ဒုက္ခသည်တွေကို တွေ့ရတော့မှ သူတို့ရဲ့ အခက်အခဲတွေ သိလာရော။ ဘာသာစကားအခက်အခဲ၊ အလုပ်အကိုင်ရှားပါးနေချိန်မှာ အလုပ်တခုရဖို့ ရုန်းကန်နေရတာတွေ၊ ကိုယ်တောင် တိုးတက်ပါတယ်ဆိုတဲ့ စင်္ကာပူမှာ နေခဲ့တာတောင် ဒီရောက်တော့ ဒီရဲ့ ဓလေ့စရိုက်တွေ၊ ထုံးတမ်းစဉ်လာတွေ၊ ဥပဒေနဲ့ အညီ နေတတ်အောင် နေဖို့ ကြိုးစားနေရဆဲ။ သူတို့အတွက်တော့ အခက်အခဲတွေ အများကြီး။ သူတို့နဲ့ ယှဉ်ရင် ကိုယ့်အခက်အခဲက စာမဖွဲ့လောက်စရာ။
အနားယူပြီးတော့ ရတဲ့ သတင်းအချက်အလက်တွေ မူတည်ပြီး ဘာလုပ်သင့်လဲ ဆုံးဖြတ်ချက် ချက်ရတာ့တယ်။ သွေးပူနေချိန်မှာ ဆုံးဖြတ်ရင် မှားသွားမှာလေ။ ဘာလုပ်သင့်တယ်ဆိုတာ သိပြီး လုပ်သင့်လုပ်ထိုက်တာကို မဆိုင်းမတွ လုပ်။ နောက်တလှမ်း နောက်ဆုတ်တာဟာ ရှေ့ကို နှစ်လှမ်း လှမ်းဖို့ အားယူတာပါ။ တကြိမ် မအောင်မြင်ရင် နောက်တကြိမ် ကြိုးစားပါ။ မအောင်မြင်သေးရင် အကြိမ်ကြိမ် ကြိုးစားပါ။ မကြိုးစားဘူးဆိုမှသာ တကယ် ဆုံးရှုံးသွားတာပါ။ လဲကျရင် ပြန်ထဖို့ ကြိုးစားပါ။ ပြန်မထဘူးဆိုရင် ဆိုရင်တော့ သူများနင်းတာ ခံရမှာပဲ။ ပြန်ထဖို့ ကြိုးစားရင်တော့ လက်ကမ်းကြိုဆိုကြမှာပါ။
ကြက်နာကျပြီဆို ကြက်တွေ တော်တော် သေပါတယ်။ မသေဘဲ ကျန်နေတဲ့ ကြက်တွေကတော့ အတော်ခံနိုင်ရည်ကောင်းပြီး နောင်ကြက်နာကျပြီဆို မသေတော့ဘူး။ အခက်အခဲတွေက ကိုယ့်ရဲ့ အရည်အချင်းကို တိုးတက်စေတာပါ။ အခက်အခဲတွေကြောင့်သာ စိတ်ဓာတ်တွေ ကြံ့ခိုင်လာပြီး ရင့်ကျက်လာတာပါ။
အရင်က ရုပ်ဆိုးအကျီးတန်နေတာတွေက ခုတော့လည်း သာယာလှပနေလို့။ နွေရာသီရဲ့ နေရောင်ခြည်အောက်မှာ သစ်ပင်တွေကလည်း စိမ်းလန်းနေလို့၊ ပန်းတွေကလည်း ဖူးပွင့်နေလို့၊ ငှက်ကလေးတွေရဲ့ အသံကလည်း ငြိမ့်ညောင်းသာယာနေလို့၊ သူငယ်ချင်းတွေရဲ့ အပြုံးကလည်း ခင်မင်စရာကောင်းနေလို့၊ မိတ်ဆွေသစ်တွေ တိုးနေလို့။ ဘဝဆိုတဲ့ကျောင်းမှာ တနေ့တနေ့ မရိုးနိုင်တဲ့ အသိပညာတွေ ရနေပါတယ်။ အမှန်က အရာအားလုံးက အရင်ကလည်း ဒီအတိုင်း အခုလည်း ဒီအတိုင်း။ ကြည့်တဲ့ အမြင်ကသာ ကွာတာပါ။ အစိမ်းရောင် မျက်မှန်တပ်ပြီး ကြည့်ရင် အစိမ်းပဲ မြင်ရသလို အပြာရောင် မျက်မှန်တပ်ကြည့်ရင် အပြာရောင်ပဲ မြင်ရတာပါ။ အစက မချစ်တဲ့ မျက်စိနဲ့ ကြည့်တော့ အရာအားလုံးက မချစ်မနှစ်သက်စရာ ကောင်းတာပါ။ ခုတော့ ချစ်တဲ့မျက်စိနဲ့ ကြည့်လို့ အရာအားလုံးက ချစ်စရာကောင်းလို့။
စန်းထွန်း
ဇှုလှိုင် ၁၃၊၂၀၁၁။
5 comments:
စန္းထြန္းေရ... အားလံုးသာယာပါေစဗ်ာ.... ဒါနဲ႕ အိုင္အို၀ါမွာေနတာလား.... ဘယ္ျမိဳ႕မွာေနတာလဲ... အိုင္အို၀ါတကၠသို္လ္မွာသူငယ္ခ်င္းေတြရွိတယ္.. ျပီးေတာ့ Joint laboratory လည္းရွိတယ္...
ခင္မင္လ်က္
ေန၀သန္
အိုင္အိုဝါက fairfield မွာ...တဦးတည္းေသာ ၿမန္မာမို ့လို ့ ၿမန္မာစကားကို လြမ္းတိုင္း ဘေလာ့ပဲ ဖိေရးေနတာ... :P ။
ေအာင္မေလးဗ်ာ...အားက်လိုက္တာ...၊ထခ်င္တဲ့အခ်ိန္မွာမွထ၊စားခ်င္တဲ့
အခ်ိန္ရွာေဖြစား...၊ဘေလာ့တကာလည္...၊ဒီမွာေတာ့ သိတဲ့အတိုင္း ရွင္ျကားပူ
က ဘဝေတြကေတာ့....။အဲ..ဒါေပမယ့္ အလုပ္မရွိရင္လည္း ပ်င္းမွာေတာ့အမွန္၊
ဘာပဲျဖစ္ျဖစ္ ဘဝကို ညီမေျပာသလို မ်က္မွန္တပ္ျကည့္လိုက္ပါတယ္....:)))
ကိုၿငိမ္းေရ အရင္လို လတ္လ်ားလတ္လ်ား လုပ္လို ့ မရေတာ့ဘူး။ စာအုပ္ထဲ ေခါင္းစိုက္ေနရတယ္။ ဆရာေတြကလည္း လြယ္တာေတြ သင္ၿပီး ခက္တာေတြ အိမ္စာေပး။ စာေမးပြဲ...စာေမးပြဲ...စာေမးပြဲ။ စိတ္ဖိစီးတယ္။ ရုပ္က်ေစတယ္။ :P
နေဝသန် said...
စန်းထွန်းရေ... အားလုံးသာယာပါစေဗျာ.... ဒါနဲ့ အိုင်အိုဝါမှာနေတာလား.... ဘယ်မြို့မှာနေတာလဲ... အိုင်အိုဝါတက္ကသိုလ်မှာသူငယ်ချင်းတွေရှိတယ်.. ပြီးတော့ Joint laboratory လည်းရှိတယ်...
ခင်မင်လျက်
နေဝသန်
July 15, 2011 at 1:32 AM
San San Htun said...
အိုင်အိုဝါက fairfield မှာ...တဦးတည်းသော မြန်မာမို့လို့ မြန်မာစကားကို လွမ်းတိုင်း ဘလော့ပဲ ဖိရေးနေတာ... :P ။
July 15, 2011 at 1:37 AM
ညိမ်းနိုင် said...
အောင်မလေးဗျာ...အားကျလိုက်တာ...၊ထချင်တဲ့အချိန်မှာမှထ၊စားချင်တဲ့
အချိန်ရှာဖွေစား...၊ဘလော့တကာလည်...၊ဒီမှာတော့ သိတဲ့အတိုင်း ရှင်ကြားပူ
က ဘဝတွေကတော့....။အဲ..ဒါပေမယ့် အလုပ်မရှိရင်လည်း ပျင်းမှာတော့အမှန်၊
ဘာပဲဖြစ်ဖြစ် ဘဝကို ညီမပြောသလို မျက်မှန်တပ်ကြည့်လိုက်ပါတယ်....:)))
July 15, 2011 at 5:35 AM
San San Htun said...
ကိုငြိမ်းရေ အရင်လို လတ်လျားလတ်လျား လုပ်လို့ မရတော့ဘူး။ စာအုပ်ထဲ ခေါင်းစိုက်နေရတယ်။ ဆရာတွေကလည်း လွယ်တာတွေ သင်ပြီး ခက်တာတွေ အိမ်စာပေး။ စာမေးပွဲ...စာမေးပွဲ...စာမေးပွဲ။ စိတ်ဖိစီးတယ်။ ရုပ်ကျစေတယ်။ :P
July 15, 2011 at 5:54 PM
Post a Comment