အီဂျစ်သွားတောလား - ၁၁

Unfinished Obelisk

၂၀၂၅ ဇန်နဝါရီ ၈ ဗုဒ္ဓဟူးနေ့ တိုးက မနက် ၈ နာရီမှစမှာ မနက် ၇ မခွဲခင် နင့်တိုးဂိုက်ရောက်နေပြီလို့ ဟိုတယ်ပိုင်ရှင်က မတ်ဆေ့ပို့တော့ အံ့သြသွားတယ်။ အီဂျစ်မှာ အချိန်မှန်တာ ရှားတာကိုး။ တိုက်အောက်ဆင်းမေးကြည့်တော့ အမှန်ပဲ။ တိုးပြီးရင် လေဆိပ်တခါတည်းသွားမှာမို့လို့ ကျောပိုးအိတ်တခါတည်း ယူလာခဲ့တယ်။ ပထမဆုံးသွားရောက်တာက Unfinished Obelisk (Then proceed to visit the Unfinished Obelisk which shows the techniques used by the ancient Egyptians to cut obelisks. Most probably this obelisk belongs to Queen Hatshepsut, one of the rulers of the 18th Dynasty and the royal wife of king Tuthmosis II. This queen was the owner of her Temple in the eastern bank of Luxor Also there is an opinion said that it belongs to Queen Nefertiti.) မပြီးဆုံးသေးတဲ့ ကျောက်တိုင်ကြီး။ မကြာခင် တိုးရစ်ကားတွေ ရောက်လာတယ်။ ဒီကျောက်တိုင်ကြီးကို ထုလုပ်ထောင်မတ်ဖို့ ခေတ်မှီစက်ကရိယာတွေမရှိဘဲ ဘယ်လိုနည်းပညာတွေနဲ့ တည်ဆောက်ခဲ့ကြတာ အံ့သြစရာပဲ။ ကျောက်တိုင်ကို သဲပေါ်ကနေ ထောင်တယ်လို့တော့ ကြားလိုက်တယ်။

ဒုတိယသွားရောက်တဲ့နေရာက Temple of Philae (the majestic Philae Temple which was built in the honor of Goddess Isis the chief deity of the island.)။ ဘုတ်ကလေးစီးပြီး သွားရတယ်။ သာယာလှပတယ်။ ရေအောက်ကနေ ပြန်ဆယ်ထားရတာတဲ့။ အီဂျစ်မင်းဆက်ပြီးတော့ ခရစ်ယာန်မင်းဆက်က သိမ်းပိုက်တော့ အဲ့ဘုရားကျောင်းမှာ ခရစ်တော်ဘုရားရှိခိုးဖို့ နေရာရှိတယ်။ ကျွှန်းပိစိလေးမှာ ကိုယ်ကတိုးဂိုက်ကိုရှာ တိုးဂိုက်ကကိုယ့်ကိုရှာ။ ဝိုင်းပြောသလို ဘုတ်သမားကို တစ်ဖ်ပေးခဲ့တယ်။

နောက်ဆုံးသွားရောက်တဲ့နေရာကတော့ Aswan High Dam (an engineering miracle built in 1960 protecting Egypt from annual floods from the Nile) ရုရှတွေရဲ့အကူအညီနဲ့ ဆောက်ခဲ့တာ အင်မတန်ကြီးတယ်။ အပြန်ဟိုတယ်ကို မပို့ခိုင်းဘဲ လေဆိပ်ဆီပို့ခိုင်းတယ်။ ဒီတခါတော့ တစ်ဖ်ဖိုးပေးတဲ့အခါ တိုးဂိုက်ကဘယ်လောက်၊ ကားသမားကဘယ်လောက်ကို ပြောတယ်။ ပေးတာနည်းလို့ ငြိုငြင်သေးတယ်။ နေ့တဝက်ပဲကို ပိုက်ဆံလဲကုန်နေပြီလို့ ပြောလိုက်တယ်။ လေယာဥ်က ညနေ ငါးနာရီမှဆိုတော့ အဝင်ဝမှာထိုင်စောင့်ရတယ်။ လေဆိပ်မှာ လေယာဥ်လက်မှတ်ပြမှ အထဲဝင်ရတယ်။ ညနေ လေးနာရီမှ ချက်ကင်ဝင်ပြီး အထဲကို ဝင်လို့ရတယ်။ Aswan လေဆိပ်လေးက သေးသေးလေး Lounge မှာ လာနားပါလို့ လာပြောတယ်။ ပိုက်ဆံပေးရမဲ့အလုပ် တို့မလုပ်။ Chase Sapphire Reserve Card မှာ Lounge ပါလို့ အဲ့ဒါနဲ့ဝင်လို့ရတာပဲ ဝင်တယ်။ ကျောက်တိုင်မှာတွေ့ခဲ့တဲ့ ဘိုတွေလဲ ကိုယ့်လိုပဲ ညနေလေယာဥ်နဲ့ ပြန်ကြတယ်။ လေယာဥ်တွေက delay ဖြစ်လို့ စိတ်ပူတာ ကိုယ်လေယာဥ်က အချိန်မှန်လို့ တော်ပါသေးရဲ့။ လေယာဥ်က သေးသေးလေး လက်ကေ့အိတ်ကြီးတွေနဲ့ဆိုရင် မလွယ်ဘူး။ ဟိုတယ်မှာတွေ့ခဲ့တဲ့ ကိုရီးယားမလေးတွေဆိုရင် လက်ကေ့အိတ်ကြီးအကြီးကြီးနဲ့။ ဓာတ်လှေကား၊ စက်လှေကားမရှိတော့ လက်ကေ့အိတ်အကြီးကြီးနဲ့ ခရီးသွားရတာ အဆင်မပြေ။ ကိုယ်ကတော့ ကံကောင်းထောက်မစွာနဲ့ ဝိုင်းအိမ်မှာ လက်ကေ့အိတ်ထားပြီး ကျောပိုးအိတ်နဲ့ ခရီးထွက်ရတာ။

ခရီးသွားရင် ဟမ်းကမ်ရီ၊ ကျောပိုးအိတ်နဲ့ ပေါ့ပေါ့ပါးပါး ခရီးသွားတော့တယ်။ အဝတ်အစားကတော့ တထည်ကို ၂ ခါလောက်ဝတ်၊ အနွေးထည်ကလဲ တထည်ဆိုတာ့ အမြဲ miss one jacket။ ခုအီဂျစ်ခရီးမှာတော့ အနွေးထည် ၂ ထည်ယူလာတယ်။ ကိုင်ရိုရောက်တော့ We Know Egypt တက္ကစီက အချိန်တိကျစွာ လာစောင့်နေတယ်။ ခဏနေဦး ပိုက်ဆံထုတ်ဦးမယ်ဆိုပြီး လေဆိပ်ထဲကို ပြန်ဝင် ငွေလဲတာရှာ။ တွေ့တော့ ပိတ်ပြီတဲ့ ဝန်ထမ်းတွေကို မေးကြည့်ပြီးရှာတော့လဲမတွေ့။ လေဆိပ်ထဲကနေ ပြန်ထွက်ဖို့ကို အရပ်ကူပါ၊ လူဝိုင်းပါနဲ့ စကားတွေအများကြီးပြောပြီး ပြန်ထွက်လာရတယ်။ ဝိုင်းပြောတဲ့ အဆင်ပြေအောင် လုပ်ပေးမထားဘူးဆိုတာ တကယ်လက်တွေ့။ အီဂျစ်မှာ လိပ်စာပို့လို့မရဘူး location ထောက်ပြီးပို့မှ။ အဲ့ဒါပို့ထားတာတောင် မှားသေးတယ်။ private tour လာခေါ်၊ ပြန်ပို့မဟုတ်ဘဲ ကိုယ့်ဘာသာခရီးသွားရတာ အီဂျစ်မှာ စိတ်ရော၊ လူရော အင်မတန်ပင်ပန်းတယ်။

https://www.viator.com/tours/Aswan/Aswan-Day-Tour-Visiting-Philae-Temple-Unfinished-Obelisk-and-High-Dam-in-Aswan/d796-22031P5

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၁၅၊ ၂၀၂၅။

Temple of Philae
Aswan High Dam

No comments: