အီဂျစ်သွား တောလား - ၈

၂၀၂၅ ဇန်နဝါရီ ၅ တနင်္ဂနွေနေ့ နောက်ဆုံးသွားရောက်နေရာက Temple Of Luxor ။ Luxor မြို့လယ်ကောင် နိုင်းမြစ်ဘေး။ ကိုင်ရိုမြို့ကနေ မနက် ၃ နာရီခွဲထပြီး မနက် ၅ နာရီလေယာဥ်စီးလာခဲ့ရတော့ လူကအတော်ပင်ပန်းနေပြီ။ တိုးဂိုက်ကို အကူအညီတောင်းပြီး Luxor to Aswan ရထားလက်မှတ်ဝယ်တယ်။ နိုင်ငံခြားသားဆို ၃၅ ဒေါ်လာ အင်္ဂလိပ်စကားမပြောတော့ ကိုယ်တိုင်ဝယ်ဖို့အဆင်မပြေ။ တိုးဂိုက်ကို တစ်ဖ်များများပေးလိုက်တယ် ကားသမားကလဲ သဘောကောင်းလို့ ပေးလိုက်တယ်။ ဘာဝန်ဆောင်မှုမှမပေးဘဲ တိုးရစ်တွေဆီက တစ်ဖ်တောင်းတာ အဆင်မပြေဘူး။ ဥပမာ အိမ်သာမှာ တစ်ရှူးကမ်းပေးတာ၊ အိမ်သာထဲဝင်ဖို့ခေါ်တာ၊ တံခါးဖွင့်ပေးတာ၊ ရေပိုက်ဖွင့်ပေးတာ ဒါတွေက ဝန်ဆောင်မှုမှ မဟုတ်တာ တစ်ဖ်ဘယ်ပေးချင်ပါ့မလဲနော့။ ကိုယ်တည်းတဲ့ Queens Valley Hotel ပိုင်ရှင်နဲ့ တိုးဂိုက် ခင်တယ်တဲ့။ ညနေစာကို ဟိုတယ်အပေါ်ထပ်က စားသောက်ဆိုင်မှာစားတယ်။ tuna sandwich စားကောင်းတယ်။ ညကျတော့ မနက် ၄ နာရီထစီးရမဲ့ Balloon over Luxor ကို ရာသီဥတုကြောင့် ဖျက်သိမ်းတယ်တဲ့။ ဟိုတယ်ကောင်တာမှာ တခြားတိုးများရှိမလားလို့ သွားမေးတာ balloon tour က တဖွဲ့တည်းက ဖျက်သိမ်းတာမဟုတ်ဘူး။ တိုးကုမ္ပဏီအကုန်လုံးက ဖျက်သိမ်းတာတဲ့။ အဲ့ဒီတော့လည်း မနက်စောစော ထစရာမလိုတော့ဘူး။

the Temple Of Luxor, it was built by Amunhotep III in 18th Dynasty in the New Kingdom and it was completed by Ramses' II during the 19th Dynasty.

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၄၊ ၂၀၂၅။

https://www.viator.com/tours/Luxor/Full-Day-Tour-to-East-and-West-Banks-of-Luxor/d826-15974P3

https://www.viator.com/tours/Luxor/Sunrise-Hot-Air-Balloon-Rides-Luxor-Egypt/d826-269991P3

Temple Of Luxor
Temple Of Luxor
Temple Of Luxor
Temple Of Luxor
Temple Of Luxor
Temple Of Luxor
dinner -tuna sandwich

No comments: