေ့သွားလို့ ရနိုင်တယ်။"

ရှေ့တစ်မိုင်သာ စဉ်းစားပါ။
"ဘယ်လောက်ဝေးဝေးကြီ: သွားရဦးမယ်ဆိုတာ မစဉ်းစားနဲ.၊ရှေ့တစ်မိုင်အတွက်ကိုပဲ စဉ်:စား၊ အဲဒါဆို မင်:တို. ရောက်လိမ့်မယ်လို့ ငါယုံကြည်တယ်။"

"ရှေ့ဆက်တိုးရ ခက်နေတယ်ဆိုတာ တစ်ခုတည်:နဲ.တော. နောက်ဆုတ်လို့ မဖြစ်ဘူး။"

"ဘဝမှာ ကြုံရတဲ. ခလုတ်ကန်သင်းတွေကို ကိုယ်.ဘဝ တိုးတက်အောင် မြှင့် တင်ပေးမယ်. လှေကားထစ်တွေအဖြစ် ပြောင်းလဲပစ်နိုင်ရမယ် သား၊ ခလုတ်တိုက်မိတဲ. ကျောက်တုံးကို ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ်။"

"ဂီတတစ်ခုတည်:မှ မဟုတ်ဘူး၊ လုပ်ငန်:မှန်သမျှ ဒီအတိုင်းပဲ၊ တချို.အပိုင်းတွေ လွယ်တယ်၊ တချို.အပိုင်းတွေက ခက်တယ်။ ဘယ်လုပ်ငန်:မှာမဆို တကယ်တမ်: အောင်မြင်ချင်ရင် ခက်တဲ. အပိုင်းတွေလည်: မလွှဲမရှောင်သာ လေ့ကျင့်ရလိမ့်မယ်။"

ဒီကနေ့ အလုပ်။
"ဘယ်အရာပဲဖြစ်စေ၊ ဒီဟာကတော. ကိုယ်လုပ်သင်.လုပ်ထိုက်တဲ. အလုပ်ပဲလို့ သိထားပြီ:ပြီဆိုရင် မဆိုင်းမတွ လုပ်ရမှာပေါ့ သား။"

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလာ:။
"ကိုယ် တကယ်လုပ်မကြည့်သေးပဲနဲ. ကျွန်တောလုပ်မရဘူးလို့ ဘယ်တော.မှ မပြောနဲ.။"
ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည်. နံရံတံတိုင်းဟူသည်လည်: တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်။

အောင်မြင်ရေးအတွက် သော.ချက်။
"အောင်မြင်ရေးအတွက် အဓိက သော.ချက်ဟာ ဆုံးဖြတ်ချက်တွေ အလျင်စလို မချမိအောင် ထိန်:နိုင်ခြင်းပဲ သား၊ပြသာနာတစ်ခုကြုံရင် ပထမဆုံ: သေသေချာချာ စဉ်းစား၊ ပြီ:တော.မှ စိတ်တည်တည်ငြိမ်ငြိမ်နဲ. ဆုံ:ဖြတ်ချက်ချ။

"ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊ ကိုယ်ရွေးချယ်ထားတဲ.ပွဲကို ကိုယ်ဝင်ပြိုင်ဖို. ဇွဲနပဲလည်: ရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး။"

"သား မင်းတကယ် ကြိုးစားရဲ.လား။"
"ဟုတ်ကဲ. အမေ။"
"တကယ် သေသေချာချာ ကြိုးစားတာ အမှန်နော်။"
"ဟုတ်ပါတယ်။"
"ဒါဆို မပူနဲ. သား၊ မင်းတကယ်ကြိုးစားနေတာ မှန်ရင်မအောင်မြင်စရာ မရှိဘူး၊ အောင်မြင်လိမ့်မယ်၊ မကြိုးစားတော.ဘူး ဆိုမှတာ တကယ်ရှုံးသွားတာ။"

တခါတလေမှာ ကံမကောင်းဘူးလို့ ထင်လိုက်ရတယ်. အရာတွေက ကံကောင်းဖို. ဖြစ်လာတတ်ပါတယ်။ ကံဆိုတာ အမြဲမကောင်းတတ်သလို မမြဲလည်: မဆိုးတတ်ပါဘူး။ ကံဆိုးနေတယ်လို့ ထင်လိုက်တဲ.အချိန် တွေးလိုက်ပါ နောင် ကံကောင်းတော.မယ်လို့။

စန်းထွန်း
ဧပြီ ၂၆၊ ၂၀၁၁။

No comments: