အီဂျစ်သွားတောလား - ၉

၂၀၂၅ ဇန်နဝါရီ ၆ တနင်္လာနေ့ မနက်စာ ဟိုတယ်ကကျွှေးတော့ အဝတီးတယ် စားကောင်းတယ်။ ဟိုတယ်ကနေ နိုင်းမြစ်ကို မြင်ရတယ်။ မနက်ဖက်ဆိုတော့ မြူတွေဆိုင်းနေတယ် သဘေင်္ာဘုတ်ကလေးတွေ မြင်ရတယ်။ ၈ နိုင်ငံ ဖြတ်သန်းစီးဆင်းတဲ့ ကမ္ဘာကျော်တဲ့နိုင်းမြစ်။ ၂၀၂၄ နိုဝင်ဘာ ဝိုင်းတို့ညီအမကတော့ Luxor - Aswan လေးရက် cruise စီးတယ်။ နင်တယောက်တည်း ခရူသဘေင်္ာစီးရမှာ ပျင်းစရာကြီးတဲ့။ ဟိုတယ်နားက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဆီသွားတယ်။ Luxor မြို့လေးက ပုသိမ်မြို့လို နယ်မြို့လေး လူမရှုပ်ဘူး အေးချမ်းတယ်။ မိန်းကလေးတယောက်တည်းလျှောက်သွားနေတာ စူးစိုက်တော့ ကြည့်ကြပေမဲ့ အန္တရာယ်တော့ မရှိဘူး။ လမ်းထိပ်က ကုန်စုံဆိုင်လေးကကောင်းလေးက ဘုရားကျောင်းက ဒီလမ်းတွင်းမှာလို့ လမ်းညွှန်ပေးတယ်။ ဘုရာကျောင်းက ဂရိ Orthodox Coptic ခရစ်ယာန်ကျောင်း။ မြင်ဖူးတဲ့ ကက်သလစ်၊ ဘာ့ပတစ် ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ကွဲပြားတယ်။ အေးချမ်းဖော်ရွေတဲ့ အပြုံးလေးတွေနဲ့ ကြိုဆိုတယ် ငြိမ်းချမ်းလိုက်တာ။ တချိန်လုံးမျက်နှာတင်းထားတဲ့ကိုယ်တောင် ခုမှပဲ စိတ်အေးချမ်းသာစွာ နှစ်လိုအားရ ဝမ်းသာစွာ ပြုံးနိုင်တော့တယ်။ မြန်မာပြည်က စျေးတွေလိုပဲ ညစ်ပတ်တယ်။ မြင်းလှည်းနဲ့ သံပုရာသီးရောင်းတယ်။

ဘူတာရုံက ဟိုတယ်နဲ့ မိနစ် ၂၀ ပဲလမ်းလျှောက်ရတယ်။ တိုးဂိုက်ပြထားတဲ့ဖက်ကဝင် နေ့လည် ၁၁ ခွဲလဲ ရထားမလာ။ ရထားလာလို့ လက်မှတ်ပြတော့လဲ ဒီအစီးမဟုတ်ဘူး နောက်အစီးတဲ့။ ကိုယ့်လိုပဲ နိုင်ငံခြားသားတွေ ရထားလာရင် မေးလိုက်၊ ပြန်ထိုင်လိုက်၊ တချို့တွေက လိုက်သွားကြတယ်။ တချို့လူတွေက သူပြမယ် သူ့နောက်လိုက်တဲ့ မလိုက်ပါဘူး။ ကိုယ့်လိုပဲ ဟိုပြေးဒီပြေး ဗြိတိသျှကြီးနဲ့ စကားစပ်မိလို့ သူနဲ့ကိုယ်က ရထားအတူတူ။ သူ့အမျိုးသမီးက ဟိုနားမှာထိုင်နေတယ်တဲ့။ သဘောကောင်းတဲ့ ကိုရီးယားမနဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။ အန်ကယ်ကြီးက မန်ချက်စတာနားမှာနေတယ် မြန်မာပြည်ကို ဒီမတိုင်ခင်လေးပဲ ရောက်ခဲ့တာ။ မြန်မာပြည်ကို အကြိမ်ကြိမ်ရောက်ဖူးတော့ မြန်မာပြည်အခြေအနေကိုသိတယ် ကိုယ်ချင်းတယ်။ ဟိုးအရင်တုန်းက ပါကစ္စတန်လေယာဥ်ပေါ်မှာ ဂစ်မီးဖိုနဲ့ ချက်တဲ့အကြောင်းတွေ ပြောပြတယ်။ ကိုရီးယားမကတော့ အီဂျစ်ဟာ ပိရမစ်လို နိုင်ငံခြားသားတွေကို စွဲဆောင်နိုင်တဲ့နေရာတွေ အများကြီးရှိတယ် လှပတယ်။ ဒါပေမဲ့ လူတွေကတော့ နိုင်ငံခြားသားကို အမြတ်ထုတ်တယ်တဲ့။ ballon tour cancel တဲ့အကြောင်းပြောတော့ ကိုယ့်ကိုပိုက်ဆံပြန်ရလားတဲ့။ viator ကဝယ်တာ ပိုက်ဆံပြန်ရတယ်။ လွန်ခဲ့တဲ့လေးနှစ်တုန်းက သူတို့လဲ အဲ့လိုပဲ tour agent ဆိုင်မှာ လက်ငင်းငွေပေးပြီးဝယ်တာ ballon tour cancel တော့ ပိုက်ဆံကို နောက်နေ့မှပေးမယ်လို့ ပြောတယ်တဲ့။ နောက်နေ့ကျတော့ သူတို့တခြားနေရာကို သွားရတော့ ပိုက်ဆံမရလိုက်ဘူး။ အီဂျစ်မှာ လည်သင့်တဲ့နေရာတွေ ပြောပြတယ်။

နေ့လည် ၁၁ နာရီစီးရမဲ့ရထား နေ့လည် ၁ နာရီမှရောက်တယ်။ ရထားက first class ဆိုတော့ ထိုင်ခုံက သက်တောင့်သက်တာရှိတယ်။ အီဂျစ်ဟာ ကန္တာရနိုင်ငံလို့ သိထားတာ လမ်းတလျှောက်မှာတော့ စိုက်ပျိုးထားကြတာ စိမ်းလန်းနေတာပဲ။ အဲ့ဒါကြောင့် ပိရမစ်တိုးဂိုက်ကပြောတာ နိုင်းမြစ်ကရေတွေကို တူးမြောင်းလုပ်ပြီး စိုက်ပျိုးတယ် မိုးကို မှီခိုစရာမလိုဘူး။ အီဂျစ်နိုင်ငံရဲ့ ပထမဝင်ငွေက ခရီးသွားလုပ်ငန်း၊ စတုတ္တဝင်ငွေက စိုက်ပျိုးရေးက ဝင်တာတဲ့။ အီဂျစ်လူမျိုး အင်မတန် ဆေးလိပ်သောက်တယ်။ ရထားမှာ အနံ့အသက်ရှိလို့ mask တပ်ရတယ်။ Aswan ကို ရထား ၃ နာရီကျော်စီးရတယ်။ ရထားဘူတာကနေ ဟိုတယ်ကို နာရီဝက်လောက် လမ်းလျှောက်ရတယ်။ တက္ကစီးရင် စျေးဆစ်ရမှာ၊ ပြီးတော့လဲ စျေးပိုတောင်းလို့ စိတ်အနှောင့်အယှက်ဖြစ်ရဦးမှာနဲ့ လမ်းပဲလျှောက်လိုက်တော့တယ်။ Aswan ဆူဒန်နိုင်ငံနဲ့နီးတော့ လူတွေက ဆူဒန်လူမျိုးတွေနဲ့ ဆင်တယ်။ အသားမည်းတယ်၊ ဆံပင်ကောက်ကောက်၊ အာဖရိကရုပ်ပေါက်တယ်။ စျေးထဲမှာရောင်းတာတွေကလည်း အာဖရိကအငွေ့အသက်တွေချည်းပဲ။ ဂူဂယ်မတ်နဲ့ အတော်ရှာလိုက်ရတယ်။ အဲ့နားကလူတွေကို မေးကြည့်တော့လဲ မသိဘူး။ ကားသမားတယောက်က ကူညီတော့မှ ရှာတွေ့တယ်။ Aswan City Center Guest House အိပ်ခန်းသုံးခန်းပါတဲ့ တိုက်ခန်းလေး။ ပိုင်ရှင်ကို စောင့်နေတုန်း ကိုရီးယားလေးတယောက် ရောက်လာတယ်။

သူလဲကိုယ်နဲ့ရထားအတူတူ ဘူတာရုံံကနေ တက္ကစီမှားတာ လမ်းမှား မြင်းလှည်းသမားကို ထိမိတယ်ဆိုပြီး ပိုက်ဆံတောင်းလို့ ပြသနာတက်။ Luxorမှာ အွန်လိုင်းကနေ Aswan ရထားလက်မှတ်ဝယ်တာ ပေါင် ၆၀ ပေးရတယ်။ ဘူတာရုံရောက်တော့ ရထားလက်မှတ်မဟုတ်ဘူးဆိုလို့ ဖုန်းခေါ်တော့ အခုလာပေးမယ်ဆိုပြီး ဖုန်းခေါ်လို့ မရတော့ဘူးတဲ့။ scam များတယ်။ စျေးဝယ်ရင်လည်း မဝယ်တဲ့ဟာတွေထည့်ပြီး တောင်းလို့ သေချာစစ်ရတယ်။ အဲ့ဒါကြောင့် အီဂျစ်ကိုလာမယ်ဆိုရင် private tour ဟိုတယ်မှာလာခေါ်၊ ဘေးနားမှာ တချိန်လုံးရှိ၊ ဟိုတယ်ပြန်ပို့ပေးတဲ့ဟာက အကောင်းဆုံး။ ကိုယ့်ဘာသာလည်ရင် scam နဲ့တိုး စိတ်အနှောင့်အယှက်များတယ်။ ကိုယ်တောင် ဝိုင်းရှိလို့ တယောက်တည်း လည်ရဲတာ။ ယောကျာ်းလေးတွေ တခြားတိုက်ခန်းမှာ ထားတယ်။ ဟိုတယ်ပိုင်ရှင်သားက ညနေစာစားဖို့ ကိုရီးယားကောင်လေး ၃ ယောက်နဲ့ ကိုယ့်ကို ထမင်းဆိုင် လိုက်ပို့တယ်။ ကိုရီးယားတွေကတော့ သူတို့ယူလာတဲ့ ကိုရီးယားငရုတ်သီးအချည်ရည်နဲ့စားတယ်။ ဘယ်သူမှ မစားနိုင်ဘူး။ ကိုရီးယားကောင်လေး ၂ ယောက်က အင်္ဂလိပ်လို မပြောနိုင်ဘူး။ မြန်မာဆိုတော့သိတယ် သွားလည်ချင်တာတဲ့ကိုယ်နဲ့တွေ့ခဲ့တဲ့ကောင်လေးက အသက် ၂၀ အရွယ် ကနေဒါမှာကျောင်းတက်ခဲ့တော့ အင်္ဂလိပ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ အခုလည်း ကျောင်းပိတ်တုန်း ၃ နိုင်ငံကို ခရီးသွားနေတာတဲ့။

 အကုန်လုံးက အီဂျစ်ကနေ မြန်မြန်ပြန်ပြီး အိမ်ကို အမြန်ပြန်ချင်ပြီးတဲ့။ သူတို့ကိုရီးယားတွေ တယောက်ကိုတယောက် မိတ်ဆက်ကြ အသက်ကိုပြောကြတော့။ ကိုရီးယားတယောက်က လက်ရှိအသက်ထက် အင်မတန်နုတယ်။ နင် အသက်ခန့်မှန်းကြည့်စမ်းတဲ့ ၃၅ လို့ပြောတော့ မှန်တယ်တဲ့။ အားနာလို့နဲ့သူတယ် ကိုယ့်အသက်ကို မမေးကြတော့ဘူး။ မေးရင်လည်း ကိုယ်အကြီးဆုံးပဲ နူးနားပဲ။ သူတို့ကတော့ ညစျေးဖက် လျှောက်လည်တယ် ကိုယ်ကဟိုတယ်ပြန်ပြီး နားတယ်။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၈၊ ၂၀၂၅။

breakfast at Queens Valley Hotel, Luxor
Mosque
အကင်္ီျလှမ်းကြတာ မြန်မာပြည်လိုပဲ




နံပြားနဲ့တူတဲ့ ပေါင်မုန့် ရောင်းတဲ့ဆိုင်
Luxor train station
train from Luxor to Aswan

Aswan

No comments: