အတွေး - ၂

ဆရာ မအားလို့ သင်တန်းဖျက်လိုက်တော့ မကြီးက ပျော်လိုက်တာ။ တူတော်မောင်နဲ့ တူနေပြီ။ တူတော်မောင်လည်း သူ့ဆရာမ သင်တန်းဖျက်ရင် သိပ်ပျော်တာ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ဘူး ဆရာ မလာရင် ကျောင်းသားတိုင်း ပျော်ကြပါလား။ သူငယ်ချင်းဂိုက်ဆရာမက ပြောဖူးတယ် သူက တခါတလေ သင်တန်းဖျက်တယ် သူ့တပည့်တွေ ပျော်အောင်လို့တဲ့။ ဆရာ မလာရင် မပျော်တဲ့ကျောင်းသား ရှိမယ်မထင်ဘူးနော်။

စန်းထွန်း

စက်တင်ဘာ ၁၇၊ ၂၀၂၂။


August 31, 2022. Exchange Place Water Front, Jersey City, New Jersey.

2 comments:

SML (The Chara Project) said...

facebook ခေတ်စားလာတော့ Bloggers တွေ အတော်များများ အဲ့ဖက်ကို ပြောင်းကုန်ပြီး ဒီဖက်ကို အားမသန်ကြတော့ပေမယ့် (ကိုယ်တိုင်လည်း အဲ့ဒီအုပ်စုထဲ ပါသွားတယ်) မကြီးရဲ့ Blog ကတော့ လာကြည့်ဖြစ်တိုင်း ပို့စ်အသစ်တွေနဲ့ အမြဲ‌‌လန်းဆန်းနေတာ မြင်ရတော့ အားကျမိပါတယ်နော်။

San San Htun said...

အပတ်တိုင်း ပို့စ်အသစ်တခု တင်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်...ကွန့်မန့်မရစဘူး အရထူးလို့ ကြည့်လိုက်တော့ တိမ်ပြာဖြစ်နေပါလား...:)