ကျောင်းနေဖက်သူငယ်ချင်းက အရေပြားဆရာဝန်သိလား မေးလာတယ်။ ဟွန့် သူသိချင်တာရှိတော့မှ လာမေးတယ်ဆိုပြီး စိတ်တိုသွားပေမဲ့ ဆရာဝန်လိပ်စာကဒ်ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်တယ်။ နေပါဥ◌ီး ဘာဖြစ်လို့စိတ်တိုနေတာလဲ ကိုယ်လည်း သိချင်တာရှိတော့မှ သူ့ဆီမတ်ဆေ့ပို့ပြီး မေးတာလေ။ အတူတူပဲဟာကို ဘာလို့စိတ်တိုနေတာလဲ။ စဥ◌်းစားကြည့်လိုက်တော့မှ ကြည့်စမ်း ကိုယ်က သူ့ကို မနာလိုဖြစ်နေတာ။ မနာလိုစိတ်ဆိုတာ အတော်သိမ်မွေ့တာပဲ။ သူက ယောကျာ်းရပြီး စတိတ်ကိုရောက်လာ အိမ်ပိုင်ယာပိုင် အစစအဆင်ပြေတဲ့သူ။ ကိုယ်ကတော့ အစစအရာရာ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ရသူ။ ဒါတောင် ကိုယ်က မနာလိုစိတ်၊ ယှဥ◌်ပြိုင်လိုစိတ် အတော်နည်းတဲ့သူ။ ကိုယ့်သူငယ်ချင်း နိုင်ငံခြားမှာ ကျောင်းသွားတက်တော့ ဘယ်လိုခံစားရလဲလို့ လာမေးတယ်။ ဘယ်လိုမှ မနေဘူး သူတတ်နိုင်လို့သွားတာ ကိုယ်လည်းတတ်နိုင်တဲ့တနေ့ သွားမယ်။ သူများတွေဆို နောက်ကျကျန်ခဲ့ပြီ သိမ်ငယ်သလို အားငယ်သလို ခံစားရတာတဲ့။ ကိုယ်ကတော့ ဘယ်လိုမှမနေတာ။ ကိုယ့်ကိုကိုယ် မနာလိုစိတ်မရှိဘူးထင်တာ အကျိုးအကြောင်း တိုက်ဆိုင်တဲ့အခါ မနာလိုစိတ် ဖြစ်တာပါပဲ။ ကိုယ့်ထက်နိမ့်ကျသူတွေကို သနားစိတ် ဖြစ်ဖို့လွယ်ပေမဲ့ ကိုယ့်ထက်သာတဲ့သူတွေကို မုဒိတာစိတ်ထားနိုင်ဖို့ ခက်တယ်။ မနာလိုစိတ်ဆိုတာ ကိုယ်နဲ့မတိမ်းမယိမ်းကြားထဲမှာ ဖြစ်တတ်တယ်။ မနာလိုစိတ်ဆိုတာသိပြီး အဲ့ဒီစိတ်ကို စေ့စေ့စိုက်ကြည့်လိုက်တဲ့အခါ ပျောက်သွားတော့တာပဲ။ ခုတော့လည်း အဲ့ဒီအကြောင်း ရယ်ရယ်မောမော ပြောနိုင်ပြီ။ စိတ်ဆိုတာ ဆန်းကြယ်ပါလား။
စန်းထွန်း
စက်တင်ဘာ ၃၊ ၂၀၂၂။
No comments:
Post a Comment